← Chapters

အခန်း (၂+၃+၄)

Vol. 1 Ch. 2+3+4

အခန်း (၂+၃+၄)

Vol. 1 Ch. 2+3+4

လူသားများ ရှာဖွေတွေ့ရှိပြီး ရွှေ့ပြောင်းနေထိုင်ခဲ့သော ပထမဆုံးဂြိုဟ်ကို ကောင်းကင်ဘုံဂြိုလ်ဟု ခေါ်ဆိုခဲ့သည်။ ထိုဂြိုဟ်သည် ဝိညာဥ်ကုန်းမြေဂြိုလ်နှင့် သုံးပုံနှစ်ပုံခန့်အရွယ်အစားရှိသည်။ ပတ်ဝန်းကျင်သည် ဝိညာဥ်ကုန်းမြေဂြိုလ် နှင့် 80 ရာခိုင်နှုန်းခန့်တူညီသည်။

ဝိညာဥ်ကုန်းမြေဂြိုလ်ကို ယခုအခါ မိခင်ဂြိုလ်ဟု ခေါ်ဆိုကြသည်။

…….

ကောင်းကင်ဘုံဂြိုလ်......

သိပ္ပံဓာတ်ခွဲခန်းတစ်ခုတွင် ရာနှင့်ချီသော သိပ္ပံပညာရှင်များသည် ၎င်းတို့၏ကိုယ်ပိုင်တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။ ဓာတ်ခွဲခန်းရဲ့

အလယ်တွင် ဧရာမ ဖန်ပေါင်းချောင်ကြီးတစ်ခုရှိနေလေသည်။ ထို့ ဖန်ပြွန်ကြီးထဲတွင်

ရေခဲတုံးကြီး တစ်ခုရှိနေပြီး ထိုရေခဲတုံးကြီးထဲတွင် လူတစ်ဦးရှိနေခဲ့သည်။ သေချာကြည့်ပါရ

အမျိုးသမီးတစ်ဦးဖြစ်သည်။

အဆိုပါရေခဲတုံးကို ပင်မမိခင်ဂြိုလ်၏

မြောက်ဝင်ရိုးစွန်းတွင် လွန်ခဲ့သော နှစ်ပေါင်း 300 က တွေ့ရှိခဲ့သည်။

“စပြီး အရည်ပျော်နေပြီ....”

သိပ္ပံပညာရှင်များ အလွန်စိတ်လှုပ်ရှားသွားသည်။

ရေခဲတုံးထဲမှ လူရုပ်ပုံသဏ္ဍာန်သည် တဖြည်းဖြည်း ထင်ရှာလာသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

ငယ်ရွယ်လှသော မိန်းကလေးတစ်ဦး......

သူမသည် ယခင်က ရေခဲလွှာအောက်တွင်

ရှိနေသောကြောင့် သူမ၏အသွင်အပြင်ကို ဘယ်သူမှ မမြင်ခဲ့ရပေ။

သူမရဲ့ ခန္ဓာကိုယ်ကို ငွေရောင်ဝတ်စုံရှည်နဲ့ ဖုံးအုပ်ထားပြီး ဆံပင်များကလည်း ငွေရောင်များ

ဖြစ်သည်။ ခရမ်းရောင်မျက်လုံးများရှိပြီး အလွန်လှပနေသည်။

ဂူရွဲ့နာ့ နိုးထလာခဲ့သည်။

“ငါ အရမ်းပင်ပန်းနေတယ်.. ငါ ဘယ်သူလဲ

ငါဘယ်ရောက်နေတာလဲ?”

……..

ပင်မမိခင်ဂြိုလ်....

ယခင် ဝိညာဉ်ကုန်းမြေဂြိုလ်.....

