အခန်း (၁၀)
Vol. 1 Ch. 10
လန်ရှောင်းသည် အခြားဝန်ထမ်းများကဲ့သို့ပင် အံ့အားသင့်သွားသည်။
လန်ရွမ်ယု၏ လက်နှစ်ဖက်မှ အပြာရောင်အလင်းများတောက်ပလာသည်။ ထို အပြာရောင်အလင်းတန်းများမှတဆင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ ယားယံမှု ပျောက်ကွယ်သွားသည်။
ဝန်ထမ်းက ခေါင်းလှည့်လိုက်ပြီး လန်ရှောင်းကိုကြည့်ကာ “ ခေါင်းဆောင်.... ဒါက... ငွေပြာမြက်ပဲ?”
လန်ရှောင်း နဲ့ နန်ချိန်တို့ရဲ့ သိုင်းဝိညာဉ်တွေကို လူတိုင်းသိကြပေမယ့် ဒီကလေးနိုးထလာတဲ့ သိူင်းဝိညာဉ်ကတော့ သူတို့ရဲ့ သိုင်းဝိညာဉ်မဟုတ်ဘူး။ လုံး၀ မသက်ဆိုင်ပေ။
‘ငွေပြာမြက်’ သည် သာမာန်ဖြစ်သည်။
ဝိညာဥ်မာစတာအဖွဲ့အစည်းတွင်၎င်းကို အမှိုက်သိုင်းဝိညာဥ်အဖြစ် ပြောလေ့ရှိသည်။
ငွေပြာမြက်သိုင်းဝိညာဉ်?
လန်ရှောင်းသည် ဥမှပေါက်ဖွားလာသော သူ့သားတွင် ‘ငွေပြာမြက်’ သိုင်းဝိညာဉ်ရှိလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။
သားရဲအမျိုးအစားတစ်ခုခုရမည်ဟု ထင်ခဲ့သည်။
နေပါဦး.....
တစ်ခုခုတော့ မူမမှန်ဘူး။ လန်ရှောင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
အကယ်၍ အခြားနေရာရှိ ဝိညာဉ်နိုးထရေးအခန်းတွင် ရှိနေပါက လန်ရွမ်ယု၏ သိုင်းဝိညာဉ်သည် သာမန်အမျိုးအစားဖြစ်သည့် ငွေပြာမြက် ဖြစ်ကြောင်း သတ်မှတ်မည်ဖြစ်သည်။
သို့သော် ဤသည်မှာ ရှေးဝိညာဉ်သားရဲ သုတေသနဌာနဖြစ်ပြီး လန်ရှောင်း ဦးဆောင်သောဋ္ဌာန ဖြစ်သည်။
ငွေပြာမြက်သိုင်းဝိညာဥ်သည် တစ်ချိန်က အကြီးကျယ်ဆုံးဒဏ္ဍာရီများလည်းရှိခဲ့ဖူးသည်။ ထို့ကြောင့်၊ လန်ရှောင်းသည် အချိန်အတော်ကြာအောင် ငွေပြာမြက်နှင့် ပတ်သက်၍ သုတေသနအချို့ ပြုလုပ်ခဲ့ဖူးသည်။
လန်ရှောင်း၏ဦးနှောက်သည် လျင်မြန်စွာ တွေးတောနေပြီး သူ့စိတ်ထဲတွင် ငွေမြက်ပြာမြက် နှင့် ပတ်သက်သည့်အချက်အလက်များအားလုံးကို သတိရသွားသည် ။
သူပထမဆုံးသတိရသည်မှာ ငွေပြာမြက် သိုင်းဝိညာဥ်မှာ လက်တစ်ဖက်တည်းနှင့်သာ အသုံးပြုနိုင်သော သိုင်းဝိညာဥ်ဖြစ်သည်။ သို့သော် လန်ရွမ်ယုရဲ့ ငွေပြာမြက်သည် လက်နှစ်ဖက်လုံးမှထွက်လာခြင်းဖြစ်သည်။ သေချာသွားပြီ။ ထို့အပြင် ထုတ်
လွှတ်သော အပြာရောင်အလင်းတန်းများသည် သာမန်မဟုတ်ပေ။
“ ခေါင်းဆောင် ငါတို့ ဝိညာဉ်စွမ်းအား စမ်းသပ်မှု လုပ်ဦးမလား” ဝန်ထမ်းက မေးလိုက်သည်။
“ရတယ်…” ငါတို့မှာ စမ်းသပ်ကိရိယာ ရှိတယ်... အိမ်ရောက်မှ သူ့ကို စမ်းသပ်လိုက်မယ်။”
လန်ရှောင်းအမြန်ပြောလိုက်သည်။
ဝန်ထမ်းမှာ နားလည်မှုရှိတဲ့ အကြည့်တွေနဲ့ ခေါင်းညိတ်ပြပြီး “ကောင်းပြီ၊ လန်ရွမ်ယုရဲ့သိုင်းဝိညာဉ်ဟာ ငွေပြာမြက်ဆိုတာကို ငါအတည်ပြုမှတ်တမ်းတင်ထားလိုက်မယ်”
“အင်း....” လန်ရှောင်း သဘောတူလိုက်ပြီး သူ့သားကို ပွေ့ကာ ထွက်သွားတော့သည်။
…………..
