ချန်ကျိုစစ်၏ အကြံပေးချက်ကို နားမထောင်ခဲ့တဲ့အတွက် ဖန်းရှစ်ကျုံး နောင်တရခြင်း (ပြဇာတ်စတင်ပြီ)_၄
Vol. 25 Ch. 347
ဖန်းရှစ်ကျုံးမှ ပြောသည်။
“ငါပင်ပန်းနေပြီ။ မင်း သွားနိုင်ပြီ”
ထိုသို့ပြောပြီးနောက် ဖန်းရှစ်ကျုံးသည် အိမ်တော်ထဲ ပြန်ဝင်သွားခဲ့သည်။ ထိုအခါ ချန်ကျဲ့လည်း အတော်လေး ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။
မွေးစားအဖေက ဖျောင်းဖျတာကို နားထောင်မှာမဟုတ်ဘူး။
ကျန်းမာရေးပစ္စည်းရောင်းချသူများ၏ လိမ်လည်ခြင်းခံထားရသော သက်ကြီးရွယ်အိုများကဲ့သို့ပင် သားသမီးများမှ ရှိရှိသမျှစကားအားလုံး ပြောဆိုပြီးသည့်တိုင်အောင် ထိုမိဘများကို မလှုပ်နှိုးနိုင်သည့်အဖြစ်နှင့် ဆင်တူပေသည်။
တစ်ခါတရံတွင် သက်ကြီးရွယ်အိုများသည် သူတို့ကိုယ်သူတို့ ဦးနှောက်ဆေးထားတတ်ကြ၏။
ချန်ကျဲ့သည် ဖန်းရှစ်ကျုံး၏ ပျောက်ကွယ်သွားသော နောက်ကျောပုံရိပ်ကို ကြည့်နေခဲ့ရင်း အင်အားမဲ့မှုကို အပြင်းအထန်ခံစားလိုက်ရသည်။ ဖန်းရှစ်ကျုံး၏ရှေ့သို့ လျှို့ဝှက်ကြံစည်မှုကြီးကို ချခင်းပြလျှင်သော်မှ ဖန်းရှစ်ကျုံးသည် ဆုံးရှုံးမှုကို မကြုံတွေ့ရသ၍ လုံးဝ ယုံကြည်လိမ့်မည်မဟုတ်ကြောင်းလည်း ချန်ကျဲ့ ခံစားမိလိုက်သည်။
ချန်ကျဲ့ မျက်ခုံးနှစ်ဖက်ကို ပွတ်သပ်လိုက်၏။ ဤကိစ္စသည် ဤသို့ပြီးဆုံးသွားမည်မဟုတ်ကြောင်း သေချာသည်။
ဖန်းရှစ်ကျုံးသည် သူ့စကားကို နားမထောင်သော်ငြား သူလည်း ဘာမှမလုပ်ဘဲ ဘေးထိုင်ကြည့်မနေနိုင်ပေ။
ထိုသို့အတွေးဖြင့် ချန်ကျဲ့၏မျက်လုံးများ လေးနက်သွား၏။ ဖန်းရှစ်ကျုံးသည် ဟွားသျဲ့ကို သွားရောက်အားပေးရန် စိတ်အားထက်သန်နေလေရာ ချန်ကျဲ့အနေဖြင့် ထိုပွဲတော်ကို ပို၍စည်ကားအောင် လုပ်ဆောင်လိုက်ပေမည်။
သို့ဖြင့် ချန်ကျဲ့ ဖန်းရှစ်ကျုံး၏အိမ်တော်မှ ထွက်ခွာလာခဲ့သည်။
ထို့နောက် ချက်ချင်း တံခါးနားတွင်ရပ်နေသည့် ရှောင်ဟူကို ပြောလိုက်သည်။
“ငါ့ရဲ့ဖိတ်ခေါ်စာကိုယူပြီး ချောင်ကုန်သည်အဖွဲ့ဆီ သွား။ ခေါင်းဆောင်လျိုကို ဒီနေ့ည နွေဦးလေပြေပြဇာတ်ရုံမှာ ပြဇာတ်နားထောင်ဖို့ ဖိတ်ခေါ်လိုက်ပါ”
“အာ လျိုလောင်ကွေ့က လာပါ့မလား”
ရှောင်ဟူ မျက်မှောင်ကြုတ်လိုက်သည်။
အင်း.. ခြုံငုံလိုက်ရင်တော့ ဖိတ်ခေါ်တဲ့သူက ခန်းမအရှင်သခင်ငယ်ပဲလေ။
ချန်ကျဲ့ ပြောလိုက်သည်။
“သူ သေချာပေါက် လာလိမ့်မယ်”
“ကောင်းပါပြီ အစ်ကို။ ကျွန်တော် အစ်ကို့ကို အရင်အိမ်ပြန်လိုက်ပို့ပေးပါ့မယ်။ ပြီးမှ ချောင်ကုန်သည်ကို သွားလိုက်မယ်”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ငါ အိမ်မပြန်ဘူး။ တော်ဝင်တရားရုံးကို သွားမလို့”
