Chapters

အခန်း (၂၆)

Vol. 2 Ch. 26

အခန်း (၂၆)

Vol. 2 Ch. 26

“ပျံသန်းမှုဟာ အတော်လေး အချိန်ရှည်လျားပြီး အန္တရာယ်လည်း အတိုင်းအတာတစ်ခုအထိ ရှိပါတယ်။ အဲ့တာကြောင့် ကျွန်တော်တို့ရဲ့ ဦးတည်ရာကို ဘေးကင်းစွာ ရောက်ရှိရန်အတွက် ကျွန်တော် တို့ အာကာသယာဥ်အဖွဲ့သားများနှင့် ပူးပေါင်းဆောင်ရွက်ရန် ခရီးသည်များအားလုံး လိုအပ်မှာဖြစ်ပါတယ်”

“ထိုင်ခုံနှစ်ဘက်စလုံးမှာ သတ္တုထိုင်ခုံခါးပတ်တွေရှိပါတယ်။ အတက်အဆင်း လုပ်စဉ်တွင် ၎င်းတို့က အလိုအလျောက် သောခတ်သွားမှာပါ။ အချက်ပြပါလိမ့်မယ်။ မထိတ်လန့်ပါနဲ့။ တစ်ချိန်တည်းမှာပဲ၊ ထွက်ခွာခြင်းနှင့် ဆင်းသက်ခြင်းတို့ပြုလုပ်နေစဥ်မှာ မထိတ်လန့်ပါနဲ့... နေထိုင်မ

ကောင်းဖြစ်ပါက ညာဘက်ခြမ်းရှိ အစိမ်းရောင်ခလုတ်ကို နှိပ်ပါ။ ခရီးသည်များကို ချက်ချင်း ကူညီပေးပါမယ်။”

သတိပြုရမည့်ကိစ္စတိုင်းကို ရှင်းလင်းစွာရှင်းပြခဲ့သည်။

“ဝိညာဥ်မာစတာများ... အာကာသယာဉ်အတွင်းတွင် လေ့ကျင့်ဖို့ လိုအပ်ပါက တခြားခရီးသည်များကို အနှောင့်အယှက်မဖြစ်စေရန် ထိုင်ခုံရှိ အကာအကွယ်အဖုံးကိုဖွင့်လိုက်ပါ။

ခန္တာကိုယ်မထိခိုက်စေရန်အတွက် ယာဥ် အတက်အဆင်းတွင် အဆင့်များ ဖြတ်ကျော်ခြင်းမှ ရှောင်ကြဉ်ပါ။”

ထုတ်လွှင့်မှုသည် ဆယ်မိနစ်ခန်ကြာခဲ့သည်။ အာကာသယာဉ်တွင် အဆင့်များစွာရှိပုံရပြီး ရွမ်းယုတို့သည် အနိမ့်ဆုံးအဆင့်ဖြစ်သည်။ ကုန်ကျစရိတ်သည် အဆင့်တစ်ခုစီတွင် ငါးဆတိုးလာသည်။ ဇိမ်ခံထိုင်ခုံတစ်ခုသည် သာမန်ထိုင်ခုံ

ထက် အဆတစ်ရာကျော်ပိုများသည်ဟု ဆိုကြသည်။

စတင်ပျံတက်ခြင်း.........

ဝူးးးးး....ဝူးးးးး......ဝူးးးးးး....

“ဖူးးးးးး-“ ရွမ်းယုသည် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ ယခုအချိန်တွင် သူသည်အပြင်ဘက်ရှိနေရာများကို လှမ်းကြည့်နိုင်ပြီဖြစ်သည်။

လောလောဆယ်တွင် သူမြင်နေရသည်မှာ ကြီးမားသော တိမ်တိုက်ကြီးတစ်ခုဖြစ်သည်။

“မေမေ..... အာကာသယာဉ် ပျံတက်ချိန်မှာ နည်းနည်းတော့ ကြောက်စရာ ကောင်းတယ်။ သား အမေ့နားလာလို့ရမလား......”

