အခန်း (၂၁)
Vol. 2 Ch. 21
“သား၊ မင်းရဲ့ရေစွမ်းအားကို ခဲလို့ရလား”
“မရဘူး အမေ၊ သား မလုပ်နိုင်ဘူး”
“သား၊ မင်းရဲ့ရေစွမ်းအား သက်ရောက်မှုက အရမ်းအားနည်းနေတယ်၊ မင်းရဲ့ ဝိညာဉ်စွမ်းအားကို အဲ့ထဲမှာ ပိုပေါင်းထည့်ရမယ်။ မင်းရဲ့ ဝိညာဉ်စွမ်းရည်က ရေဒြပ်စင်ကို ထိန်းချုပ်နိုင်တာကြောင့်၊ မင်း မင်းရဲ့ထိန်းချုပ်မှုကိုကောင်းလာအောင် ပိုကြိုးစားသင့်တယ်”
“ဟုတ် မေမေ၊ သား ပိုလေ့ကျင့်ပမယ်”
ဤသည်မှာ လန်ရွမ်းယု နှင့် နန်ချိန်တို့၏ နေ့စဉ်
စကားဝိုင်းဖြစ်သည်။
သူသည် ကျောင်းတက်စာသင်နှစ်တစ်ခုလုံးတွင် ရေဓာတ်ဖြစ်သည့် သူ၏ပထမဆုံးသော ဝိညာဉ်စွမ်းရည်ကို ထိန်းချုပ်ရန် ခက်ခက်ခဲခဲ လေ့ကျင့်ခဲ့သော်လည်း အကြောင်းတစ်ခုခုကြောင့် တစ်ဆို့နေခဲ့သည်။ ရေဒြပ်စင်သည် သူ့ခန္ဓာကိုယ်နှင့် လိုက်လျောညီထွေဖြစ်စေရန် ပိုမိုကြိုးစားနေရသည်။ ထိုဝိညာဉ်စွမ်းရည်ကြောင့် သူသည် ယနေ့ ရဲလင်းတုံကို အမှန်တကယ်အနိုင်ရခဲ့သည်။ သိူ့သော် လန်ရွမ်းယုသည် အိမ်သို့ရောက်သည်အထိ တုန်လှုပ်နေဆဲဖြစ်သည်။
စာမေးပွဲဖြေပြီးသောအခါ ကျောင်းလည်းပြီးသွားခဲ့သည်။ သူသည် တိုက်ခိုက်ရေးစာမေးပွဲတွင် မမျှော်လင့်ပဲ အမှတ်အများဆုံး ရရှိခဲ့သည်။ သို့သော်၊ လန်ရွမ်းယုသည် သူ့ကိုယ်သူ မကျေနပ်ပေ။
အိမ်ပြန်ရောက်သည်နှင့် လန်ရွမ်းယုသည် သူ့အိမ်တွင်ရှိသော အထူးကျင့်ကြံရေးအခန်းဆီကို တန်းတန်းမတ်မတ်သွားခဲ့သည်။ ဝိညာဥ်မာစတာများ တရားထိုင်ရန်အထူးပြုလုပ်ထားသော အခန်းဖြစ်သည်။
လန်ရွမ်းယုသည် ကြမ်းပြင်ပေါ်တွင် ထိုင်ကာ ဘယ်လက်ကိုမြှောက်လိုက်ပြီး ငွေရောင်ငွေပြာမြက်ပင်ကို ထုတ်လိုက်သည်။
သူ့လက်ပေါ်ရှိ ငွေမြက်ပြာမြက်ပင်ကို ကြည့်ပြီး “ရေကို ဘယ်လိုထိန်းရမလဲ။ ရဲလင်းတုံရဲ့ဝိညာဉ်စွမ်းရည်ကို အသုံးမဝင်အောင် ဘယ်လိုလုပ်လိုက်မိတာလဲ”
လန်ရွမ်းယုသည် သူ့လက်ချောင်းများတစ်ဝိုက်တွင် ရေစက်တစ်စက်ကို ဖန်တီးလိုက်သည်။ ရေစက်သည် အရောင်မရှိသော်လည်း သူ့ရဲ့ ငွေရောင်ငွေပြာမြက်ကြောင့် ငွေရောင်တောက်ပနေခဲ့သည်။
“ငါ အရမ်းကြိုးစားနေတာပဲ! ဘာကြောင့် အလုပ်မဖြစ်ရတာလဲ”
လန်ရွမ်းယု က မကျေမနပ်ဖြစ်နေခဲသည်။
“ရေဒြပ်စင်တွေနဲ့ ဘယ်လိုချိတ်ဆက်ရမလဲ”
လန်ရွမ်းယုသည် ငွေပြာမြက်ပင်မှ သစ်ရွက်တစ်ရွက်ကို ယူလိုက်ပြီး ပါးစပ်ထဲသို့ထည့်ထားလိုက်ရာ နှင်းစက်များနှင့် ချိုမြိန်ပြီး အရသာရှိနေသည်ကို တွေ့လိုက်ရတော့ အံ့သြမိသွားသည်။
လန်ရွမ်းယု ခေတ္တငြိမ်နေလိုက်ပြီး တစ်ခုခုဖြစ်လာမလားဟူ၍ စောင့်မျှော်ခဲ့သည်။
ဘာမှမဖြစ်ခဲ့ပေ.......
