အခန်း (၁၈)
Vol. 2 Ch. 18
ကွင်းထဲတွင်........
ရဲလင်းတုံသည် လန်ရွမ်းယုကို မြင်လိုက်သည်။ သူမသည် အရင်တစ်ခေါက်ကကဲ့သို့ ဒေါသမထွက်နေသော်လည်း မကျေနပ်ချက်ကတော့ ရှိနေသေးသည်။ထို့ပြင် သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်မှာ လန်ရွမ်းယုက သူမကိုသဘောမကြကြောင်း ပေါ်တင်ပြောဆိုခဲ့သည်။
‘မင်း ငါ့ကို ကြိုက်တာမကြိုက်တာ ငါဂရုစိုက်မယ်ထင်လား။ ငါလည်း မင်းကို မကြိုက်ဘူး!’
လန်ရွမ်းယုသည် အရပ်မရှည်သော်လည်း
ချစ်စရာရှုမောဖွယ်မျက်နှာရှိသောကြောင့် သူ့ကို လူအုပ်ကြားတွင် ချက်ချင်းတွေ့လိုက်ရသည်။
“ကွင်းကို သုံးကြိမ်ပတ်ပြေးရမယ်....ပီးမှ အားလုံးနားရမယ်”
ဆရာမှ ညွှန်ကြားလေသည်။ ကွင်းသည် မီတာ ၄၀၀ ရှိပြီး သုံးပတ်ပြေးရမည်မှာ သိပ်မများသော်လည်း ခြောက်နှစ်သားကလေးများအတွက် အရမ်းလွယ်ကူသောအရာဟု မယူဆပေ။
သူတို့သည် ပထမတန်းကျောင်းသားများဖြစ်သည်။
အတန်းနှစ်ခုလုံးမှ ဆရာလေးဦးစလုံးသည်
အသံချဲ့စက်က်ို ကိုင်ဆောင်ကာ ကွင်းဘေးတွင် ရပ်နေကြသည်။ အပြေးလေ့ကျင့်ခြင်းသည် ကလေးများ၏ ကိုယ်ခံစွမ်းအားကိုတိုးတက်ရန် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ဆရာများတို့သည် ကျောင်းသားသစ်များ၏ အခြေအနေကို
အကဲဖြတ်လိုကြသည်။
“စ!”
ဆရာမ၏အမိန့်ဖြင့် ရဲလင်းတုံသည် လျင်မြန်လှသော သူမ၏အရှိန်ဖြင့် ဆရာများအားလုံးကို အံ့အားသင့်စေခဲ့သည်။
ကလေးအနည်းငယ်သာ သူမနောက်သို့ အမှီလိုက်နိုင်လေသည်။
တစ်ဖက်တွင် လန်ရွမ်းယုသည် အခြားကျောင်းသားများနှင့်အတူ အေးအေးဆေးဆေးပင် ပြေးလွှာနေသည်။
လန်ရွမ်းယုသည် အဆင့် 11 တွင်ရှိနေပြီဖြစ်သည်။
ကွင်းကိုပတ်ပြေးခြင်းသည် သူ့အတွက်အေးဆေးပင်......
တစ်ဖက်တွင် ရဲလင်းတုံသည် လန်ရွမ်းယု
နောက်တွင်ပေါ်လာခဲ့သည်။
ဆိုလိုသည်မှာ ရဲလင်းတုံသည် ကွင်းတစ်ပတ် တစ်ချီပြီးသွားခဲ့ပြီဖြစ်သည်။ လန်ရွမ်းယု နှေးကွေးခြင်းကြောင့် မဟုတ်ပေ။ သူမသည် အလွန်လျင်မြန်သောကြောင့်ဖြစ်သည်။
ထို့နောက် ရဲလင်းတုံသည် လန်ရွမ်းယုကို ဝင်တိုက်ကာ ဖြတ်ပြေးသွားခဲ့သည်။
ဝင်တိုက်ခံလိုက်ရသော လန်ရွမ်းယုလည်း လန့်သွားကာ ဝင်တိုက်သောလူကိုကြည့်လိုက်လေသည်။
ထို့နောက် ရဲလင်းတုံဖြစ်မှန်းသိသောအခါ
“ မင်းရဲ့ရန်လိုတတ်တဲ့စိတ်ကိုနည်းနည်းလေး ပြင်လို့မရဘူးလား”
အသံတိုးတိုးလေးနှင့်ပြောလိုက်သည်။
ရဲလင်းတုံသည် လန်ရွမ်းယု၏ အသံတိုးတိုးလေးကိုကြားသောအခါ နောက်ပြန်လှည့်လိုက်ပြီး “မင်း ဘာပြောလိုက်တာလဲ”
ထိုအချိန်တွင်
“ဘာလဲ? နေဦး သတိထား!”
