← Chapters

ခေတ်သစ်တခုရဲ့ရောင်နီ

Vol. 1 Ch. 14

ခေတ်သစ်တခုရဲ့ရောင်နီ

Vol. 1 Ch. 14

နေ့သစ်က စတင်လာသည်။ ကျန်းရီက လေးနာရီ လုံးလုံးကို 'ကျန်း'ရေအသွင် ကျင့်စဉ်အား လေ့ကျင့်ပြီး အပြာရောင် အတွင်း စွမ်းအင်များအား ပြန်လည် သန့်စင်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ သို့ပါမှ သူက မှော်ဆေးအိုးကြောင့် ကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်လည် ဖြည့်တင်းနိုင်ပေမည်။

"အကြီးအကဲလျှိုက တော်တော် တွန့်တိုတာပဲ"

ကျန်းရီက ခပ်တိုးတိုး ညည်းညူလိုက်မိသည်။

"ငါက အတွင်းအား စွမ်းအင်တွေ အများကြီး သုံးလိုက်ရတာ ဒါတောင် သူက ဝိညာဉ်ဆေးလုံးလေး တစ်လုံး၊ နှစ်လုံးကို မပေးချင်ဘူး"

ထို့နောက် ကျန်းရီက သူ့တွင် အဆင့်နိမ့် အတွင်းအား ဆေးလုံးများ ရှိနေသေးသည်ကို သတိရသွားသည်။ သူ့မှာက အနက်ရောင် အတွင်းအား စွမ်းအင် ရှိသည် မဟုတ်ပါလား။ သေချာတာပေါ့။ အဆင့်နိမ့် အတွင်းအား ဆေးလုံးများ၏ သက်ရောက်မှုအား သူက အနက်ရောင် အတွင်းအားများ၏ အကူအညီနှင့် တိုးမြှင့်နိုင်ပေသည်။ ဤနည်းဖြင့် လျင်လျင်မြန်မြန် လေ့ကျင့်နိုင်ပြီး အတွင်းအား စွမ်းအင်ကိုလည်း လျင်လျင်မြန်မြန် သန့်စင်နိုင်ပေမည်။

သူက မြန်မြန်ဆန်ဆန်ပဲ ဝတ်ရုံအတွင်းမှ ကြွေအိုးလေး တစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် အိုးလေးထဲမှ အစိမ်းရောင် ဆေးလုံးတစ်လုံးအား ထုတ်ကာ ချက်ချင်း မြိုချလိုက်ပြီး ကျင့်ကြံမှု စတင်ရန် ခြေထောက်များကို ကြက်ခြေခတ် သဏ္ဌာန်ဖြင့် ထိုင်လိုက်သည်။

ကျန်းရီ မြိုချလိုက်သော အစိမ်းရောင် ဆေး‌လုံးကား အဆင့်နိမ့် အတွင်းအား ဆေးလုံးဖြစ်ပြီး အဝါရောင် 'ကျင်းစန့်'ဆေးလုံးနှင့် တူညီသော သက်ရောက်မှု ရှိသော်လည်း သက်ရောက်မှုက ခရုတစ်ကောင် ကဲ့သို့ လွန်စွာ နှေးကွေးသည်။ ကျန်းရီက ဆေးစွမ်း မပြသေးခင်အထိ တစ်နာရီလုံးလုံး 'ကျန်း‌'ရေအသွင် ကျင့်စဉ်အား ထပ်ကာ ထပ်ကာ လှည့်ပတ်နေလိုက်သည်။ တစ်နာရီ ကျော်လာချိန်မှာတော့ စွမ်းအင် အမျှင်လေး တစ်ခုက ဒန်တျန် တစ်ခုလုံးကာ ခြုံငုံကာ လှည့်ပတ်နေသည်ကို ခံစားလိုက်ရပြီး ဒန်တျန်၏ အတွင်းအား သန့်စင်နှုန်းကို ပိုမြန်လာစေသည်။

