← Chapters

အခန်း (၉)

Vol. 1 Ch. 9

အခန်း (၉)

Vol. 1 Ch. 9

“သိုင်းဝိညာဉ်ဆိုတာဘယ်အရာမဆိုဖြစ်နိုင်တယ်။ အဖေ့မှာ စာအုပ်သိုင်းဝိညာဥ်ရှိတယ်။ မင်းအမေရဲ့သိုင်းဝိညာဥ်ကတော့ ရေခဲဒြပ်စင်ပဲ။ စာအုပ်တွေမှာ ခွန်အားမရှိပေမဲ့ သာမန်လူများထက်ကောင်းမွန်တဲ့ မှတ်ဉာဏ်ကို ရရှိစေနိူင်တယ်။ သိူင်းဝိညာဉ်တော်နိုးကြားခြင်းအခမ်းအနားမှာ မင်းလည်း မင်းရဲ့သိုင်းဝိညာဉ်ကို ရရှိလိမ့်မယ်။ သိုင်းဝိညာဥ်နဲ့အတူ

ဝိညာဉ်စွမ်းအားပါလာခဲ့ရင် ဝိညာဉ်မာစတာဖြစ်လာနိုင်မယ်။ ငါ့သား အဆင်သင့်ဖြစ်ပြီလား”

လန်ရှောင်းသည် လန်ရွမ်ယုရဲ့ပခုံးကိုပုတ်ကာ ပြောလိုက်သည်။

လန်ရွမ်ယုသည် ယခုနှစ်တွင် အသက် ခြောက်နှစ်ရှိပြီဖြစ်ပြီး မိဘနှစ်ပါးစလုံးကလည်း သူ့က်ို အလွန်ဂရုစိုက်ခဲ့သည်။

လန်ရွမ်ယုသည် ချောမွေ့သောအသားအရည်နဲ့ ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးတွေ ပိုင်ဆိုင်ထားတာကြောင့် လူအများကချစ်ခင်ကြသည်။

သိပ္ပံဋ္ဌာနတစ်ခုလုံး၏ အချစ်တော်လည်းဖြစ်သည်။

“ဖေဖေ၊ ကျွန်တော် ဝင်တော့မယ်”

လန်ရွမ်ယု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ရွယ်ယု” လန်ရှောင်းက ရုတ်တရက် သူ့သားကို ခေါ်လိုက်သည်။

လန်ရွမ်ယုသည် သူ့အဖေကို လှည့်ကြည့်ကာ ချစ်စရာကောင်းသောအသံဖြင့် “ဘာဖြစ်လို့လဲ ဖေဖေ” ဟု မေးလိုက်သည်။

လန်ရှောင်းသည် လန်ရွမ်ယုကိုကြည့်ရင်း

သူတို့လွန်ခဲ့သောခြောက်နှစ်က တွေ့ခဲ့သော ဥကြီးကို သတိရသွားသည်။ သူသည် လန်ရွမ်ယု၏ သိုင်းဝိညာဉ်နိုးကြားမှုကို နှစ်အတော်ကြာအောင် စောင့်မျှော်နေခဲ့သော်လည်း ယခုဤနေရာတွင် ရှိနေအခါမှာတော့ သူ့သားအတွက်သာ စိတ်ပူနေခဲ့သည်။ ရွယ်ယုသည် သူ၏သွေးသားမဟုတ်သော်လည်း သားအရင်းကဲ့သို့ချစ်နေမိနေပြီဖြစ်သည်။

လန်ရှောင်းက သူ့မျက်လုံးများမှ ပေါက်ထွက်တော့မည့် မျက်ရည်စများကိုထိန်းကာ

“သွားသွား သား။ ဖေဖေ... မင်းကို ဒီမှာ စောင့်နေမယ်”

လန်ရွမ်ယု အခန်းတစ်ခုထဲသို့ဝင်သွားခဲ့သည်။

အခန်းအပြင်......

လန်ရှောင်း လူတစ်ဦးနှင့် ဖုန်းပြောနေခဲ့သည်။

“ပြီးပြီလား? ဘယ်လိုနေလဲ? သူ့သိုင်းဝိညာဉ်ကဘာလဲ” နန်ချိန် စိုးရိမ်ပူပန်မှုများစွာဖြင့် မေးလိုက်သည်။

“ မသိရသေးဘူး။ ရွယ်ယု အခုပဲ ဝင်သွားတယ်” လန်ရှောင်း ကမန်းကတန်း ပြန်ဖြေလိုက်သည်။

နန်ချိန်က

“ငါလာခဲ့မယ်... ငါ ရွမ်ယုအတွက်စိတ်ပူတယ်!”

