အခန်း (၁၄)
Vol. 1 Ch. 14
“ဒီဝိညာဉ်ကွင်းနှစ်ကွင်း…”
ဝိညာဉ်မာစတာလောကတွင် ဝိညာဉ်ကွင်းများသည် အဆင့်ဆင့်ရှိကြပြီး ရှေးခေတ်ကတည်းကပင် ဝိညာဉ်ကွင်းများကိုအဆင့်အလိုက် ပိုင်းခြားထားသည်။ အဖြူရောင်ဝိညာဥ်ကွင်းသည် 10 နှစ် ဝိညာဥ်ကွင်း၊ အဝါရောင်သည် နှစ် 100 ဝိညာဥ်ကွင်း၊ ခရမ်းရောင်သည်
နှစ် 1000 ဝိညာဥ်ကွင်း၊ အနက်ရောင်သည်
နှစ် 10,000 ဝိညာဥ်ကွင်း၊ အနီရောင်သည်
နှစ် 100,000 ဝိညာဥ်ကွင်းဖြစ်သည်။
ဝိညာဉ်ကွင်းသည် သက်တမ်းများလေလေ အားကောင်းလေလေဖြစ်သည်။
အထူးဝိညာဉ်ကွင်းအချို့လည်း ရှိသေးသည်။ ဥပမာအားဖြင့်၊ ဒဏ္ဍာရီများတွင်သာတည်ရှိသော
နှစ်တစ်သိန်း လိမ္မော်ရောင်ဝိညာဉ်ကွင်းလည်းရှိခဲ့သည်။
ယခု လန်ရွမ်ယု၏ ဝိညာဉ်ကွင်းသည်
10 နှစ် ဝိညာဥ်ကွင်းဖြစ်ပုံရသည်။
သို့သော် ပြဿနာမှာ လန်ရွမ်ယုသည်
ဤအဖြူရောင်ဝိညာဉ်ကွင်းကို စိတ်ဝိညာဉ်ထံမှ ရယူခဲ့ခြင်းမဟုတ်ပေ။ တစ်ညသာရှိသေးသည်။ အတိအကျပြောရလျှင် သူသည် တစ်ညတာမျှ အိပ်ပျော်ပြီးနောက် ဝိညာဉ်ကွင်းတစ်ခု ရရှိခဲ့သည်။ ဘာကို ဆိုလိုတာလဲ.....
နှစ်တစ်သိန်းပြည့်ကာ လူအသွင်ယူသော ဝိညာဥ်သားရဲများသာ ထိုသို့ရနိုင်သည်။သို့သော် ထိုသို့လူအသွင်ကိုယူပါက အတိတ်မှမှတ်ဥာဏ်များရှိနေ မည်ဖြစ်သည်။ သို့သော် လန်ရွမ်ယုကတော့ သူ့အတိတ်ကို လုံးဝမှတ်မိပုံမပေါ်ပေ။
လန်ရှောင်းအနည်းငယ် စိတ်ရှုပ်သွားသည်။
ရှေးခေတ်ဝိဥာဉ်သားရဲများအကြောင်းသုတေသန
ပြုချက်များအရ နှစ်တစ်သိန်းသက်တမ်းရှိသော ဝိညာဥ်သားရဲသည် လူသားအသွင်ကိုယူခဲ့ပါက ထိုလူသားသည် ဝိညာဥ်စွမ်းအား အဆင့် 70 အထိ ဝိညာဥ်သားရဲအဖြစ် ရှိနေသေးသည်။ အဆင့် 70 နောက်ပိုင်းမှသာလူသားအဖြစ်သို့ အမှန်တကယ်ပြောင်းလဲနိုင်သည်။ သို့သော် လန်ရွမ်ယု၏စမ်းသပ်မှုအဖြေများအရာ လန်ရွမ်ယုသည် လူသားသက်သက်ဖြစ်ပြီး ဝိညာဥ်သားရဲမဟုတ်ကြောင်း ဖော်ပြနေသည်။
ဒါက တကယ်ကိုစိတ်ရှုပ်စေတယ်…
အလိုလိုပေါ်လာလျှင်တောင်မှ ဝိညာဉ်ကွင်းတစ်ကွင်းတည်းမဟုတ်ပေ။
နှစ်ခု....