အိမ်တွင်......
“ စမ်းကြည့်ရအောင်..”
လန်ရွမ်ယုသည် ဖခင်ပြောသည့်အတိုင်း သူ့ရဲ့သိုင်းဝိညာဥ်ကို ဆင့်ခေါ်လိုက်သည်။
လက်ယာဘက်တွင် ရွှေရောင်များတောက်နေပြီး လက်ဝဲဘက်တွင် ငွေရောင်တောက်ပနေသည်။
ထို့နောက် ငွေပြာမြက်ပင်နှစ်ပင်သည် လက်တစ်ဖက်စီမှ ထွက်လာလေသည်။
……….
“ငွေပြာမြက်? ရွမ်ယု ရဲ့ သိုင်းဝိညာဉ်က
ငွေပြာမြက်လား?” နန်ချိန်သည် မယုံနိုင်လောက်အောင် ဖြစ်သွားသည်။
လန်ရှောင်းက လန်ရွမ်ယုကို တစ်ချက်ကြည့်လိုက်ပြီး “သားလေး၊ အခန်းထဲသွားပြီး ခဏဆော့ပါ၊ ဖေဖေနဲ့မေမေ ပြောစရာရှိတယ်”
“ဟုတ်” လန်ရွမ်ယု ပြန်ဖြေလိုက်ပြီး သူ့အခန်းထဲကို ချက်ချင်းဝင်သွားသည်။
“ဘာဖြစ်သွားတာလဲ” နန်ချိန် စိတ်လှုပ်ရှားစွာမေးလိုက်သည်။
လန်ရှောင်းက သူ့မျက်လုံးများကို မှိတ်ထားလိုက်ပြီး “ဒါက သာမန်ငွေပြာမြက်ပင်မဟုတ်ဘူး၊ ဒါက သာမန်မဟုတ်ဘူး၊ ငါသေချာသိတယ်။ သာမန်ငွေပြာမြက်ပင်က လက်နှစ်ဖက်လုံးကနေ မထွက်နိုင်ဘူး။ နောက်ပြီး ရွမ်ယု ရဲ့ငွေပြာမြက်က အရမ်းလှလွန်းတယ်။”
နန်ချိန်လည်း ဖြစ်နိုင်ချေတစ်ခုကို ချက်ချင်းစဉ်းစားမိလိုက်ပြီး “ဒဏ္ဍာရီလာ
ငွေပြာမြက်ဧကရာဇ် ဖြစ်နိုင်လား။ အဲဒါဆိုရင်တော့ နည်းနည်း အဓိပ္ပါယ်ရှိတယ်။”
“ဒါဆို ငါတို့ ဘာလုပ်သင့်လဲ။ ဒီကလေး…” နန်ချိန် စိတ်ရှုပ်ထွေးကာပြောလိုက်သည်။
လန်ရှောင်းခေါင်းမော့ပြီး ပြုံးလိုက်သည်။
“ ငွေပြာမြက်ကလည်း မဆိုးပါဘူး။ ဒီကလေးသာ သာမန်ပဲဆိုရင်....…”
နန်ချိန်လည်း နားလည်လိုက်သည်။
“ဆိုလိုတာက သူကို ငါတို့ဆီကနေ ဘယ်သူမှခေါ်သွားတော့မှာမဟုတ်သလို သူကအမြဲတမ်းငါတို့ရဲ့သားဖြစ်သွားလိမ့်မယ်... ငါတို့တွေ့ခဲ့တဲ့ ဥကိစ္စက်ုဘယ်သူမှစိတ်ဝင်စားမှာမဟုတ်တော့ဘူး....”
လန်ရှောင်းက “မှန်တယ်! ဒါကိုပဲ မင်းလည်းလိုချင်တာမလား?”
နန်ချိန်က နောက်ဆုံးတွင် ပြုံးလိုက်ပြီး
“ဟုတ်တယ်။ ငါ သားလေးပဲလိုချင်တယ်။
ကျန်တာတွေအားလုံးက အရေး မကြီးဘူး။”