အခန်း (၂၂)
Vol. 2 Ch. 22
ဒါ ဘယ်လိုခံစားချက်မျိုးလဲ.....
ရဲဖိန် ၏လက်သည် ငွေပြာမြက်ကို ထိလိုက်သည့်အခိုက်တွင်၊ သူ့စိတ်နှလုံးအောက်ခြေမှစ၍ တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။ ထိုအချိန်တွင်ပင် သူ၏ခန္ဓာကိုယ်သည် သူ့အလိုလို သိုင်းဝိညာဉ်နှင့် ဝိညာဥ်ကွင်းများကို ထုတ်လိုက်လေသည်။
ခရမ်းရောင်လေးကွင်းနှင့် အနက်ရောင်လေးကွင်းသည် သူ့ခြေအောက်ခြေမှ ချက်ချင်းတက်လာခဲ့သည်။ ထိုတင်မကသေးဘဲ သူ့တစ်ကိုယ်လုံးမှာ
သံနဂါးသိုင်းဝိညာဥ်.......!
ရဲဖိန်သည် စစ်တပ်တွင် နာမည်ပြောင်ရထားပြီး
သူ့ကို သံနဂါးဟုခေါ်ကြသည်။
လန်ရွှမ်းယုသည် ရဲဖိန်း၏မျက်လုံးနှစ်လုံး
အဝါရောင်အဖြစ်သို့ ပြောင်းလဲသွားသည်ကိုတွေ့လိုက်ကသည်။ ထို့နောက် ချက်ချင်းပင်၊ ရဲဖိန်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များထွက်လာခဲ့သည်။
နောက်ဆက်တွဲအနေဖြင့် လန်ရွမ်းယုသည် နောက်သို့ဆုတ်လာရသည်။
ထိုကြောက်မက်ဖွယ်စွမ်းအားများကြောင့် လန်ရွမ်းယု၏ ဦးခေါင်းမှာ ချက်ချင်းပင် ကိုက်ခဲလာခဲ့သည်။
ဒါပေမယ့်....
ထိုအခိုက်အတန့်တွင် သူ့၏ညာလက်မောင်းမှ ရုတ်တရတ် ပူလာပြီး သူ့ရဲ့ညာဘက်လက်မောင်းမှ တစ်ဆင့် သူ့ခန္ဓာကိုယ်ရှိအစိတ်အပိုင်းတိုင်းကိုကာကွယ်ပေးမည့် နွေးထွေးမှုတစ်ခုချက်ချင်း
ပျံ့နှံ့သွားခဲ့သည်။။ တစ်ချိန်တည်းမှာပင်၊
လန်ရွမ်းယု၏ ဘယ်ဘက်လက်ဖဝါးပေါ်ရှိ
ငွေရောင်ငွေပြာမြက်ပင်များ စတင်ပြောင်းလဲလာသည်။
ငွေပြာမြက်ပင်များသည် လန်ရွမ်းယု၏လက်ချောင်းများနှင့် လက်တစ်ခုလုံးကို
လျင်မြန်စွာရစ်ပတ်သွားခဲ့သည်။ ဘယ်ဘက်လက်မောင်းတစ်ခုလုံးကိုပင်ဖြစ်သည်။ ထို့နောက် ငွေရောင်အလင်းများတောက်ပလာခဲ့သည်။
လေထဲမှာရှိတဲ့ ရေနံရံကြီးမှာ ချက်ချင်းနီးပါး ရေခဲအဖြစ်ပြောင်းသွားခဲ့သည်။ ထို့နောက် လန်ရွမ်းယုရဲ့ နောက်သို့ရောက်လာကာ လန်ရွမ်းယုကို ထိးန်းထားပေးလေသည်။ စက္ကန့်အနည်းငယ်ကြာအောင်ထိန်းထားနိုင်သော်လည်း ရဲဖိန်ရဲ့စွမ်းအားများမှာ ပိုမိုပြင်းထန်လာသည်။ စက္ကန့်သုံးဆယ်ကြာပြီးနောက် ရေခဲဒိုင်းကြီး ကွဲသွားကာ လန်ရွမ်းယုလည်း နံရံနှင့်ထိမိသိအထိလွင့်သွားကာ သတိလစ်သွားခဲ့သည်။
ရဲဖိန်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သိလိုက်ရပြီး သူ၏သိုင်းဝိညာဥ်ကို လျင်မြန်စွာသိမ်း
လိုက်သော်လည်း မမှီတော့ပေ။
“ဖေဖေ၊ ဘာဖြစ်သွားတာလဲ…” ရဲလင်းတုံသည်
ရွမ်းယု၏ သတိမဲ့နေသောခန္ဓာကိုယ်ကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်။
ရဲဖိန်သည်လည်းထိတ်လန့်တကြားဖြင့်
လန်ရွမ်းယုထံ ပြေးသွားခဲ့သည်။
ဒါကို ရွမ်းယုမိဘတွေကို ဘယ်လိုရှင်းပြရမလဲ....