လန်ရွမ်းယု သတိပေးလိုက်သော်လည်း နောက်ကျသွားချေပြီ...
နောက်သို့ပြန်လှည့်ကာ ပြေးနေသော ရဲလင်းတုံသည် ကျောင်းသားတစ်ယောက်အား ဝင်တိုက်မိကာ လဲဲကျသွားခဲ့သည်။
“အား..ယို.....”
လန်ရွမ်းယုသည် ရဲလင်းတုံကိုမထူပေးပဲ
“လမ်းလျှောက်တဲ့အခါ အမြဲဂရုစိုက်ဖို့ ဖေဖေကမှာဖူးတယ်။ သူပြောတာမှန်မယ်ထင်တယ်!”
ဘေးမှကပ်ခါ စကားနာထိုးသွားခဲ့သည်။
ရဲလင်းတုံလည်း ပြန်ထကာ ဆက်ပြေးလေသည့။
ဆယ်စက္ကန့်အကြာတွင် ရဲလင်းတုံသည် ရွမ်းယုကို နောက်တစ်ကြိမ်မှီသွားပြန်သည်။
“ငါ မင်းကို မှီပြီ။ ငါက မင်းထက်ပိုမြန်တယ်!”
ဘေးနားမှကပ်ကာပြန်အော်သွားခဲ့သည်။
လန်ရွမ်းယုက မထူးခြားသောမျက်နာဘေးဖြင့်
“အော် ဟုတ်ပါပြီ အဆင်ပြေပါတယ်။”
ထို့နောက် သူမသည် သူမ၏အရှိန်ကို နှစ်ဆတိုးကာ အခြားလူများကို ကျော်ဖြတ်သွားသည်။
အတန်းနှစ်ခုပေါင်းထားကာ ကျောင်းသား 50 ကျော်ရှိပြီး ရဲလင်းတုံသည် လေ့ကျင့်ခန်းကို ပထမဆုံးပြီးဆုံးသွားခဲ့သည်။
ရွမ်းယုကမူ ၃၂ယောက်မြောက်မှ ပြီးလေသည်.
ချိုယုရှင်းက သူ့ဘေးနားမှ လက်ထောက်ဆရာမအား “ လန်ရွမ်းယုက ဘာလို့ နည်းနည်းနှေးနေရတာလဲ။ သူက အဆင့် 10 ကို ကျော်ဖြတ်ပြီးပြီ လို့ ယုတ္တိရှိရှိပြောရရင် သူက ဒီအရှိန်မက မြန်သင့်တယ်”
လက်ထောက်ဆရာမက
“သူက နှေးပေမယ့် တည်ငြိမ်တယ်။ မြန်အောင်ကြိုးစားနေပုံလည်းမပေါ်ဘူး။ ဒီကလေးရဲ့ စရိုက်က အတော်လေး တည်ငြိမ်ပုံရတယ်၊ ခုနစ်နှစ်သားကလေးတစ်ယောက်အတွက်တော့ ဒါက
ရှားရှားပါးပါးပဲ”
အပြေးလေ့ကျင့်ခြင်းပြီးသွားသည့်အခါ
ရဲလင်းတုံသည် ရွမ်းယုဆီသို့
လျှောက်သွားနေကြောင်း ချိုယုရှင်း သတိပြုမိလိုက်သည်။
“သူတို့ တိုက်တော့မှာလား”
……
ရဲလင်းတုံသည် ရွမ်းယုရှေ့တွင်ရပ်ကာ
“ငါ မင်းနဲ့တိုက်ခိုက်မယ်”
သူမက ရွမ်းယုကို စိန်ခေါ်လေသည်။
လန်ရွမ်းယုက ခေါင်းခါလိုက်ပြီး
“မလုပ်ချင်ဘူး..”