တီ တီ, တီ တီ, တီ တီ!
ရုတ်တရက်၊ သူတို့အိမ်ရှိ ဝိညာဥ်ဆက်သွယ်ကိရိယာမှ အသံမြည်လာခဲ့သည်။ လန်ရွမ်းယုသည် ဖုန်းဖြေဆိုရန် ကျင့်ကြံရေးအခန်းထဲမှ အ
မြန်ထွက်လာခဲ့သည်။
“မင်္ဂလာပါ?”
“လန်ရွမ်းယု၊ ငါ မင်းအိမ်အပြင်မှာရောက်နေတယ်၊ တံခါးဖွင့်ပေး” ဟု ရင်းနှီးသော
အသံတစ်ခုကိုကြားလိုက်ရသည်။
“ရဲလင်းတုံလား?” လန်ရွမ်းယု က အနည်းငယ် မသေချာသဖြင့် မေးလိုက်မိသည်။
“တံခါး မြန်မြန်ဖွင့်စမ်းပါ!”
သူမ၏အသံတွင် စိတ်မရှည်ခြင်းတို့ ထင်ရှားနေ သည်။
“မင်း ဘာလာလုပ်တာလဲ?”
“မင်း ငါ့နံပါတ်ကို ဘယ်လိုသိတာလဲ? ငါဘယ်မှာနေတယ်ဆိုတာ မင်းဘယ်လိုသိတာလဲ”
ရဲလင်းတုံ က “ငါ အဖေ့ကို ကျောင်းကနေတောင်းခိုင်းခဲ့တာ”
“ရဲ ဦးလေး ရောလာ? ကောင်းပြီ၊ ခဏစောင့်”
လန်ရွမ်းယုသည် ချက်ခြင်းပင် အိမ်ရှေ့သို့သွားကာ တံခါးဖွင့်လိုက်သည်။ ထင်သည့်အတိုင်းပင် ရဲလင်းတုံသည် သူ့အဖေနှင့်အတူ အိမ်တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
“မင်္ဂလာပါ ဦးလေး” လန်ရွမ်းယုသည် ရဲဖိန်ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
ရဲဖိန် က “မင်္ဂလာပါ ရွမ်းယု... မမျှော်လင့်ဘဲ ဒီကိုလာရတာ နည်းနည်းတော့အားနာပါတယ်။
လင်းတုံက ဒီနေ့ တိုက်ခိုက်ရေးစာမေးပွဲတွင်အကြောင်း ပြောပြတယ်။ မင်းအဆင်ပြေရင် မင်းရဲ့သိုင်းဝိညာဥ်ကို ငါကြည့်ချင်တယ်။ မင်းရဲ့မိဘတွေ ရှိလား”
“ဖေဖေနဲ့မေမေက အိမ်မှာမရှိဘူး။ ဝင်ပါ ဦး
လေး.....လင်းတုံ...မင်းလည်း ဝင်လေ”
နောက်ဆုံးစကားတစ်ခွန်းကို ပြောရန် ရွမ်းယုလေး အတော်ပင်အားယူလိုက်ရသည်။
ရဲလင်းတုံသည် ရွမ်းယု၏အိမ်ထဲသို့ လျှောက်ကြည့်လေသည်။ သူမက အိမ်ပတ်ပတ်လည်ကိုကြည့်ကာ “ငါ့အိမ်လောက် မကျယ်ပါဘူး” ဟု မှတ်ချက်ပေးခဲ့ပါတယ်။
“အင်း” လန်ရွမ်းယုက ထိုမျှသာပြောလိုက်သည်.