လန်ရွမ်းယု သတိလစ်သွားပြီးနောက် ......
အိပ်မက်မက်တော့သည် ။ ငွေအလင်းကွင်းနှင့် ရွှေအလင်းကွင်းသည် အချင်းချင်း တိုက်ခိုက်နေကြသည်။ သိူ့သော် ဘယ်သူမှအနိုင်မရပေ။
ထို့နောက် ရုတ်တရက်ဆိုသလို အရောင်ကိုးရောင်တောက်ပနေသောအလင်းတန်းလေးတစ်ခု ပေါ်လာပြီး ငွေအလင်းကွင်းနှင့် ရွှေအလင်းကွင်းများကို ခွဲထုတ်လိုက်လေသည်။ ထို့နောက် ငွေရောင်နှင့်ရွှေရောင်အလင်းကွင်းများ အချင်းချင်း ပေါင်းစပ်သွားခဲ့သည်။
ထိုအချိန်တွင် လန်ရွမ်းယု မျက်လုံးများပွင့်လာပြီး သူ့ကို စိုက်ကြည့်နေသော စိုးရိမ်သော မျက်လုံးငါးစုံဖြင့် ပထမဆုံးနှုတ်ဆက်လိုက်ရသည်။ နန်ချိန်.. လန်ရှောင်း...ရဲဖိန်...ရဲလင်းတုံနှင့် ရဲလင်းတုံ၏မိခင်တို့သည် ရွမ်းယုကိုစိုက်ကြည့်နေကြသည်။
“နိုးပြီ၊ နိုးပြီ!” ရဲလင်းတုံသည် ဝမ်းသာအားရ ခုန်ပေါက် အော်လိုက်သည်။
“ ရွမ်းယု! အဆင်ပြေရဲ့လား ဘယ်လိုနေလဲ?” နန်ချိန်သည် သူ့သား၏ လက်သေးသေးလေးကို ဆုပ်ကိုင်ရင်း အသားများတဆတ်ဆတ် တုန်နေသည်။
လန်ရွမ်းယုသည် ထထိုင်လိုက်ပြီး မျက်လုံးများကို ပွတ်သပ်လိုက်ကာ
“မေမေ၊ သား ဘာဖြစ်သွားတာလဲ။ သား ယဘာလို့ အိပ်ပျော်သွားတာလဲ။”
“အဲဒါကိုစိတ်မပူပါနဲ့! သား အဆင်ပြေတယ်။ သားအဆင်ပြေရင်ရပြီ”
နန်ချိန်သည် သူ့သားကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားရင်း မျက်ရည်များစီးကျလာသည် ။
ရဲဖိန်လည်း သက်ပြင်းချလိုက်ပြီး လန်ရှောင်းကို လှည့်ကြည့်လိုက်သည်။ “ညီလေးလန်....
လန်ရွမ်းယု နိုးလာပြီးဆိုတော့ သူနေကောင်းမှာပါ။ ငါ မင်းကိုအပြင်မှာ စကားပြောလို့ရမလား”
လန်ရှောင်း ခေါင်းညိတ်ပြလိုက်သော်လည်း သူ သိပ်ကျေနပ်ပုံမပေါ်။ ကိုယ့်သားသမီးကို အန္တရာယ်ဖြစ်စေခဲ့သော လူနှင့် ဘယ်သူမှ စကားမပြောချင်ပေ။
လသာဆောင်သို့ရောက်သည်နှင့် တပြိုင်နက်
ရဲဖိန် က လန်ရှောင်းကို ဦးညွှတ်လိုက်သည်။
“အခုလိုဖစ်သွားတယအတွက် စိတ်မကောင်းပါဘူး။ ကျနော့်ကဲ့ စိတ်လောမှုအတွက် တောင်းပန်ပါတယ်။ ဒီဖြစ်ရပ်အတွက်အကျိုးဆက်ကို ငါ
တာဝန်အပြည့်ယူပါမယ်။ အကယ်၍ ရွမ်းယု အနာဂတ်မှာ တစ်ခုခုဖြစ်ခဲ့ရင် ငါ တာဝန်ယူပါမယ်... စိတ်ချပါ။ ထပ်ပြီး တောင်းပန်ပါတယ်။”
