အခန်း (၂၃)
Vol. 2 Ch. 23
ရဲဖိန်သည် မျက်ခုံးပင့်လိုက်မိသော်လည်း ဘာမှပြန်မပြောပေ။ ထို့နောက် လန်ရှောင်းနောက်မှ လိုက်ကာ အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
“သွားကြရအောင်....” ရဲဖိန်သည် သူ့မိန်းမနှင့်သမီးကို ခေါ်လိုက်သည်။။
ရဲဖိန်၏ဇနီးက “ဒီဖြစ်ရပ်အတွက် စိတ်မကောင်းပါဘူး၊ လျော်ကြေးနည်းနည်းပေးချင်ပါတယ်...”
“မလိုပါဘူး.....”
“ကလေးအဆင်ပြေသရွေ့”
လန်ရှောင်းက တင်းမာစွာပြောလိုက်သည်။
ရဲဖိန်က သူ့သမီးလေးရဲ့ ပုခုံးကို ကိုင်လိုက်ပြီး
“ အိမ်ပြန်ကြရအောင်...”
ရဲဖိန်တို့မိသားစုပြန်သွားပြီးနောက် လန်ရှောင်း ၏အမူအရာသည် ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
လန်ရှောင်းသည် ယခင်ကတည်းက ရဲဖိန်နှင့်ပတ်သက်သည့် အချက်အလက်အချို့ကိုသိထားပြီးဖြစ်သည်။ ရဲဖိန်သည် အလွန်လျှို့ဝှက်သော စစ်ဘက်ဆိုင်ရာလျှို့ဝှက်ဌာနတစ်ခုမှဖြစ်သည်။ ထို့အတွက်ကြောင့်လည်း ရဲဖိန်သည် ရွမ်းယုလေး ကို ပိုအာရုံစိုက်လာမည်ကို လန်ရှောင်း အစိုးရိမ်ဆုံးဖြစ်သည်။
တကယ်တော့ လန်ရှောင်းလည်း ရဲဖိန်ပြောခဲ့သည်ကိုလက်ခံသည်။ လန်ရွမ်းယု၏
ငွေပြာမြက်သိုင်းဝိညာဉ်သည် နဂါးမျိုးစိတ်မှ ပြောင်းလဲလာခြင်းဖြစ်နိုင်သည်။
သူ့သားက ဥကနေ မွေးဖွားလာတာ.....
“မေမေ၊ သားဗိုက်ဆာလို့ တစ်ခုခုစားချင်တယ်”
“အင်းပါ အမေ သားအတွက် တစ်ခုခု ချက်ပေးမယ်”
နန်ချိန်သည် မီးဖိုချောင်ထဲသို့အပြေးသွားကာ သူ့သားအတွက် စားစရာများချက်ပြုတ်လေသည်။
အစာစားသည်မှာ ပုံမှန်ဖြစ်ပေမယ့် လန်ရွမ်းယု တကယ်စစားသောအခါ ပုံမှန်မဟုတ်တော့ကြောင်း လန်ရှောင်းနှင့်နန်ချိန်တို့ သိလိုက်ရသည်။
“အမေချက်တာတွေက အရသာအရှိဆုံးပဲ”
“စားကောင်းတယ်....”
စားစရာများကုန်သွားသည့်တိုင် လန်ရွမ်းယုသည် ဗိုက်မပြည့်သေးကြောင်း ပြောနေခဲ့သည်။
“သားလေး၊ မင်းအရမ်းစားတာပဲ။ ဆက်စားနေရင် ဗိုက်ကြီးကွဲထွက်သွားလိမ့်မယ်”
နန်ချိန်သည် သားဖြစ်သူရဲ့ဗိုက်ကို ပွတ်ရင်း ပြောနေခဲ့သည်။
“ဒါပေမယ့် သား ဗိုက်ဆာနေသေးတယ် မေမေ။ ဘာကြောင့်မှန်းမသိပေမယ့် ပိုစားလေ ပိုဆာလာလေလေပဲ”
“သူ့အတွက် ထမင်းထပ်ချက်ရအောင်”
လန်ရှောင်းက သူ့သားကိုကြည့်ရင်း ဘေးမှ ပြောလိုက်သည်။
နန်ချိန်က သူ့ခင်ပွန်းကို သံသယစိတ်ဖြင့် ကြည့်နေသည်။
လန်ရှောင်းက ခေါင်းယမ်းလိုက်ပြီး မျက်လုံးထဲတွင်လေးနက်သောအကြည့်ဖြင့်
“ငါတို့သားက သာမာန်မဟုတ်ဘူးလေ...”
