Chapters

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

Vol. 2 Ch. 20

ချိုယုရှင်း အနည်းငယ် မသက်မသာဖစ်သွားသည်။ လန်ရွမ်းယုကြောင့် ရဲလင်းတုံ မတော်တဆ အရိုးကျိုးခဲ့ပုံကို သတိရသွားသည်။

“ကောင်းပြီ၊ ဒါပေမယ့် သတိထားပါ၊”

ချိုယုရှင်းက ရဲလင်းတုံကို စိုးရိမ်မှုဖြင့် သတိပေးလိုက်သည်။ ထို့နောက် သူမသည်

ပထမတန်းရှိ ရုပ်ရည်အချောဆုံးကလေးကို လှည့်ကြည့်ကာ

“ရွမ်းယု၊ ရဲလင်းတုံက မင်းကို ရွေးထားတယ်။ မင်းတို့ တိုက်ခိုက်ပြီး ပြိုင်ကျပါ”

လန်ရွမ်းယုသည် သနားစရာကောင်းသောမျက်နာဖြင့် ထွက်လာလေသည်။

ရဲလင်းတုံသည် အဆင့်၁၀ကိုကျော်သွားကာ

ဝိညာဉ်ကွင်းတစ်ခုရထားကြောင်း သူကြားထားသည်။ ရဲလင်းတုံသည် ဒဏ်ရာမှ ပြန်လည်သက်သာလာချိန်မှစ၍ သူမသည်ကြိုးစားလေ့ကျင့်ခဲ့ရာ တိုက်ခိုက်ရေးသင်တန်းတွင် ရွမ်းယုကိုပင် ကျော်တက်သွားသည်ကို သူသိသည်။

အခြားတစ်ဖက်တွင်မူ သူသည် သာမန်သာဖြစ်သည်။ သူသည် တိုက်ခိုက်ရေးနည်းများကို အနည်းငယ် သင်ယူနိုင်ခဲ့သော်လည်း ရဲလင်းတုံကိုရှုံးနိမ့်မည်ကို သူသိသည်။

“လန်ရွမ်းယု...မင်း အစွမ်းကုန်ကြိုးစားပါ။ လန်ရွမ်းယု မင်း အစွမ်းကုန်ကြိုးစားပါ!”

အခန်းနှစ်မှ ကျောင်းသားများက ဝိုင်းပြီး အားပေးကြသည်။

သူ့အတန်းဖော်တွေအားလုံးက သူ့ကို ချစ်ကြသည်။

“စ”

ရဲလင်းတုံသည် သူမ၏ သိုင်းဝိညာဉ်ကို ထုတ်လွှတ်လိုက်သည်။ သူမ၏ခန္ဓာကိုယ်မှ အလင်းရောင်ဖျော့ဖျော့ အလွှာတစ်ခု ထွက်လာပြီး သူမ၏ လက်တွင် အဖြူရောင်အကြေးခွံများ ထွက်လာလေသည်။ သူမ၏ မျက်လုံးများသည် နဂါးမျက်လုံးများအဖြစ်ပြောင်းလဲသွားသည်။ စူးစူးဝါးဝါး နဂါးဟိန်းသံသည် အခန်းတစ်ခုလုံးက်ု ပဲ့တင်ထပ်လာသည်။

မြေနဂါးမျိုးနွယ်ဝင်.......

မူကွဲနဂါး......

သံနဂါးသိုင်းဝိညာဥ်........

အားနည်းသည့်အမျိုးအစားဖြစ်သော်လည်း ၎င်းသည် နဂါးဖြစ်နေဆဲပင်ဖြစ်သည်။

အဝါရောင် ၀ိညာဉ်ကွင်းသည် သူမ၏ခြေအောက်မှ ထွက်လာသည်။

နှစ်တစ်ရာ ဝိညာဉ်ကွင်း......

“မင်းရဲ့သိုင်းဝိညာဉ်ကိုထုတ်ပါ!”

ရဲလင်းတုံအော်လိုက်သည်။

လန်ရွမ်းယု စိတ်ပူမနေနိုင်တော့ပေ။

ဘယ်လက်မှ ငွေရောင်ငွေပြာမြက် သိုင်းဝိညာဉ်ကိုထုတ်လိုက်သည်။

အဖြူရောင် ဝိညာဥ်ကွင်းလည်းထွက်လာလေသည်။

ရုတ်တရက် ရဲလင်းတုံ သူ့ဆီ ပြေးလာခဲ့သည်။

လန်ရွမ်းယု ထိတ်လန့်သွားသည်။

သတိလက်လွတ်ဖြင့် ခြေတစ်လှမ်းဆုတ်လိုက်သည်။ ချက်ချင်းပင်

ငွေရောင်ငွေပြာမြက်သိုင်းဝိညာဥ်...

