← Chapters

အခန်း (၁၇)

Vol. 2 Ch. 17

အခန်း (၁၇)

Vol. 2 Ch. 17

လန်ရှောင်းသည် သူ့သားရဲ့ ပထမဆုံးကျောင်းတက်တဲ့နေ့အကြောင်းကို မေးမြန်းခဲ့သည်။ အားလုံးပုံမှန်ဖြစ်ကြောင်းအတည်ပြုနိုင်သောအခါမှာသာ သူသက်ပြင်းချနိုင်လိုက်သည်။

“သားလေး၊ မင်း စာကြိုးစားရမယ်၊ နောက်ဆုံးစာမေးပွဲမှာ အမှတ်ကောင်းရင် အဖေနဲ့အမေကသားက်ို ကောင်းကင်ဘုံဂြိုလ်ကိုကစားဖို့ ခေါ်သွားမယ်။ “ လန်ရှောင်းက ပြောလိုက်သည်။

“ရေး ၊ရေး!” လန်ရွမ်းယုသည် စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ သူသည် ရုပ်မြင်သံကြားများ

တွင်သာမြင်ရသည့် အရာများဖြစ်သည့် လေယာဉ်ပျံနှင့် အာကာသယာဉ်များကို အလွန်စိတ်ဝင်စားခဲ့သည်။

နောက်တစ်နေ့တွင် လန်ရွမ်းယုသည် ပုံမှန်အတန်းများကို စတင်ခဲ့သည်။

ဝိညာဥ်မာစတာအခြေခံဗဟုသုတများကို သင်ကြားရလေသည်။

အတန်းပိုင်ဆရာမမှာ ချိုယုရှင်း ဟုခေါ်သည်။ သူမသည် နွေးထွေးသော ဆရာမကောင်းတစ်ယောက်ဖြစ်သည်။

“ကျောင်းသားတို့... မင်းတို့အားလုံးကို ဒီနေ့ ငါ ဝိညာဉ်မာစတာတွေအကြောင်း ပြောပြမယ်။

“ဒီအခန်းထဲမှာမင်းတို့ရှိနေတာက မင်းတို့အားလုံးမှာ ဝိညာဉ်စွမ်းအားရှိလို့ပဲ။ ဝိညာဉ်နည်းပညာ အဆက်မပြတ်တိုးတက်လာမှုနဲ့အတူ၊ သာမန်လူသားတွေတောငိ အသုံးပြုနိုင်တဲ့ အဆင့်မြင့်နည်းပညာသုံးပစ္စည်းတွေနဲ့ လက်နက်များစွာရှိ

တယ်။ အဲ့တာကို ဘာကြောင့် ငါတို့က ဝိညာဉ်မာစတာတွေ ဖြစ်လာဖို့ လိုအပ်တာလဲ.....”

“ဘာဖြစ်လို့လဲဆိုတော့ အချို့နေရာတွေမှာ သာမန်လူသားတွေထက် ဝိညာဉ်မာစတာတွေက တိုက်ခိုက်နိုင်စွမ်းပိုကြီးလို့ပဲ။ စက်ရုပ်တွေကိုလည်း သာမန်လူသားတွေထက်ပိုကောင်းအောင်ထိန်းချုပ်နိုင်တယ်။

အဲ့တာကြောင့် ငါတို့ ဝိညာဥ်မာစတာတွေက

အဖွဲ့ချုပ်၊ မိသားစုတွေနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စေဖို့ ပိုအားကောင်းလာဖို့ ကြိုးစားရမယ်။”

ခြောက်နှစ်အရွယ်ကလေးများသည် ဤအဓိကအခြေခံမူများကို အမှန်တကယ်နားမလည်ကြောင်း သူမ သိသော်လည်း၊ သူတို့၏ဆရာအဖြစ်၊ သူမသည် ၎င်းတို့အား လမ်းညွှန်ပေးနေရဆဲဖြစ်သည်။

“ဒီနေ့၊ ဆရာမက အရိုးရှင်းဆုံး အကြောင်းအရာဖြစ်တဲ့ ငါတို့ရဲ့ ဝိညာဉ်မာစတာအဆင့်သတ်မှတ်ချက်ကို ပြောပြမယ်။”

“လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းက ငါတို့ဝိညာဉ်

မာစတာတွေကို အဆင့်ဆယ်ဆင့် ခွဲထားတယ်။ အဆင့်တစ်ဆင့်မှာ နောက်ထပ် အဆင့် ဆယ်ခုတယ်။ ဥပမာအားဖြင့် အဆင့် 0 ကနေ 10 ကို ဝိညာဥ်ကျောင်းသားလို့ ခေါ်တယ်။ ဝိညာဉ်ကွင်းတစ်ခုကို ရရှိပြီးတာနဲ့ ဝိညာဥ်မာစတာခရီးကစတင်ပြီးပဲ။ကံကောင်းစွာပဲ၊ ငါတို့မှာ အဆင့် 10 ရောက်ထားတဲ့ ကျောင်းသားတစ်ဦးရှိတယ်။

သူက လူတိုင်း သရုပ်ပြပေးလိမ့်မယ်။ ကျောင်းသား လန်ရွမ်းယု ကျေးဇူးပြုပြီး မတ်တပ်ရပ်ပါ”

လန်ရွမ်းယု မတ်တပ်ရပ်လိုက်သည်။

ချိုယုရှင်းက သူ့ကိုပြုံးပြပြီး “မင်းရဲ့သိုင်းဝိညာဉ်ကို ထုတ်လိုက်ပါ။”

