← Chapters

ချန်ကျိုစစ်၏ အကြံပေးချက်ကို နားမထောင်ခဲ့တဲ့အတွက် ဖန်းရှစ်ကျုံး နောင်တရခြင်း (ပြဇာတ်စတင်ပြီ)_၅

Vol. 25 Ch. 348

ချန်ကျိုစစ်၏ အကြံပေးချက်ကို နားမထောင်ခဲ့တဲ့အတွက် ဖန်းရှစ်ကျုံး နောင်တရခြင်း (ပြဇာတ်စတင်ပြီ)_၅

Vol. 25 Ch. 348

“ဘာဖြစ်ဖြစ်ပေးပါ၊ မြန်မြန်လေးသာ လုပ်ပေး”

ပြောပြီးနောက် ချန်ကျဲ့ လူအိုကြီးကို ပြောလိုက်သည်။

“အဘိုး၊ ကျွန်တော် အဘိုးအတွက် ငွေရှင်းပေးခဲ့ပြီ။ ဖြည်းဖြည်းစားနေရစ်ပါ။ ကျွန်‌တော့်မှာ တခြားလုပ်စရာလေးတွေရှိသေးလို့ သွားလိုက်ပါဦးမယ်”

“နေပါဦး!”

လူအိုကြီးမှ ချန်ကျဲ့ကို ခေါ်သည်။

ချန်ကျဲ့ လန့်သွားပြီး လှည့်ကြည့်လိုက်ရာ လူအိုကြီးမှ ပြောသည်။

“ကောင်းကင်ဘုံအာဏာရဲ့ သတ်ဖြတ်မှုကို မင်းဟန့်တားချင်တာနဲ့ပဲ ဟန့်တားလို့မရနိုင်ဘူး”

“ဟင်?”

ချန်ကျဲ့ စိတ်ရှုပ်ထွေးသွားပြီး လူအိုကြီး၏အဝတ်အစားများကို အကဲခတ်ကြည့်ပြီးနောက် ပြန်ထိုင်လိုက်သည်။

“အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင်… မျက်မမြင်ကံကြမ္မာဟောပြောသူလား”

လူအိုကြီးသည် လက်ဆန့်ထုတ်၍ စားပွဲပေါ်ကို စမ်းဝဝါးဝါးဖြင့် သူ၏ဒင်္ဂါးသုံးပြားကို စမ်းသည်။ ထို့နောက် ပြော၏။

“ကံကြမ္မာဖတ်ချင်လား”

ချန်ကျဲ့ ခဏမျှတုံ့ဆိုင်းနေပြီးနောက် လိပ်ခွံကိုယူ၍ စတင်လှုပ်ယမ်းလိုက်သည်…

ထို့နောက် စားပွဲပေါ်သို့ ဖြန့်ကျဲလိုက်သည်။

နှစ်ခုသည် စာလုံးဖြစ်ပြီး တစ်ခုသည် ရုပ်ပုံဖြစ်သည်။

လူအိုကြီးသည် ဒင်္ဂါးပြားများကို စမ်းကြည့်ပြီး ပြောသည်။

“စာလုံးယန်၊ ရုပ်ပုံယင်: ယန်မျဉ်းပေါ်မှာ ယန်နှစ်ခုနဲ့ ယင်တစ်ခု။ ဘေးအန္တရာယ်က အသက်စွမ်းအင်နဲ့ ထိတွေ့တယ်၊ အသက်ကြိုးမျှင်ပဲ”

ချန်ကျဲ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

“ဘေးအန္တရာယ်က အသက်စွမ်းအင်နဲ့ ထိတွေ့တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ”

“ကြေးဒင်္ဂါးတွေကို ဖြန့်လိုက်ချိန် မင်းစိတ်ထဲ တွေးနေတဲ့အတွေးတွေက သုံးခုစပ်ရဲ့အဓိပ္ပာယ်ကို ဖော်ဆောင်နေတယ်”

