အခန်း (၁၂)
Vol. 1 Ch. 12
“ဟုတ်..... အဆင့် ၃ ဝိညာဉ်စွမ်းအားလား။ ဖေဖေ၊ ဒါဆို ငါက စွမ်းအားကြီးတယ်လို့ ယူဆလို့လား။”
“ဟုတ်ပါ့... အရမ်းအစွမ်းထက်တယ်။ ငါ့သားက စွမ်းအားအကြီးဆုံးပဲ။ မနက်ဖြန်ကစပြီး အဖေက မင်းကို ဝိညာဉ်စွမ်းအားလေ့ကျင့်လို့ကမဲ့အခြေခံတွေကို သင်ပေးမယ်”
လန်ရှောင်းက သူ့သား၏ဆံပင်ကို ပွတ်သပ်ကာ ပြန်ဖြေလိုက်သည်။
လန်ရွမ်ယုသည် ငယ်ငယ်ကတည်းက လိမ္မာပါးနပ်ပြီး ချစ်စရာကောင်းသည်။
“ဆုံးဖြတ်ပြီးပြီလား?” နန်ချိန်သည် လန်ရှောင်း ၏ လက်များကို ဆွဲကိုင်လိုက်သည်။
လန်ရှောင်း ပြုံးလိုက်သည်။
“ငါအရင်ကပြောဖူးတယ်၊ မင်း နဲ့ သားကို ငါစောင့်ရှောက်မယ်။ သူ့လျှို့ဝှက်ချက်ကို မဖော်ထုတ်တာ ပိုကောင်းပါတယ်။”
“အင်း.... မင်းရဲ့ အစီအစဉ်အတိုင်း သွားမယ်”
ညစာစားပြီးနောက် လန်ရွမ်ယုသည် စောစောအိပ်ရာဝင်ခဲ့သည်။
သူ့တွင် ကိုယ်ပိုင်အခန်းငယ်လေးရှိသည်။
ထို့နောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
ထိုအချိန်တွင် အခန်းထဲမှ အလင်းများစတင်ထွက်လာလေသည်။ တစ်ခုမှာ ရွှေရောင်ဖြစ်ပြီး တစ်ခုမှာ ငွေရောင်ဖြစ်သည်။
အလင်းများသည် ရွမ်ယု၏အနီးတဝိုက်တွင် ပျံဝဲ
နေသည်။
တစ်ချိန်တည်းမှာပင်၊ ရွမ်ယု၏ခန္ဓာကိုယ်ထဲသို့ တိုးဝေ့ဝင်သွားခဲ့သည်..
ဘာမှမဖြစ်ခဲ့သလိုပါပဲ ပြန်လည်ငြိမ်သပ်သွားခဲ့သည်။
သို့သော် ထိုအလင်းနှစ်ခု ပျောက်ကွယ်သွားသောအခါတွင် အဖြူရောင် အလင်းတန်းတစ်ခုသည် ရွမ်ယု၏ခြေရင်းအောက်တွင် တိတ်တဆိတ်ပေါ်လာပြီး တဖြည်းဖြည်းနှင့် အပေါ်သို့ မြင့်တက်လာသည်။
ညာဘက်လက်မှ ရွှေရောင် ငွေပြာမြက်ပင်သည်လည်း အလိုအလျောက်ထွက်လာလေသည်။
ထိုအဖြူရောင်အလင်းမှ ဝိညာဉ်ကွင်းတစ်ခုပင်ဖြစ်သည်။ အဖြူရောင်ဝိညာဥ်ကွင်းတစ်ခုဖြစ်သည်။ ထိုဝိညာဥ်ကွင်းသည် ရွှေရောင်ငွေပြာမြက်၏ ဝိညာဉ်ကွင်းပင်ဖြစ်သည်။
မပြီးသေးပေ......
ရွမ်ယု၏ခန္ဓာကိုယ်ပေါ်ရှိ ဝိညာဉ်ကွင်းများရုတ်တရက်ပျောက်သွားလေသည်။ ထို့နောက် တစ်ဖန်ပေါ်လာပြန်သည်။ အဖြူရောင်ဝိညာဥ်ကွင်းပင်ဖြစ်သည်။ သို့သော် ညာလက်ရှိရွှေရောင်ငွေပြာမြက်မှာ ပျောက်ကွယ်သွားပြီး ဘယ်လက်တွင် ရုတ်တရက် ငွေရောင်ငွေပြာမြက်ပေါ်လာလေသည်။
ယခုပေါ်လာသော ဝိညာဉ်ကွင်းမှာ ငွေရောင်ငွေပြာမြက်၏ဝိညာဥ်ကွင်းဖြစ်သည်။
ရွမ်ယုသည် အမွှာသိုင်းဝိညာဥ်ကိုပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ဝိညာဥ်ကွင်းနှစ်ကွင်းသည် အလိုအလျောက်ထွက်လာလေသည်။ သိုင်းဝိညာဥ်တစ်ခုတွင် တစ်ကွင်းစီဖြစ်သည်။
တစ်ဖန်........
ရွမ်ယုရဲ့နဖူးမှ အပြာရောင်အလင်းလုံးလေးထွက်လာလေသည်။
ထို့နောက် ညာဘက်လက်မပေါ် ရောက်သွားတယ်။ လက်စွပ်တစ်ကွင်းဖြစ်သည်။ ထိုအပြာရောင်အလင်လုံးလေးသည် လက်စွပ်တစ်ခုအဖြစ်
ပြောင်းသွားကာ လက်မတွင်စွပ်သွားလေသည်။
လန်ရွမ်ယုသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။
နောက်နေ့မနက်......