လန်ရွမ်းယု ခေါင်းညိတ်လိုက်သည်။ “ဟုတ်”

သူ့ရဲ့ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး ငွေရောင်ငွေပြာမြက်သိုင်းဝိညာဥ်က်ိုထုတ်လိုက်သည်။

ချိုယုရှင်း က “လူတိုင်းမြင်တယ်မလား။ ကျောင်းသား လန်ရွမ်ယုရဲ့သိူင်းဝိညာဉ်က

ငွေပြာမြက်ပဲ။ သာမာန်သိုင်းဝိညာဥ်အမျိုးအစားဖြစ်ပေမဲ့ အသက်ခုနစ်နှစ်အရွယ်မှာ ဒီအဆင့်အထိရောက်အောင်လေ့ကျင့်နိုင်ခဲ့တာကြောင့်

သူ့ရဲ့ငွေပြာမြက်သိုင်းဝိညာဥ်က အတိုင်းအတာတစ်ခုအထိ ပြောင်းလဲသွားပြီလို့ ဆိုလိုတယ်။

ငွေပြာမြက်ပင်ပေါ်မှာရှိတဲ့ အဖြူရောင်ကွင်းကိုမြင်လား အဲ့တာကို ဝိညာဉ်ကွင်းလို့ခေါ်တယ်။ အဲ့တာက ဝိညာဉ်မာစတာတွေအတွက် အလွန်အရေးကြီးသည်။

“အဖြူရောင်ဝိညာဉ်ကွင်းက ဆယ်နှစ်သက်တမ်း ဝိညာဉ်ကွင်းတစ်ခုဖြစ်ပေမဲ့ အဖွဲ့ချုပ်က သူ့ရဲ့သက်တမ်းကိုတိုးမြှင့်နိုင်ဖို့ နည်းလမ်းတွေတွေ့ထားပြီးသား။ အဲ့တာကြောင့် ဝိညာဥ်ကွင်းတွေကို

သက်တမ်းတိုးလာအောင်အဆင့်မြှင့်ဖို့ အခွင့်အရေးရှိတယ်၊ လန်ရွမ်းယု မင်းရဲ့သိုင်းဝိညာဉ်ကို ပြန်သိမ်းနိုင်ပြီ”

“ဟုတ်” လန်ရွမ်းယုသည် သူ့ရဲ့ငွေပြာမြက်ပင်ကို ပြန်သိမ်းလိုက်ပြီး ပြန်ထိုင်လိုက်သည်။

“ဝိညာဥ်မာစတာ....ဝိညာဥ်ဂရမ်းမာစတာ...ဝိညာဥ်ဘိုးဘေး.....ဝိညာဥ်ဘုရင်....ဝိညာဥ်အင်ပါယာ....ဝိညာဥ်သူတော်စင်....ဝိညာဥ်တုံ့လော်....

ဖုန်းဟောက်တုံ့လော်...ဒါတွေက ဝိညာဥ်မာစတာတွေရဲ့အဆင့်တွေပဲ။ ကွဲပြားမှုအချို့လည်းရှိတယ်။ ဥပမာအားဖြင့်၊ အဆင့် 95 နဲ့အထက်ရှိသူကို အဆင့်မြင့်တုံ့လော်လို့ခေါပြီး အဆင့် 99 ရှိသူကို ကန့်သတ်တုံ့လော်လို့ခေါ်တယ်။

“ဝိညာဥ်ဂြိုလ်တိုက်ပွဲမတိုင်မီအထိ အဆင့် 99 က ဝိညာဉ်မာစတာတွေအတွက် ရနိုင်တဲ့နောက်ဆုံးအဆင့်ပဲ။ ဒါပေမဲ့ နဂါးဧကရာဇ်တုံ့လော်ထန်ဝူလင်းက ချောက်နက်လောကက်ိုအနိုင်ယူပြီး ဝိညာဉ်မာစတာလောကကိုအဆင့်မြင့်တင်ပေးခဲ့တယ်။ မိခင်ဂြိုဟ်က ရှေးဟောင်းရွှေသစ်ပင်ကို ထာဝရသစ်ပင်အဖြစ် ပြောင်းလဲစေ

ပြီး မိခင်ဂြိုဟ်တစ်ခုလုံးကိုဆင့်ကဲပြောင်းလဲစေခဲ့တယ်။မင်းတို့ အဆင့်မြင့်ဝိညာဉ်မာစတာအကယ်ဒမီရောက်ရင် မင်းတို့အားလုံး အဲ့ဒီ

နတ်ဘုရားအဆင့်တွေအကြောင်း ပိုသိလာကြမှာမို့လို့ ဒီနေ့ထပ်မပြောတော့ဘူး။ စောစောက ပြောခဲ့တဲ့ အဆင့်ဆယ်ဆင့်ရဲ့ နာမည်တွေကို မှတ်မိဖို့ လိုတယ်။”

မနက်ခင်းပိုင်တွင် သီအိုရီသင်ခန်းစာများကို သင်ကြားပေးကာ နေ့လည်ခင်းတွင် တိုက်ပွဲသင်ခန်းစာများကိုသင်ကြားပေးသည်။

အခန်းနှစ်သည် တိုက်ခိုက်ရေးသင်ခန်းစာများကို အခန်းတစ်နှင့်တစ်ပြိုင်နက်ထဲ အတူတူလေ့ကျင့်ရသည်။ ဆိုလိုသည်မှာ လန်ရွမ်းသည် ရဲလင်းတုံ ကို ထပ်မံတွေ့ရဦးမည်ဖြစ်သည်။

Endend….

All Chapters