ငါ နွေဦးလေပြေပြဇာတ်ရုံအကြောင်း တွေးနေတာများဖြစ်နေမလား။ ဒါက အဲဒီမှာ ဘာဖြစ်မလဲဆိုတာနဲ့ ဆက်စပ်နေတာလား။

ဘေးအန္တရာယ်က အသက်စွမ်းအင်နဲ့ ထိတွေ့တယ်: အဲဒါက မွေးစားအဖေက အသက်အန္တရာယ်ခြိမ်းခြောက်မှုကြားကနေ အသက်ကြိုးတစ်မျှင်နဲ့ လွတ်မြောက်နိုင်မယ်လို့ ဆိုလိုတာလား။

ဒါပေမဲ့ ဒီမျက်မမြင်ကံကြမ္မာဟောသူက ဘယ်လောက်အထိ တိကျမှန်ကန်လဲဆိုတာ ငါ သေချာမသိဘူး။

ချန်ကျဲ့ တွန့်‌ဆုတ်စွာဖြင့် မေးလိုက်သည်။

“လူကြီးမင်းမှာ ကျွန်တော့်ကို အထူးတလည်သင်ပြပေးစရာများ ရှိပါသလား”

မျက်မမြင်လူကြီးမင်းမှ မေးမြန်းသည်။

“ဒီနေ့ ဘာနေ့လဲ”

“၆လပိုင်း ၂၀ရက်နေ့ပါ”

“ယိချိုးနှစ်၊ ကွေ့ရေနေ့၊ လမ်းကြားတွေထဲ ဝင်ဖို့ ရှောင်ရှားသည့်တိုင် ရေနဲ့အတူ ကြီးထွားရှင်သန်နေဆဲ”

မျက်မမြင်လူကြီးမင်းမှ ပြောသည်။

ထိုစကားများတွင် ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်၏– အဲဒါက တစ်ယောက်ယောက်က မွေးစားအဖေကို လမ်းကြားထဲမှာ စောင့်ဆိုင်းပြီး မသွားဖို့ အကြံပေးတယ်လို့ ဆိုလိုတာလား။ ရေနဲ့အတူ ကြီးထွားရှင်သန်တယ်ဆိုတာကရော ဘာကြီးလဲ။

ချန်ကျဲ့ အလွန်စိတ်ရှုပ်ထွေးနေခဲ့သည်။

“လူကြီးမင်း ကျွန်တော့်ကို ပိုပြီး ရှင်းရှင်းလင်းလင်း ပြောပြပေးနိုင်မလား”

မျက်မမြင်လူကြီးမင်းသည် ခေါင်းခါရမ်း၏။

“မပြောနိုင်ဘူး မပြောနိုင်ဘူး”

“ခေါက်ဆွဲရပါပြီ”

သူတို့နှစ်ဦး စကားဆုံးသည်နှင့်တစ်ပြိုင်နက် စားပွဲထိုးသည် ဝက်ခြေထောက်များပါဝင်သော ခေါက်ဆွဲတစ်ပွဲ လာချပေးသည်။

လူအိုကြီးသည် တူကောက်ကိုင်၍ တစ်လုတ်စားလိုက်၏။

“ငန်လိုက်တာ!”

စားပွဲထိုးလေးမှ ပြန်ပြောသည်။

“အာ တောင်းပန်ပါတယ်။ ကျွန်တော် စွပ်ပြုတ်ရည်ထပ်ထည့်ပေးရမလား”

“အဲဒါတော့ မလိုတော့ပါဘူး”

မျက်မမြင်လူကြီးမင်းမှ လက်ဝှေ့ရမ်းသည်။ ထို့နောက် ချန်ကျဲ့၏မျက်နှာအမူအရာကို ကြည့်လိုက်ရင်း ပြောသည်။

