← Chapters

အခန်း (၂၄+၂၅)

Vol. 2 Ch. 24+25

အခန်း (၂၄+၂၅)

Vol. 2 Ch. 24+25

လူသားတစ်ဦး၏ ဝိညာဉ်ရေးရာစွမ်းအားကို

ရှေးရှေးကတည်းက စက်ပစ္စည်းများဖြင့် တိုင်းတာနိုင်နေပြီဖြစ်သည်။ အထူးသဖြင့်

စွမ်းအားကြီးသောဝိညာဉ်မာစတာ၏ အစွမ်းသတ္တိကို စီရင်ဆုံးဖြတ်ရန် အရေးကြီးသောနည်းလမ်းတစ်ခုလည်းဖြစ်သည်။

ဝိညာဉ်ရေးရာစွမ်းအားကို အဆင့်များခွဲထားလေသည်။

ဝိညာဥ်မူလဘုံ...

ဝိညာဉ်ဆက်သွယ်ရေးဘုံ....

ဝိညာဉ်ပင်လယ်ဘုံ...

ဝိညာဉ်ချောက်နက်ဘုံ......

ဝိညာဉ်ဒိုမိန်းဘုံနှင့်.....

နတ်ဘုရားများသာရနိုင်သော ဒဏ္ဍာရီမူလအစဘုံ

တို့ဖြစ်သည်။

ဝိညာဉ်မူလဘုံသည် ဝိညာဥ်မာစတာများမွေးဖွားလာချိန်တွင် လူတိုင်းပိုင်ဆိုင်သည့် ကနဦးဝိညာဉ်ရေးရာစွမ်းအားဖြစ်သည်။ ၎င်းသည်

အဝါရောင်အဆင့်ရှိ စိတ်ဝိညာဉ်များကို စုပ်ယူနိုင်ပြီး အဝါရောင်ဝိညာဥ်ကွင်းနှစ်ကွင်းစုပ်ယူနိုင် သည်။

ဝိညာဥ်ရေးရာ အဆင့် 0 မှ 50 သည် ဝိညာဉ်မူလဘုံအဆင့်ဖြစ်သည်။

ယခင်စမ်းသပ်မှုအတွင်းတွင် လန်ရွမ်းယု ၏ဝိညာဉ်ရေးရာစွမ်းအားမှာ အဆင့်18 ဖြစ်သည်။ သာမာန်ဖြစ်သည်။

ယခင်ကလည်း ရေဒြပ်စင်များကို ကောင်းစွာ မထိန်းနိုင်ခဲ့သည့် အကြောင်းရင်းလည်း ထင်ရှားသည်။

လန်ရှောင်းတွေးလိုက်မိသည်။

သူ့သားသည် ယခုကဲ့သို့အသွင်ကူးပြောင်းမှုတစ်

ခု ဖြစ်ပေါ်လာသဖြင့် သူ၏ဝိညာဉ်ရေးရာစွမ်းအားသည်လည်း ပြောင်းလဲသွားနိုင်သည်။

လန်ရှောင်းသည် လန်ရွမ်းယု၏ဦးခေါင်းပေါ်တွင် ခမောက်ကိရိယာကို တင်လိုက်ပြီး စမ်းသပ်မှုကို စတင်လိုက်သည်။

“တီ.......!”

အဆင့် 50 ...

ထို့နောက် အဆင့် 62......

အဆင့် 18 မှ 62 အထိ ရွမ်းယု၏ဝိညာဉ်ရေးရာစွမ်းအားသည် 44ဆင့် မှတ်တိုးလာခဲ့သည်။

ရွမ်းယုသည် ယခုအခါဝိညာဥ်ဆက်သွယ်ရေးဘုံသို့ရောက်နေပြီဖြစ်သည်။

ထိုအဆင့်တွင် အဝါရောင်စိတ်ဝိညာဉ်နှစ်ခု သို့မဟုတ် ခရမ်းရောင်စိတ်ဝိညာဉ်တစ်ခုကို စုပ်ယူနိုင်လေသည်။ နန်ချိန်နှင့် လန်ရှောင်းတို့၏

