← Chapters

အခန်း (၂၇)

Vol. 2 Ch. 27

အခန်း (၂၇)

Vol. 2 Ch. 27

အရင်တုန်းကတော့ လန်ရွမ်းယု တရားထိုင်နေစဥ်တွင် အပြာရောင်အလင်းတန်းများကိုပဲ ခံစားရသည်။ ဤငွေရောင်အလင်းတန်းများမှာ ပထမဆုံးအကြိမ် ပေါ်လာခြင်းဖြစ်သည်။

ဤငွေရောင်အလင်းတန်းများသည် သူနှင့် အလွန်ရင်းနှီးလွန်းနေသည်။

ဒီငွေရောင်အလင်းလုံးတွေက ဘာတွေလဲ.....

သူသည် အချိန်အတော်ကြာ တရားထိုင်ခဲ့ပြီး

နိုးလာသောအခါတွင် ရွမ်းယုသည်ခြောက်နာရီကြာ တရားထိုင်ခဲ့ကြောင်း နန်ချိန်က ပြောပြခဲ့သည်။

“မေမေ၊ ငွေရောင်အလင်းတန်းတွေ အများကြီးတွေ့တယ်။ အဲ့ဒါတွေကဘာလဲ?”

လန်ရွမ်းယုက နန်ချိန်ကို မေးသည်။

“ငွေရောင်အလင်းတန်းတွေ? အာကာသဒြပ်စင်တွေကို မင်းခံစားခဲ့ရတာလား?”

နန်ချိန်သည် ဝိညာဉ်ဧကရာဇ်အဆင့်တွင် ရှိနေသောကြောင့် ငွေရောင်အလင်းတန်းများက ဘာကိုဆိုလိုသည်ကို သူမ သိသည်။ သူမသည် ရေခဲဒြပ်စင်ကို ထိန်းချုပ်သူဖြစ်ပြီး သူမ၏သားသည် ရေဓာတ်ကို ထိန်းချုပ်သူဖြစ်သည်။ ယုတ္တိဗေဒအရပြောရလျှင် ရွမ်းယုသည် အာကာသဒြပ်စင်များကို မခံစားနိုင်သင့်ပေ။

“အဲဒီအာကာသဒြပ်စင်တွေလား?” လန်ရွမ်းယု က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

နန်ချိန်က ခေါင်းညိတ်ပြီး

“ဟုတ်တယ်၊ ငွေရောင်က အာကာသဒြပ်စင်တွေ

ကို ကိုယ်စားပြုတယ်။ တကယ်တော့ အာကာသထဲမှာရှိတာ အာကာသ ဒြပ်စင်တွေပဲ။ အဲ့တာကြောင့်၊ အာကာသဒြပ်စင်အမျိုးအစားနဲ့ သက်ဆိုင်တဲ့ ဝိညာဉ်မာစတာတွေက

အာကာသထဲမှာ ကျင့်ကြံလေ့ရှိတယ်။ သူတို့ကလေယာဉ်မှူးဖြစ်လာဖို အခွင့်အလမ်းပိုများတယ်။ ငါ့သားက ဒီလိုလည်း အရမ်းထူးချွန်ပုံရတယ်။”

“တကယ်လား? အဲ့ဒါဆို သားလည်း အာကာယာဥ်ပိုင်းလော့ ဖြစ်နိုင်တယ်ပေါ့!”

……….

ငြီးငွေ့စရာကောင်းတဲ့ ခရီးစွတွင် ခရီးသည်များကို ဖျော်ဖြေရန် သတင်းများ၊ ရုပ်ရှင်များ၊ ရုပ်မြင်သံကြား အစီအစဉ်များ ရှိသည်။

“ဖေဖေ ဘာကြည့်နေတာလဲ”

ရွမ်းယုသည် လန်ရှောင်းဆီသို့ ခေါင်းလှည့်လိုက်သည်။

“ဖေဖေ သတင်းကြည့်နေတာ! မိခင်ဂြိုလ်အကြောင်းပါ။ ဒီလိုမျိုး အခွင့်အရေးမျိုး ကျွန်တော်တို့ ရခဲပါတယ်”