ပထမဝိညာဥ်စွမ်းရည်......

ရေဒြပ်စင်ထိန်းချုပ်ခြင်း......

ရေစက်များသည် ရွမ်းယု၏ထိန်းချုပ်မှုအောက်တွင်ပေါင်းစည်းသွားကာ အချင်း ၁ မီတာခန့်ရှိသောရေကန်တစ်ခုကို ရွမ်းယုရှေ့တွင်ဖြစ်ပေါ်လာစေခဲ့သည်။

ရေကန်သည်သာမာန်ပုံပန်းသဏ္ဍာန်ရှိသော်လည်း၊ သူ၏ငွေပြာမြက်က ထူးခြားသည်။

ပထမဆုံး ဝိညာဉ်ကွင်းကို ရရှိပြီးနောက် ၎င်းသည် ရေ၏ဒြပ်စင် ထိန်းချုပ်နိုင်စွမ်းကို ပေးခဲ့

သည်။ သူ၏ထိန်းချုပ်မှုမှာ မပြင်းထန်သေးသော်လည်း သူကိုင်တွယ်နိုင်သော ရေအများဆုံးပမာဏမှာ အကြမ်းဖျင်းအားဖြင့် ၁၀ လီတာခန့်ဖြစ်သည်။

ထိုရေများကို လိုသလိုထိန်းချုပ်နိုင်သည်။

ရဲလင်းတုံသည် လန်ရွမ်းယု၏ ရေကန်စီသို့ တည့်တည့် ပြေးလာခဲ့သည်။ သူမ၏ နှစ် 100 ဝိညာဉ်ကွင်းသည် ရွမ်းယု၏ အားနည်းသောဝိညဥ်စွမ်းရည် ဖြတ်ကျော်နိုင်မည်ဟု ယုံကြည်ထားသည်။

အရာအားလုံးက တခဏအတွင်းပင် ဖြစ်ပွားသွားခဲ့သည်။ နှစ်ဘက်စလုံးတိုက်မိသည်အခါ

အချိန်များပင် အေးခဲသွားသလို ခံစားလိုက်ရသည်။ လန်ရွမ်းယု နှင့် ရဲလင်းတုံတို့ နှစ်ဦးစလုံး၏မျက်နှာများပေါ်တွင် ထိတ်လန့်မှုနှင့် အံ့အားသင့်မှုတို့ပေါ်နေခဲ့သည်။

ရဲလင်းတုံသည် လန်ရွမ်းယု၏ ရေနံရံနှင့် ထိတွေ့လိုက်သောအခါတွင် သူမ၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ အဖြူရောင်အလင်းတန်းများ ပျောက်ကွယ်

သွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ရှိ အကာအကွယ် စွမ်းအားများ ပျောက်သွားပြီးရေကန်ထဲသို့ ပြုတ်ကျသွားခဲ့သည်။

ဗွမ်း......!

ကျောင်းသားများနှင့် ဆရာများ အားလုံး အံ့အားသင့်ပြီး အဖြစ်အပျက်ကို ရှုတ်ထွေးစွာကြည့် နေကြသည်။

“မဖြစ်နိုင်ဘူး!” ရဲလင်းတုံသည် တုန်တုန်ယင်ယင်နှင့် အော်ဟစ်လိုက်သည်။

သူမတွင် ပြီးပြည့်စုံသော နဂါးကြေးခွံများ ရှိသည်။ သို့သော် ရေကန်ရှေ့သို့ရောက်သောအခါ နဂါးကြေးခွံများ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ရွမ်းယု ဘယ်လိုလုပ်လိုက်တာလဲ။ သူမ

သည် လန်ရွမ်းယု၏ ခုခံကာကွယ်မှုကို ကျော်ဖြတ်ကာ လန်ရွမ်းယုကို မြေပေါ်သို့ ပစ်ချနိုင်သင့်သည်။

“လန်ရွမ်းယု နိုင်တယ်”

ချိုယုရှင်း အံသြနေဆဲ။

ရဲလင်းတုံသည် စွမ်းအားများပျောက်သွားကာ ရေကန်ထဲကိုဘယ်လိုကျသွားရတာလဲ......

Endend…..