“အစ်ကိုက တော်ဝင်တရားရုံးကို ဘာသွားလုပ်မလို့လဲ။ ဝူဟုန်ကို သွားရှာပြီး အကူအညီတောင်းမလို့။ ဒီနေ့ည နွေဦးလေပြေပြဇာတ်ရုံကို အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင် ရာဇဝတ်သားဖမ်းဆီးရေးအရာရှိ ကျန်းလီယဲ့ကို ပြဇာတ်ကြည့်ဖို့ ဖိတ်မလို့”
“အာ အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင်၂ယောက်ကို ဖိတ်မလို့လား”
ချန်ကျဲ့မှ ပြောသည်။
“အင်း အဲ့လောက်ဆို လုံလောက်မှာပါ”
ထို့နောက် ချန်ကျဲ့သည် တော်ဝင်တရားရုံးတော်သို့ ဦးတည်ထွက်ခွာခဲ့သည်။ စိတ်ထဲမှလည်း သေချာတွက်ချက်နေသည်။
ဒီနေ့ည နန်ပါးထျန်းနဲ့ ချင်းယင် လာလိမ့်မယ်။
အဲဒါကလည်း အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင်ပဲ မဟုတ်လား။
ဖန်းရှစ်ကျုံးပြောခဲ့တာ.. စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ယောက်ကိုထိခိုက်စေဖို့ကို နောက်ထပ် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ကပဲ တတ်နိုင်မှာတဲ့။
ထို့ကြောင့် လျိုလောင်ကွေ့နှင့် ကျန်းလီယဲ့ကို ချန်ကျဲ့ ဖိတ်ကြားခဲ့သည်။
လျိုလောင်ကွေ့က နန်ပါးထျန်းကို စောင့်ကြည့်ပြီး ကျန်းလီယဲ့က ချင်းယင်ကို စောင့်ကြည့်လိမ့်မယ်။ ဒီလိုဆိုရင် ဘယ်သူမှ လှုပ်ရှားနိုင်မှာ မဟုတ်တော့ဘူး။ အဲဒါဆို မွေးစားအဖေရဲ့လုံခြုံရေးအတွက် ပိုစိတ်ချနိုင်ပြီ။
ပြီးတော့ မွေးစားအဖေကိုယ်တိုင်ကလည်း စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူပဲ။ ဒီနေ့ ငါတိုက်ခိုက်ကြည့်တော့လည်း မွေးစားအဖေရဲ့အင်အားက ကြီးကြီးမားမား ထိခိုက်မှုမရှိဘူး။ မွေးစားအဖေကို အနိုင်တိုက်ဖို့က လွယ်ကူမှာမဟုတ်ဘူး။ မွေးစားအဖေကို သတ်ချင်တဲ့သူက ဝါရင့်စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူဖြစ်မှ ရမှာ။
ဆိုလိုသည်မှာ အနည်းဆုံးတော့ နန်ပါးထျန်းနှင့် အင်အားအဆင့်တူညီရပေမည်။
ထို့ပြင် နန်ပါးထျန်းသည် လျိုလောင်ကွေ့၏ စောင့်ကြည့်ခြင်းခံနေရမည်ဖြစ်ရာ လှုပ်ရှားနိုင်လိမ့်မည် မဟုတ်ပေ။
အဲဒီတော့ နန်ပါးထျန်းဘက်က ပြဿနာမရှိနိုင်လောက်ဘူး။
ချန်ကျဲ့သည် စီစဉ်နိုင်သမျှ အရာအားလုံးကို စေ့စေ့စပ်စပ် စဉ်းစားတွေးတောသည်။ ဤသည်မှာ သူလုပ်ဆောင်နိုင်သည့် အကောင်းဆုံးစွမ်းဆောင်မှု ဖြစ်လိမ့်မည်။ သို့တိုင် လုပ်ကြံမှုကို မတားနိုင်ခဲ့ပါက သူ၏အပြစ်မဟုတ်ပါဘဲ ကံကြမ္မာ၏အပြစ်သာ ဖြစ်ပေလိမ့်မည်။
“ဒါပေမဲ့ ငါ အရမ်းအားနည်းနေသေးတယ်!”
