Chapters

အခန်း (၁၅)

Vol. 1 Ch. 15

အခန်း (၁၅)

Vol. 1 Ch. 15

ကျီလော်မြို့သည် ကောင်းကင်ဘုံဂြိုလ်ပေါ်ရှိ တိုက်ကြီးနှစ်ခုအနက်မှတစ်ခုဖြစ်သည့်

မိုလန်ကုန်းမြေအနောက်အလယ်ပိုင်းတွင် တည်ရှိပြီး မိုလန်းကုန်းမြေ၏ထိပ်ဆုံးဆယ်မြို့များထဲမှတစ်ခုဖြစ်သည်။

ကျီလော်မြို့သည် အလွန်ခေတ်မီသော မြို့တစ်မြို့ဖြစ်သည်။ မိုးပျံကားများဖြင့် မြေပြင်ကိုပင် သိပ်မတွေ့ရပေ။သတ်မှတ်စည်းကမ်းများကိုလိုက်နာကာ မောင်းနင်သည်။

“ရွမ်းယု စိတ်မပူပါနဲ့၊ မင်းကျောင်းမှာ သူငယ်ချင်းအသစ်တွေ အများကြီးရလိမ့်မယ်။ ဝင်ခွင့်စာမေးပွဲအတွက်လည်း စိတ်ပူစရာမလိုပါ

ဘူး။ သားရဲ့မှတ်တမ်းကိုလည်း အဖေနည်းနည်းပြင်ပြီးပြီ... တစ်စုံတစ်ယောက်က သားရဲ့အသက်ကိုမေးရင် ခုနစ်နှစ်လို့ဖြေ။ ခြောက်နှစ်မဟုတ်ဘူးနော်။ သားကဖျားနေလို့ကျောင်းတက်တာ တစ်နှစ်နောက်ကျသွားတာလို့ပြောရမယ်”

“အဖေ၊ ဒါပေမယ့် အမေကပြောတာက လိမ်မာတဲ့ သားသမီးတွေက မလိမ်ညာရဘူးတဲ့”

လန်ရွမ်းယုကသူ့အဖေကိုကာပြောလိုက်သည်။

လန်ရှောင်းလည်း စကားစပြတ်သွားကာ

“တစ်ခါတလေမှာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့၊ တခြားသူတွေကို လိမ်ညာလို့ရပါတယ်”

လန်ရွမ်းယုသည် အဆင့် 10 ဝိညာဉ်စွမ်းအားရှိနေပြီဟူသောအချက်ကိုဖျောက်ရန် မဖြစ်နိုင်သောကြောင့် လန်ရွမ်းယု၏အသက်ကို လိမ်ရန်ဆုံးဖြတ်ခဲ့ရသည်။

“ဟုတ်” လန်ရွမ်းယုက နာခံစွာ တုံ့ပြန်ခဲ့သည်။

…………

“ငါတို့ရောက်ပြီ ဆင်းကြစို့”

သားအဖနှစ်ယောက် ကားပေါ်မှဆင်းလိုက်သည်။

လန်ရွမ်းယုသည် လန်ရှောင်း၏လက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားသည်။

“သား၊ မင်းအဆင်ပြေမှာပါ။ မကြောက်ပါနဲ့။ မေ့သွားပြီလား? ဘယ်သွားသွား သားက ချစ်စရာကောင်းတယ်ဆိုပြီးနာမည်ကြီးတယ်လေ”

“ဟုတ်” လန်ရွမ်းယုခေါင်းညိတ်လိုက်သည်။

သူသည် မူကြိုတွင် အတန်းတစ်ခုလုံး၏အချစ်တော်ဖြစ်သည်။ ဆရာတွေရော ကျောင်းသားတွေရောက သူ့ကို ချစ်ခင်ကြသည်။

ယခုအချိန်တွင် ၎င်းတို့၏သားသမီးများကို စာရင်းသွင်းနေသည့် မိဘနှစ်ပါးရှိသည်။ လန်ရှောင်းသည် သူတို့နောက်မှ တန်းစီလိုက်သည်။