ရဲဖိန် က ရွမ်းယုကို “ရွမ်းယု, လင်းတုံ က မင်းနဲ့ လေ့ကျင့်တဲ့အခါ သူမရဲ့ ဝိညာဥ်စွမ်းရည်က ထိရောက်မှု မရှိတော့ဘူးလို့ ပြောတယ်။ အဲဒီတုန်းက မင်းသုံးခဲ့တဲ့ ဝိညာဥ်စွမ်းရည်ကို ပြောပြနိုင်မလား။ ဒါမှမဟုတ် ထူးထူးခြားခြား တစ်ခုခုရှိနေလို့လား”
သူ့သမီး၏ ဝိညာဉ်စွမ်းရည် ရုတ်ချည်းပျက်စီးသွားမှုကြောင့် ရဲဖိန်သည် အလွန်စိုးရိမ်သွားခဲ့သည်။ ရဲလင်းတုံ၏ နဂါးသိုင်းဝိညာဥ်သည်
ဗီဇပြောင်းလဲခြင်းမှတစ်ဆင့် ဖြစ်ပေါ်လာပြီး အသွင်ပြောင်းသိုင်းဝိညာဉ်ဖြစ်သည်။
မကြာခဏဆိုသလို မတည်မငြိမ်ဖြစ်နေတတ်သည်။ သူ့သမီး၏ သိုင်းဝိညာဥ်မတည်မငြိမ် ပြဿနာများ ရှိမည်ကို စိုးရိမ်သော်လည်း အိမ်တွင် စစ်ဆေးကြည့်သောအခါ အရာအားလုံး ပုံမှန်ဖြစ်နေခဲ့သည်။ ထို့ကြောင့် ကျောင်းဆင်းပြီးနောက် လန်ရွမ်းယုရဲ့ လိပ်စာနဲ့ ဆက်သွယ်ရန်နံပတ် အချက်အလက်များကို မေးမြန်းခဲ့သည်။
“သူမကို တားဆီးဖို့ ကျနော့်ရဲ့ ရေစွမ်းအားကို ထိန်းချုပ်ခဲ့ရုံပါပဲ။ သူ ကျွန်တော့်ကို တိုက်ခိုက်လိုက်တဲ့အခါ ကျနော်တုန်လှုပ်သွားခဲ့တယ်”
“အိမ်မှာ ကျင့်ကြံရေးအခန်းရှိလား။ မင်းတို့ နှစ်ယောက်လုံးဖြစ်ခဲ့တာတွေကို ပြန်ပြပေးလို့ရနိုင်မလား”
“ရပါတယ်။”
လန်ရွမ်းယုသည် ရဲလင်းတုံတို့သားအဖကို လေ့ကျင့်ရေးအခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်
ရဲလင်းတုံ က “မင်းရဲ့လေ့ကျင့်ရေးခန်းက ကျဉ်းလိုက်တာ” ဟု ညည်းညူခဲ့သည်။
လန်ရွမ်းယုက ရိုးရှင်းစွာ ခေါင်းညိတ်လိုက်သည်။
ရဲဖိန်က ရွမ်းယုကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ ထိုအသက်အရွယ်ကလေးများသည် ဆိုးသွမ်းသော်လည်း လန်ရွမ်းယုသည် သူ့သမီး၏ ဂျစ်ကန်ခြင်းကို ဂရုမစိုက်ပုံရသည်။ ဒီလိုကလေးမျိုးကို တွေ့ရခဲသည်။
“ကောင်းပြီ၊ စလိုက်ရအောင်။ ဒီနေ့ မင်းတို့တိုက်ခဲ့တဲ့အတိုင်း မင်းတို့နှစ်ယောက်စလုံး တိုက်ကြ”
လန်ရွမ်းယုသည် သူ၏ဘယ်လက်ကို ဆန့်ထုတ်ကာ သူ့ရဲ့ငွေရောင် ငွေပြာမြက်ပင်ကို ထုတ်လိုက်သည်။
