Chapters

အခန်း (၇)

Vol. 1 Ch. 7

အခန်း (၇)

Vol. 1 Ch. 7

ချန်ဝိမ်က ရှိုက်ကြီးတငင် ပြုံးလိုက်သည်။ “ခေါင်းဆောင် ငါတို့ အခု ဘာလုပ်ရမှာလဲ.. ဒီအရာတွေကို အထက်ကိုတင်ပြရင် သူတို့ကလက်ခံမှာမဟုတ်ဘူး။ ငါတို့ကို လိမ်လည်မှုနဲ့ အပြစ်ပေးနိုင်တယ်”

သူတို့အားလုံး စိတ်ရှုပ်နေကြသည်။

ကြီးကျယ်ခမ်းနားတဲ့အရာတစ်ခုကို ပြီးမြောက်အောင်လုပ်နိုင်မယ်လို့ ထင်ခဲ့ကြပေမယ့် သူတို့ရဲ့ ကြိုးစားအားထုတ်မှုဟာ ဘာမှအရာမထင်ခဲ့ပေ။

လန်ရှောင်းက ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။ “ မေ့လိုက်ရအောင်။ ဒီကလေးကိုခေါ်သွားပြီး၊ သူ့ကိုပဲ စမ်းသပ်မှုတွေ လုပ်ရမယ်။”

“ သူ့ကို စမ်းသပ်မှုတွေ မလုပ်ရဘူး။ ငါ သူနဲ့မခွဲနိုင်ဘူး...ငါ သူ့ကို မွေးစားမယ်”

နန်ချိန်က ကလေးကိုပွေ့ကာ ရုတ်တရက်ပြောလိုက်သည်။ အမည်မသိခံစားချက်တစ်ခုကြောင့် နန်ချိန်သည် ကလေးလေးကိုသံယောဇဥ်တွယ်နေ

မိသည်။ မခွဲရက်တော့ပေ။

လန်ရှောင်းက ရယ်မောလိုက်သည်။

“မင်းက လက်မထပ်ရသေးပဲ ကလေးမွေးချင်နေတာလား!”

နန်ချိန် မျက်နှာပျက်သွားပေမယ့်

“ ဘာပဲဖစ်ဖစ် သူ့မှာ အမေမရှိဘူး။ ငါက

သူ့အမေပဲ”

လန်ရှောင်းက ရှေ့သို့ တိုးလာပြီး သူမ၏ ပုခုံးပေါ်မှ လက်တစ်ဖက်ကိုတင်ကာ

“ငါတို့ ဒီကလေးကို အတူတူတွေ့တာပါ။

ဟုတ်တယ်၊ သူ့အတွက် မိခင်လိုတယ်၊

ဒါပေမယ့် ဖခင်လည်း လိုအပ်တယ်။ ငါတို့လက်ထပ်ပြီးရင် ငါတို့မှာ ကလေးရထားပြီးသားလို့ ကြေညာနိုင်တယ်။ အိမ်ထောင်မပြုပဲ ကလေးရတာက ယနေ့ခေတ်မှာ အဆန်းမဟုတ်ဘူး။ လက်မှတ်မရခင် ရထားပေါ်အရင်တက်တာနဲ့အတူတူပဲ။ ဒါ့အပြင် တစ်နေ့မှာ ဥထဲက မွေးဖွားလာတဲ့ ဒီကလေးက သူ့ရဲ့ထူးခြားတဲ့ အသွင်အပြင်ကို ငါတို့ကို ပြမယ်လို့ ငါယုံကြည်

တယ်။”

“ဟားဟားဟား!”

အခန်းထဲရှိ လူများအားလုံး ရယ်မောလိုက်ကြသည်။

လန်ရှောင်းက လှည့်ပြီး သူ့အဖွဲ့ကို

“နောင်တစ်ချိန်မှာ ဒီကလေးမှာ ထူးခြားတဲ့ စရိုက်လက္ခဏာတွေပြခဲ့ပြီး ဋ္ဌာနချုပ်က ဒီရှာဖွေတွေ့ရှိမှုရဲ့ ဆုလာဘ်တွေကိုပေးရင် လူတိုင်းကို မျှဝေပေးမှာပါ”

လီထင်းရင် က ပခုံးတွန့်ပြီး

“ကိစ္စမရှိပါဘူး။ နင်တို့ သူ့ကို မွေးစားတော့မယ်ဆိုရင် ဒီကလေးမှာနာမည်ရှိသင့်တယ် မလား”

“နာမည်?”

……..

သုံးရက်အကြာ....

ရှေးဝိညာဉ်သားရဲ သုတေသနဌာန....

“အားလုံးက ပုံမှန်ပါပဲ။ ရလဒ်အားလုံးက

အတူတူပါပဲ။ ဒီကလေးက သာမန်လူသားတစ်ဦးလိုပဲ”

“ကြည့်ရတာ မင်းကလေးအဖေဖြစ်တော့မယ်ထင်တယ်!”

သူတို့ပြန်လာတာ သုံးရက်ရှိပြီ၊ အခုထိ ကလေးက မငိုသေးပေ။ အမြဲ ငြိမ်ပြီး ပြုံးနေသည်။

ဤကလေးသည် သုတေသနစင်တာတစ်ခုလုံး၏ အချစ်တော်ဖြစ်လာခဲ့သည်။

လန်ရှောင်းသည် ဤကလေးကို သူ့နှင့် နန်ချိန် ၏သားဖြစ်ကြောင်း ကြေညာခဲ့သည်။

ဆွေးနွေးပြီးနောက် သူတို့သည် ကလေးကို လန်ရွမ်ယုဟု အမည်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။

ကလေးကို တရားဝင် ဖက်ဒရယ်နိုင်ငံသားအဖြစ် သတ်မှတ်ခဲ့ပြီးတစ်လအကြာတွင် လန်ရှောင်းနှင့် နန်ချိန်တို့ လက်ထပ်ခဲ့ကြသည်။

အိမ်ထောင်မပြုမီကလေးယူထားခဲ့ကြောင်း ကြေညာခဲ့သည်။

လန်ရှောင်း မျှော်လင့်နေသည့် တစ်ခုတည်းသော

အရာမှာ ခြောက်နှစ်ပြည့်သည့်အခါ ကလေးကိုယ်မှနိုးထလာမည့် သိုင်းဝိညာဥ် ဖြစ်သည်။

သိူင်းဝိညာဉ်များသည် ဝိညာဥ်ကုန်းမြေလူမျိုးများ၏အဓိကဝိသေသလက္ခဏာတစ်ခုဖြစ်ပြီး သည်။ ဒီကလေးကရော......