“ငါမင်းကို နောက်တစ်ခေါက် ဖတ်ပေးမယ်”

ချန်ကျဲ့လည်း ကြေးဒင်္ဂါးပြားများနှင့် လိပ်ခွံတို့ကိုယူပြီး လှုပ်ရမ်းလိုက်သည်။

ရလဒ်သည် အတူတူပင်။ စာလုံးနှစ်လုံးနှင့် ရုပ်ပုံတစ်ခုဖြစ်သည်။

မျက်မမြင်လူကြီးမင်းသည် ပြုံးလိုက်၏။

“ယန်နှစ်ခု စီတန်းနေတယ်၊ ရှာဖွေနေပေမဲ့ မရရှိနေဘူး။ ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်ဟာ ချည်မျှင်အလား ပါးလျတယ်။ ဒီသုံးခုစပ်အဟောရဲ့အဓိပ္ပာယ်က တစ်ခုခုကို အောင်မြင်မှုမရှိဘဲ အပြင်းအထန်ရှာဖွေမယ်ဆိုရင် ပြန်လှည့်ကြည့်ဖို့ရာ မနာကျင်နိုင်ဘူးလို့ ပြောပြနေတယ်– မင်းဖြတ်သန်းပြီးသား လမ်းတစ်လျှောက်အတိုင်း လွယ်ကူရိုးရှင်းစွာနဲ့ ကျော်ဖြတ်သွားလိမ့်မယ်”

ချန်ကျဲ့သည် အဓိပ္ပာယ်ကို နားမလည်နိုင်ဘဲ တွေဝေနေခဲ့သည်။

မျက်မမြင်လူကြီးမင်းသည်လည်း အသေးစိတ်ရှင်းမပြပေ။

မျက်မမြင်လူကြီးသည် ပန်းကန်ထဲမှ ‌ဝက်ခြေထောက်ကို နှစ်ကိုက်မျှ ကိုက်ဝါးပြီးနောက် ဆက်ပြောလာ၏။

“ငါမင်းကို ဘာကြောင့် သုံးကြိမ်ကံကြမ္မာဖတ်ပေးလဲ သိလား”

ချန်ကျဲ့ ‌တွေဝေသွား၏။

“နှစ်ကြိမ်မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး တစ်ကြိမ်ပိုသွားတာလဲ‌ဗျ”

“ဒီမတိုင်ခင်က တစ်ကြိမ်လေ”

“အဲဒီတိုက်မိတာလား”

ချန်ကျဲ့ အံ့ဩနေစဉ် မျက်မမြင်လူကြီးမင်းမှ ပြောသည်။

“အဲဒါက ကောင်းကင်ဘုံက စီမံတဲ့ သုံးခုစပ်အဟောပဲ။ သူက အတိကျဆုံးပဲ”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“ဒါပေမဲ့ အဲဒီတစ်ကြိမ်အတွက် ကျွန်တော် ဘာမေးခွန်းမှတောင် မစဉ်းစားလိုက်ရဘူးလေ”

မျက်မမြင်လူကြီးမင်းမှ ပြောသည်။

“အဲဒီတစ်ကြိမ်က ငါမေးခွန်းထုတ်ခဲ့တာ”

“လူကြီမင်းက ဘာမေးခဲ့တာလဲ”

ချန်ကျဲ့ စိတ်ရှုပ်ထွေးနေခဲ့သည်။ မျက်မမြင်လူကြီးမင်းမှ မေး၏။

“မင်းနားမလည်ဘူးလား”

“နားမလည်ပါဘူး”

မျက်မမြင်လူကြီးမင်းမှ ပြောသည်။

“လောကကြီးက ပရမ်းပတာရှုပ်ထွေးနေတာ။ ဘယ်သူအမြင့်တက်ပြီး ဘယ်သူပြုတ်ကျမယ်ဆိုတာ မသေချာဘူး။ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးကို ပြောင်းလဲပြင်ဆင်ဖို့ရာ ဉာဏ်ပညာကြီးတဲ့ အုပ်ချုပ်သူတစ်ဦး ထွက်ပေါ်လာရလိမ့်မယ်”

