Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

အကြီးတန်းဗိုလ်မှူးကြီးသည် လန်ရှောင်းဘေးနားရှိ ရွမ်းယုလေးကို ငုံ့ကြည့်လိုက်သည်။

ချောမွေ့သောပါးပြင်..မျက်လုံးဝိုင်းဝိုင်းပါးဖောင်းဖောင်းလေးဖြစ်သည်။ ရဲလင်းတုံသည် ချစ်စရာကောင်းသော်လည်း ရွမ်းယုလေးကိုတော့မမှီပေ။

“မင်္ဂလာပါ ဦးလေး” လန်ရွမ်းယုက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ ကလေး” အကြီးတန်းဗိုလ်မှူးကြီးက လန်ရွမ်းယု၏ခေါင်းကို ပွတ်သပ်ကာနှုတ်ဆက်လိုက်သည်။

ထိုအချိန်တွင်

“ဖေဖေ!” ရဲလင်းတုံလှမ်းခေါ်လိုက်သည်။ ကျောင်းထဲဝင်ခါနီးတွင် သူ့အဖေက တခြားကလေးတစ်ယောက်ကိုနှုတ်ဆက်နေတာကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။

အကြီးတန်းဗိုလ်မှူးကြီးက လန်ရှောင်းအား

“ငါ့နာမည် ရဲဖိန်”

“အကြီးတန်းဗိုလ်မှူးကြီး၊ ကျနော်က လန်ရှောင်းပါ”

ရဲဖိန်ကလည်း လန်ရှောင်းကိုနှုတ်ဆက်က သူ့သမီးစီသို့ ပြန်သွားလိုက်သည်။

“ စာရင်းသွင်းဖို့ အလှည့်ကျပြီ”

“မင်္ဂလာပါဆရာမ၊ ကျွန်တော့်နာမည်က လန်ရွမ်းယုပါ”

“လန်ရွမ်းယု... အသက်ကခုနစ်နှစ်... လာ... မင်းရဲ့ ဝိညာဉ်စွမ်းအားကို စမ်းသပ်မယ်”

“ အဆင့် ၁၀....... မင်း...ဝင်..နိုင်..ပြီ”

ဆရာမမှာ လန်ရွမ်းယု၏ ဝိညာဥ်စွမ်းအားအဆင့်က်ို မြင်သောအခါ စကားများပင် ထစ်သွားသည်။

ရဲလင်းတုံသည် အထဲကိုမဝင်သေးပဲ လန်ရွမ်းယု ကို ကြည့်နေသည်။

အဆင့် ၁၀........

…………

“ဟေး!”

လန်ရွမ်းယု လှည့်ကြည့်လိုက်သည်။

“မင်းက အဆင့် 10 လား”

လန်ရွမ်းယု ခေါင်းညိတ်သည်။

ရဲလင်းတုံက “အဆင့် 10 ဖြစ်ဖို့က ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ ငါလည်း အဲ့ဒီအဆင့်ကို ရောက်လာပြီး မင်းကို ကျော်သွားစေရမယ်။

ငါ အသက်ခုနစ်နှစ်ရောက်ရင် ငါအဆင့်က အဆင့် 10 မကစေရဘူး”

ထို့နောက် သူမသည် ရွမ်းယုကို ဝင်တိုက်ကာကျောင်းထဲသို့ ၀င်သွားခဲ့သည်။

“ဟမ်” လန်ရွမ်းယုသည် ကြောင်တောင်တောင်ဖြစ်သွားကာ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

တကယ်တော့ ရဲလင်းတုံသည် သူ့အဖေနဲ့ပြူံးရွင်စွာစကားပြောခဲ့သော လန်ရွမ်းယုကို မနာလိုခဲ့ခြင်းဖြစ်သည်။

အထဲတွင် ဆရာမတစ်ယောက် ရှိနေပြီ

ကျောင်းသားများကို သက်ဆိုင်ရာ အခန်းတွေဆီ ခေါ်သွားပေးသည်။

“ မင်း မယုံဘူးလား?” ရဲလင်းတုံသည် သူ့ကို အထဲမှစောင့်နေပြန်သည်။

လန်ရွမ်းယု ခေါင်းယမ်းလိုက်သည်။

ထိုအချိန်မှသာ ရဲလင်းတုံသည် ရွမ်းယု၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ခဲ့သည်။ တကယ်ကြည့်ကောင်းသည်။ ကံမကောင်းစွာပဲ သူမအပေါ် ဘယ်တုန်းကမှမပေးခဲ့သော နူးညံ့မှုကို ဒီကောင်လေးက ရခဲ့သည်။ထိူအရာကို သတိရလိုက်ရုံနှင့် ရဲလင်းတုံဒေါသများ ပိုထွက်လာသည်။

ရဲလင်းတုံ က သူ့ကို “ဒီကိုလာ။”

လန်ရွမ်းယုသည် သူမထံသို့ လျှောက်သွားခဲ့သည်။ “ဘာလဲ?”