လှိုင်းလုံးကြီးများ ကမ်းစပ်ကို တိုက်မိသောအခါ လှိုင်းပုတ်သံတွေ ထွက်ပေါ်လာသည်။

လီချင်းလင်သည် ကမ်းခြေတစ်လျှောက် ပျော်ရွှင်စွာ လမ်းလျှောက်နေခဲ့သည်။

သူတို့၏မိသားစုသည် ရွှေ့ပြောင်းရန်ဆန္ဒမရှိကြပေ။ ဘိုးဘေးများသည် ဝိညာဥ်ကုန်းမြေတွင်မွေးဖွားလာကာ ဝိညာဉ်ကုန်းမြေတွင်ပင်သေဆုံးမည်ဟု တစ်ချိန်ကပြောခဲ့ဖူးသည်။ ဝိညာဥ်ကုန်းမြေ သည် မည်သို့ပင်ဖြစ်ပါစေ ၎င်းတို့ လီမိသားစု

သည် ဤမြေမှ ထွက်ခွာသွားမည်မဟုတ်ပေ။

လီချင်းလင်သည် ယခုနှစ်တွင် အသက် 19 နှစ်ရှိပြီဖြစ်သည်။ သူမ လမ်းလျှောက်နေစဥ်

ထိတ်လန့်ဖွယ်ရာတစ်ခုကိုတွေ့လိုက်ရသည်။

၎င်းသည် လူတစ်ဦးနှင့်တူသည်။ ထိုလူရဲ့ ခန္ဓာကိုယ်အောက်ပိုင်းသည် ပင်လယ်ထဲတွင်ရှိနေပြီး အပေါ်ပိူင်းမှာ ကမ်းစပ်ပေါ်တွင် ရှိနေသည်။ သို့သော် လုံးဝမလှုပ်ပေ။

အလောင်းလား?

လီချင်းလင် ချက်ချင်းရပ်သွားသည်။

ဘာကြောင့် ကမ်းခြေမှာ အလောင်းတစ်ခုရှိနေတာလဲ.....

သူမ၏ခြေအောက်မှာ အဝါရောင်ဝိညာဥ်ကွင်းနှစ်ကွင်းနှင့် ခရမ်းရောင်ဝိညာဥ်ကွင်းတစ်ကွင်း ပေါ်လာခဲ့သည်။

“ဘာလို့ ကြောက်ရမှာလဲ။ ငါက ဝိညာဥ်မာစတာပဲ”

ထိုအချိန်တွင် ထိုလူမှာ သတိပြန်ရလာကာ

ထလာခဲ့သည်။

ထိုအချိန်တွင် ထန်ဝူလင်းရဲ့အသံထွက်လာခဲ့သည်။

“ ဒီနေရာက ဘယ်နေရာလဲ.... ငါက ငါဘယ်သူလဲ”

……..

မြောက်ဝင်ရိုးစွန်း...

ဝိညာဥ်ကုန်းမြေဂြိုလ်......

စစ်ဆေးမှုအပြီးတွင် လန်ရှောင်းနှင့် သူ၏ သုတေသနအဖွဲ့သည် ထို ချိုင့်ဝှမ်းကို စက်များဖြင့် တူးဆွခဲ့သည်။

“အချင်းက မီတာဝက်လောက်ရှိပြီး အနံက ၃၀ စင်တီမီတာလောက်ရှိတယ်။ ဘဲဥပုံကိုယ်ထည်ရှိပြီး ဝိညာဥ်သားရဲမဟုတ်တာ သေချာတယ်။ ဥလိုပဲ” ဟု နန်ချိန်က လန်ရှောင်းကို သတင်းပို့သည်။

လန်ရှောင်း၏ မျက်လုံးများ တောက်ပလာသည်။ “တကယ်လို့ ဥတစ်လုံးသာဆိုရင် ငါတို့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတစ်ခုကို ရနိုင်တယ်။

ဒီဥက ဘယ်ဝိညာဉ်သားရဲဥအမျိုးအစားလဲဆို

တာ အခုချိန်ထိ မပြောနိုင်သေးပေမယ့်

ဥကိုယ်တိုင်က နှစ်တစ်သိန်း သက်တမ်းရှိတဲ့စွမ်းအင်ကိုထုတ်လွှတ်နိုင်ရင် ဒီဥဟာ သာမန်ဝိညာဥ်သားရဲတွေရဲ့ ဥဖြစ်မယ် မထင်ဘူး။

သားရဲဘုရင်အဆင့် ဖြစ်မယ်။ ငါတို့ ရှားရှားပါးပါးရတနာတစ်ခုတွေ့တာပဲ!”