ဘယ်ဘက်တွင်တစ်ခုနှင့် ညာဘက်တွင် နောက်တစ်ခုရှိတယ်!
နှစ်ကွင်း!
အဆင့် 10 တွင် ဝိညာဉ်ကွင်းနှစ်ကွင်းမရှိ
သော်လည်း အမွှာသိုင်းဝိညာဥ်ပိုင်ရှင်များသာ ထိုသို့လုပ်နိုင်သည်။ သိုင်းဝိညာဥ်တစ်ခုစီတွင် ဝိညာဥ်ကွင်းတစ်ကွင်းစီထည့်နိုင်သည်။
သို့သော် အမွှာသိုင်းဝိညာဥ်ဖြစ်လျှင်ပင်
ဝိညာဉ်ကွင်းနှစ်ခုလုံးသည် တစ်ချိန်တည်းတွင် ပေါ်လာရန် မဖြစ်နိုင်ပေ။
လုံးဝသာမာန်မဟုတ်ပေ.....
“ဖေဖေ၊ ဖေဖေ အဆင်ပြေရဲ့လား” လန်ရွမ်ယု ရုပ်တုကဲ့သို့ဖြစ်ကာကြောင်နေသော လန်ရှောင်း ကို စိုးရိမ်တကြီးမေးလိုက်သည်။
လန်ရှောင်းလည်း သတိပြန်ဝင်လာပြီး
“သားလေး၊ ငွေပြာမြက်ကို တစ်ခုပဲ ထုတ်လို့ရလား”
“ကျွန်တော်ကြိုးစာမယ်” လန်ရွမ်ယုသည် ငွေပြာ
မြက်ကို ထိန်းချုပ်ရန် အာရုံစိုက်လိုက်ကာ
သူ၏ ဘယ်လက်ကိုအောက်သို့ ချလိုက်သည်။ ထို့နောက် သူ၏ဘယ်ဘက်လက်ရှိ
ငွေပြာမြက်ပင် ပျောက်ကွယ်သွားပြီး
ညာဘက်လက်တွင် ရွှေရောင်အလင်းများဖြင့်
ငွေပြာမြက်သာ ကျန်ခဲ့သည်။
လန်ရှောင်းသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားသည်။
သား.... မင်းက ဘာလဲ။ သိုင်းဝိညာဉ်နှစ်ခုနဲ့ လူသားအသွင်ပြောင်းထားတဲ့ သားရဲတစ်ကောင်လား.....
ဒါပေမယ့် မင်းဟာ လူသားလို့ ဖော်ပြနေတယ်......
မင်းရဲ့ ဝိညာဥ်ကွင်းတွေ ဘယ်ကရသွားတာလဲ
လန်ရှောင်းသည် အတွေးများဖြင့် ပြည့်နေသည်။
……….
လန်ရှောင်းသည် ရွမ်ယုလေး၏အခြေအနေကို စောင့်ကြည့်နေသည်မှာ သုံးရက်ပြည့်ခဲ့ပြီ
ဖြစ်သည်။ ညဘက်တွင်ပင် သူ့သားဘေးတွင်
အတူသွားအိပ်ခဲ့သည်။ တစ်ခုခု အသွင်ပြောင်းသွားမှာကို သူကြောက်မိသည်။
သို့သော် လန်ရွမ်ယုသည် မည်သည့် မူမမှန်မှုကိုမျှ မပြသခဲ့ပေ။ သုံးရက်အတွင်း ရွမ်ယုလေးသည် လျှို့ဝှက်ဆန်းကြယ်ကောင်းကင်ဘုံကျမ်းကို ပိုင်နိုင်သွားခဲ့သည်။ ဝိညာဉ်စွမ်းအားမှာမူ ပုံမှန်သာ တိုးလာခဲ့သည်။
သူတို့ရဲ့ဘဝတွေလည်း တဖြည်းဖြည်းနဲ့ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ လန်ရှောင်းနှင့်နန်ချိန်တို့သည် ရွမ်ယုလေး၏ အခြေအနေကို လျှို့ဝှက်ထားရန်ဆုံးဖြတ်ခဲ့သည်။
