အခန်း (၁၃)
Vol. 1 Ch. 13
10 မိနစ်အကြာ.....
ဧည့်ခန်းထဲတွင်........
“ငါတို့ဘာလုပ်ကြမလဲ?” နန်ချိန်သည် သူ့ခင်ပွန်းကို စိုးရိမ်တကြီး ကြည့်နေလေသည်။
လန်ရှောင်းရှိုက်ကြီးတငင် ရယ်မောလိုက်သည်။ “ငါလည်း မသိဘူး။ ငါတို့ ဒါကို မကိုင်တွယ်နိုင်တော့ရင် တစ်ခုတည်းသော ရွေးချယ်စရာကတော့ အထက်အရာရှိတွေကို သတင်းပို့ဖို့ပဲ။ ငါ အစိုးရိမ်ဆုံးက သူ့မှာပေါ်လာတဲ့ အပြောင်းအလဲတွေက သူ့ကို ထိခိုက်လာနိုင်မှာကိုပဲ”
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါတို့ အထက်လူကြီးတွေကို အကြောင်းကြားလို့ မရဘူး” ဟု နန်ချိန်က ထိတ်လန့်စွာ ပြန်ပြောလိုက်သည်။
“ငါတို့အဲ့လိုလုပ်ရင် သူတို့က ရွမ်ယုကို သေချာပေါက် ခေါ်သွားလိမ့်မယ်။ ဒါမဖြစ်နိုင်ဘူး... ရွမ်ယုက ငါ့ဘဝပဲ!”
လန်ရှောင်း သက်ပြင်းချလိုက်သည်။
“ငါတို့ ဆက်စောင့်ကြည့်တာပေါ့..... တခြား အပြောင်းအလဲတွေ မဖြစ်လာဖို့ပဲမျှော်လင့်ပါတယ်။”
နန်ချိန် သက်ပြင်းချလိုက်သည်
“မင်း သူ့ကို ဝိညာဥ်စွမ်းအားလေ့ကျင့်နည်း သင်ပေးနေပြီလား”
လန်ရှောင်းက “ခဏနေသင်ပေးမလို့ပဲ.....”
နံနက်စာစားပြီးနောက် လန်ရှောင်းသည်
လန်ရွမ်ယုအတွက် ပထမဆုံးသင်ခန်းစာကို စတင်ပေးခဲ့သည်။
“သား..... အဖေက မင်းကို လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံနည်းလမ်းလို့ ခေါ်တဲ့ ကျင့်စဥ်တစ်ခုကို သင်ပေးမယ်။ ဒီကျင့်စဥ်က ထန်ဂိုဏ်းက ဆင်းသက်လာပြီး မူလက ထန်ဂိုဏ်းရဲ့အတွင်း လျှို့ဝှက်ပညာတစ်ခုပဲ..လွန်ခဲ့တဲ့နှစ်ပေါင်း ခုနစ်ထောင်လောက်က ထန်ဂိုဏ်းဟာ သူ့ရဲ့အဖွဲ့ဝင်တွေကိုသာသင်ကြားပေးတဲ့ လျှို့ဝှက်ဆန်းကြယ်ကောင်းကင်ဘုံကျင့်စဥ်အခြေခံတွေကို လူသိရှင်ကြားဖြန့်ဝေဖို့ ဆုံးဖြတ်လိုက်တယ်။ဝိညာဥ်မာစတာတွေကလည်း ဒီနည်းလမ်းကိုအသုံးပြုပြီး သူတို့ရဲ့အရည်အသွေးကို မြှင့်တင်နိုင်ခဲ့တယ်။ အစိုးရအဖွဲ့ချုပ်အကျိုးအတွက်
ထန်ဂိုဏ်း၏ကြီးမားသော ပံ့ပိုးကူညီမှုအဖြစ် ရာဇဝင်မှာ နောက်တစ်ကြိမ် ထပ်မံမှတ်တမ်းတင်ခဲ့တယ်။ အနာဂတ်မှာ အခွင့်အလမ်းရှိရင် သားလည်း ထန်ဂိုဏ်းထဲကိုဝင်သင့်တယ်”
“အဲ့ဒါဟာ အလွန်ခက်ခဲပေမယ့် ကြိုးစားရင်တော့
ရမှာပါ”