“အော်” လန်ရွမ်းယုလည်း သူ့အဖေနှင့်အတူလိုက်ကြည့်လိုက်သည်။ ဖန်

“မင်း အဲ့ဒါကို စိတ်ဝင်စားနေတာလား အဲ့ဒါက နာမည်ကြီးစတားတစ်ယောက်ရဲ့ သတင်းစာရှင်းလင်းပွဲ မဟုတ်လား”

နန်ချိန်က ဖန်သားပြင်ကို ကြည့်ကာပြောလိုက်သည် ။

ဖန်သားပြင်ပေါ်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု၏ သတင်းများပေါ်လာသည်။

“ရှင်းထျန်းမီဒီယာ က အနုပညာရှင်အသစ် ထန်လီ နဲ့ စာချုပ်ချုပ်တော့မယ်လို့ မကြာသေးမီက ကြေညာခဲ့ပါတယ်။ မန်နေဂျာကတော့ လီချင်းလင်ဖြစ်ပါတယ်။ ရှင်းထျန်းမီဒီယာက ဒီကြယ်ပွင့်အသစ်ကို ငွေအမြောက်အမြား

သွန်းလောင်းဖို့ အတွင်းပိုင်းမှာ ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိထားပါတယ်။ ဒီအချက်ကို သက်သေပြဖို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲလုပ်ထားတာပါ”

ရှင်းထျန်းမီဒီယာသည် ရုပ်ရှင်များ၊ ရုပ်မြင်သံကြား၊ ဂီတနှင့် နယ်ပယ်အသီးသီးတွင် ပျံ့နှံ့နေသော မိခင်ဂြိုလ်၏ အကြီးဆုံးမီဒီယာအုပ်စုများထဲမှ တစ်ခုဖြစ်သည်။ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အနုပညာရှင်များကို စီမံခန့်ခွဲခြင်းနှင့် အခြားသော လှုပ်ရှားမှုများတွင်လည်း ပါဝင်လုပ်ကိုင်ကြသည်။ ၎င်းတို့သည် မိခင်ဂြိုလ်ပေါ်တွင် အကြီးမားဆုံး အနုပညာကုမ္ပဏီလည်း ဖြစ်သည်။

ပုံရိပ်များပြောင်းသွားကာ လူအုပ်ကြီး ထွက်လာခဲ့သည်။ ဦးဆောင်သူမှာ ချောမောလှပသော မိန်းကလေးတစ်ဦးဖြစ်သည်။ သူမသည် လှပသော်လည်း ရိုးရိုးရှင်းရှင်း အဝတ်အစားကိုသာ ၀တ်ထားသည်။ အလွန်အရပ်ရှည်သော အမျိုးသားတစ်ဦးသည် သူမ၏နောက်မှာ လိုက်လာသော်လည်း ကြယ်ရောင်အလင်းအမှုန်အမွှား

များက ထိုအမျိုးသားကို ဖုံးအုပ်ထားသောကြောင့် ထိုသူ၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။ အခြား ဝန်ထမ်းအချို့လည်း ရှိသေးသည်။

“သတင်းစာရှင်းလင်းပွဲကို တရားဝင်စတော့မယ်။ အားလုံးပဲမင်္ဂလာပါ၊ ကျွန်တော်က တုံ့လော်ခရိုင်ရဲ့ ရှင်းထျန်းမီဒီယာ၏ စီအီးအို ဖြစ်ပါတယ်။ ဒီနေ့ ဒီသတင်းစာရှင်းလင်းပွဲကို ဘာကြောင့်ကျင်းပရသလဲဆိုတဲ့ အကြောင်းကို ဒီက သတင်းထောက်အများစုက သတင်းရထားပြီးသားဆိုတာတော့ သေချာပါတယ်”