တံခါးကို တွန်းဖွင့်လိုက်ပြီး လန်ရှောင်းဝင်လာခဲ့သည်။
သူ့သားအား
ညင်သာစွာ နှိုးလိုက်သည်။
“ ရွမ်ယု ထဖို့အချိန်ရောက်ပြီ”
လန်ရွမ်ယုသည် မှုန်ကုပ်နေသောမျက်လုံးများကို ဖွင့်လိုက်ပြီး ပင်ပန်းနေသော မျက်လုံးများဖြင့် သူ့အဖေကို ကြည့်လိုက်သည်။
“ဖေဖေ၊ ခဏနေပါဦး”
“မင်းထဖို့အချိန်တန်ပြီ။ မင်းကျောင်းတက်ရဦးမယ်။ ပြီးတော့ မင်းက အခုဝိညာဉ်မာစတာဖြစ်နေ
ပြီ။ မင်း မသန်မာချင်ဘူးလား”
“သန်မာချင်တယ်”
ရွမ်ယု မဆိုင်းမတွ ပြန်ဖြေလိုက်သည်။
သူ့အဖေရဲ့စကားက သူ့ကို နိုးကြားသွားစေခဲ့သည်။
“ဒါဆို ထဖို့အချိန်ရောက်ပြီ။ ဒီနေ့ကစပြီး
ဝိညာဉ်စွမ်းအား လေ့ကျင့်နိုင်မယ့်နည်းလမ်းကို အဖေက သင်ပေးမယ်။”
လန်ရှောင်းသည် သူ့သားကို အိပ်ရာပေါ်မှ ဆွဲထူးလိုက်လေသည်။
“အယ်?” ထိုအချိန်မှာ သူ့ရဲ့မျက်လုံးတွေက လန်ရွမ်ယု ရဲ့ညာဖက်လက်ကို ရောက်သွားခဲ့သည်။
“သားလေး ဒီလက်စွပ်ကို ဘယ်ကရလာတာလဲ” လန်ရှောင်း အံ့သြစွာမေးလိုက်သည်။
ရွမ်ယုသည် သူ့လက်ကို ကြည့်ပြီး
ကြောင်တက်တက်နဲ့
“မသိဘူး ။ သား ဥစ္စာမဟုတ်ဘူး။”
လန်ရှောင်းသည် လက်စွပ်ကို အနီးကပ်ကြည့်လိုက်သည်။
နက်ပြာရောင်လက်စွပ်တစ်ကွင်းဖြစ်သည်။ ကနုတ်ပန်းများပင်ပါသည်။
ခြောက်နှစ်ကျော်လွန်သောအခါ လန်ရွမ်ယုသည် ထူးခြားစတင်ပြသလာပြီးဖြစ်သည်။
သိုင်းဝိညာဉ်နိုးကြားလာပြီးနောက် အရာအားလုံးပြောင်းလဲသွားသည်။
ဒါပေမယ့် လက်စွပ်က ဘယ်ကလာတာလဲ။
လန်ရှောင်းသည် ပြတင်းပေါက်များကို သေချာစစ်ဆေးသည်။
လူဝင်ထားသော သဲလွန်စများလည်း မတွေ့ရ။
အရာအားလုံးသည် အလွန်ပုံမှန်ဖြစ်နေသည်.
“သားလေး၊ မင်း ဒီလက်စွပ်ကို ဘယ်တုန်းက ဝတ်ခဲ့တာလဲ”
ရွမ်ယုလေးက ခေါင်းယမ်းလိုက်သည်။
လန်ရှောင်းသည် ထိုလက်စွပ်ကိုချွတ်ကြည့်လေ့သည်။ သို့သော် လုံးဝချွတ်မရပေ။
“ဖေဖေ၊ ချွတ်လို့မရဘူးလား”
“ဖေဖေ ထပ်စမ်းကြည့်ပါဦးမယ်”
လန်ရှောင်းသည် လက်စွပ်ကိုချွတ်ရန် ဝိညာဉ်စွမ်းအားအနည်းသုံးလိူက်သည်။
သို့သော်..........
လက်စွပ်ထံမှ ထူးဆန်းသောစွမ်းအားတစ်ခု ထွက်လာသည်။
“ဝုန်း.......”
လန်ရှောင်း လွင့်ထွက်သွားသည်။
“ အဖေ!!!!!!!!! ”
ကံကောင်းထောက်မစွာ အားသိပ်မပါပေ။
“တောင်းပန်ပါတယ် ဖေဖေ... အဲ့တာ သားလုပ်တာ မဟုတ်ဘူး။”
လန်ရှောင်းသည် သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းကာ ပြန်ထလာခဲ့သည်။ စိတ်များလည်းရှုပ်ထွေးနေလေသည်။
ဒီ လက်စွပ်က ဘယ်ကလာတာလဲ.....
ခြောက်နှစ်အကြာ..ခြောက်နှစ်အကြာတွင်..
ရွမ်ယုသည် သာမန်ကလေးတွင်မရှိသည့် ထူးခြားချက်များကိုစတင် ပြသလာခဲ့သည်။
အခု ဘာလုပ်နိုင်မလဲ........
“ရွမ်ယု သွားပြီး ရေချိုးတော့.... ဖေဖေ မင်းကိုအောက်ကစောင့်နေမယ်...”