အတွင်းအား စွမ်းအင်ကို သန့်စင်ရန် လူသား ခန္ဓာကိုယ်အား အသုံးပြုရာ၌ ထူးဆန်းသော ကျင့်ကြံခြင်း နည်းစနစ် တစ်ခုကို လေ့ကျင့်ခြင်း၊ မကျင့်ခြင်းအပေါ် မူတည်နေသည်။ ဆိုလိုတာက ‌‌ကောင်းကင်နှင့် မြေကြီးရှိ ဝိညာဉ် စွမ်းအင်များကို ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူရာ၌ စွမ်းအင်မျိုးစုံကို ဒန်တျန်ထဲတွင် ဘယ်လို ပေါင်းစည်းပြီး၊ အတွင်းအား စွမ်းအင်များ ဖြစ်လာအောင် ဘယ်လို ပြောင်းလဲမည် ဆိုတာကသာ အရေးအကြီးဆုံးဖြစ်သည်။

ထို့ကြောင့် သိုင်းပညာရှင် တစ်ယောက်အတွက် ဒန်တျန်နှင့် ခန္ဓာကိုယ် ဖွဲ့စည်းပုံက အရေးအကြီးဆုံး အရာများ ဖြစ်နေရခြင်းပင်။ တစ်စုံတစ်ယောက်၏ ဒန်တျန်သာ အကြောင်းတစ်ခုခုကြောင့် ထိခိုက်ခဲ့ပါက တန်ခိုးရှင် အဆင့် ဆေးဝါးများ မရှိဘဲ ကုသနိုင်မည် မဟုတ်ပေ။ ဒန်တျန်သာ ပျက်စီးသွားလျှင် စွမ်းအား အကြီးဆုံး သိုင်းပညာရှင်ပင် ဖြစ်လင့်ကစား အသုံးမဝင်သော အမှိုက်သာသာ ဘဝသို့ လုံးလုံးလျားလျား ပြောင်းလဲသွားမည် ဖြစ်သည်။

ကောင်းကင်နှင့် မြေကြီးရှိ ဝိညာဉ် စွမ်းအင်များက ဆေးဖော်စပ်ရာတွင် အသုံးပြုသော ဆေးမြစ်များ ဆိုလျှင် လူ့ခန္ဓာကိုယ်က မှော်ဆေးအိုးကြီး တစ်လုံးပင်ဖြစ်သည်။ မှော်ဆေးအိုး၏ အစွမ်းက မြင့်လေလေ ဆေးမြစ်များကို သန့်စင်နှုန်းက မြင့်လေလေ ဖြစ်ပြီး ဆေးထုတ်လုပ်မှုနှုန်းကလည်း ပိုမြင့်သွားမည် ဖြစ်သည်။

မှော်ဆေးအိုးများတွင် ကောင်းသောအိုးနှင့် မကောင်းသောအိုး ဟူ၍ ရှိသကဲ့သို့ လူများတွင်လည်း ခန္ဓာကိုယ် ဖွဲ့စည်းပုံ သန်မာသော သူနှင့် အားနည်းသောသူ ဟူ၍ ရှိပေမည်။ ကွာခြားချက်ကတော့ ဒန်တျန်အတွင်းရှိ စွမ်းအင်များအား သန့်စင်ရာတွင် မြန်ခြင်း၊ နှေးခြင်းများပင်။

ဘသာဝအားဖြင့်တော့ အတွင်းအား သန့်စင်ရာတွင်လည်း ကွဲပြားခြားနားမှုများ ရှိ‌နိုင်ပေသည်။ ဒါ့ကြောင့်လည်း ‌ကောင်းကင် ကြယ်တာရာ အဆင့်များအား သဏ္ဌာန်သုံးဆင့် အသွင်‌ပြောင်းအဆင့်ဟု ခေါ်ခြင်းဖြစ်သည်။  ''သဏ္ဌာန်သုံးဆင့်" ဟူသောစကားစု ကသာ အရေးအကြီးဆုံး ဖြစ်သည်။ ခြုံငုံပြီး ပြောရသော် ကောင်းမွန်သော ဒန်တျန်တစ်ခု မရှိဘဲ သိုင်းပညာရှင် တစ်ယောက် ထုတ်သုံးနိုင်သော စွမ်းအားများမှာ အကန့်အသတ် ရှိပေသည်။ သို့သော်လည်း လူတယောက်၏ ဘဝ တစ်သက်တာတွင် ရရှိနိုင်သော အောင်မြင်မှု၊ ကြိုးပမ်းရရှိမှုတွေကလည်း သဘာဝတရားကြီးက ကန့်သတ်ပေးထားသော အရာတွေသာ ဖြစ်သည် မဟုတ်ပါလား။