ရဲဖိန်သည် လန်ရွမ်းယုကိုစစ်ဆေးရန် လန်ရှောင်းနှင့်နန်ချိန်တို့၏အိမ်သို့ အဆင့် 80 ဝိညာဥ်တုံ့လော်အဆင့် ကုသရေးဝိညာဥ်မာစတာကို ပင့်ခေါ်ခဲ့သည်။ ဝိညာဉ်တုံ့လော်က အကုန်စစ်ဆေးပေးခဲ့သည်။
သူ၏တောင်းပန်မှုသည် လန်ရှောင်း၏ ဒေါသများကို လျော့မသွားစေပေ။ နန်ချိန်ပင်လျင် သူ့သားကိုစိုးရိမ်သောကြောင့်သာ သူမ၏ဒေါသများကို မပေါက်ကွဲနိုင်အောင် ထိန်းထားရသည်။
“မင်းရဲ့တောင်းပန်မှုအတွက် ကျေးဇူးတင်ပါတယ်” လန်ရှောင်းက ရိုးရိုးရှင်းရှင်းပင် ပြန်ဖြေလိုက်သည်။
ရဲဖိန်က ခေါင်းခါလိုက်ပြီး
“ငါ့ရဲ့ သိုင်းဝိညာဥ်ကို ထုတ်ဖို့ မရည်ရွယ်ပါဘူး၊ အဲဒါက လုံး၀ သတိလက်လွှတ်ဖြစ်သွားတာ။ ငါ့
ကိုယ်ငါတောင် ဘာဖြစ်သွားမှန်းတောင်မသိဘူး။ မင်းရဲ့သားရဲ့ ငွေပြာမြက်ပင်က သာမန်မဟုတ်ဘူး။ လင်းတုံရဲ့သိုင်းဝိညာဥ်က ငါ့ထက်ပိုမြင့်တယ်။ တကယ့်နဂါးအစစ်ဖြစ်တဲ့ ကောင်းကင်နဂါးပဲ။ မူကွဲတစ်ခါပဲ။ ဒါပေမဲ့ သူ့ရဲ့တိုက်ခိုက်မှုတွေက ရွမ်းယုလေးအပေါ် ထိရောက်မှု မရှိခဲ့ဘူး။
မင်းက ရှေးဟောင်းဝိညာဥ်သားရဲတွေကို သုတေသနပြုတဲ့လူဆိုတော့ အခုကိစ္စမှာဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိတယ်ဆိုတာ မင်းသိသင့်တယ်။ ဆိုလိုတာက လန်ရွမ်ယုရဲ့ ငွေပြာမြက်က လင်းတုံရဲ့ကောင်းကင်နဂါးသိုင်းဝိညာဥ်ကို ဖိနှိမ့်ခဲ့တယ်။ မင်းရဲ့သားရဲ့ သိူင်းဝိညာဉ်က နဂါးများနဲ့ သက်ဆိုင်တယ်လို့ တွေးလို့ရတယ်။ သာမန်နဂါးတောင် မဟုတ်နိုင်ဘူး။.အလင်းနဂါးအဆင့်နဲ့အထက်မှာပဲရှိနိုင်တဲ့ နဂါး တစ်ခုခုဖြစ်နိုင်တယ်”
“သူ့သိုင်းဝိညာဉ်ကို ငါထိမိတဲ့အခါ၊ ငါ့ရဲ့ သံနဂါးသိုင်းဝိညာဉ်ဟာ အလွန်ကောင်းမွန်တဲ့နဂါးဆီက ထွက်လာတဲ့ စွမ်းအားကို ခံစားခဲ့ရပြီး အဲဒါက တုံ့ပြန်တဲ့အနေနဲ့ ငါ့ရဲ့သိူင်းဝိညာဥ်ကိုထွက်လာစေ
ခဲ့တယ်။ ကံကောင်းတာက ကြီးကြီးမားမား ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူး။ ဒါပေမယ့်
မင်းရဲ့သားမှာ ထူးခြားတဲ့ အနာဂတ်တစ်ခုရှိနေပြီ”
လန်ရှောင်းက “ ငွေပြာမြက်က သန့်ရှင်းအလင်းနဂါး? ဒါ ဖြစ်နိုင်ချေ မရှိပါဘူး။ ရွမ်းယု နေကောင်းနေပြီဆိုတော့ ခင်ဗျားတို့ကို ဒီမှာမနေစေ ချင်တော့ဘူး။ နောင်တစ်ချိန် ကျွန်တော်တို့စီ
လာချင်ရင် ကျနော့်စီကို အရင်ဦးစွာဆက်သွယ်ပါ။ ကျေးဇူးတင်ပါတယ်။”
Endemd……..