“အာ လူကြီးမင်း အသံတိုးပါဦး။ ခင်ဗျား အခု ပုန်ကန်ဖို့ကြိုးစားနေတာလား”

မျက်မမြင်လူကြီးမင်းမှ ပြောသည်။

“ပုန်ကန်တာမဟုတ်ဘူး။ ကယ်တင်ရှင်ကို ရှာဖွေနေတာပါ”

“ရှာတွေ့ပြီလား”

မျက်မမြင်လူကြီးမင်းမှ ရယ်မော၏။

“အင်း ပြီးတော့ မင်းနဲ့ဆို သုံးယောက်ပဲ”

“အာ လူကြီးမင်းရယ် ပေါက်ကရတွေ လျှောက်မပြောပါနဲ့။ ကျွန်တော်က ဘယ်လိုကယ်တင်ရှင်မျိုး ဖြစ်နိုင်မှာတဲ့လဲ”

ချန်ကျဲ့ စိတ်အနှောင့်အယှက်ဖြစ်သွား၏။

မျက်မမြင်လူကြီးမင်းမှ ဆက်ပြောသည်။

“ခန်းအထက်၊ သွေ့အောက်၊ ယန်စာလုံး၊ ရုပ်ပုံယင်။ ပထမအဟောမှာ ယန်နှစ်ခု၊ ဒင်္ဂါးတစ်ပြားက ထောင်မတ်လို့ မပြတ်မသားဖြစ်တယ်၊ ဒါပေမဲ့လည်း မြောက်အရပ်မှာ ထိုင်နေတဲ့အလား တောင်အရပ်ကို မျက်နှာမူနေတယ်။ အဲဒါကိုက ကြီးမြတ်တဲ့ပုံရိပ်ကို ဖော်ဆောင်နေပြီ”

“အာ အဲဒါက တိုက်ဆိုင်မှုတစ်ခုပဲ မဟုတ်ဘူးလား”

ချန်ကျဲ့ မယုံကြည်ပေ။

မျက်မမြင်လူကြီးမင်းမှ ပြောသည်။

“သာ့ယန် စစ်ကျို(၄၉)၊ တစ်ခုကို နုတ်မယ်ဆိုရင် အဲဒီတစ်ခုက တိုက်ဆိုင်မှုဖြစ်သလို ကောင်းကင်ဘုံက ရှာဖွေပေးထားတဲ့ လမ်းလည်း ဖြစ်တယ်”

“ဒီလို ပဟေဠိဆန်ဆန်ဆန်းကြယ်မှုမျိုးကို ကျွန်တော်နားမလည်ပါဘူး။ ကျေးဇူးပြုပြီး လူကြီးမင်း ကျွန်တော့်ကို မနောက်ပါနဲ့ဗျာ”

မျက်မမြင်လူကြီးမင်းမှ ပြောသည်။

“ငါမနောက်ပါဘူး။ အခု ငါမင်းကိုပြောပြမယ်။ မင်းရဲ့ကံကြမ္မာဟောကိန်းမှာ မင်းက အသက်တိုမယ့်သူလို့ ဖော်ပြထားတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံက တစ်နည်းနည်းနဲ့ မင်းရဲ့သက်တမ်းကို အဆုံးထိ အသုံးပြုပြီးတဲ့နောက်မှာ အသက်ကြိုးတစ်မျှင်ကို ရစ်ပတ်ခဲ့တယ်။ အဲဒါကပဲ မင်းရဲ့ဉာဏ်ပညာကို ပြောင်းလဲသွားစေခဲ့တယ်။ အဲဒါကို နတ်ဆိုးဝိဉာဉ်တစ်ပါးက လုပ်ဆောင်ခဲ့တာဆိုရင် ခန္ဓာကိုယ်ကို အပိုင်စီးခြင်း(ဝင်စီးခြင်း)လို့ ခေါ်ရလိမ့်မယ်။ ဒါပေမဲ့ ကြည့်ရတာ မင်းရဲ့ဖြစ်အင်က ကြီးကျယ်ခမ်းနားတဲ့လမ်းစဉ်ရဲ့ အငွေ့အသက်တွေ တည်ရှိနေတယ်။ ငါလည်း ရှင်းရှင်းလင်းလင်း ထွင်းဖောက်မမြင်နိုင်ဘူး…”

