အခန်း (၁၉)
Vol. 2 Ch. 19
ချိုယုရှင်း ခေါင်းယမ်းလိုက်သည်။
“ကလေးမလေးက အားနည်းလို့နေမှာပါ။
လန်ရွမ်းယု ခန္တာကိုယ်ကလည်း သန်မာလို့ဖြစ်မယ်”
လန်ရွမ်းယုလည်း သူ့ကိုယ်သူအံ့သြသွားသည်။ သူပင်ဘာမှမလုပ်ရပဲ ရဲလင်းတုံမှာလဲကျသွားခဲ့သည်။
“ဆရာမ၊ အဲဒါကို သူစတာ”
ထိုအချိန်တွင် ချိုယုရှင်းသည် ရဲလင်းတုံ
မလှုပ်ကြောင်းသိလိုက်သောအခါ သူမသည် ချက်ချင်းပြေးသွားပြီး ရဲလင်းတုံ၏လက်ကို
ကိုင်လိုက်သည်။ ကောင်မလေးမှာ မူးလဲသွားခဲ့သည်။ ချိုယုရှင်း လန့်သွားသည်။
“သူ့ကို ဆေးခန်းကို မြန်မြန်ပို့”
……
သုံးရက်ကြာ........
ရဲလင်းတုံ နေပြန်ကောင်းလာသော်လည်း
မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေသေးသည်။
လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ကျောင်းသားများက ရွမ်းယုတို့နှစ်ယောက်ကိုကြည့်ပြီး အချင်းချင်း တီးတိုးပြောနေကြသည်။
ရွမ်းယု အပေါ် ရဲလင်းတုံ၏ မုန်းတီးမှုသည် ဆယ်ဆတိုးလာခဲ့သည်။ လန်ရွမ်းယုကြောင့် ထိုနေ့က သူမ၏ ရင်သားရိုးကျိုးသွားခဲ့သည်။
တစ်ဖက်တွင်မူ လန်ရွမ်းယုသည် သူမကို လျစ်လျူရှုထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ့တွင်အပြစ်ကင်းသည်ဟု ယုံကြည်သောကြောင့်ဖြစ်သည်။
“ငါ အဆင့် 10 ရောက်တဲ့အထိ မင်းစောင့်နေပါ... ငါ့မှာ ဝိညာဉ်ကွင်းရပြီဆိုတာနဲ့ ငါ မင်းကို ထပ်စိန်ခေါ်မယ်” ဟု ရဲလင်းတုံက သူ့အား ပြေးလွှားရင်းပြောခဲ့သေးသည်။
မူလတန်းကျောင်းလေးရဲ့ဘဝက ပုံမှန်ပင်ဖြစ်သည်။
လန်ရွမ်းယုသည် ဝိညာဉ်သားရဲအများအကြောင်းကို အခြားအတန်းများထက် နေ့တိုင်း အာရုံစိုက်လေ့လာခဲ့သည်။ သူ့အဖေမှာ ရှေးဝိညာဉ်သားရဲ သုတေသနဌာနရဲ့ အကြီးအကဲဖြစ်သည် ပညာရှင်မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဝက်ကြာသွားခဲ့သည်။
နောက်ဆုံးစာမေးပွဲ ဖြေဖို့ အချိန်နီးနေပြီဖြစ်သည်။
“သား စာမေးပွဲဖြေဖို့ အဆင့်သင့်ဖြစ်နေပြီလား”
လန်ရှောင်းက ရွမ်းယုလေးကို ပြုံးကာမေးလိုက်သည်။
“သား အဆင်သင့်ဖြစ်ပါပြီ။ ဖေဖေ၊ ကတိတည်ရမယ်နော်.....သားကို ကောင်းကင်ဘုံဂြိုလ်ကိုခေါ်သွားရမယ် “
လန်ရွမ်းယုသည် စိတ်လှုပ်ရှားစွာဖြင့် သူ့အဖေကို ကြည့်လိုက်သည်။
လန်ရှောင်းက ရယ်ပြီး “ဟုတ်ပါပီ။ ဒါပေမယ့် ဘာသာရပ်အားလုံးမှာ အဆင့် ၃ ဝင်ရမယ်နော်”
“ဟုတ်! သားလုပ်နိုင်တယ်”
“ကောင်းပြီ....”