လန်ရှောင်းသည် စစ်ယူနီဖောင်းကို ဝတ်ဆင်ထား

ပြီး သူသည် ဒုဗိုလ်မှူးကြီးတစ်ဦးဖြစ်သည်။ သို့သော်သူ့ရှေ့တွင် အစင်းနှစ်စင်းနှင့် ကြယ်လေးပွင့်ပါသော အကြီးတန်းဗိုလ်မှူးကြီးတစ်ဦးရှိနေပြီး ကလေးမလေးတစ်ယောက်၏ လက်ကို ကိုင်ထားကာရပ်နေသည်။

ဗိုလ်မှူးကြီးရဲ့ အလှည့်ရောက်ပြီဖြစ်သည်။

တာဝန်ခံဆရာမသည် ကလေးမလေး၏ဖခင်၏ စစ်တပ်ရာထူးကိုမြင်သောအခါ ပြုံးကာ

“မိန်းမလှလေး မင်းနာမည်ဘယ်လိုခေါ်လဲ”

ကလေးမလေးကလည်း တကယ်ကို လှပသည်။ သူမသည် ရှည်လျားသောအညိုရောင်ဆံပင်ရှည်များရှိပြီး သူမ၏အသားအရေသည်လည်းဖြူဖွေးနေသည်။ သူမ၏မျက်လုံးများသည် အစိမ်းဖျော့ဖျော့ရောင်ရှိသည်။

ကလေးမလေးက ဆရာမကိုကြည့်ကာ ချိုမြိန်စွာပြုံးရင်း “မင်္ဂလာပါ ဆရာမ၊ သမီးနာမည်က

ရဲလင်းတုံ”

“ နာမည်လေးကလှလိုက်တာ။ အသက်ကရော...”

ထို့နောက် လိုအပ်သည်များကိုမေးလေသည်။

သို့သော်လည်း ဝိညာဉ်စွမ်းအား စမ်းသပ်မှုအတွင်းတွင် တန်းစီနေသောမိဘများကိုလန့်သွား စေခဲ့သည်။

အဆင့် 8

သူမ၏မွေးရာပါဝိညာဉ်စွမ်းအားသည် အဆင့် 8 ဖြစ်နေပြီဖြစ်သည်။ ဒါက မယုံနိုင်စရာပင်...

“ရဲလင်းတုံ... ဝိညာဉ်စွမ်းအားအဆင့် 8...

ဝင်လို့ရပြီ...”

အစမှအဆုံးအထိ ရဲလင်းတုံ၏ဖခင်သည် စကားတစ်ခွန်းမှ မပြောခဲ့ပေ။ ထွက်သွားချိန်ရောက်မှ လှည့်ကာ ထွက်ခွာသွားခဲ့သည်။

ပြန်အထွက်တွင် ကလေးမလေး၏ဖခင်သည် သူ့နောက်တွင်ရပ်နေသော လန်ရှောင်းကိုတွေ့လိုက်ရသည်။ လန်ရှောင်း၏ပုခုံးပေါ်ရှ် စစ်ရာထူးကို တစ်ချက်ကြည့်လိုက်သည်။

လန်ရှောင်းက ချက်ချင်းပင် အလေးပြုလိုက်သည်။ “စီနီယာ”

တပ်မတော်တွင် အဆင့်တန်းများကို လေးလေးနက်နက် အသိအမှတ်ပြုထားကြပြီး

အရာရှိတစ်ဦးသည် မိမိထက်ရာထူးကြီးသော အရာရှိအား အလေးပြုရမည်ဖြစ်သည်။

ကလေးမရဲ့အဖေက

“မင်းက အရပ်သားစစ်သားလား”

“ဟုတ်ပါတယ်” လန်ရှောင်းက ပြန်ဖြေလိုက်သည် ။