← Chapters

အခန်း (၆)

Vol. 1 Ch. 6

အခန်း (၆)

Vol. 1 Ch. 6

“အူဝဲ၊ အူဝဲ၊ အူဝဲ၊ အူဝဲ!” ကလေးငယ်၏ ကျယ်လောင်လှသော ငိုသံများသည် အခန်းတွင်းသို့ ပဲ့တင်ထပ်နေသည်။

တကယ့်ကို အသံကျယ်လွန်းလှသည်။

အသံလုံနားကြပ်များပင်လျှင် ထိုအသံကိုမတားစီးနိုင်ပေ။

အစပိုင်းမှာတော့ လန်ရှောင်းသည်ဥခွံများရဲ့ သုံးပုံတစ်ပုံကို သိမ်းဆည်းထားရန် စီစဉ်ခဲ့ပေမယ့်

ကလေးလေ အလွန်ငိုနေသောကြောင့် ဥခွံများကို ဆက်ကျွေးနေရလေသည်။ ဥခွံများစားရမှသာ အငိုရပ်လေသည်။

ဥခွံများရဲ့ငါးပုံတစ်ပုံသာ ကျန်တော့သောအခါ ထပ်မံငိုပြန်သည်။

ခြောက်ပုံတစ်ပုံ....

ခုနှစ်ပုံတစ်ပုံ...

ရှစ်ပုံတစ်ပုံ....

ဆယ်ပုံတစ်ပုံသာကျန်တော့သည်။

နောက်ဆုံးတွင်၊ ဥခွံ၏ ဆယ်ပုံတစ်ပုံသာ ကျန်တော့သည်။

လန်ရှောင်းသည် ထက်မကျွေးတော့ဟု ဆုံးဖြစ်လိုက်ရသည်။ ငိုနေသောကလေးကို ပစ်ထားလိုက်ရသည်။

အစပိုင်းမှာတော့ ကလေးပင်ပန်းသွားတဲ့အခါ အငိုရပ်သွားလိမ့်မယ်လို့ အားလုံးက ထင်ခဲ့ကြသည်။ သို့သော် ကလေးမှာ တကယ့်အဆိုတော်ဖြစ်နေသည်။ ငိုနေတာ လုံးဝမရပ်ပေ။

သုံးရက်လုံးလုံး ငိုနေခဲ့သည်။

သုံးရက်မြောက်သောနေ့........

သုတေသနအဖွဲ့သည် အလွန်ပင်ပန်းနွမ်းနယ်နေခဲ့သည်။ ရှာဖွေမှုများကိုဆက်လက်လုပ်ဆောင်နေခဲ့သည်။ ကလေးရဲ့ ငိုသံကြောင့်လည်း ဘယ်သူမှ ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။

လေယာဉ်တွင် ၎င်းတို့အနားယူရန် အထူးပြုလုပ်

ထားသည့် အခန်းတစ်ခုပါရှိသော်လည်း သတ္တုတံခါးသည် ထိုကလေး၏အသံကို မတားဆီးနိုင်ပေ။

နန်ချိန်သည် ကလေးကိုနေ့တိုင်း ပြုစုလေသည်။ ကလေးသည် ဘယ်အရာကိုမှ ကျွေးလို့မရပေ။ ငိုမြဲငိုနေခဲ့သည်။ ထို့အတွက်ကြောင့် နန်ချိန် သည် ကိုယ်ရော စိတ်ပါ ပင်ပန်းနွမ်းနယ်နေခဲ့သည်။

လန်ရှောင်းတို့သည် တာဝန်ပြီးသောကြောင့် ကောင်းကင်ဘုံဂြိုလ်သို့ ပြင်လည်ထွက်ခွာလာခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့သည်အလွန်ပင်ပန်းခဲ့ရသည်။ လန်ရှောင်းအပါအဝင် လူတိုင်းသည် လေယာဥ်ပေါ်တွင် အိပ်ငိုက်နေကြသည်။

“အူဝဲ အူဝဲ…” ကလေး၏ငိုသံ ထွက်ပေါ်နေဆဲဖြစ်ကာ လူတိုင်းက ကလေးကိုသနားနေကြသည်။

ကျန်ရှိသော ဥခွံများ၏ဆယ်ပုံတစ်ပုံကိုလည်း သီးသန့်ခွဲထားရသည်။ ဋ္ဌာနသို့ပြန်ရောက်မှ စစ်ဆေးမှုများပြုလုပ်ရမည်ဖြစ်သည်။

ကလေးမှာ အဆက်မပြတ်ငိုနေသောကြောင့် ဘယ်သူမှ တရားထိုင်ပင်မထိုင်နိုင်ကြ။

ထို့ကြောင့် လန်ရှောင်း၊ နန်ချိန် နှင့် ကျန်အဖွဲ့သားများ ကြိတ်မှိတ်အိပ်ရန်သာ ရွေးချယ်ခဲ့ကြသည်။

မကြာမီသူတို့အားလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ကြပြီး လေယာဉ်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

လေယာဉ်မှူးမှ လွဲ၍ အားလုံးအိပ်ပျော်သွားကြသည်။ ကလေးငယ်မှာတော့ ငိုမြဲငိုဆဲဖစ်သည်။

ထိုအချိန်......