“နဂါးနိုင်လက်ဝါးသိုင်းကွက် အပြည့်အစုံကို ရမှဖြစ်မယ်”
ချန်ကျဲ့ တစ်ကိုယ်တည်းရေရွတ်လိုက်သည်။ သူကိုယ်တိုင်လည်း စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူဖြစ်ခဲ့ပါက ဒီထက်ပို၍ကောင်းအောင် လုပ်နိုင်ခဲ့လိမ့်မည်။ ယခုတွင်တော့ ကိစ္စရပ်များစွာကို ကြံစည်ခြင်းတွင်သာ မှီခိုနိုင်ပေသည်။
–
“ကောင်းပြီ ကျိုစစ်၊ ငါ့တာဝန်ထားလိုက်။ ငါ ဒီနေ့ည ဆရာ့ကိုခေါ်ပြီး နွေဦးလေပြေပြဇာတ်ရုံဆီ လာခဲ့မယ်”
ဝူဟုန်သည် ချန်ကျဲ့၏ ကောင်းမွန်သည့် အစ်ကိုဟုန်ဖြစ်နေဆဲပင်။ ချန်ကျဲ့၏တောင်းဆိုချက်ကို နားထောင်ပြီးသည်နှင့် မဆိုင်းမတွ သဘောတူခဲ့သည်။
ထို့နောက် ဝူဟုန်မှ ဆက်ပြောသည်။
“ကျိုစစ် မင်းက အခု ကျားဖြူခန်းမကို တာဝန်ယူထားရတာ။ တချို့အရာတွေကို မင်းဖော်ပြဖို့လိုတယ်။ မင်းတို့ကျားဖြူခန်းမရဲ့ အတိုးနှုန်းတွေက အရမ်းမြင့်လွန်းတယ်။ ၉ခုပေးပြီး ၁၃ခုပြန်ယူတာနဲ့ မလုံလောက်ဘူး၊ ဝရုန်းသုန်းကားလှည့်ပတ်နေတာ။ အခုနောက်ပိုင်းဆို မိသားစုတွေအများကြီး သေကြေပျက်စီးကုန်ကြတဲ့အထိပဲ”
ထိုစကားကို ချန်ကျဲ့မှ ပြန်လည်တုံ့ပြန်သည်။
“အို အစ်ကိုဟုန် ကျွန်တော်နားလည်ပါတယ်။ ကျွန်တော် ပြန်သွားပြီးရင် အဲဒီအတွက် အစီအစဉ်တစ်ခုခု လုပ်လိုက်ပါ့မယ်။ တိုးတက်မှုရှိလာမှာပါ”
“အင်း မင်းအနေနဲ့ ကျားဖြူခန်းမကို ကြမ်းတမ်းရက်စက်တဲ့အဖွဲ့အစည်း မဟုတ်ဘဲ မျန့်ရွှေစီရင်စုရဲ့ ဖြောင့်မတ်မှန်ကန်တဲ့ အဖွဲ့အစည်းဖြစ်လာအောင် ဦးဆောင်နိုင်ဖို့ ငါမျှော်လင့်ပါတယ်”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ကျွန်တော် အကောင်းဆုံး လုပ်ဆောင်ပါ့မယ်”
“ဒါပေါ့ ကျိုစစ်၊ ငါမင်းကို ယုံကြည်ပါတယ်။ ဒါပေမဲ့ မင်းလည်း ဂရုစိုက်ရမယ်။ အမြင့်ရောက်လေလေ ပစ်မှတ်ထားခံနိုင်ရချေများလေပဲ။ အရာအားလုံးထက် ကိုယ့်ရဲ့လုံခြုံရေးကို ဦးစားပေးပါ”
ချန်ကျဲ့ လက်သီးယှက်အရိုအသေပြုလိုက်သည်။
“စိတ်ပူပေးလို့ အစ်ကိုဟုန်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်နားလည်ပါတယ်။ ဒီနေ့ည အစ်ကိုဟန်ကိုပဲ အားကိုးထားပါမယ်”
“အင်း မစိုးရိမ်နဲ့။ ငါ့တာဝန်ထားလိုက်”
နှစ်ဦးသား နှုတ်ဆက်ခဲ့ကြသည်။
ချန်ကျဲ့ အိမ်ပြန်လာခဲ့သည်။ သူ၏စိတ်ထဲတွင် ကြီးမားသည့်ပိုက်ကွန်ကြီး သူ့ခေါင်းပေါ် ကျလာတော့မည့်အလား ခံစားနေရ၏။
ကောင်းကင်တွင် တိမ်မည်းများ ကြီးစိုးလာ၏။
ချန်ကျဲ့သည် သတိလက်လွတ်ဖြင့် လမ်းလျှောက်နေခဲ့ပြီး လမ်းဆုံတစ်ခုတွင် လူတစ်ယောက်ကို ဝင်တိုက်မိခါမှ အသိဝင်လာခဲ့သည်။
ချွင်!