“မင်း မလာတာ ပိုကောင်းပါတယ်၊ ငါလည်း အခု သူ့အတွက် စိတ်ပူနေတယ်.... ရပါတယ်..အဆင်ပြေမှာပါ”

လန်ရှောင်းက ပြောလိုက်သည်။

“နားထောင်၊ နန်ချိန်၊ ငါတို့ကလေးရဲ့ သိုင်းဝိညာဥ်က ဘာပဲဖြစ်နေဖြစ်နေ မင်းကို ငါပြောချင်တာက အရင်ကအကြောင်းအရာတွေကိုမေ့လိုက်ကြရအောင်။ အဖွဲ့ကမကြေနပ်ရင် လိုချင်တဲ့ငွေကို ငါတို့ပေးမယ်။ ဥကို မေ့ထားလိုက်ကြရအောင်။”

နန်ချိန်သည် တစ်ဖက်တွင် တိတ်ဆိတ်သွားသည်။ လန်ရှောင်း သည် ရှေးဟောင်းသားရဲသုတေသနအဖွဲ့၏ အကြီးအကဲဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ လန်ရှောင်း သည် ယခုအခါ ဒုဗိုလ်မှူးကြီးတစ်ဦးဖြစ်သည်။

သို့သော် လန်ရွမ်ယုကို ပိုဂရုစိုက်ချင်သောကြောင့် ရာထူးတက်ရန်မကြိုးစားတော့ပေ။ နန်ချိန်ကသာ ရာထူးတက်ရန်ကြိုးစားခဲ့သည်။

“သေချာလား” နန်ချိန်က မေးလိုက်သည်။

“သေချာတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ငါတို့ နှစ်ယောက်ကလေးမယူဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲ့ဒီနေ့မှာပဲ ဒီကိစ္စကို

ငါ့စိတ်ထဲမှာတွေးထားပြီးသား။ ရွယ်ယုကို ငါ ချစ်တယ်၊ သူ့ကို စမ်းသပ်ခံအရာတစ်ခုလိုအဖြစ် မခံနိုင်ဘူး။”

လန်ရှောင်း၏ စကားကြောင့် နန်ချိန်ရယ်လိုက်မိသည်။

“ကဲ ကြည့်စမ်းပါဦး....ကလေးအဖေကြီးက.... စိတ်မပူပါနဲ့... ငါလည်းသဘောတူပါတယ်။ ငါတို့ဘဝက အခုမှ စိုပြေလာတာ။ ငါတို့ကလေးကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်ကြမယ်။”

လန်ရှောင်းလည်း ဖုန်းပြောရင်း ပြုံးလိုက်မိသည်။

နိုးထခန်းထဲတွင်.......

လန်ရွမ်ယုသည် ဆဋ္ဌဂံပုံသဏ္ဌာန်ရှိသော အခန်းအလယ်တွင် ရပ်နေပြီး သူ့မျက်လုံးများက အံ့သြမှုများနှင့် ပြည့်နှက်နေသည်။

ထို့နောက် သူ့ပတ်လည်မှအလင်းများ လင်းလာပြီး ထူးဆန်းတဲ့ အလင်းတန်းတွေက သူ့ကို ဝန်းရံသွားကာ အနည်းငယ် နွေးလာသလို ခံစားလိုက်ရ

သည်။ ထူးဆန်းတာက သူ့တစ်ကိုယ်လုံး ယားယံလာသလို ခံစားလိုက်သည်။

စက္ကန့်နဲ့အမျှ ယားယံတဲ့ခံစားချက်က ပိုမိုပြင်းထန်လာသည်။ နိုးထိခြင်းအခမ်းအနားတွင် ဤအရာသည် ပုံမှန်ဟုတ်မဟုတ် လန်ရွမ်ယု မသိသော်လည်း သူကြောက်လာသည်။ သူ့မျက်နှာမှာ ဖျော့တော့နေပြီဖြစ်သည်။

နောက်ဆုံးတော့ လန်ရွမ်ယု မခံနိုင်တော့ဘဲ လက်နှစ်ဘက်စလုံးနဲ့ သူ့ခန္ဓာကိုယ်ကို ကုတ်ခြစ်ကာအော်လိုက်မိသည်။

“အား........”

နိုးထခြင်းအခန်းများသည် ကလေးများအတွက် လုံခြုံစိတ်ချစွာအသုံးပြုနိုင်ရန် သေချာပြုလုပ်ထားသည်။ အခန်းတာဝန်ခံဝန်ထမ်းမှာ လန်ရွမ်ယု၏တုံ့ပြန်ပုံကို မြင်ကာအံ့သြသွားခဲ့သည်။

လန်ရွမ်ယု အော်ဟစ်လိုက်သောအခါတွင် ကလေး၏သိုင်းဝိညာဉ်နိုးထလာသည်ဟု သူထင်ခဲ့သည်။ သို့သော် ကလေးမှာ နာကျင်စွာအော်ရင်း နဲ့ မြေပြင်ပေါ်သို့ လဲကျသွားသ်။

ဝန်ထမ်းသည် လန်ရွမ်ယုထံ ပြေးသွားခဲ့သည်။ ထူးဆန်းစွာပင် လန်ရွမ်ယု၏အရေပြားပေါ်တွင် ရွှေရောင်နှင့်ငွေရောင်အလင်းများ ပေါ်လာခဲ့သည်။

ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တံခါးပွင့်လာပြီး လန်ရှောင်းအတွင်းသို့ ပြေးဝင်သွားသည်။

သူ့သားရဲ့အော်သံကို အပြင်မှကြားလိုက်သောကြောင့်ဖြစ်သည်။

“အားး......!!!!” လန်ရွမ်ယုသည် အော်ဟစ်နေဆဲဖြစ်သည်။

All Chapters