ကျန်ရှိသော ဥခွံဆယ်ပုံတစ်ပုံသည် ရွှေငွေရောင်အလင်းမှုန်းများတောက်ပလာသည်ကို မည်သူမျှ သတိမထားမိခဲ့ပေ။ ကလေး၏ အော်ဟစ်သံနှင့်အတူ ဥခွံများပိုမို ပြောင်းလဲလာသည်ကို တွေ့ရသည်။

နောက်ဆုံးတွင် ဥခွံများသည် အလင်းတန်းများအဖြစ်သို့ပြောင်းကာ ကလေးငယ်ရှိရာသို့ ရွေ့လျားသွားလေသည်။ ထို့နောက် ကလေးငယ်၏ ပါးစပ်အတွင်းသို့ ဝင်ရောက်သွားလေသည်။ နောက်ဆုံးတွင် ကလေးငယ် ငိုသံများ

ရပ်တန့်သွားခဲ့သည်။

လေယာဉ်တစ်ခုလုံးသည် နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့သည်။ နောက်ဆုံးတော့ ကလေးငယ်လေးလည်း အိပ်ပျော်သွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက်…

“တီ၊ တီ၊ တီ!”

အချက်ပေးသံထွက်လာခဲ့သည်။

လူတိုင်း အိပ်မောကျရာမှ တဖြည်းဖြည်း နိုးလာခဲ့သည်။ သူတို့ ပြန်ရောက်တော့မည်ဖြစ်သည်။

“အိုး၊ ဒီလိုအိပ်ရတာ အရမ်းကောင်းတယ်။

ငါတို့ရောက်တော့မှာလား” နန်ချိန်မေးလိုက်သည်။

ကျန်လေယာဉ်မှူးကလည်း

“ဟုတ်တယ်၊ ငါတို့ မကြာခင် ရောက်လာတော့မယ်”

နန်ချိန်သည် ရုတ်တရက် တစ်စုံတစ်ခု ကွဲပြားသွား

သည်ကို ခံစားလိုက်ရသည်။

“အယ်!” သူမ ရုတ်တရက် သဘောပေါက်သွားသည်။ ဒီကောင်လေး မငိုတော့ဘူးလား....

နန်ချိန် မြန်မြန်ထလိုက်ပြီး ကလေးဆီသို့ သွားလိုက်သည်။ ကလေးလေးသည် အပူအပင်ကင်းစွာအိပ်ပျော်နေခဲ့သည်။

“အိုး ငါတို့ရောက်တော့မှာလား”

လန်ရှောင်း သည် လက်နှစ်ဖက်ကိုဆန့်ကာ အကြောဆန့်ရင်း မတ်တပ်ရပ်လိုက်သည်။

“လန်ရှောင်း မြန်မြန်လာ။ ကြည့်ပါဦး သူ မငိုတော့ဘူး။ သူ မငိုရင် အရမ်းချစ်စရာကောင်းတာပဲ!” နန်ချိန် ပြုံးကာပြောလိုက်သည်။

“သူ မငိုတော့ဘူးလား။ ဟုတ်တယ်၊ သူသာငိုနေရင်ငါတို့ ဒီလောက်အကြာကြီး အိပ်လို့ရမှာမဟုတ်

ဘူး” လန်ရှောင်းလည်း ပြုံးလိုက်သည်။

………

“ဥခွံ? ဥခွံတွေ ဘယ်မှာလဲ”

လန်ရှောင်း အလောတကြီးပြေးလာခဲ့သည်။

“ဟမ်?” နန်ချိန်လည်း အံ့အားသင့်သွားပြီး ဥခွံများထားသည့်နေရာကို ပြေးကြည့်လိုက်သည်။

ဘာမှမရှိတော့ပေ။ တစ်ခုမျှပင်မကျန်ခဲ့...

“အဲဒါ ငါမဟုတ်ဘူး ငါမလုပ်ဘူး!” နန်ချိန် အမြန်ရှင်းပြသည်။

ထိုအခိုက်အတန့်တွင် တခြားအဖွဲ့ဝင်များလည်း နိုးလာပြီး ဥခွံများ ပျောက်နေတာကို သိလိုက်ရတော့ အမြန်ပြေးကြသည်။

လန်ရှောင်းက နန်ချိန်အား

“မလန့်ပါနဲ့၊ မင်းမလုပ်ဘူးလို့ပြောရင် မင်းတကယ်မလုပ်တာ ငါသိတယ်။ ငါ စီစီတီဗီ မှတ်တမ်းပြန်ကြည့် လိုက်မယ်။”

နန်ချိန် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမသည်ကလေးငိုနေတာကို သနားလို့ ဥခွံများကို ကျွေးလိုက်သည်ဟု အထင်ခံရမည်ကို စိုးရိမ်သည်။

လေယာဉ်ပေါ်ရှိ စီစီတီဗီကင်မရာက အဖြေကို ပြောပြခဲ့သည်။

ဥခွံများသည် အလိုလိုကလေးစီသို့ဝင်ရောက်သွားသည်ကို အားလုံးတွေ့လိုက်ရသည်။

လန်ရှောင်းက “ သွားပြီ... ဒီကလေးရဲ့ ဇာတ်မြစ်ကိုစုံစမ်းဖို့ဘာမှမကျန်တော့ဘူး”

All Chapters