အခန်း (၁)
Vol. 1 Ch. 1
ဝိညာဥ်လေယာဥ်တစ်စီးသည် မြေပြင်ပေါ်သို့ဖြည်းညှင်းစွာဆင်းသက်လာခဲ့သည်။
“ ခေါင်းဆောင်.. ငါတို့ မြောက်ဘက်စွန်းကို ရောက်တော့မယ်” ဟု ကြည်လင်သောအသံဖြင့် စစ်ဝတ်စုံဖြူကို ဝတ်ဆင်ထားသည့် နန်ချိန်က လက်ထောက်ကပ္ပတိန်၏ထိုင်ခုံတွင် ထိုင်နေသော လန်ရှောင်းအား သတင်းပို့လိုက်သည်။
၎င်းတို့သည် ကြယ်တာယာဂြိုလ်လက်အောက်ရှိ ဗဟိုသိပ္ပံသုတေသနအဖွဲ့ဖြစ်သည်။ ဝိညာဥ်ကုန်းမြေအစိုးရဦးဆောင်သည် လူ့အဖွဲ့အစည်းသည် လွန်ခဲ့သောနှစ်ပေါင်း 9,000 က အာကာသသို့ ပြောင်းရွေ့နေထိုင်ခြင်းအောင်မြင်ခဲ့သည်။
မိုလန်ရဲ့ ဦးဆောင်မှုဖြင့် ဝိညာဥ်သားရဲများနှင့် လူသားများ ငြိမ်ချမ်းစွာနေထိုင်နိုင်ခဲ့ကြသည်။
အစိုးရသည် တတိယမြောက်ရှာဖွေတွေ့ရှိသော
ဂြိုဟ်ကို ဝိညာဥ်သားရဲများအား ပေးခဲ့သည်။
သားရဲတစ်သောင်းပလက်ဖောင်းရှိ ဝိညာဥ်သားရဲများအားလုံး ထိုဂြိုလ်သို့ ပြောင်းရွေ့ခဲ့ကြသည်။
ထို့နောက် သတ္တမမြောက်ရှာဖွေတွေ့ရှိသောဂြိုလ်ကိုလည်း ဝိညာဥ်သားရဲတို့အား ပေးအပ်ခဲ့သည်။ ကိုယ်ပိုင်ဂြိုလ်နှစ်ခုဖြင့် ဝိညာဉ်သားရဲများသည် အနှစ်တစ်သောင်းကြာပြီးနောက် လူသားတို့အပေါ်မုန်းတီးမှုများ ပျောက်ကွယ်သွားခဲ့သည်။
ဝိညာဥ်စေတီတော်က ကြားခံအဖွဲ့အစည်းအဖြစ်ဆောင်ရွတ်ပေးခဲ့သည်။
လန်ရှောင်းဦးဆောင်သော သိပ္ပံသုတေသနအဖွဲ့သည် မြောက်ဘက်ဝန်ရိုးစွန်းတွင် ရောက်ရှိလာပြီး ကျန်ရှိသော နှင်းအမျိုးအစား ဝိညာဉ်သားရဲများ သို့မဟုတ် ဝိညာဉ်သားရဲများ ရှိမရှိ ရှာဖွေခဲ့ကြသည်။
မြောက်ဝန်ရိုးစွန်းသည် တစ်ချိန်က ဝိညာဥ်ကုန်းမြေ၏ အကြီးအကျယ်ဆုံးသော တိုက်ပွဲကြီးဖြစ်ခဲ့သောနေရာဖြစ်သည်။
“ကောင်းပြီ။” လန်ရှောင်း ဗိုလ်မှူးအဆင့်ရှိသော
စစ်သားတစ်ဦးဖြစ်သည်။ သိပ္ပံနှင့်နည်းပညာဘွဲ့ရတစ်ဦးဖြစ်သည်။ သူသည် ဝိညာဥ်သားရဲများကို သုတေသနပြုရာတွင် အထူးတာဝန်ယူထားသောကြောင့် ဗိုလ်မှုးအဆင့်ကို ရောက်နေခြင်းဖြစ်သည်။
နန်ချိန်နှင့် လန်ရှောင်းတို့သည် လုပ်ဖော်ကိုင်ဘက်များသာမက ချစ်သူများလည်းဖြစ်သည်။ သူတို့နှစ်ယောက်စလုံးဟာ ဒီခရီးစဉ်အပြီးမှာ လက်ထပ်ဖို့ စီစဉ်ထားခဲ့ကြသည်။
မြောက်ဝန်ရိုးစွန်းသည် ရှေးခေတ်ကတည်းက အလွန်အေးသော နေရာဖြစ်ပြီး ဤနေရာတွင် အပင်များ ရှင်သန်နိုင်ခြင်း မရှိပေ။ အရင်တုန်းကတော့ ရေခဲအမျိုးအစား ဝိညာဥ်သားရဲများနေထိုင်ခဲ့ကြသည်။ ကျောက်စိမ်းရေခဲကင်းမြှီးကောက်၊ နှင်းမိန်းခလေးတို့ကဲ့သို့သော ဝိညာဥ်သားရဲများနေထိုင်ခဲ့ကြသည်။
“ တီတီ..တီတီ....”