ရွမ်းယုသည် အရှိန်ဖြင့်စတင်ပြန်သန်းနေသောအာကာယာဥ်ကြောင့် နည်းနည်းလန့်လာမိသည်။

ထို့နောက် နန်ချိန်နားသို့သွားကာ သူ့အမေရဲ့ ရင်ခွင်ထဲတွင် ခေါင်းများ တဆတ်ဆတ် တုန်နေလေသည်။

နန်ချိန်သည် ရွမ်းယု၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ လန်ရှောင်းလည်း မပြုံးနိုင်ဘဲ မနေနိုင်။

‘ဒီကလေးက ဘယ်ကလာပါစေ၊ သူက ငါနဲ့ နန်ချိန် ရဲ့သားပဲ! ဟုတ်တယ်၊ သူက ငါတို့သားပဲ၊ ဘယ်သူမှ သူ့ကို နာကျင်အောင်မလုပ်ရဘူး..

ဘယ်သူမှ မယူသွားရဘူး။ ငါ သူ့ကို ဘာပဲဖြစ်ဖြစ် ကာကွယ်မယ်။’

လန်ရှောင်း တွေးနေမိသည်။

“ ခရီးသွားတာက ဒီလိုပါပဲ။ ဒါကိုကြောက်ရင် ကြီးလာရင် လေယာဉ်မှူး ဘယ်လိုဖြစ်လာမလဲ။”

လန်ရှောင်းရယ်လိုက်သည်။

“မကြောက်ပါဘူး၊ သား လေယာဉ်မှူးဖြစ်ချင်တယ်” လန်ရွမ်းယုသည် သူ့မျက်နှာပေါ်တွင်

ပြတ်ပြတ်သားသား အမူအရာဖြင့် ကျောကို တည့်မတ်စွာ ဆန့်တန်းထားရင်းပြောလိုက်သည်။

“ကောင်းပါပြီ! အဲ့တာဆို သားကြိုးစားအားထုတ်ရမယ်။ ပထမဦးဆုံး ကျောင်းမှာ အမှတ်ကောင်းကောင်းရအောင်လုပ်ရမယ်။ အဲ့တာမှ ဖေဖေက အာကာကယာဥ်ဆိုင်ရာကျောင်းတစ်ခုကိုပို့ပေးမှာ”

“ဟုတ်!”

ခရီးသွားခြင်းသည် ခုနှစ်ရက်ခန့် ကြာမည်ဖြစ်သည်။

ပထမနေ့တွင် ရွမ်းယုသည် နေရာတိုင်းကို လှည့်ပတ်ကြည့်ရှုရင်း စိတ်လှုပ်ရှားပြီး စိတ်ဝင်စားနေသေးသည်။

“ဖေဖေ၊ မေမေ၊ သားအရမ်းပျင်းတယ်”

“ပျင်းရင် တရားထိုင်ပါ။ အာကာသယာဉ်မှူး မဖြစ်ချင်ဘူးလား။ “ နန်ချိန်က ပြောသည်။

“ဟုတ်.....” ရွမ်းယုသည် သူ့ထိုင်ခုံသို့ ပြန်သွားပြီး အကာအကွယ်အဖုံးကို ဖွင့်လိုက်သည်။ ထို့နောက် လန်ရွမ်းယုသည် တရားထိုင်ရန် ကြိုးစားခဲ့သည်။

အကာအကွယ်အဖုံးသည် ဆူညံသံအများစုကို တားစီးနိုင်သည်။

လန်ရွမ်းယုသည် လျှို့ဝှက်ဆန်းကြယ်ကောင်းကင်နည်းလမ်းကျမ်းဖြင့် တရားထိုင်ခြင်း အခြေအနေကို အလွန်လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။

သူ့စိတ်တွင် ဗလာဖြစ်နေပြီး သူ့ရဲ့ဝိညာဉ်စွမ်းအားများကလည်း လွတ်လွတ်လပ်လပ် လှုပ်ရှားနေသည်။ တခဏလေးအတွင်းမှာပဲ လန်ရွမ်းယုသည် အပြင်မှ အလင်းအစက်များစွာက သူ့အားဝန်းရံထားသည်ကို ခံစားလိုက်ရသည်။ ငွေရောင်အလင်းစက်များဖြစ်သည်။

Endend…….