Chapters

အခန်း (၅)

Vol. 1 Ch. 5

အခန်း (၅)

Vol. 1 Ch. 5

နူးညံ့ကလေး၏အသားအရေသည် ဂျယ်လီကဲ့သို့ ချောမွေ့ပြီး တောက်ပြောင်နေသည်။ အရေပြားအောက်ရှိ သွေးပြန်ကြောများကိုပင် ယောင်ဝါးဝါးမြင်နိုင်သည်။

မျက်လုံးများ မှိတ်ထားသော်လည်း အနက်ရောင်ဆံပင်နှင့် မျက်တောင်ရှည်များသည်အလွန်လှပနေသည်။ သူ့လက်သေးသေးလေးနှစ်ချောင်းက ဥအခွံများကို ကိုင်ထားပြီး ပါးစပ်ထဲသို့ ထည့်နေလေသည်။ မွေးစကလေးသာဖြစ်သော်လည်း သွားဖွေးဖွေးလေးများအပြည့်ရှိနေခဲ့သည်။

နန်ချိန်သည် ရှေ့သို့ တိုးလာပြီး ကလေးလေးကို ကြည့်လိုက်လေသည်။ ကလေးလေးမှာ အလွန်ချစ်စရာကောင်းနေလေသည်။

“ အရမ်းချစ်စရာကောင်းတာပဲ!”

အခြားအဖွဲ့သားများကလည်း ထိုအချက်ကိုထောက်ခံကြသည်။

နန်ချိန်သည် ကလေးလေးကိုပွေ့ချီလိုက်သည်။

ရုတ်တရက် ကလေးလေးသည်

“အူဝဲ အူဝဲ!” ကျယ်လောင်သောငိုသံသည် အခန်းတွင်းတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။

နန်ချိန်သည် ကလေးမမွေးဖူးသောကြောင့် ကလေးငိုသံကြားသောအခါ ထိတ်လန့်သွားခဲ့သည်။ အခြားအဖွဲ့ဝင်များလည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေကြ သည်။

ကျန်ရှိသော ဥခွံများကို သိမ်းနေသည့် လန်ရှောင်းလည်း ထိတ်လန့်သွားသည်။

“သူဘာလို့ငိုနေတာလဲ”

နန်ချိန်လည်း အနည်းငယ် ထိတ်လန့်သွားသည်။

“ငါ သူ့ကို ဘာမှမလုပ်မိပါဘူး! အော်!

ဥအခွံတွေ ပိုစားချင်သေးတယ်လို့ထင်တယ်။ မြန်မြန်၊ သူ့ကို တစ်ခုထပ်ပေးလိုက်”

“ သုတေသနအတွက်အပိုင်းကိုသိမ်းထားရမယ်..ကျန်တာကို စားခွင့်ပေးလိုက်”

“ဟုတ်ကဲ့ဆရာ!”

ထို့နောက် လန်ရှောင်းတို့သည် ကလေးငယ်လေးကို စစ်ဆေးကြလေသည်။ လန်ရှောင်း နန်ချိန် နှင့် သုတေသီတိုင်းသည် စစ်ဆေးမှုများမှထွက်လာသောအချက်အလက်များကို ကြည့်ရှုပြီး အံ့သြသွားကြသည်။

ထူးဆန်းလွန်းသောကြောင့်မဟုတ်ပေ။ ပုံမှန်ဆန်လွန်းနေသောကြောင့်ဖြစ်သည်။ ကလေးလေးသည် ပုံမှန်ကလေးတစ်ဦးနှင့်အတူတူပင်ဖြစ်သည်။ သူ၏ အသက်စွမ်းအင်သည်လည်း သာမန်ကလေးငယ်နှင့် အတူတူပင်ဖြစ်သည်။ နှစ်တစ်သိန်းအသက်စွမ်းအားများမရှိတော့ပေ။

“ဒါက ရိုးရိုးကလေးပဲလား” လန်ရှောင်း မယုံကြည်နိုင်ဖြစ်နေသည်။ သူတစ်ယောက်တည်းတော့ မဟုတ်ပေ၊ လေယာဉ်ပေါ်ရှိ သုတေသီအားလုံးလည်း ထိုသို့ ခံစားနေမိသည်။

အလွန်အေးသော မြောက်ဝန်ရိုးတွင်တွေ့ရှိခဲ့သော ဝိညာဥ်သားရဲဥမှမွေးဖွားလာသောကလေးသည် မည်သို့ပုံမှန်ဖြစ်နိုင်မည်နည်း။ သူ့တွင် မည်သည့်ဝိညာဉ်သားရဲသွေးသား သို့မဟုတ် ထူးခြားသောစွမ်းအင်နှင့် ပုံမှန်မဟုတ်သည့်အခြေအနေများမရှိ..အရာအားလုံးသည် ပုံမှန်ဖြစ်အတိုင်းသည်။ ဘယ်လိုဖြစ်ရတာလဲ!

နိဂုံးချုပ်ပြောရလျှင် ဤသည်မှာ ကျန်းမာသော သာမန်လူသားကလေးတစ်ဦးဖြစ်သည်။

“ငါတို့ ဘာလုပ်သင့်လဲ?” နန်ချိန်ု လန်ရှောင်းကို ကြည့်ကာမေးလိုက်သည်။

လန်ရှောင်းသည် ယခု အနည်းငယ် စိတ်ပူသွားသည်။ အစတွင်၊ သူအပါအဝင်လူတိုင်းက ဤအရာသည် ကြီးကျယ်သောရှာဖွေတွေ့ရှိမှုတစ်ခုဖြစ်လာမည်ဟု ထင်မှတ်ခဲ့ကြသည်။

“ခေါင်းဆောင်... ဘယ်လိုလုပ်မလဲ...

ဒီအရာကို အထက်ကိုတင်ပြရင် ဘယ်သူမှယုံမှာမဟုတ်ဘူး... လိမ်တယ်ဆိုပြီး သတ်မှတ်ရင် တစ်ဖွဲ့လုံး သေဒဏ်ပေးခံရလိမ့်မယ်” သုတေသီ

ချန်ဝိမ်က ရှိုက်ကြီးတငင် ပြုံးကာပြောလိုက်သည်။

သုတေသနကို လိမ်လည်တင်ပြခြင်းသည် ဝိညာဥ်ကုန်းမြေဖက်ဒရေးရှင်းတွင် အဆိုးရွားဆုံး ရာဇ၀တ်မှုတစ်ခုဖြစ်သည်။ အကြောင်းပြချက်မှာ အလွန်ရိုးရှင်းသည်- လိမ်လည်တင်ပြသော သုတေသနပြုချက်တစ်ခုက အဖွဲ့ချုပ်နှင့် လူသားတို့ကို ပျက်စီးစေနိုင်သည်။

အခြားသုတေသီက “ဒါက မဖြစ်နိုင်ပါဘူး။ ငါတို့မှာ ဥခွံရှိသေးတယ် မလား”

ချန်ဝိမ်က ရှိုက်ကြီးတငင် ရယ်မောရင်း “ဒါက ငါ

တို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ ဒီဥဥခွံကနေ ထူးခြားမှုတစ်ခုခုကို ရှာတွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မဟုတ်ရင်…”

လန်ရှောင်းက ချန်ဝိမ်ဘာကိုဆိုလိုသည်ကို အတိအကျသိသည်။