လူတိုင်းလည်း သိကြတဲ့အတိုင်း ကျင်းရီ၏ ဒန်တျန်မှာ ချိတ်ပိတ် ခံထားရသောကြောင့် အတွင်းအား သန့်စင်မှုနှုန်းကလည်း ခရုတစ်ကောင်ကဲ့သို့ နှေးကွေးလှသည်။ သူ့တွင် ဆေးလုံးများကို အဆင့် မြှင့်တင်ပေးနိုင်သော အနက်ရောင် အတွင်းအား စွမ်းအင်များ ရှိသောလည်း ကျင့်ကြံခြင်း အဆင့် မြင့်လာလေလေ သန့်စင်ဖို့ လိုအပ်သော အတွင်းအား ပမာဏက များလာလေလေ ဖြစ်ရာ အကယ်၍ ကျန်းရီသာ တန်ခိုးရှင်အဆင့် ဆေးလုံးများကို သကြားလုံး စားသကဲ့သို့ ဝါးစားမနေပါက သူ့တစ်သက်လုံး လုပ်ချင်တာ မလုပ်ရဘဲ ကန့်သတ်ခံထားမည် ဖြစ်သည်။

"ကမ္ဘာပေါ်က ဘယ်သူကများ ငါ့ရဲ့ဒန်တျန်ကို စည်းချခဲ့တာ ငါဘယ်လိုလုပ်မှ ဒီ ချိပ်ပိတ်ထားတာကြီးကို ချိုးဖျက်နိုင်မှာလဲ"

သူ့ဒန်တျန်က စည်းများအကြောင်း တွေးလိုက်မိတော့ ခံပြင်းမှုများကြောင့် သွားများ တင်းနေအောင် အံကြိတ်လိုက်မိသည်။ အကြီးအကဲချုပ်၏ ဆုံးဖြတ်ချက်အရ ကျန်းရီက နတ်သိုင်း ကမ္ဘာကြီး၏ အတော်ဆုံး ပါရမီရှင် မဖြစ်နိုင်တော့ပေ။ သို့သော်သူက ကျန်းမိသားစု၏ ထိပ်တန်း ပါရမီရှင် ဖြစ်သော ကျန်းဟန်ရွှေထက် ပို၍ အစွမ်းထက်ပေသည်။ အကြီးအကဲချုပ်က မည်သည့်အတွက်ကြောင့် ကျန်းဟန်ရွှေအပေါ် အလွန်အမင်း ယုံကြည်နေသည် မသိသော်လည်း ထိုအကြောင်း တွေးလိုက်တိုင်း ဒေါသ ထွက်ရလွန်း၍ သွေးအန်လု မတတ်ပင်။

"အာ.. ဆေးစွမ်းတွေက ဒန်တျန်ထဲမှာ ပျော်ဝင်သွားပြီပဲ အနက်ရောင် စွမ်းအားကို သုံးပြီး ဆေးစွမ်းကို မြှင့်တင်ရမယ် မဟုတ်ရင် ဆေးစွမ်းတွေက လျင်လျင်မြန်မြန်ပဲ ပျောက်သွားလိမ့်မယ်"

ဖျော့တော့သော အစိမ်းရောင် အလင်းလေးက ဒန်တျန်အတွင်း ပျော်ဝင်‌တော့မည်ကို တွေ့လိုက်သဖြင့် ကျန်းရီက အတွေးစများကို ဖြတ်တောက်လိုက်ရသည်။ ကျန်းရီက အနက်ရောင် စွမ်းအင်တို့အား ဒန်တျန် အပြင်ဘက်၌ လှည့်ပတ်လိုက်ပြီး ဒန်တျန် အတွင်းဘက်ရှိ အစိမ်းဖျော့ရောင် အလင်းများဆီသို့ ဦးတည်ကာ ပို့လွှတ်လိုက်သည်။