ရဲလင်းတုံ က “မင်းမျက်နှာကိုကိုင်ပါရစေ”

ရဲလင်းတုံသည် ရွမ်းယု၏ ပါးကိုဆွဲညစ်လိုက်လေသည်။

“နာတယ်!” လန်ရွမ်းယု အော်ပြောသည် ။ ထို့နောက်သို့ဆုတ်ကာ သူမအား

“မင်းက လူဆိုးပဲ”

“ဘာဖြစ်လဲ?” ရဲလင်းတုံက ခေါင်းမာမာနဲ့ ပြောလိုက်သည်။

လန်ရွမ်းယုက သူ့မျက်နှာကို ပွတ်သပ်ရင်း

“ငါ မင်းလို့ လူဆိုးတွေမကြိုက်ဘူး....

မင်းကို မကြိုက်ဘူး”

ရဲလင်းတုံက ရီကာ

“မင်း ငါ့ကို ကြိုက်ဖို့လည်း မလိုပါဘူး”

……..

အသစ်ရောက်လာသော ကျောင်းသားသစ် တစ်ရာကျော်ရှိ၍ အတန်းခြောက်တန်းခွဲသွားမည်ဖြစ်သည်။

“ပထမတန်း... အတန်းတစ်...တိုက်စစ်အမျိုးအစား... ကျေးဇူးပြုပြီး နာမည်ခေါ်ရင်ရှေ့ကိုထွက်လာခဲ့ပါ.... ရဲလင်းတုံ…”

“ပထမတန်း... အတန်းနှစ်.. ထိန်းချုပ်မှုအမျိုးအစား.... လန်ရွမ်းယု....…”

‘ငွေပြာမြက်’ သိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားသည့် လန်ရွမ်းယုသည် ထိန်းချုပ်ရေးမာစတာအမျိုးအစားအတန်းတွင် နေရာထားခံခဲ့ရသည်။

ပထမတန်း...အခန်းနှစ်အတန်းခွဲတွင် ကျောင်းသားစုစုပေါင်း ၂၆ ဦးရှိကာ အားလုံး

သည် ထိန်းချုပ်မှုအမျိုးအစားကျောင်းသားများဖြစ်သည်။ ထိုအချိန်မှစကာ ရဲလင်းတုံကို ထပ်မတွေ့ရတော့ပေ။

………

“ဒီနေ့ ဘာသင်ခဲ့ရလဲ” လန်ရှောင်းက သူ့သားကို မေးလိုက်သည်။

“ အတန်းဖော်တွေနဲ့ သိခွင့်ရတယ်။ ဖေဖေ၊ ကျွန်တော်က ပထမတန်း အခန်းနှစ်မှာ... နောက်တစ်ခါလာခေါ်ရင် နေရာမှားမသွားနဲ့နော်...”

“မင်းသူငယ်ချင်းအသစ်ရပီလား”

လန်ရွမ်းယု ခေါင်းညိတ်လိုက်သည်။

“ အတန်းဖော်တွေက သားကို အရမ်းချစ်ကြတယ်။ ဖေဖေ၊ သား မေးခွန်းတစ်ခု မေးချင်တယ်”

“ဘာလဲ?”

“ဖေဖေ၊ နောက်တစ်ခါ လူတစ်ယောက်က သားရဲ့ မျက်နှာကို ကိုင်ချင်တယ်ဆိုရင် သားငြင်းလို့ရမလား။ သား တကယ်မကြိုက်ဘူး”

လန်ရွမ်းယုသည် ခြောက်နှစ်သားကလေးလေးသာရှိသေးသည်။ ထို့ကြာင့်အရာရာကို မိဘကိုသာမေးမိနေခဲ့သည်။

လန်ရှောင်းအံ့သြသွားပေမယ့်

“ရပါတယ်၊ သားရဲ့ သဘော”

Endend……..