ဝိညာဉ်ရေးရာစွမ်းအားများသည်

ဝိညာဉ်ပင်လယ်ဘုံတွင်တည်ရှိနေသည်။

အဆင့် 50 မှ 500 ၏ဝိညာဉ်ရေးရာစွမ်းအားသည် ဝိညာဉ်ဆက်သွယ်ရေးဘုံဖြစ်သည်။ ဝိညာဥ်မာစတာအများစုသည် ဤအဆင့်တွင်သာ ရှိသေးသည်။

နန်ချိန်သည် ဝိညာဉ်ဆက်သွယ်ရေးဘုံသို့ အသက် 20 နှစ်အရွယ်တွင်ရောက်ခဲ့သည်။

လန်ရွမ်းယုတော့......

‘သူ့ ရေဓာတ်တွေအပေါ် ဒီလောက် ထိန်းချုပ်ထားနိုင်တာ မဆန်းပါဘူး။’

နန်ချိန်တို့သည် ရွမ်းယုရဲ့ဝိညာဉ်ရေးရာစွမ်းအားများ တိုးလာသည်ကို သူတို့ရဲ့သားဖြစ်သူကို မသိစေခဲ့ပါ။ သူ့ကို သိပ်အများကြီး မပြောပြထားတာ ပိုကောင်းသည်ဟု ခံယူခဲ့သည်။

“ဖေဖေ၊ ဒီနေ့ စာမေးပွဲမှာ သား တော်တော်ကောင်းကောင်းအောင်ဖြေခဲ့တယ်။ သားတို့ရဲ့ သဘောတူညီချက်ကို မမေ့နဲ့ဦး”

လန်ရွမ်းယုသည် သူ့အတွက်အလွန်အရေးကြီးသောကိစ္စရပ်ကို ရုတ်တရက် သတိရသွားသည်။

“ဖေဖေ အဲဒါကို မေ့မှာမဟုတ်ပါဘူး။ အမှန်တော့ အဖေက လေယာဥ်လက်မှတ်တွေကို လွန်ခဲ့တဲ့ သုံးလလောက်ကတည်း ဝယ်ပြီးသွားပြီ။”

လန်ရှောင်း ပြုံးကာပြောလိုက်သည်။

စာမေးပွဲများ ပြီးသွားသော ရလဒ်များကိုကြေညာခဲ့သည်။ ထုံးစံအတိုင်း ရွမ်းယုသည် ပထမရခဲ့သည်။

“ကျေးဇူးပါ ဖေဖေ!” လန်ရွမ်းယု စိတ်လှုပ်ရှားစွာ ခုန်လိုက်သည်။

ကျောင်းသို့နောက်ဆုံးနေ့သွားတွေ့သောအခါ ရဲလင်းတုံသည် အရင်နေ့က ကိစ္စများအတွက် တောင်းပန်ခဲ့သည်။ သို့သော် ရွမ်းယုကစိတ်ထဲမ

ထားပေ။

“ကျောင်းပိတ်ရက်ဆိုတော့ ကျောင်းပြန်တက်မှတွေ့ကြတာပေါ့” လန်ရွမ်းယုသည် ရဲလင်းတုံကိုနှုတ်ဆက်ကာ အိမ်ပြန်သွားခဲ့သည်။

လန်ရှောင်းနှင့်နန်ချိန် တို့သည် အပန်းဖြေခရီးအတွက် လက်မှတ်များကို အချိန်အတော်ကြာ ကြိုတင်မှာယူထားကြသည်။ သူတို့အတွက် ခရီးထွက်ဖို့မှာ ရှားရှားပါးပါး အခွင့်အရေးဟု ယူဆထားကြသည်။ သူတို့ ငယ်စဉ်အခါက သူတို့သည် မိခင်ဂြိုလ်ပေါ်တွင် နေထိုင်ခဲ့ကြပြီး အိမ်ထောင်ပြုပြီးနောက်မှာတော့ ကောင်းကင်ဘုံဂြိုလ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ သူတို့သည်

ကောင်းကင်ဝိညာဥ်ဂြိုလ်သို့ တစ်ခါမှ မရောက်ဖူးပေ။

လူသားများ ပြောင်းရွှေ့နေထိုင်ရန် ပထမဆုံးရွေးချယ်ခဲ့သည့် ဂြိုဟ်ဖြစ်သောကြောင့်၊ ၎င်းသည် လူသားတို့၏သမိုင်းအတွက် အရေးပါလှ