ချန်ကျဲ့သည် နားထောင်နေရင်း ကျောရိုးတစ်လျှောက် အေးစိမ့်သွားခြင်းကို ခံစားလိုက်ရ၏။

လူအိုကြီး၏စကားများသည် အဓိပ္ပာယ်မရှိသည့်စကားများဟု ထင်ရနိုင်သော်ငြား ချန်ကျဲ့ နားလည်သည်။

အသက်တိုမယ့်ကံကြမ္မာနဲ့သူဆိုတာ မူလချန်ကျိုစစ် မဟုတ်လား။ ငါသာ ကမ္ဘာကူးပြောင်းမလာခဲ့ရင် ချန်ကျိုစစ်က အဆိပ်ခတ်ခံရပြီး သေသွားခဲ့မှာပဲ။

အဲဒီ'ခန္ဓာကိုယ်ကို အပိုင်စီးခြင်း'ဆိုတာက ငါကမ္ဘာ‌ကူးပြောင်းလာတာကို ဆိုလိုချင်တာများလား။ ကောင်းကင်ဘုံက ငါ့ရဲ့ဝင်ပူးမှုကို ဖြစ်စေခဲ့တာလား။

ဒီမျက်မမြင်လူကြီးက တကယ်ကြီး တစ်ခုခုသိထားတာ ဖြစ်နိုင်တယ်။

ဒါက လုပ်ကြံဖန်တီးပြောတာ မဖြစ်နိုင်လောက်ဘူး။

ချန်ကျဲ့ စိတ်ထဲအတွေးများနေစဉ် မျက်မမြင်လူကြီးမင်းမှ ဆက်ပြောသည်။

“မင်းရဲ့ကံကြမ္မာက: လောဘကြီးတဲ့ ဝံပုလွေကြယ်က ဘဝနန်းတော်ကို ဝင်ရောက်ခြင်း၊ စစ်ပွဲပဋိပက္ခများကို သံတော်ဆင့်ထုတ်ပြန်ခြင်း၊ အဆုံးမဲ့သတ်ဖြတ်ခြင်းတွေပဲ။ အကျိုးသင့်အကြောင်းသင့်ပြောရမယ်ဆို မင်းမှာ မင်းသားတစ်ပါးရဲ့ ဘဝလမ်းကြောင်းမျိုး ရှိသင့်တာ။ ဒါပေမဲ့ အဆုံးမှာတော့ အကြွင်းမဲ့ပျက်စီးခြင်းအဖြစ် ဟောကိန်းထုတ်ထားခဲ့တယ်”

“ဒါပေမဲ့ ကောင်းကင်ဘုံက ကျဆင်းလာတဲ့ ဒီအသက်ကြိုးတစ်မျှင်က လောဘကြီးတဲ့ဝံပုလွေကို ဖျက်ဆီးလို့ မင်းရဲ့ကံကြမ္မာထဲ ကြိုတင်မသိမြင်နိုင်တဲ့ အလှည့်အပြောင်းကို ယူဆောင်လာပေးခဲ့တယ်။ အကောင်းအဆိုး မသေချာဘူး။ အဲဒီလိုအနက်ထွေပြားခြင်းဟာ ပရမ်းပတာဖြစ်နေတဲ့ ခေတ်ကြီးနဲ့ သင့်လျော်တယ်”

ချန်ကျဲ့ တွေဝေမိန်းမောနေဆဲပင်။

ထို့နောက် မျက်မမြင်လူကြီးမင်းမှ မေးသည်။

“ဒါနဲ့ မင်းနာမည်ဘယ်လိုခေါ်လဲ”

“ချန်ကျိုစစ်ပါ!”