"ဒီစည်းကတော့"

ကျန်းရီ၏ စိတ်သည် သူ၏ ဗိုက် အပြင်ဘက်တွင် ရှိသော မီးနဂါးပုံ အမှတ်၏ ဆင့်ခေါ်ခြင်းကို ခံရသည်နှင့် အနက်ရောင် အတွင်းအားသည် ဒန်တျန်၏ အပြင်ကို ရောက်လာခဲ့သည်။ ဝေါနပ်တစ်ယောက်ကသာ ဗိုက်ထဲကို ဝင်သွားနိုင်ခဲ့လျှင် မီးနဂါးပုံ အမှတ်သည် သူ၏ ကိုယ်ပေါ်တွင် ပေါ်လာပေမည်။

မီးနဂါးအမှတ်သည် ထူးဆန်းပြီး သူ့ကိုယ်ပေါ်တွင် နဂါးတစ်ကောင် တွယ်ကပ်နေသကဲ့သို့ အသက်ဝင်လှပေသည်။ ထိုနဂါးပုံသည် အနီရောင် ကျမ်းစာထဲရှိ နဂါးနှင့် ဆင်တူနေသည်။

ဂိုဏ်းချုပ်ကြီးသည် သူ၏ဘဝ တစ်လျှောက်လုံး ထိုသိုင်းကျမ်းများကို အဓိပ္ပာယ်ဖော်ရင်း ကုန်ဆုံးခဲ့သော်လည်း ထိုသိုင်းကျမ်းကို မအောင်မြင်ခဲ့ပေ။ ကျန်းရီ အဖို့ဆိုလျှင် ဖြစ်နိုင်ချေပင် မရှိ။

ခဏကြာသော် ကျန်းရီသည် သူစားခဲ့သော ဆေးလုံး၏ အစွမ်းနှင့် ပတ်သက်ပြီး မထိန်းနိုင်ဖြစ်မည်ကို စိုးရိမ်လာခဲ့သည်။ သူသည် စိတ်ရှုပ်စွာဖြင့် သိုင်းကျမ်းကို ထပ်မစူးစမ်းရန် ဆုံးဖြတ်ပြီး ထိုအစား အနက်ရောင် အတွင်းအားကို အစိမ်းရောင် ဆေးစွမ်းအားဖြင့် ပေါင်းစည်းကာ သူ၏ခန္ဓာကိုယ် အတွင်းအားကို မြှင့်တင်လိုက်သည်။

ဤတစ်ချိန်တည်းမှာပင် သူ၏ စိတ်အားလုံးကို  'ကျန်း'‌ရေအသွင် ကျင့်စဉ်ကို အာရုံစိုက်လိုက်သည်။

"ဒါတကယ်ကို အစွမ်းထက်တာပဲ”

ထင်သည့်အတိုင်းပင် အနက်ရောင် စွမ်းအားနှင့် အတွင်းအား တက်ဆေးလုံး၏ အစွမ်းတို့ကို ပေါင်းလိုက်သော အခါ 'ကျန်း'‌ ရေအသွင် ကျင့်စဉ်သည် အဆမတန် မြန်ဆန်လာခဲ့သည်။ သူ၏ အတွင်းအား နယ်ပယ်ထဲရှိ အပြာရောင်စွမ်းအား အဆက်မပြတ် ထွက်လာသည်ကို ခံစားရပြီး စိတ် လှုပ်ရှားလာခဲ့သည်။

ဆေးရည် အမြောက်အများသာ ရှိပြီး အနက်ရောင်စွမ်းအားကို ဆက်အသုံးချနေမယ် ဆိုရင် သူ၏ကျင့်စဉ်ကို ပိုပြီး မြန်မြန် ကျင့်နိုင်မည်ဖြစ်သည်။ သူ၏ အမြင့်ဆုံး ရောက်နိုင်ချေမှာ ကန့်သတ်ချက် ရှိသော်လည်း အနည်းဆုံးတော့ သဏ္ဌာန်သုံးဆင့် အသွင်‌ပြောင်းခြင်း အဆင့်လေး သို့မဟုတ် အဆင့်ငါးသို့ အခက်အခဲမရှိ ရောက်နိုင်ပေမည်။

ကံမကောင်းစွာပင်...

