အခန်း (၈)
Vol. 1 Ch. 8
ခြောက်နှစ်ကြာပြီးနောက်......
ကောင်းကင်ဘုံဂြိုလ်.......
သူမ၏ငွေရောင်ဆံပင်များကို သူမ၏ နောက်ကျောတွင် ဖြန့်ချထား သည်။
“နာနာ နင်ပြန်တွေးနေတာလား” ယုယွမ် မေးလိုက်တယ်။
ယုယွမ် သည် သုတေသနစင်တာသို့ ရောက်ရှိလာသည်မှာ သုံးနှစ်ရှိပြီဖြစ်ပြီး သူမ၏ ပထမဆုံး
တာဝန်မှာ ဤနေရာတွင်နေရန်နှင့် သူ့ရှေ့တွင်ရှိနေသော ဤမိန်းကလေး နာနာ၏ နေ့စဉ်လုပ်ဆောင်မှုများကို မှတ်တမ်းတင်ရန်ဖြစ်သည်။
ထိုမိန်းကလေး၏အမည်မှာ နာနာ ဖြစ်ပြီး သူမသည် နိုးထလာချိန်သည်မှာ ခြောက်နှစ်ကျော်ပြီဖြစ်သည်။ မှတ်တမ်းများအရ သူမသည်
ရေခဲတစ်ခုထဲတွင် ပိတ်မိနေရာမှ နိုးထလာသောသူတစ်ဦးဖြစ်သည်။
ဤကိစ္စသည် အလွန်နာမည်ကြီးခဲ့သည်။ သူမသည် အတိတ်မေ့နေခဲ့ပြီး သူမ မှတ်မိသော တစ်ခုတည်းသော အရာမှာ သူမ၏နာမည် ဖြစ်သည်။
လေ့လာမှုများအရာ နာနာသည် စွမ်းအားမြင့် ခန္တာကိုယ်၊ မြင့်မားသော ဝိညာဥ်စွမ်းအားနှင့် ရှေးကျသောသိုင်းဝိညာဥ်တို့ကိုပိုင်ဆိုင်ထားသည်။ သို့သော် နာနာကိုယ်တိုင်က ဝိညာဉ်စွမ်းအားများအကြောင်းကို ဘာမှမသိပေ။
နာနာက တကယ်ကို လှပလွန်းသည်။
သူမရဲ့အလှဟာ တခြားမိန်းကလေးများပင် မနာလိုမဖြစ်ပဲမနေနိုင်သော အလှမျိုးဖြစ်သည်။
ထူးဆန်းသောအချက်တစ်ခုမှာ အချွန်ဆုံးကိရိယာပင် သူမ၏ အရေပြားကို မထိုးဖောက် နိုင်ပေ။ ထို့ကြောင့် သူမ၏သွေးကို ယခုအချိန်ထိ စမ်းသပ်နိုင်စွမ်းမရှိသေးပေ။ ၎င်းမှာ ယနေ့တိုင် နာ့နာ့ကို လျှို့ဝှက်ဆန်းကြယ်သူအဖြစ် သတ်မှတ်ခံထားရသည့် အဓိကအကြောင်းရင်းဖြစ်သည်။
“ဒီနေ့ မင်းရဲ့ နေ့ထူးနေ့မြတ်ပဲ!” ယုယွမ်က နာ့နာ့ကိုကြည့်ကာပြောလိုက်သည်။
နာ့နာ့က ရယ်မောပြီး “ဘာနေ့မလို့လဲ”
ယုယွမ် က
“ ဒီနေ့ကစပြီး မင်းက ယာယီဖက်ဒရယ်နိုင်ငံသားအဖြစ် တရားဝင်ဖြစ်လာတော့မယ်”
“ယာယီနိုင်ငံသား၊ ဟမ်?” နာနာသည် ရုတ်တရက် ခံစားချက်တစ်ခုထွက်ပေါ်လာသည်။ စက္ကန့်ပိုင်းလေးအတွင်း မှတ်ဉာဏ်ရိပ်လေး တစ်ခုပေါ်လာကာ ပြန်ပျောက်သွားလေသည်။
………….
“ထန်လီ၊ မင်းက ပြီးခဲ့တဲ့ ခြောက်နှစ်အတွင်း ကောင်းကောင်းမွန်မွန်နေထိုင်ခဲ့လို့၊ မင်းကို ယာယီနိုင်ငံသားဖြစ်ခွင့်ပေးလိုက်ပြီ။ လီချင်းလင်က မင်းအတွက် လိုအပ်တာတွေလုပ်ပေးထားတယ်။ ယာယီနိုင်ငံသားတွေက ဂြိုလ်တွေကိုခရီးသွားခြင်းနဲ့ အနက်ရောင်နဲ့အထက်ရှိတဲ့ စိတ်ဝိညာဉ်တွေကို ဝယ်ယူခြင်းမှလွဲ၍ ကျန်နိုင်ငံသားများနှင့် တူညီတဲ့အခွင့်အရေးကို ခံစားခွင့်ရှိတယ်။တရားဝင်နိုင်ငံသားဖြစ်ခွင့်ရချင်တယ်ဆိုရင်တော့ လာမယ့်ဆယ်နှစ်အတွင်း ဥပဒေကို တင်းတင်းကျပ်ကျပ်လိုက်နာဖို့လိုတယ်။”
ငွေဖြူရောင်ကတ်ပြားတစ်ခုသည် ထန်လီ၏လက်ပေါ်သို့ရောက်လာသည်။
ထန်လီသည် သူ့ရဲ့ ရှည်လျားသောအပြာရောင်ဆံပင်ကို ရိုးရှင်းစွာ စီးထားသည်။ယာယီနိုင်ငံသားဖြစ်ခွင့်ကို ဆောင်ရွက်ပေးနေသည့် အမျိုးသမီးဝန်ထမ်းသည် ထန်လီ၏မျက်နှာကိုခဏခဏ ခိုး
ခိုးကြည့်နေလေသည်။ ထန်လီမှာ အလွန်ကြည့်ကောင်းကာ ချောမောလွန်းသည်။
“နောက်ဆုံးတော့ ! မင်းရဲ့ရုပ်ရည်ကိုငါ အသုံးချနိုင်ပြီ။ အခုချိန်ကစပြီး မင်းကို ငါပိုင်သွားပြီ!”