“အင်း.... ”
နန်ချိန်သည် သားဖြစ်သူအတွက် စားစရာများထပ်မံချက်ပေးလေသည်။
သို့သော် ရှစ်ကြိမ်မြောက်တွင်တော့
ထပ် မကျွေးနိုင်တော့ဟု ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အိမ်တွင်လည်း စားစရာများချက်ရန်ပါဝင်ပစ္စည်းများ မကျန်တော့ပေ။
“မစားရတော့ဘူး၊ အရမ်းများနေပြီ၊ အရမ်းဟားနေရင် ဒုက္ခဖြစ်လိမ့်မယ်!” နန်ချိန်သည် လန်ရှောင်းအား စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
ထို့နောက် လန်ရှောင်းသည် လန်ရွမ်းယုကိုကြည့်လိုက်သည်။
“သားလေး ဗိုက်ဆာသေးလား”
လန်ရွမ်းယုက သူ့ဗိုက်ကို ပွတ်သပ်လိုက်ပြီး
“ အခုတော့ နည်းနည်းအဆာပြေသွားပေမယ့် ဗိုက်ပြည့်တယ်လို့ မခံစားရသေးဘူး”
လန်ရှောင်းက
“ ခဏနားကြရအောင် ဖေဖေ မင်းကို တစ်ခုခုမေးချင်တယ်”
“ဟုတ်”
နန်ချိန်သည် ဖြစ်ပျက်နေသည်များကို နားမလည်တာကြောင့် ခင်ပွန်းဖြစ်သူကို လှမ်းကြည့်လိုက်သည်။ လန်ရှောင်းက
“မင်းတို့နှစ်ယောက်လုံး လေ့ကျင့်ရေးအခန်းထဲကို သွားကြ”
သားအဖသုံးယောက် သူတို့အိမ်ရှိကျင့်ကြံရေးအခန်းထဲသို့ ဝင်သွားကြသည်။ လန်ရှောင်းက အခန်းတံခါးကိုပိတ်လိုက်သည်။
“ ရွမ်းယု၊ မင်း မူးလဲမသွားခင် ရေခဲဒိုင်းတစ်ခုကို ထုတ်လိုက်တယ်ဆိုတာကို အန်ကယ်ရဲဖိန် ဆီက ကြားခဲ့တယ်။ ဖေဖေနဲ့မေမေကိုထပ်ပြပါလား”
“ဟလား? သား မသိဘူး! သား ရေခဲဒိုင်းကို မ
လွှတ်ခဲ့ဘူး!”
လန်ရွမ်းယု အနည်းငယ် စိတ်ရှုပ်သွားသည်။
လန်ရှောင်းက
“ဒါကိုကြည့်”
မှတ်တမ်းတစ်ခုဖြစ်သည်။
ကျင့်ကြံရေးအခန်းထဲတွင် ဝိညာဥ်ကင်မရာတစ်ခုတပ်ထားခဲ့သောကြောင့်ဖြစ်သည်။
ရဲဖိန်တို့နှင့် လန်ရွမ်းယုတို့ဖြစ်ပျက်ခဲ့သည်များကို ရှင်းရှင်းလင်းလင်းမှတ်တမ်းတင်ထားခဲ့သည်။
ဖြစ်စဥ်တွင် လန်ရွမ်းယု၏ နောက်ကျောတွင် ရေခဲဒိုင်းတစ်ခုပေါ်လာခဲ့သည်။ တစ်ခဏသာဖြစ်သော်လည်း ရေခဲဒိုင်းတစ်ခုဖြစ်ကြောင်း အတည်ပြုနိုင်လေသည်။
မှတ်တမ်းကိုကြည့်ရင်း လန်ရွမ်းယု၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့မျက်လုံးများတွင် မယုံနိုင်စရာများနဲ့ ပြည့်နေသည်။ ပြီးတော့
စိတ်လှုပ်ရှားစွာနဲ့
“မေမေ၊ သား အခုရေကို ရေခဲအဖြစ် တကယ်
ပြောင်းနိုင်ပြီလား။ ထပ်စမ်းကြည့်မယ်...”