အနက်ရောင် စွမ်းအားသည် အမြန် ကုန်သွားခဲ့သည်။ ကျန်းရီတွင် အနက်ရောင် စွမ်းအားနှစ်ခုသာ ကျန်တော့သည်။ ထို့ကြောင့် သူ၏ကျင့်စဉ်လည်း နှေးလာခဲ့သည်။

နောက်ထပ် နည်းနည်း ကျင့်ပြီးနောက်တွင် နှေးလာသည်ကို ခံစားလာရပြီး 'ကျန်း'‌ရေအသွင် ကျင့်စဉ်ကို ရပ်ခဲ့ပြီး အမည်မရှိ သိုင်းကျမ်းကို ပြောင်းကျင့်ခဲ့သည်။ ဆေးစွမ်း မကုန်ခင်လေးမှာပင် ကျင့်စဉ် နောက်တစ်ဆင့် ရောက်ချင်နေခဲ့သည်။ သူသည် ကျင့်စဉ်ကို ခဏလေးနှင့် အရှိန် မြှင့်နိုင်ခဲ့သော်လည်း လေးနာရီစာ ကျင့်မှရမည့် အပြာရောင် စွမ်းအားကို သူရလာခဲ့သည်။

သို့သော် လက်ကျန် အနက်ရောင် စွမ်းအားနှင့် နှစ်နာရီ ဆက်တိုက် ကျင့်ပြီးနောက် ဆေးအစွမ်း ပြယ်လာတော့မည်ကို သတိပြုမိလာသည်။

"ဒီဆေးစွမ်းက ဒီလောက်တော့ မြန်မြန် မကုန်လောက်ဘူးမလား ..ဟမ်..”

ထို့နောက် သူတစ်ခုခု လွဲမှားနေသည်ကို ခံစားလိုက်ရသည်။ သူ သတိထားမိလိုက်သောအခါ သူ့ကိုယ်ပါ တုန်လာခဲ့သည်။ ထို့နောက် မျက်လုံး ဖွင့်လိုက်သောအခါ သရဲကို မြင်လိုက်ရသလိုပင် သူသည် တုန်နေခဲ့သည်။

“မဖြစ်နိုင်ဘူး ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ”

ထို့နောက် မျက်လုံး ပြန်ပိတ်ကာ ဆက်လက် ကျင့်ခဲ့သည်။ သူသည် ပိုပိုတုန်လာကာ မျက်ရည်များပင် ကျလာခဲ့သည်။ ယောက်ျား ဆိုတာ မျက်ရည်လွယ်လွယ် ဘယ်ကျမလဲ။

ကျန်းရီသည် ငိုခဲသည်။ ဂိုဏ်းချုပ်ကြီး ပျောက်သွားသော ညနှင့် ရှောင်နူ အနိုင်ကျင့်ခံရသော အချိန်များမှ လွဲလို့ မငိုခဲ့ပေ။ သူ့ကို အလွန် နှိပ်စက်နေသော်လည်း မျက်ရည် မကျခဲ့ပေ။ ဒီတစ်ခါတွင်တော့ မျက်ရည်များက ဆည်ကျိုးသကဲ့သို့ စီးကျလာခဲ့သည်။

“အမေ အဖိုး သား ဒီကျိန်စာကို ချိုးဖောက်နိုင်တော့မယ်” မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ကာ တိုးတိုးလေး ပြောခဲ့သည်။

သူ့ကို ချူပ်ထားသော အမှတ်များမှ စာလုံး အချို့ ပျောက်သွားသည် ကို သိလိုက်ရ၍ သူပျော်သွားခဲ့သည်။