ရဲလင်းတုံသည် အခန်းတစ်ခန်းလုံးတွင် နဂါးဟိန်းသံများ ပဲ့တင်ထပ်သွားအောင် ဟစ်ကြွေးလိုက်ပြီး သူမ၏ပထမဆုံးသော ဝိညာဉ်စွမ်းရည်ကို ထုတ်လွှတ်လိုက်သည်။ သူမသည် လန်ရွမ်းယု ဆီသို့ လျင်မြန်စွာပြေးသွားပြီး ရွမ်းယုရှေ့တွင် ချက်ချင်းပေါ်လာခဲ့သည်။
လန်ရွမ်းယုကလည်း ယခင်အတိုင်း ပထမဆုံးဝိညာဥ်စွမ်းရည်ဖြစ်သည့် ရေများကိုဆင််ခေါ်လိုက်သည်။ ရေနံရံကြီးတစ်ခု ရွမ်းယုရှေ့တွင်ပေါ်လာခဲ့သည်။
ရဲဖိန်သည် ဘေးတွင်ရပ်ကာ ကြည့်နေသည်။
သူ့မျက်လုံးများတွင် ခရမ်းရောင်အလင်းများ ရှိနေပြီး ကလေးနှစ်ယောက်၏ လှုပ်ရှားမှုတိုင်းကို ရှင်းရှင်းလင်းလင်း မြင်ရသည်။
ခရမ်းနတ်ဆိုးမျက်လုံးများဖြစ်သည်။
ရေမျက်နှာပြင်ကို ထိတွေ့လိုက်သည်နှင့် တပြိုင်နက် ရဲဖိန်သည် ရဲလင်းတုံ၏
နဂါးခန္ဓာကိုယ် အရည်ပျော်သွားသည်ကို တွေ့လိုက်ရသည်။ အရည်ပျော်သွားသကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ် ပျောက်ကွယ်သွားခဲ့သည်။
ရဲလင်းတုံသည် ရေနံရံမှ ပြန်ကန်ထွက်လာကာ လွင့်သွားခဲ့သည်။ ရဲဖိန်သည် အမြန်ပြေးသွားကာ နံရံနှင့်မိတ်ဆက်တေ့ာမည့် သူ့သမီးကိုဖမ်းလိုက်လေသည်။
ရဲဖိန်၏မျက်လုံးများကလည်း ထိတ်လန့်တုန်လှုပ်သွားသည်။
ကျောင်းရှိဆရာများသည် အမှန်တကယ်ဖြစ်ပျက်ခဲ့သည်ကို နားမလည်သော်လည်း ရဲဖိန်ကတော့ ၎င်းနှင့်ပတ်သက်ပြီး အရာတစ်ခုကိုတွေးမိလေသည်။
“ဖေဖေ ဘာဖြစ်လို့လဲ ဘာကြောင့်လဲ? သမီးရဲ့ ဝိညာဉ်စွမ်းရည်က ဘာလို့ ထပ်ပြီး ပျောက်သွားရတာလဲ။” ရဲလင်းတုံသည် ဒေါသတကြီးအော်ရင်း
မျက်လုံးများနီရဲလာသည်။
သူမသည် ပြင်းပြင်းထန်ထန် ကြိုးစားကာ အဆင့် 10 ရောက်ရန် အရူးအမူး လေ့ကျင့်ခဲ့ရသည်။ သူမသည် သူမ၏ဝိညာဥ်ကွင်း ကို ရသည်အထိ မရပ်တန့်ခဲ့ပေ။ သို့သော် လန်ရွမ်းယုကို မယှဉ်နိုင်ခဲ့ပေ။
“လင်းတုံ၊ ဒီမှာစောင့်။” ရဲဖိန်သည် သူ့သမီးကို ဘေးသို့ပို့လိုက်ရာကာ လန်ရွမ်းယုဆီသို့ လျှောက်သွားလိုက်သည်။
“ရွမ်းယု... မင်းရဲ့သိုင်းဝိညာဉ်ကို ငါကြည့်ခွင့်ပေးပါလား”
“ရပါတယ်။”
လန်ရွမ်းယုသည် သူ၏ ဘယ်ဘက်လက်မှ
ငွေပြာမြက်ကို ထုတ်လိုက်သည်။
ရဲဖိန်သည် ငွေပြာမြက်ပင်ကို သေချာစစ်ဆေးခဲ့သည်။ သူ့လက်ချောင်းများသည် ငွေပြာမြက်ပင်
ကို ထိလိုက်သည်နှင့် ပြောင်းလဲမှုသည် ရုတ်တရက် ပေါ်လာခဲ့သည်။
Endend……