သူ့အဖေ၏စကားများကို အပြည့်အဝနားမလည်သော်လည်း လျှို့ဝှက်ဆန်းကြယ်ကောင်းကင်ဘုံကျင့်စဥ်ကိုအသေးစိတ်ရှင်းပြနေချိန်တွင် လန်ရွမ်ယုသည် ဂရုတစိုက်နားထောင်နေခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်ကောင်းကင်ဘုံကျမ်းကျင့်စဥ်သည် ထန်ဂိုဏ်းမှ ဆင်းသက်လာပြီး နှစ်ပေါင်း နှစ်သောင်းကျော် သမိုင်းကြောင်း ရှိခဲ့သည်။
ဤအနှစ်နှစ်သောင်းတွင် ထန်ဂိုဏ်းသည် မျိုးဆက်တိုင်းတွင် မရေမတွက်နိုင်သော ထူးချွန်သောသူရဲကောင်းများနှင့် စွမ်းအားကြီးဝိညာဥ်မာစတာများကို မွေးထုတ်ပေးခဲ့သည်။ လက်ရှိတွင် ထန်ဂိုဏ်းသည် ရှေးအကျဆုံး ဂိုဏ်းတစ်ဂိုဏ်းဖြစ်လာခဲ့သည်။
၎င်းတို့သည် အဖွဲ့ချုပ်တွင် အလွန်သြဇာရှိပြီး အရေးပါသောရာထူးကိုလည်း ပိုင်ဆိုင်ထားသည်။
တစ်နာရီ အတိအကျ ကြာခဲ့သည်။
လန်ရွမ်ယုသည် ဖခင်သင်ပေးသည့်အတိုင်း ဝိညာဥ်စွမ်းအားများကို စီးဆင်းစေခဲ့သည်။
“ဘယ်လိုနေလဲ?” လန်ရှောင်း မျက်လုံးဖွင့်ပြီး သူ့သားကို မေးလိုက်သည်။
“အရမ်းအဆင်ပြေတယ်” လန်ရွမ်ယု ပြန်ဖြေလိုက်သည်။
လန်ရှောင်း ရယ်လိုက်သည်။ “ ဖေဖေသင်ပေးတာတွေကော မှတ်မိရဲ့လား”
ရွမ်ယုလေးက ခေါင်းကိုကုတ်လိုက်ပြီး
တစ်ခဏလောက် စဉ်းစားကာ “မှတ်မိတယ်ထင်တာပဲ ။ ဖေဖေ ဒါက ငါ့ရဲ့သိုင်းဝိညာဥ်ကို ပိုသန်မာလာစေမှာလား။သိုင်းဝိညာဥ်တွေ ပိုသန်မာလာတဲ့အခါ ဘာဖြစ်သွားမလဲ...”
လန်ရှောင်းထပ်မံ ရယ်မောလိုက်သည်။
“အဖေလည်း သေချာမသိဘူး!
“ဒါပေမယ့် ဒါကို မင်းကိုယ်တိုင်လေ့လာရမယ်။ အဖေ မင်းအတွက်နောက်နေ့ စိတ်ဝိညာဥ်တစ်ခုယူလာမယ်။ အဲ့တာနဲ့ပေါင်းစည်းပြီးရင် ဝိညာဉ်ကွင်းတစ်ကွင်းရလိမ့်မယ်။ အဆင့် 10 တိုးသွားတိုင်းတွင် ဝိညာဉ်ကွင်းကို စုပ်ယူရမယ်။ရှေးခေတ်ကတော့ ဝိညာဉ်ကွင်းတွေက ဝိညာဥ်သားရဲတွေကို သတ်လိုက်ရုံနဲ့ ရရှိနိုင်တယ်။ ဒါပေမယ့် အဲဒါက လူသားတွေနဲ့ သားရဲတွေကြား အမုန်းပွားစေခဲ့တယ်။ မျိုးဆက်ပေါင်းများစွာသုတေသနပြုလုပ်ပြီးနောက်မှာ စိတ်ဝိညာဉ်ကို တီထွင်နိုင်ခဲ့တယ်။
လူလုပ်စိတ်ဝိဉာဉ်တွေကို ဖန်တီးနိုင်ခဲ့ပြီး ဝိညာဥ်ကွင်းတွေကို ထုတ်လုပ်နိုင်ခဲ့တယ်။”
“ဒါပေမယ့် မင်းအတွက် ဘယ်စိတ်ဝိညာဉ်ကို
ပေးရမယ်ဆိုတာ အဖေ မဆုံးဖြတ်ရသေးဘူး”
လန်ရွမ်ယုမှာ ဝိညာဥ်စွမ်းအားအပြည့်ရှိပြီးဖြစ်သည်။ ဆိုလိုသည်မှာ သူ့ရဲ့ ဝိညာဉ်စွမ်းအား ပိုမိုမြင့်မားသောအဆင့်သို့တက်လှမ်းရန် သူသည် ဝိညာဥ်ကွင်းတစ်ခု လိုအပ်မည်ဖြစ်သည်။