သူသည် ထိုကျိန်စာ ကိုအလွန်သိနေပြီး ထိုကျိန်စာရှိ စာလုံး၁၈၀၀၀မှ တစ်လုံးပျောက်ရင်ပင် သူသိနေခဲ့သည်။ သူ ယခုလို ကျိန်စာဖျက်နိုင်ကြောင်း သူ့အမေနှင့် ဂိုဏ်းချူပ် မသိနိုင်သည်ကို သူလွန်ဝမ်းနည်းခဲ့သည်။ ထိုနဂါးပုံ ကျိန်စာကို ဂိုဏ်းချူပ်ကြီးပင် အဖြေမရှာနိုင်ခဲ့ပေ။ သို့ ရာတွင် အခုတော့ ကျန်းရီသည် ဖျောက်နိုင်ခဲ့သောကြောင့် မျှော်လင့်ချက်မှာ သေချာလာခဲ့သည်။

“ဒါ အနက်ရောင် အတွင်းအားကြောင့်ပဲ ဖြစ်ရမယ်”

အရင်က ဆေးမျိုးစုံနှင့် စမ်းသပ်ရာတွင် မထူးခြားသော်လည်း အနက်ရောင် အတွင်းအားက ကျိန်စာကို ဖျက်နိုင်သည်မှာ သေချာသွားခဲ့သည်။

“နောက်တစ်ခါ ထပ်စမ်းကြည့်မယ် “

အနက်ရောင် စွမ်းအား ကုန်လာသည်နှင့်အမျှ ကျိန်စာ အမှတ်များလည်း ပိုလျော့လာခဲ့သည်။

“ဟား.. ဟား.. ဟား... နတ်ကောင်း မ တာပဲ... သူတော်ကောင်းနတ်တို့ တစ်ခါလောက် ကူညီပေးခဲ့ပြီပဲ...”

သူသည် ရယ်နေသော်လည်း မျက်ရည်များ ကျကာ အရူးနှင့်ပင် တူလာခဲ့သည်။ နှစ်များစွာ ခံစားခဲ့ရသမျှ ယခုတော့ ထိုအရာများကို ဖျောက်ပစ်နိုင်တော့မည်။

“ဆက်ကျင့်မယ် ဆက်ကျင့်မယ် ဒီအနက်ရောင် အတွင်းအားကို ဆက်ကျင့်မှ ဒီကျိန်စာကို ဖျက်နိုင်မယ်”

သူသည် အချိန်ကိုပါ မေ့လောက်အောင်ကျင့်နေခဲ့သည်။ ထိုအချိန်တွင် အမှတ် အားလုံးကို ဖျောက်ပစ်နိုင်လျှင် ပိုကောင်းမည်ဟု တွေးမိသောအခါ ကျင့်စဉ်မှာ နှေးလာခဲ့သည်။

“ဟာ ...ဘာဖြစ်တာလဲ”

သူ စိတ်ရှုပ်သွားခဲ့ပြီး အမည်မသိ သိုင်းစဉ်ကို ကျင့်နေရာမှ 'ကျန်'‌ ရေအသွင် ကျင့်စဉ်ကို ပြန်ပြောင်း ကျင့်ခဲ့သည်။ ကျိန်စာ ပျယ်လာသည်နှင့် အမျှ သူ၏ ကျင့်စဉ်လည်း  မြန်လာမလား ဆိုသည်ကို သူသည် အတည်ပြုချင်ခဲ့သည်။

သူသည် မျက်လုံး ဖွင့်လိုက်သော်လည်း မျက်ရည်လည်းမကျ ကိုယ်လည်း မတုန်တော့ပေ။ သူသည် မတ်တတ်ထကာ ကောင်းကင်ကို ကြည့်ပြီး လေချွန်နေတော့သည်။ လေချွန်သံမှာ ကျယ်၍ အားပါလှပေသည်။ ထိုအသံထဲတွင် စိတ်လှုပ်ရှား ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုကျိန်စာကို အခုမှ အနည်းငယ်သာ ဖျောက်နိုင်သော်လည်း သူ၏ ကျန်းရေသိုင်း ကျင့်စဉ်မှာ ယခင်ထက် နှစ်ဆ ပိုမြန်လာခဲ့သည်။ သူ၏ မျှော်လင့်ချက်များလည်း ပိုမို တောက်ပလာခဲ့သည်။

***

All Chapters