ထို့နောက် ရွမ်းယုသည် ငွေရောင် ငွေပြာမြက်ပင်ကို ထုတ်လွှတ်လိုက်သည်။
ငွေပြာမြက်ပင်သည် မူလထက် ပိုမိုထူးခြားလာသည်။ လန်ရွမ်းယုသည် လေထဲရှိ
ရေစက်လေးများ၏ လှုပ်ရှားမှုနှင့် လမ်းကြောင်းကို ကောင်းစွာခံစားနိုင်ခဲ့သည်။
“ရေခဲ.....”
လန်ရွမ်းယု အော်လိုက်သည်။
ငွေပြာမြက်ပတ်လည်ရှိ ရေစက်များသည် ချက်ချင်း အေးခဲသွားကာ ရေခဲလုံးများအဖြစ်ပြောင်းသွားခဲ့သည်။
“ဝါး ပျော်စရာကြီး!”
“ရေပြန်ပြောင်း......”
လန်ရွမ်းယု ထပ်အော်လိုက်သည်။
ထို့နောက် ရေခဲလုံးများသည် ရေစက်များအဖြစ်သို့ တစ်ဖန်ပြောင်းသွားပြန်သည်။
“သူတို့ကို မင်းလက်မောင်းမှာ လည်ပတ်ထားလိုက်၊ ဘယ်လိုခံစားရလဲ”
လန်ရှောင်းက ပြောလိုက်သည်။
လန်ရွမ်းယုသည် သူ့အတွေးများကိုစူးစိုက်ပြီး
ရေလုံးများကို သူ့လက်မောင်းအား
ရစ်ပတ်စေလိုက်သည်။
ရေဓာတ်ကို ထိန်းချုပ်ရသည်မှာ ရွမ်းယုအတွက် ပျော်ရွှင်စရာပင်ဖြစ်သည်။
နန်ချိန်သည် ရွမ်းယုကို ဘေးမှ ကြည့်နေရင်း ထိတ်လန့်သွားသည်။ သူမကိုယ်တိုင်ကလည်း
ရေခဲဒြပ်စင်ကို အသုံးပြုသူဖြစ်သည့်အလျောက် သဘာဝအတိုင်း လေထဲတွင် ရွေ့လျားနေသော ရေဒြပ်စင်များကို ခံစားရနိုင်သည်။ ရေခဲသည် ရေဖြင့်ဖွဲ့စည်းထားသော်လည်း၊ သူမသည်
သူမ၏သားကဲ့သို့ ရေဓာတ်ကို ထိန်းချုပ်နိုင်စွမ်းမရှိပေ။ သူမသည် ကိုင်တွယ်နိုင်သည့်တစ်ခုတည်းသောအရာမှာ ရေခဲဒြပ်စင်မျှသာဖြစ်သည်။ သို့သော် လန်ရွမ်းယုသည် ရေနှင့် ရေခဲဒြပ်စင်များကြားတွင် လျင်မြန်စွာ ကူးပြောင်းအသုံးပြုနိုင်သည်။ ထို့ပြင် ထိုအရာသည် သူ၏ ပထမဆုံး ဝိညာဉ်စွမ်းရည်ဖြစ်သည်။
ဝိညာဉ်စွမ်းအား အားနည်းနေသေးသော်လည်း ထိန်းချုပ်နိုင်သည့် အကွာအဝေးနှင့် ရေဒြပ်စင်များနှင့် သူ၏ ဆက်သွယ်မှုမှာ လုံးဝအတားအဆီးမရှိပေ။
“သားလေး အနားယူတော့ ရပီ”
လန်ရှောင်းသည် သူ့သား၏အခြေအနေမှာ အနည်းငယ်ကွဲပြားသွားကြောင်း သူ၏ထင်မြင်ယူဆချက်ကို အတည်ပြုနိုင်ခဲ့သည်။
ရဲဖိန်၏ သိုင်းဝိညာဉ်ဖိအားများသည် ရွမ်းယုလေး၏ ခန္ဓာကိုယ်အတွင်းရှိ တစ်စုံတစ်ရာကို ဖွင့်ပေးလိုက်ပုံရသည်။
လန်ရှောင်းသည် လေ့ကျင့်ရေးအခန်းထဲမှာ ထွက်လာပြီးနောက် ခမောက်ပုံစံရှိသော ကိရိယာတစ်ခုကိုယူလာခဲ့သည်။
“သား ဖေဖေ မင်းရဲ့ ဝိညာဉ်စွမ်းအားကို နောက်တစ်ကြိမ် စမ်းသပ်ဦးမယ်”
Endend……..