သည်။

“မေမေ၊ သားတို့ အာကာသယာဉ်ထဲမှာ ထိုင်ရတော့မှာလား” လန်ရွမ်းယု စိတ်လှုပ်ရှားစွာမေးလိုက်သည်။

နန်ချိန်က သူ့သားကို ကြည့်ပြီး တခစ်ခစ်ရယ်ကာ “ကောင်ဆိုးလေး.... ဒီမေးခွန်းကို မေးတာ ခြောက်ကြိမ်မြောက်ရှိပြီနော်.. ဟုတ်ပါ့ ဟုတ်ပါ့..

အမေတို့ မကြာခင် အာကာသယာဉ် ထဲမှာ ထိုင်ပြီး ကျယ်ပြောလှတဲ့အာကာသကြီးကိုမြင်ရတော့မှာ”

“ဟုတ် ဟုတ် အရမ်းကောင်းတယ်!”

ရွမ်းယုလေး အားရပါးရ အော်လိုက်သည်။

လန်ရှောင်းသည် နောက်ပြန်လှည့်ပြီး သူ့သားကို ချစ်မြတ်နိုးစွာတစ်ချက်ကြည့်လိုက်မိသည်။ သူကြီးပြင်းလာသည်နှင့်အမျှ လန်ရွမ်းယုသည် အလွန်ချစ်စရာကောင်းသော ကလေးလေးမှ

မိန်းမပျိုများရဲ့အသည်းစွဲအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် သူ့မျက်လုံးကြီးများ.....

လန်ရွမ်းယု အသက်ကြီးလာသည်နှင့်အမျှ သူ၏အနက်ရောင်မျက်လုံးတစ်စုံသည် ခရမ်းရောင်အစင်းကြောင်းများ ဖုံးလွှမ်းလာသည်မှာ ထင်ရှားသည်။ ဘယ်ရောက်နေပါစေ လူတိုင်း သဘောကျမည့် သူတစ်ယောက်ရဲ့ အသွင်အပြင်ဖြစ်သည်။

ကျီလောမြို့......

လေကြောင်းအခြေစိုက်စခန်း.....

ကောင်းကင်ဝိညာဥ်ဂြိုလ်သို့ပို့ဆောင်မည့် အာကာသယာဉ် ရောက်ရှိလာသည်။

“ဝါး! မေမေ၊ အဲဒါ အာကာသယာဥ်လား”

အာကာသယာဥ်များကိုမြင်သောအခါ လန်ရွမ်းယု

သည် စိတ်လှုပ်ရှားစွာ ခုန်လိုက်မိသည်။

နန်ချိန်က

“တိုးတိုး ရွမ်းယု.... မင်းရဲ့အသံကို လျှော့ဦး.... တခြားသူတွေကို နှောင့်ယှက်သလိုဖြစ်မယ်.....”

“ဟုတ် ဟုတ်... ဒါပေမယ့် မေမေ၊ အဲဒီအာကာသယာဥ်တွေလား.....”

ရွမ်းယုက တိုးတိုးလေးမေးနေသေးသည်။

အာကာသယာဉ်များသည် အရွယ်အမျိုးမျိုးရှိသည်။ လူသားများသည် အာကာသာထဲသ်ု့ခရီးသွားနိူင်သည်အထိတိုးနေတက်ပြီဖြစ်သည်။

“ဟုတ်တယ် သားလေး... အဲဒါတွေက အာကာသယာဥ်တွေ.. အသစ်ထွက်လာတဲ့ အာကာသာယဥ်အသစ်တွေဖြစ်လိမ့်မယ်....”