ဤအဆင့်ရှိ ဝိညာဥ်သားရဲတစ်ကောင်ကို ဝိညာဥ်သားရဲဂြိုလ်အား ပြန်ပို့ပေးနိုင်ပါက အပြန်အလှန်အားဖြင့်၊ ဝိညာဥ်သားရဲဂြိုဟ်မှ

ဝိညာဥ်သားရဲခေါင်းဆောင်များသည် လူသားများလိုအပ်သမျှ အရင်းအမြစ်များကို ပေးမည်ဖြစ်သည်။

ရှာဖွေတွေ့ရှိခဲ့သူများအနေဖြင့် ၎င်းတို့ သုတေသနအဖွဲ့သည်လည်း လှလှပပ ဆုချီးမြှင့်ခံရမည်ဖြစ်သည်။

“ဒါက ကောင်းကင်က ငါတို့ကိုပေးတဲ့

မင်္ဂလာဦးလက်ဆောင်ပဲထင်တယ်!” လန်ရှောင်းက နန်ချိန်၏ ပခုံးကို ဖက်ကာ ရယ်မောလိုက်

သည်။

“နေပါဦး... အဲဒါကို အရင်ယူရအောင်” နန်ချိန်က တိုးတိုးလေးပြောလိုက်သည်။

လန်ရှောင်းက ရယ်သည်။ “မင်းဒီလိုဖြစ်နေရင် ကို ငါက သဘောကျတယ်…”

“ခေါင်းဆောင် ငါတို့ ပြန်လာပြီ”

အမှန်ပင် ဥတစ်လုံးဖြစ်သည်။ ဘဲဥပုံသဏ္ဌာန်ရှိပြီး မျက်နှာပြင်ပေါ်တွင် ရွှေငွေပန်းပွင့် ပုံစံဖြင့် အလှဆင်ထားသည်။

“မြန်မြန် ပြန်လာခဲ့” လန်ရှောင်းက ချက်ချင်း အမိန့်ပေးလိုက်သည်။

…..

“အအေးခံထားသင့်သလား”

လန်ရှောင်း နှင့် နန်ချိန်တို့သည် ထိုထူးဆန်းသော ဝိညာဥ်သားရဲဥရှေ့တွင် ရပ်နေကြသည်။

လန်ရှောင်းက မျက်မှောင်ကြုတ်ပြီး

“ယုတ္တိဗေဒအရပြောရရင်၊ သူ့မှာ ဒီလောက်ပြင်းထန်တဲ့ အသက်စွမ်းအင်တွေပါနေတာကြောင့် အအေးခံစရာမလိုလောက်ဘူး။ ဒါပေမယ့် ဘေးကင်းဖို့ အပူချိန်နိမ့်တဲ့ နေရာမှာ သိမ်းထားရမယ်။ သုတေသနဌာနကို ပြန်ရောက်တဲ့အခါ ထပ်ပြီး ဆွေးနွေးကြမယ်။ ဒီလိုအခွင့်အရေးမျိုးက ရလာဖို့ ခဲယဉ်းတယ်”

စမ်းသပ်မှုတွေအကြောင်းပြောရင်း

လန်ရှောင်း၏မျက်လုံးတွေ တောက်ပလာသည်။ သူသည် ရှေးဝိဉာဉ်သားရဲများကို အလွန်စိတ်ဝင်စားသည်။ ကျောင်းတက်နေတုန်းက သူ့ကို ရှေးခေတ်ဝိညာဥ်သားရဲစွယ်စုံကျမ်းလို့ ခေါ်ကြသည်။