အဖြူရောင်ဝိညာဉ်ကွင်းသည် အလွန်အထင်ကြီးစရာမဟုတ်ခဲ့ပေ။ အနိမ့်ဆုံးဆယ်နှစ်သက်တမ်းအဆင့် ဝိညာဉ်ကွင်းမျှသာဖြစ်သည်။
လန်ရှောင်းသည် ရွမ်ယုလေးအား မွေးရာပါဝိညာဥ်စွမ်းအားအပြည့်ရှိကြောင်းဘယ်သူ့ကိုမှ မပြောရန်... ထို့နောက် လက်နှစ်ဖက်လုံးဖြင့်
ငွေပြာမြက်ပင်နှစ်ခုစလုံးကို တစ်ချိန်တည်းတွင် အသုံးမပြုရန် တားမြစ်ထားခဲ့သည်။
သူ့လက်က လက်စွပ်နဲ့ပတ်သက်ပြီးတော့လည်း
ထိုလက်စွပ်အား မိသားစုအမွေအနှစ်တစ်ခုဟုပင် ပြောထားခဲ့သည်။ တတ်နိုင်သမျှ ဖုံးကွယ်ဖို့ ကြိုးစားခဲ့ကြသည်။
ထိုနေ့တွင် လန်ရှောင်းသည် အလုပ်ပြီးပြီးချင်း အိမ်သို့ ပြန်လာခဲ့သည်။
“သား၊ ငါ မင်းအတွက် ပြင်ဆင်ပြီးပြီ။”
“ဖေဖေ၊ ဘာပြောတာလဲ”
ရွမ်ယုလေးသည် အခန်းထဲမှ ပြေးထွက်လာပြီး မေးလိုက်သည်။
“မင်းတက်ရမယ့်ကျောင်းကို စီစဥ်ပြီးပြီ။
ကောင်းကင်ဘုံမူလတန်းဝိညာဉ်မာစတာအကယ်ဒမီ...... အဲ့တာ ကျီလော်မြို့လက်အောက်မှာရှိတဲ့ အကယ်ဒမီတစ်ခုဖြစ်ပြီးတော့ ငါတို့မြို့ရဲ့ အကောင်းဆုံးဝိညာဥ်မာစတာ
မူလတန်းအကယ်ဒမီဲပဲ”
“ဟုတ်”
ရွမ်ယုလေးသည် အကောင်းဆုံးအကယ်ဒမီဆိုသော သဘောတရားကို အမှန်တကယ်ပင် နားမလည်ပေ။ လန်ရှောင်းသည် သူ့အား ထိုကျောင်းသို့ ပို့ဆောင်ရန် မည်မျှ ကြိုးစားအားထုတ်ခဲ့ရသည်ကို မသိခဲ့ပေ။
“ဒါပေမယ့် မင်းဝင်ခွင့်စာမေးပွဲတစ်ခုတော့ဖြေရမယ်။မင်းရဲ့ရလဒ်အပေါ်မူတည်ပြီး အတန်းခွဲပေးလိမ့်မယ်။ ဝင်ခွင့်စမ်းသပ်မှုအတွက် မင်းရဲ့ညာဘက်က ဒါမှမဟုတ် ဘယ်လက် ငွေပြာမြက်ကိုသုံးမှာလားဆိုတာ မင်းဆုံးဖြတ်ရမယ်”
လန်ရှောင်းက ပြုံးကာပြောလိုက်သည်။
လန်ရွမ်ယုအတွက်...
ဘယ်လက်နှင့် ညာလက်ရှိ ငွေပြာမြက်ပင်များ၏ စွမ်းရည်များသည် မတူကြပေ။ကွဲပြားသည်။
ရွမ်းယုလေးက သူ့ခေါင်းကိုကုတ်လိုက်ပြီး
“ဖေဖေ၊ ကျွန်တော် မဆုံးဖြတ်ရသေးဘူး”
လန်ရှောင်းက အရာတစ်ခုကိုတွေးပြီး
“ဒါဆို ဘယ်လက်ငွေပြာမြက်ကိုသုံးလိုက်။
မင်းအမေရဲ့သိုင်းဝိညာဥ်က ရေခဲဖြစ်ပဲ။
မင်းရဲ့ ဘယ်လက်ငွေပြာမြက်က ရေခဲဒြပ်စင်ကိုသုံးလို့ရတယ်ဆိုတော့ ဒါကလူတိုင်းရဲသံသယကိုလျော့နည်းစေလိမ့်မယ်”
“ဟုတ်”.....