“ဘာကြောင့်လဲ?” ရဲလင်းတုံက ကျယ်လောင်စွာ
မေးလိုက်သဖြင့် အခြားကလေးများပင် ဝိုင်းကြည့်လာကြသည်။
“ယောက်ျားကောင်းတွေက မိန်းခလေးတွေနဲ့ ရန်မဖြစ်ဘူး! မေမေက မိန်းကလေးတွေကို အနိုင်ကျင့်တာမျိုး မလုပ်ရဘူးလို့မှာထားတယ်”
“မင်း....? မင်းငါ့ကို အနိုင်ကျင်ဖို့ အခွင့်အရေးရှိမယ်လို့ မင်းထင်နေတာလား။ မင်းက အဆင့် 10 ဆိုတော့ ကိုယ့်ကိုယ်ကိုအထင်မကြီးလိုက်နဲ့”
ရဲလင်းတုံသည် စတင်တိုက်ခိုက်လာပြီဖြစ်သည်။
လန်ရွမ်းယုသည် တိုက်ပွဲအတွေ့အကြုံမရှိသဖြင့် ခြေတစ်လှမ်းဆုတ်ကာ သူမ၏တိုက်ခိုက်မှုကို ဟန့်တားရန် လက်နှစ်ဖက်ကို ရှေ့သို့ဆန့်တန်းလိုက်သည်။
ရဲလင်းတုံသည် လန်ရွမ်းယု ၏ ညာလက်ကို ဖမ်းကိုင်လိုက်ပြီး ဘယ်ဘက်ကိုမူ ခြေထောက်ဖြင့်ကန်လိုက်သည်။ ထို့နောက် သူမသည် ရွမ်းယုရဲ့ကိုယ်
ပေါ်သ်ို့ခုန်တက်လိုက်သည်။
ချိုယုရှင်းအမြန်ပြေးလာသော်လည်း
သူမ မြင်လိုက်ရသည်မှာ ရဲလင်းတုံ၏ ဆက်တိုက်ဆိုသလို လျင်မြန်သောတိုက်ကွက်များဖြစ်သည်။ တစ်ဖက်တွင်မူ လန်ရွမ်းယုသည် ထိတ်လန့်တုန်လှုပ်ရုံမှတပါး အခြားဘာမှ မပြုလုပ်ခဲ့ပေ။
လန်ရွမ်းယု တကယ်ကို ထိတ်လန့်သွားခဲ့သည်။
သို့သော် ထူးဆန်းသောအရာတစ်ခုဖြစ်လာခဲ့သည်။ ရွမ်းယုရဲ့ လက်ကိုဖမ်းထားသော ရဲလင်းတုံသည် ကြောက်စိတ်များစတင်ဝင်လာခဲ့သည်။ လန်ရွမ်းယုခန္တာကိုယ်မှ အပူလှိုင်းများထွက်လာကာ သူ့ရဲ့သိုင်းဝိညာဥ်ကို ဖိနှိပ်ထားသလိူခံစားလိုက်ရသည်။ ထို့ပြင် ရွမ်းယုသည် ရဲလင်းတုံ၏လက်ကို ကြောက်အားလန့်အားဖြင့်ညှစ်ထားလေသည်။ ရဲလင်းတုံ ရုန်းထွက်မရပေ။ ရဲလင်းတုံသည် ဤကဲ့ အခြေအနေမျိုး တစ်ခါမှ မဖြစ်ဖူးသဖြင့် ဘာလုပ်ရမှန်းပင် မသိတော့ပေ။
ထို့ကြောင့် ရဲလင်းတုံသည် သူမ၏ပခုံးကို
အသုံးပြုကာ ရွမ်းယု၏ ရင်ဘတ်ကို ဝင်တိုက်လိုက်လေသည်။
“ဗွမ်း....!”
ထိုမှသာ လူချင်းကွာသွားကာ နောက်ပြန်လွင့်သွားသော ရဲလင်းတုံသည် မြေပြင်ပေါ်လဲကျသွားခဲ့သည်။ ထိုအခါမှသာ သူမ၏ ကြောက်စိတ်များ ပျောက်သွားခဲ့သည်။
ရဲလင်းတုံ၏ ရန်လိုမှုသည် လန်ရွမ်းယု ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်နှင့် ပျောက်ကွယ်သွားခဲ့သည်။
လုံးဝတိတ်ဆိတ်နေခဲ့သည်။
အခန်းတစ်နှင့် အခန်းနှစ်မှ ကျောင်းသားအားလုံးသည် ရဲလင်းတုံနှင့်ရွမ်းယုကို စိုက်ကြည့်နေကြသည်။
ဆရာမတွေလည်း အံသြသွားသည်။
သူမသည် အင်အားကုန်သုံးပြီး ပုခုံးဖြင့် ရွမ်းယုကို ပစ်သွင်းလိုက်သည်။ သို့သော် ပြန်ကန်ထွက်လာကာ လဲကျသွားသည်မှာ ရဲလင်းတုံဖြစ်သည်။ ဘာဖြစ်သွားတာလဲ......
Endend…….