လီချင်းလင်သည် ထန်လီကိုကြည့်ရင်း ရယ်မောလျက်ပြောလိုက်သည်။
လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ဒီကောင်လေးကို အိမ်ခေါ်သွားချိန်မှစ၍ ဒုက္ခတစ်ချို့စတင်ဖြစ်ပေါ်ခဲ့သည်။
ထိုအချိန်က ထန်လီတွင် ဘာမှအထောက်အထားမရှိပေ။ သူ၏မျိုးရိုးအမည်မှာ ထန်ဖြစ်ကြောင်းမှလွဲ၍ အခြားဘာကိုမှ မသိတော့ပေ။
ထန်လီသည် သူသတိရလာစဥ် ထမဆုံးမြင်ဖူးသူဖြစ်သော သူမကို သူ့မိသားစုအဖြစ် မှတ်ယူလိုက်သောကြောင့် သူမနောက်ကိုတစ်ကောက်ကောက် လိုက်နေခဲ့သည်။ တိရစ္ဆာန်လေးများ မျက်လုံးဖွင့်လိုက်တဲ့အခါ ပထမဆုံးမြင်ရသောသူကို တွယ်ကပ်တတ်သကဲ့သို့ဖြစ်သည်။ သူမသည်
ထိုအကြောင်းပြချက်ဖြင့် ထန်လီကို သူမအိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။သို့သော် ထိုအရာမှအကြောင်းပြချက်သာဖြစ်သည်။ တကယ်တော့ထန်လီသည် အလွန်ချောနေသောကြောင့် အိမ်သို့ခေါ်သွားခြင်းဖြစ်သည်။
ထိုအချိန်မှ စ၍ ထိူကောင်လေးကို ‘ထန်လီ’ ဟု အမည်ပေးခဲ့သည်။ မိဘများကို မနည်းနားချခဲ့ရသည်။ အဆုံးမှာတော့ သူမရဲ့အမေက ထန်လီကို အိမ်တွင် နေခွင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။ သူမရဲ့အဖေကတော့ ယနေ့ထိ စိတ်တိုနေဆဲဖြစ်သည်။
ထန်လီသည် သူမဘေးနားတွင် သက်တော်စောင့်တစ်ယောက်ကဲ့သို့ သူမနောက်ကို လိုက်နေခဲ့သည်။
ထန်လီရဲ့ရုပ်ရည်သည် အလွန်ချောမောသောကြောင့် ကျောင်းသို့လိုက်လာသောအခါ မျက်နှာဖုံးပင်တပ်ပေးထားရသည်။
ခြောက်နှစ်!
ယခု လူသားတို့၏သက်တမ်းသည် နှစ်
၂၀၀ဖြစ်သည်။ ထန်လီမှာ တစ်ကောက်ကောက်လိုက်နေသောကြောင့် လီချင်းလင်သည် ရည်စားပင်မထားလိုက်ရပေ။
လီချင်းလင်သည် ထန်လီနှင့်ပက်သပ်၍ အကြံတစ်ခုရခဲ့သည်။ ထို အကြံမှာ ထန်လီ၏ ရုပ်ရည်ကိုအသုံးချကာ နာမည်ကြီးအနုပညာတစ်ယောက်ဖြစ်စေရန်ဖြစ်သည်။
ထန်လီ ယာယီနိုင်ငံသားဖြစ်ခွင့်ရခြင်းနှင့်အတူ၊ သူမ၏ ကြယ်တစ်ပွင့်ကိုပျိုးထောင်ရန် အစီအစဉ်သည် နောက်ဆုံးတွင် စတင်နိုင်ခဲ့သည်။
သူမသည် ငယ်စဉ်ကတည်းက စည်းစိမ်ဥစ္စာကို အစွဲအလမ်းကြီးခဲ့ပြီး ရုပ်ရည်အလွန်ချောမောသော ထန်လီကိုကြည့်ရင်း...
သူမသည် နောက်ဆုံးတွင် ချမ်းသာရန် သူမ၏အိပ်မက်များကို အကောင်အထည်ဖော်နိုင်တော့မည်ကို သူမသိခဲ့သည်။ ထန်လီသည် လက်တွေ့အားဖြင့် သူမ၏ငွေပင်တစ်ပင်ဖြစ်လာခဲ့သည်!