နန်ချိန်သည် လန်ရွမ်းယု စိုးရိမ်သောအပြုံးဖြင့် ကြည့်နေသည်။
“ငါတို့သားက တကယ်ကို ထူးချွန်ပုံရတယ်
ဒါပေမယ့်..”
သူ့ရဲ့ကျင့်ကြံမှုလမ်းကြောင်းအတွက် သူမ စိတ်ပူနေမိသည်။ သူ၏ ဝိညာဉ်မာစတာ စွမ်းရည်များနှင့် ပတ်သက်၍ အခြားသော ကျောင်းသားများနှင့် ကွဲပြားမည်ကို စိုးရိမ်နေခဲ့သည်။ သို့သော်လည်း လွန်ခဲ့သောခြောက်လတွင်
အရာတစ်ခုကို စတင်တွေ့ရှိခဲ့သည်။ လန်ရွမ်းယု၏ ဝိညာဉ်စွမ်းအားမှာ အဆင့် 11 တွင် ရပ်နေခဲ့သည်။
သူ့အသက်အရွယ်နှင့် မွေးရာပါဝိညာဉ်စွမ်းအားအရ နှစ်ဝက်အတွင်း အနည်းဆုံး အဆင့် နှစ်ဆင့် သို့မဟုတ် သုံးဆင့်အထိ တက်နိုင်သင့်သည်။ သာမန်ကလေးငယ်များပင်လျှင် ခြောက်လလျှင် အဆင့်တစ်ဆင့်တိုးလာမည်ဟု မျှော်လင့်ရသည်။ သူ၏တိုးတက်မှုနှုန်းသည် အဆင့် 20 တွင်သာ နှေးကွေးသင့်သည်။
သူသည် သာမန်ဝိညာဉ်မာစတာထက် များစွာပိုမိုမြန်ဆန်စွာလေ့ကျင့်နိုင်သင့်သည်။
သို့သော်လည်း နှစ်ဝက်ကြာခဲ့ပြီဖြစ်ပြီး အဆင့်တော့တက်မလာပေ။
အကြောင်းအရင်းကိုတော့ သူတို့မသိခဲ့ကြပေ။
“အရမ်းကြီး စိတ်မပူပါနဲ့။ ထို့အပြင် ဒီအရာက ကောင်းတဲ့ကိစ္စပဲမလား။ သူ့ကို ဘယ်သူမှသတိမထားမိတော့ဘူးလေ”
“အင်း...”
……….
စာမေးပွဲနေ့......
စာတွေ့နှင့်လက်တွေ့.......
မနက်ပိုင်း စာမေးပွဲများ ချောချောမွေ့မွေ့ ပြီးသွားခဲ့သည်။ လန်ရွမ်းယုသည် စာတွေ့စာမေးပွဲရှိ မေးခွန်းအားလုံးကို အစွမ်းကုန်ကြိုးစားဖြေခဲ့
သည်။
လက်တွေ့စာမေးပွဲမှာ တိုက်ခိုက်ရေးစွမ်းရည်များကိုစစ်ဆေးသော စာမေးပွဲဖြစ်သည်။
ကံဆိုးစွာပင် အခန်း ၁ နှင့် အခန်း ၂ တို့ပူးပေါင်းဖြေဆိုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ.....
မူလတန်းအကယ်ဒမီတွင် တိုက်ပွဲစာမေးပွဲသည် ပထမတန်းကျောင်းသားများအတွက် အလွန်လွယ်ကူသည်။ ကျောင်းသားများသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်တိုက်ကွက်များဖလှယ်ရန်သာဖြစ်ပြီး တိုက်ပွဲအပေါ်အခြေခံ၍ ဆရာများက အဆင့်သတ်မှတ်ပေးမည်ဖြစ်သည်။
အဆင့် 10ရောက်ပြီးသောကလေးများအား ခွဲခြားထားမည်ဖြစ်ပြီး မိန်းကလေးများက ပြိုင်ဘက်များကို ရွေးချယ်မည်ဖြစ်သည်။
အခန်း ၁ ၏ အတန်းခေါင်းဆောင်အနေဖြင့်
ရဲလင်းတုံသည် ရှေ့သို့ ပထမဆုံးထွက်လာခဲ့သည်။ သူမသည် ဆရာမ ချိုယုရှင်း ဘက်သို့
လှည့်ကာ
“ဆရာမ ချို၊ သမီး လန်ရွမ်းယုကို ရွေးပါတယ်”
Endend……