“ ဖျစ်...ဖျစ်..ဖျစ် “

ထိုအသံအနည်းငယ်က သူတို့အားလုံးကို လန့်သွားသည်။

“ဥကလာတာလား” နန်ချိန် မေးလိုက်သည်။

“မြန်မြန်၊ အားလုံးစုကြ။

ဝိညာဉ်သားရဲအကာအကွယ်အဖုံးကိုအသက်သွင်း “ လန်ရှောင်းက ကမန်းကတန်း အမိန့်ပေးလိုက်သည်။ ဤအရာတွင်ပါရှိသော အသက်စွမ်းအင်သည် အလွန်အားကြီးပြီး ၎င်းမှထွက်လာသောအရာမှာ မည်မျှအစွမ်းထက်မည်ကို မည်သူသိမည်နည်း။ ဖြစ်ပျက်နိုင်ခြေက အလွန်နည်းပေမယ့် မဖြစ်ဖူးဘူးလို့ မဆိုလိုပေ။

အက်ကွဲသံကို အသံကို ထပ်မံကြားလိုက်ရသည်။

ဖျစ် ဖျစ် ဖျစ် ဖျစ်......

သုတေသနအဖွဲ့နှင့် အခြားဝန်ထမ်းအဖွဲ့ဝင်များ

ထိုအရာကို ဝိုင်းကြည့်နေကြသည်။

ရုတ်တရက် ဥ၏မျက်နှာပြင်ပေါ်တွင် အက်ကွဲရာပါးပါးလေး ပေါ်လာသည်။

“အကောင်ပေါက်လာတာလား?”

နန်ချိန်သည် လန်ရှောင်း၏နောက်တွင် အလိုလို ပုန်းနေမိသည်။ တခြားသူတွေလည်း နောက်သို့ပြန်ဆုတ်သွားကြသည်။

“မကြောက်ကြနဲ့။ ကြောက်စရာကောင်းတဲ့ သက်ရှိသားရဲမျိုးဆိုရင်တောင်မှ မွေးကင်းစမှာတော့ ပြင်းထန်တဲ့ တိုက်ခိုက်နိုင်စွမ်း မရှိနိုင်ပါဘူး” လန်ရှောင်းသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး သူ့ခြေဖဝါးအောက်မှ ဝိညာဉ်ကွင်းများထွက်လာသည်။

အဝါရောင်နှစ်ကွင်း၊ ခရမ်းရောင်နှစ်ကွင်းနှင့် အနက်ရောင်တစ်ကွင်း ပေါ်လာသည်။ စုစုပေါင်း ဝိညာဥ်ကွင်းငါးကွင်းရှိပြီး ဝိညာဉ်ဘုရင်အဆင့်ဖြစ်သည်။ သူ့အသက်အရွယ်တွင်၊ ဤအဆင့်သည် အလွန်မြင့်မားနေပြီဖြစ်ပြီး ၎င်းသည်

လန်ရှောင်းရာထူးတိုးမြန်ရခြင်း၏ အဓိက

အကြောင်းရင်းလည်းဖြစ်သည်။

ဖျစ်..ဖျစ်..ဖျစ်

အသံသည် ပို၍ပြင်းထန်လာသည်။

ဗွမ်း.......

နောက်ဆုံးတွင် ဥခွံတစ်ခုလုံး အက်ကွဲထွက်သွားလေသည်။

လူတိုင်းက ထိတ်လန့်တကြား ငေးကြည့်နေကြပြီး ထွက်လာသောအရာဝတ္တုကို အာရုံစိုက်နေကြသည်။

အဲဒါကတော့…

လူတိုင်း အံ့အားသင့်သွားတယ်။

“ဖြစ်နိုင်ပါ့မလား…” လန်ရှောင်း ရှေ့သို့ လျင်မြန်

စွာ လှမ်းလိုက်ပြီးကြည့်လိုက်သည်။

အဲဒါကို ဘယ်လိုဖော်ပြရမလဲ.....

ဥထဲမှ မွေးဖွားလာသည်မှယ လူသားကလေးလေးတစ်ဦး ဖြစ်သည်။

All Chapters