သို့သော် လန်ရှောင်းသည် သူ့သားအတွက်
မည်သည့်စိတ်ဝိညာဉ်ကိုပေးရမည်ကိုမသိသေးပေ။ ဝိညာဉ်ကွင်းတစ်ခုစီသည် ဝိညာဉ်မာစတာအား မတူညီသောလမ်းကြောင်းများဆီသို့ တွန်းပို့မည်ဖြစ်သည်။
ဝိညာဥ်ကွင်းတိုင်းသည် ဝိညာဉ်မာစတာများအတွက် ဝိညာဥ်စွမ်းရည်များကို ပေးစွမ်းသည်။ ထိုဝိညာဉ်စွမ်းရည်၏ခွန်အားသည် ဝိညာဉ်ကွင်းနှင့် စိတ်ဝိညာဉ်တို့နှင့် တိုက်ရိုက်ဆက်စပ်နေမည်ဖြစ်သည်။
ဥပမာအားဖြင့်၊ လန်ရွမ်ယု၏သိုင်းဝိဉာဉ်သည် အမှန်တကယ်ပင် ငွေပြာမြက်ပင်ဖြစ်ပါက၊ အပင်နှင့်ပတ်သက်သော စိတ်ဝိညာဉ်များ သို့မဟုတ် အသွင်သဏ္ဍာန်တူသောစိတ်ဝိညာဉ်များကို ပေးခြင်းသည် အကျိုးအရှိဆုံးဖြစ်သည်။ ဥပမာ မြွေ စသည်ဖြင့်.....
ပထမတော့လန်ရှောင်းသည် ရွမ်းယုရဲ့သိုင်းဝိညာ
ဥ်အတွက်ခိုင်မာမှု၊ အဆိပ်အတောက်နဲ့ ခွန်အားများကို ထည့်သွင်းစဉ်းစားရင်း စိတ်ဝိညာဉ်တစ်ခုကိုရှာရန်ဆုံးဖြတ်ထားခဲ့သည်။
သို့သော် လန်ရွမ်ယု၏ငွေပြာမြက်သည် သိသိသာသာ ထူးခြားသည်။
ဒါက လန်ရှောင်းကိုတုံ့ဆိုင်းသွားစေခဲ့သည်။
“ဖေဖေ၊ ငွေပြာမြက်က ဘာလုပ်နိုင်လဲ” လန်ရွမ်ယုသည် သူ့၏ သိုင်းဝိဥာဉ်ကို အလွန်သိချင်နေခဲ့သည်။
သူ့မိဘများသည် ဝိညာဉ်မာစတာများဖြစ်သည်ကို သူသိသည်၊ ထို့ကြောင့် သူမေးလိုက်သည်။
“အဲ့ဒါက မင်းကိုယ်တိုင်လေ့လာဖို့လိုတယ်။”
လန်ရှောင်း ပြုံးလိုက်သည်။
“ဘယ်လိုလုပ်ရမှာလဲ?”
လန်ရှောင်းက “မင်း အဲဒါကို လေ့လာရမယ်၊ ခံစားရမယ်၊ စောင့်ကြည့်ရမယ်၊ မင်းတစ်ခုခုသိလာလိမ့်မယ်။”
“အင်း အင်း” လန်ရွမ်ယုသည် သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
လက်နှစ်ဖက်မှ ငွေပြာမြက်အပင်နှစ်ပင်ဆန့်ထွက်လာပြန်သည်။
လန်ရှောင်းက “အရမ်းစိတ်မပူပါနဲ့! အေးအေးဆေးဆေးပေါ့....…”
ထိုစဥ် လန်ရှောင်းစကားစပြတ်သွားသည်။ လုံးဝမဖြစ်နိုင်သော အရာနှစ်ခုကို ငွေပြာမြက်အပင်များပေါ်တွင်မြင်လိုက်ရသည်။
“ဟမ် အဖေ၊ ဒီစက်ဝိုင်းနှစ်ခုက ဘာလဲ။”
လန်ရွမ်ယုသည် ငွေပြာမြက်ပင်နှစ်ခုပေါ်တွင် တစ်ကွင်းစီရှိနေသော ဝိညာဥ်ကွင်းများကိုမြင်ပြီး မေးလိုက်သည်။
အဖြူရောင် ဝိညာဥ်ကွင်းနှစ်ကွင်း.......
ဘယ်ဖက်တွင်တစ်ကွင်း....
ညာဘက်တွင်တစ်ကွင်း.....
လန်ရှောင်း တုန်လှုပ်သွားသည်။