လန်ရှောင်းက ရှင်းလင်းပြောကြားခဲ့သည်။

“ဖေဖေ၊ အရမ်းကောင်းတယ်! သား

ကြီးလာတဲ့အခါ အာကာသာယာဥ် မောင်းချင်တယ်၊ ရလား....” ရွမ်းယုသည် အဆုံးမရှိသော စိတ်လှုပ်ရှားမှုများဖြင့် လန်ရှောင်း၏ အင်္ကျီစကိုအခါခါ ဆွဲကာပြောလိုက်သည်။

လန်ရှောင်းက ပြုံးပြီး

“အာကာသယာဥ် မောင်းဖို့ဆိုတာ မလွယ်ဘူး။ သား ခက်ခက်ခဲခဲ လေ့လာပြီး ကောလိပ်မှာ အာကာသယာဥ်ဌာနရဲ့ စာမေးပွဲတွေကို အောင်ဖို့ လိုလိမ့်မယ်....”

လန်ရွမ်းယု သည် ကြီးမားသော ဖန်သားပြင်ပေါ်ရှိ အာကာသယာဥ်မျကို အကြာကြီး စိုက်ကြည့်နေခဲ့သည်။ အာကာသယာဥ်များသည် အလွန်ဆွဲဆောင်မှုရှိပြီး အထူးသဖြင့် အာကာသယာဥလများပေါ်တွင် တဖျပ်ဖျပ်ခတ်နေသော သတ္တုသေနတ်များ........

ထောင်ပေါင်းများစွာသော ကျည်များကို ထုတ်လွှတ်သည့် အံ့မခန်းမြင်ကွင်းကို စိတ်ကူးကြည့်နိုင်သည်။

“သွားကြရအောင်။ ငါတို့နောက်ကျလို့မရဘူး၊ မဟုတ်ရင် အာကာသယာဉ်ပေါ်တက်နိုင်မှာမဟုတ်ဘူး” နန်ချိန် က သူ့သားကို လက်ဆွဲကာခေါ်သွားခဲ့သည်။

“ဟုတ်” လန်ရွမ်းယုက ပြုံးကာ ပြန်ဖြေလိုက်သည်။

မိသားစု ၃ ယောက် ခရီးသွားလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ လုံခြုံရေးစစ်ဆေးမှု သုံးခုကို ပြုလုပ်ခဲ့ရသည်။

ဧရာမဖန်သားပြင်ကြီးမှတဆင့်၊ လန်ရွမ်းယု သည် အဝေးမှ အာကာသယာဉ်ကြီးတစ်ခုကိုတွေ့လိုက်ရသည်။

“ဟုတ်တယ်၊ အဲဒါ အဖေတို့တက်မယ့် အာကာသယာဉ်ပဲ” လန်ရှောင်းသည် ရွမ်းယုရဲ့မေးခွန်းကို ကြိုတွေးမိတာကြောင့် ချက်ချင်းဖြေဖျောက်လိုက်သည်။

“ကောင်းလိုက်တာ! အရမ်းကြီးတာပဲ။”

လန်ရွမ်းယု၏ စိတ်လှုပ်ရှားမှုသည် အမြင့်ဆုံးတွင်ရောက်နေသည်။

မိသားစု ၃ ယောက်သည် အာကာသယာဉ်ပေါ်သို့ တက်ခဲ့ကြသည်။

ပျမ်းမျှလစာဖြင့် သာမန်လူတန်းစားတစ်ယောက်သည် အာကာသယာဉ်စီးရန် မဖြစ်နိုင်ပေ။

လန်ရှောင်းနှင့် နန်ချိန်တို့အတွက်ကတော့ ငွေကုန်ကြေးကျများသော်လည်း တတ်နိုင်သည့်အထဲတွင်ပါသေးသည်။

သို့သော်လည်း သူတို့သည် အနိမ့်ဆုံးအဆင့်ထိုင်ခုံတွင်သာ ထိုင်ကြသည်။

“အဖွဲ့ချုပ်ရဲ့ 7703 အာကာသယာဉ်ပေါ်မှ ကြိုဆိုပါတယ်။ ကျွန်တော်တို့ရဲ့ ခရီးစဥ်မှာ စိတ်သက်သာရာမှုနှင့် ပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဆက်လက်၍ ဧည့်သည်တော်များ လိုက်နာရန်အဓိကအချက်အချို့ကို တင်ပြပါမယ်”

ထို့နောက် အာကာသယာဉ်တစ်ခုလုံးစီသို့ ချိုမြိန်သောအသံကို ထုတ်လွှင့်ခဲ့သည်။

Endend………

All Chapters