အခန်း (၁၁)
Vol. 1 Ch. 11
“သား... မင်းရဲ့သိုင်းဝိညာဉ်ကို ထုတ်လိုက်...”
လန်ရှောင်းပြောလိုက်သည်.
“ဟုတ် ဖေဖေ”
လန်ရွမ်ယုသည် သူ့လက်နှစ်ဖက်ကို မြှောက်လိုက်သည်။
မြက်ပင်နှစ်ပင်သည် သူ့လက်ဖဝါးမှ ထွက်လာသည်။
ငွေပြာမြက်များနှင့် မတူပေ။
၎င်းသည် သာမန်ငွေပြာမြက်များထက် များစွာ
ကြီးမားသည်။
“တကယ် မတူဘူး။”
“တကယ်ကြီးပဲ!” နန်ချိန်သည် ရှေးဝိညာဥ်သားရဲများကိုသုတေသနပြုသူဖြစ်ကာ ငွေပြာမြက်များအကြောင်းကိုလည်း တတ်ကျွမ်းနားလည်သူဖြစ်သည်။
လန်ရှောင်းက “ဝိညာဉ်စွမ်းအားစမ်းသပ်ကိရိယာကိုယူပြီး ရွမ်ယုကို စမ်းလိုက်”
“ကောင်းပြီ” နန်ချိန်သည် အခန်းထဲသို့ ၀င်သွားပြီး ဝိညာဉ်စွမ်းအား စမ်းသပ်ကိရိယာကို ယူလာလိုက်သည်။ ဤကိရိယာသည် ဝိညာဉ်မာစတာများရှိသည့် မိသားစုများအတွက် မရှိမဖြစ်ပစ္စည်းဖြစ်သည်။
လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ဝိညာဥ်ကုန်းမြေဂြိုလ်၏ ဆင့်ကဲပြောင်းလဲမှုကြောင့်
ဝိညာဉ်စွမ်းအားအဆင့်သည် အဆင့်100 မှ အဆင့်120 အထိ တိုးသွားခဲ့သည်။
အဆင့် 99 နှင့် အထက် ဝိညာဉ်မာစတာများကို နတ်ဘုရားများအဖြစ် သတ်မှတ်ထားသည်။
ဝိညာဉ်စွမ်းအားစမ်းသပ်ကိရိယာသည် အဆင့် ၇၀ အောက် ဝိညာဉ်စွမ်းအားကို စမ်းသပ်ရန်အတွက် လုံလောက်သည်။
“သားလေး... ဒီစက်လေးကိုကိုင်ပြီး မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ထူးခြားတဲ့စွမ်းအားတွေကို လွှတ်လိုက်။ မင်းရဲ့ သိုင်းဝိညာဥ်ကိုလွှတ်လိုက်သလိုပဲ” နန်ချိန်က စက်ကို လန်ရွမ်ယုကိုပေးလိုက်သည်။
လန်ရွမ်ယုသည် စက်ကိုကိုင်လိုက်သည်။
သူ့ကိုယ်ထဲမှ စီးဆင်းနေသော စွမ်းအားများကို ထည့်လိုက်လေးသည်။
လန်ရှောင်းနှင့် နန်ချိန်တို့သည် စက်ကို အာရုံစိုက်နေခဲ့သည်။
၁၀....?
ဝိညာဥ်စွမ်းအားအပြည့်......
စက်လေးတွင် နံပတ်တစ်ဆယ်ကိုဖော်ပြနေသည်။
ဆိုလိုသည်မှာ သူတို့၏ကလေး လန်ရွမ်ယု သည် မွေးရာပါ ဝိညာဥ်စွမ်းအားအပြည့်ရှိသည်ဟု ဆိုလိုသည်။
မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့်.....
ယခုခေတ်တွင် ထိုအရာသည် အလွန်ရှားပါးသည်။ အရင်ခေါတ်ဟောင်းများတွင်သာ ပေါ်လေ့ရှိသောအရာဖြစ်သည်။ထို့ပြင် စွမ်းအား
ကြီးမားသော မျိုးနွယ်စုကြီးများတွင်သာ ပေါ်လေ့ရှိသည်။ ၎င်းတို့အားလုံးကို အဖွဲ့ချုပ်က အလွန်အလေးထားသည်။
ပညာသင်ဆုများပေးလေ့ရှိသည်။
တစ်နည်းဆိုရသော် ပညာသင်ကြားခြင်းစရိတ်စကအပါအဝင် ကုန်ကျစရိတ်အားလုံးကို အဖွဲ့ချုပ်မှ ပေးဆောင်မည်ဖြစ်သည်။
ဝိညာဉ်ကွင်းများတက်တိုင်းတွင်လည်း
အဖွဲ့ချုပ်က အထူးစိတ်ဝိညာဉ်များနှင့် ဦးစားပေး လက်ဆောင်များ ပေးမည်ဖြစ်သည်။
ထိုကလေးငယ်များသည် အဖွဲ့ချုပ်၏ ပြီးပြည့်စုံသောလေ့ကျင့်ရေးစနစ်ဖြင့် ဖုန်းဟောက်တုံ့လော် ဖြစ်လာနိုင်ပြီး အဆင့် 99 နှင့်အထက်ကိုရောက်ရှိနိုင်မည်ဖြစ်သည်။
“သမိုင်းမှာ ငွေပြာမြက်သိူင်းဝိဥာဉ်ရှိပြီး မွေးရာပါဝိညာဥ်စွမ်းအားအပြည့်နဲ့ လူတစ်ဦးတည်းသာ ရှိခဲ့ဖူးတယ်။ ငွေပြာမြက်ဧကရာဇ်နဲ့ ဝိညာဉ်မာစ
တာကမ္ဘာကို ကယ်တင်ခဲ့ဖူးတယ်”
နန်ချိန် ရေရွတ်လိုက်မိသည်။
လန်ရှောင်းလည်း မျက်မှောင်ကြုတ်လိုက်သည်။ “ ရွမ်ယု ရဲ့ ဝိညာဉ်က ငွေပြာမြက်ဧကရာဇ် လို့ ပြောချင်တာလား?”
နန်ချိန်က ရယ်လိုက်သည်။ “နောက်ထပ် ပိုကောင်းတဲ့ ရှင်းပြချက်က ဘာရှိသေးလို့လဲ”
လန်ရှောင်းက ခေါင်းခါပြီး “မဟုတ်ဘူး၊ မဟုတ်ဘူး။ ရွမ်ယုသာ သာမန်လို့မွေးခဲ့ရင် မင်းပြောတာကို ငါသဘောတူလိမ့်မယ်။ ဒါပေမဲ့...ရွမ်ယုက... သာမန်လိုမွေးဖွားထားတာမဟုတ်ဘူး...”
“မဟုတ်ရင် ဘာဖြစ်နိုင်မလဲ”
လန်ရှောင်းသည် လန်ရွမ်ယုထံမှ ဝိညာဉ်စွမ်းအား စမ်းသပ်ကိရိယာကို ယူလိုက်ပြီး
“ ရွမ်ယု... မင်း အဖေ့ကို တစ်ခုလောက် ကတိပေးနိုင်မလား”
လန်ရွမ်ယု ခေါင်းညိတ်လိုက်သည်။
“ဘာလဲ ဖေဖေ”
လန်ရှောင်းက
“မင်းရဲ့ ဝိညာဥ်စွမ်းအားအဆင့်ကို ဘယ်သူ့ကိုမှ မပြောရဘူး။ တစ်ယောက်ယောက်ကမေးရင်လည်း အဆင့် ၃ လို့ပြောပါ”