လိပ်ခွံတစ်ခု မြေပေါ်ပြုတ်ကျသွားပြီး အထဲမှ ကြေဒင်္ဂါးသုံးပြား ထွက်ကျလာသည်။
“အာ တောင်းပန်ပါတယ်”
ချန်ကျဲ့ အမြန်တောင်းပန်လိုက်သည်။ မော့ကြည့်လိုက်သည်တွင် ဝါးတုတ်ကောက်ဖြင့် ပိန်ချည့်ချည့် လူအိုကြီးတစ်ဦးကို မြင်တွေ့လိုက်ရ၏။ လူအိုကြီးသည် ဖရဲသီးသဏ္ဍာန်ဦးဆောင်းကို ဆောင်းထားပြီး မျက်လုံးတွင်လည်း အဝိုင်းသဏ္ဍာန် နေကာမျက်မှန်ကို တပ်ထားသည်။
နေကာမျက်မှန်?
ချန်ကျဲ့ တွေဝေသွား၏။
ဒီကမ္ဘာမှာ နေကာမျက်မှန်တဲ့လား?
တကယ်တော့ ဤသည်မှာ ချန်ကျဲ့ သတိမပြုမိခြင်းသာ ဖြစ်ပါ၏။ မျက်မှန်များသည် စုန့်မင်းဆက်ခေတ်ကတည်းက ပေါ်ထွက်နေခဲ့ပြီးဖြစ်သည်။ သမိုင်းမှတ်တမ်းများ၌ စုန့်ခေတ်တွင် လူတို့သည် အရောင်တင်ထားသည့် သဘာဝမှိုင်းခံကျောက်များကို အပေါက်ဖောက်၍ သံကြိုးများဖြင့် သီကာ မျက်လုံးရှေ့တွင် ချိတ်ဆွဲတပ်ဆင်ကြသည်။
၎င်းကို ကျောင်းရှီးကူ၏ ကောင်းကင်လိုဏ်ဂူချင်းလုတွင် မှတ်တမ်းတင်ထားရှိသည်။
“အာ တောင်းပန်ပါတယ်။ ကျွန်တော် မမြင်လိုက်လို့ပါ”
ထိုလူအိုကြီးမှာ မျက်မမြင်ဖြစ်ကြောင်း နားလည်လိုက်သည်တွင် ချန်ကျဲ့ အမြန်တောင်းပန်လိုက်သည်။
သို့သော် လူအိုကြီးမှ ပြောသည်။
“အို ကိစ္စမရှိပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ဝင်တိုက်မိတယ်ဆိုတာလည်း ကံကြမ္မာပါပဲ။ ကျေးဇူးပြုပြီး မြေပေါ်ကျသွားတဲ့ ကြေးဒင်္ဂါးတွေကို ကြည့်ပေးနိုင်မလား။ ဘယ်လိုစာလုံးတွေ၊ ဘယ်လိုပုံသဏ္ဍာန်တွေလဲလို့”
ချန်ကျဲ့ ခဏတန့်သွားပြီးနောက် ကိုယ်ကို ကိုင်းညွှတ်ကြည့်လိုက်ပြီး ပြောသည်။
“နှစ်ခုစလုံးက စာလုံးတွေပါပဲ။ တစ်ခုက ထောင်နေပါတယ်”
ချန်ကျဲ့ မြေပေါ်ကျနေသည့် ကြေးဒင်္ဂါးများကို ကြည့်လိုက်ရာ တစ်ခုသည် မယုံကြည်နိုင်လောက်အောင် မြေအက်ကြောင်းကြားထဲတွင် ထောင်မတ်နေပေသည်။
“အို ဟားဟားဟား… ဒါဆို ကြေးဒင်္ဂါးရဲ့မျက်နှာက ဘယ်အရပ်ကို မျက်နှာမူနေလဲဆိုတာ ပြောပြပေးနိုင်မလား”
“တောင်အရပ်ပါ”
ချန်ကျဲ့ ဒင်္ဂါးပြားကို ကောက်ယူလိုက်သည်။ ထိုအခါ လူအိုကြီးသည် မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ပြော၏။
“ကျေးဇူးပြုပြီး ဒီလူအိုကြီးကို ခေါက်ဆွဲတစ်ပွဲလောက် ကျွေးနိုင်မလား”
လူအိုကြီးသည် အနီးရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်ကို ညွှန်ပြ၏။ ချန်ကျဲ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး လိုက်လျောပေးလိုက်သည်။
“ရတာပေါ့”
ချန်ကျဲ့သည် လူအိုကြီးကို ခေါက်ဆွဲဆိုင်သို့ ခေါ်သွားပေးသည်။ ချန်ကျဲ့မှ ပြော၏။
“ဆိုင်ရှင် ခေါက်ဆွဲတစ်ပွဲပေးပါ မြန်မြန်လေး”
“ဟေး ဘာခေါက်ဆွဲယူမလဲ”