ထောက်လှမ်းရေးစက်မှ အသံမြည်လာခဲ့သည်။
နန်ချိန်သည် ဝိညာဥ်ဖန်သားပြင်ရှေ့သို့အမြန်ပြေးသွားပြီး အချက်ပေးသံမည်ရသော အကြောင်းရင်းကိုကြည့်လေသည်။
လန်ရှောင်းသည်လည်း ဘေးတွင်ရပ်နေခဲ့သည်။
“တပ်ဖွဲ့အားလုံးသတိပြုပါ။ တပ်ဖွဲ့အားလုံး သတိပြုပါ။ စွမ်းအားကြီးတဲ့ အားလှိိုင်းတစ်ခု ခြေရာခံမိထားပါတယ်။ လက်နက်များကို ပြင်ဆင်ထားပါ”
လန်ရှောင်းသည် ဝိညာဥ်ဖန်သားပြင်မှ အချက်အလက်များကိုကြည့်ကာ ချက်ချင်းအမိန့်ပေးလိုက်သည်။
ဖန်သားပြင်ပေါ်တွင် ပြသထားသည့် အဆင့်သည် အနီရောင်အဆင့်ဖြစ်သည်။ ဆိုလိုသည်
နှစ်တစ်သိန်းအဆင့်ရှိ ဝိညာဥ်သားရဲတစ်ကောင်သာ ထိုကဲ့သို့ပြင်းထန်သောစွမ်းအင်ကို ထုတ်လွှတ်နိုင်စွမ်းရှိသည်။
“အသေးစိတ်ကြည့်ရှုဖို့ ကင်းထောက်ဂြိုလ်တုကို
အသုံးပြုပါ။” လန်ရှောင်းက နန်ချိန်၏ ပခုံးကို ပုတ်ကာပြောလိုက်သည်။
“အင်း။” နန်ချိန်သည် သူမရှေ့တွင်ရှိသော ကွန်ပြူတာအား စတင်အသုံးပြုတော့သည်။
ချိုင့်ဝှမ်းတစ်ခုကို တွေ့လိုက်ရသည်။ ထိုချိုင့်ဝှမ်းမှ စွမ်းအားများထွက်လာခြင်းဖြစ်သည်။
“ချဲ့ကြည့်ပါ” လန်ရှောင်းက လေးနက်စွာပြောလိုက်သည်။
ရုပ်ပုံအား ချဲ့ထွင်ကြည့်လိုက်ရာ ထိုအရာမှ အလင်းရောင်များထွက်နေသည်ကိုတွေ့လိုက်ရသည်။ ရွှေရောင်အလင်းများနှင့် ငွေရောင်အလင်းများ ထိူအရာကိုလှည့်ပတ်နေလေသည်။
နန်ချိန်က လန်ရှောင်းကို လှည့်ကြည့်ပြီး
“အဲဒါ ဘာလဲ”