မျက်မမြင်လူကြီးမင်းမှ ပြောသည်။

“ကျိုဝူကို ရှက်ရွံ့မိသား… မင်းကြိုးစားသင့်တယ်”

“ကျွန်တော်က လူကြီးမင်းကျိုဝူလို ဖြစ်လာနိုင်တယ်လို့ ဆိုလိုတာလား”

မျက်မမြင်လူကြီးမင်းမှ ပြောသည်။

“ဟက်… မင်းကြိုးစားမယ်ဆိုရင် ဖြစ်လာနိုင်တယ်”

“လူကြီးမင်းရယ် ကျေးဇူးပြုပြီး ကျွန်တော့်ကို မနောက်ပါနဲ့တော့။ အဲဒီလိုစကားတွေကိုလည်း အပြင်မှာ လျှောက်မပြောပါနဲ့ဦး။ တော်ဝင်တရားရုံးတော်က ကျွန်တော့်ကို လာကွပ်မျက်နေဦးမယ်ဗျ”

မျက်မမြင်လူကြီးမင်းသည် ခေါင်းခါရမ်းလိုက်ပြီး ပြောသည်။

“အဲဒါက မင်းရဲ့နာမည်အပြည့်အစုံလား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ကျွန်တော် ကိုယ့်ကိုယ်ကိုယ် နာမည်တစ်လုံးတည်း ပေးထားပါတယ်။ ကျဲ့ပါ!”

“ကျဲ့?”

မျက်မမြင်လူကြီးမင်းသည် မျက်မှောင်ကြုတ်လျက် ကြေးဒင်္ဂါးများကို ဆုပ်ကိုင်ကာ တစ်ချက်ဖျစ်ညှစ်လိုက်ပြီးနောက် တစ်ကြိမ်၊နှစ်ကြိမ် ပစ်ချလိုက်သည်။

ထို့နောက် သူတစ်ကိုယ်တည်းကြားနိုင်သည့် အသံမျိုးဖြင့် တီးတိုးရေရွတ်သည်။

“စိတ်ဝင်စားစရာပဲ။ အဟောက ဖော်ပြနေတာတော့ ဒီလူက ကောင်းကင်ဘုံနဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကြီးတွေနဲ့ လိုက်လျောညီထွေဖြစ်တဲ့ နာမည်အပြည့်အစုံ သုံးလုံးရှိသင့်တာတဲ့။ အဲဒီနာမည်နှစ်လုံးက ယုံလျန်ဖြစ်သင့်တယ်တဲ့။ ဟူး ချန်ကျဲ့ ကျဲ့… ဖြေရှင်းရန် ခွင့်လွှတ်ရန် ချန်ကျဲ့ ချန်ယုံလျန်…”

“ဒါက လွတ်မြောက်နေတဲ့ “တစ်ယောက်” ဖြစ်နေမလား”

“လူကြီးမင်း ဘာပြောတာလဲဗျ”

ချန်ကျဲ့သည် မျက်မမြင်လူကြီးမင်းကို ကြည့်နေခဲ့သည်။ ထို့နောက် မျက်မမြင်လူကြီးမင်းမှ ပြော၏။

“ဪ ဘာမှမဟုတ်ပါဘူး၊ ဒီနေ့အတွက်တော့ ဒီလောက်ပဲ။ ငါသွားတော့မယ် ဒါပေမဲ့ ငါတို့ထပ်တွေ့‌ဦးမှာပါ”

All Chapters