ပိန်ထျန်းဟုန်သည် အသက်လေးဆယ်ကျော်အရွယ် လူလတ်ပိုင်းတစ်ဦးဖြစ်သည်။

ထိုလူသည် ဖျော်ဖြေရေး အသိုင်းအဝိုင်းတွင် အထူးနာမည်ကြီးပြီး လူသိများသည်။

ပိန်ထျန်းဟုန် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“ ဒီနေ့ အဓိကကြေညာချင်တာကတော့

ရှင်းထျန်းမီဒီယာရဲ့ စီအီးအိုအနေဖြင့် ကျွန်တော်က ဒီက စူပါစတား ထန်လီကို ရှင်းထျန်းသို့တရားဝင်ခေါ်ခဲ့ကြောင်းကြေငြာချင်တာပါပဲ။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ပထမဆုံး သီချင်းခွေကို

နောက်တစ်လအကြာ ထုတ်ဝေမှာဖြစ်ပြီး ဝိညာဉ်သားရဲဂြိုလ်နှစ်ခုကလွဲလို့ ဖယ်ဒရယ်ဂြိုလ်အားလုံးမှာ တစ်ချိန်တည်းထွက်ရှိမှာဖြစ်ပါတယ်။”

ကြေငြာချက် ပြီးသည်နှင့် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ဘာကိုဆိုလိုတာလဲ..... အရမ်းရှင်းပါတယ်....

ဤသည်မှာ ရှင်းထျန်းမီဒီယာမှ နာမည်ကြီးများကိုသာ လုပ်ဆောင်ပေးသောအရာဖြစ်သည်။အားလုံးသည်လည်း နိုင်ငံတကာ စူပါစတားများဖြစ်သွားခဲ့သည်။

ထို့ကြောင့်၊ ရှင်းထျန်းမီဒီယာသည် ဤလူသစ်အတွက် အရင်းအမြစ်များစွာ အမှန်တကယ်သွန်းလောင်းနေသည်မှာ ရှင်းသည်။

သတင်းထောက်တွေအားလုံးကလည်း

ဒီအသစ်ရောက်လာသော စတားမှာ ဘယ်လောက်တောင် ထူးထူးခြားခြားဖြစ်နေလို့လဲဆိုတာ သိချင်လာသည်။

နန်ချိန်က “ရှင်းထျန်းမီဒီယာ ရူးနေတာလား...

လူသစ်တစ်ယောက်အတွက် ဒီအတိုင်းအတာအထိ သွားမလို့လား”

လန်ရှောင်း ပြုံးလိုက်သည်။

“ဒါဟာ ကျိုးကြောင်းဆီလျော်ပါတယ်။ ဒီလိုလုပ်လေ၊ ဒီအသစ်ထွက်လာမယ့် ဒီလူသစ်ကို ပို အာရုံစိုက်လာမှာဖြစ်ပြီး လူတိုင်းက သီချင်းခွေ ထွက်လာဖို့ စောင့်မျှော်နေမှာပဲ။ နာမည်ကြီးဖို့က ပြဿနာမရှိတော့ဘူး။ ဒါ့ပြင် ဒီလူသစ်မှာထူးခြားမှုတစ်ခုခုရှိရမယ်။”

နန်ချိန်က အထင်အမြင်သေးစွာဖြင့်

“ဒီလို ယောက်ျားစတားတွေကို ငါမကြိုက်ဘူး။ ယောင်္ကျားလားမသိ မိန်းမလာမသိနဲ့ မျက်နာတွေ

က”

လန်ရှောင်း ရယ်လိုက်သည်။

“သိပါတယ် ငါ့လိုလူမျိုးကိုပဲ မင်းကြိုက်တာ ငါသိပါတယ်...ဟားဟား”

နန်ချိန် မျက်စောင်းထိုးလိုက်ကာ

“စိတ်ရှုပ်လိုက်တာဟယ်......”

လန်ရှောင်းဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။ “ဟားဟားးး”

……..

“စီအီးအို ပိန်၊ မစ္စတာ ထန်လီ ရဲ့ ပုံပန်းသဏ္ဍာန်ကို ငါတို့ကိုပြပေးပါ ကြည့်ရအောင်”

ပိန်ထျန်းဟုန် ပြုံးလိုက်သည်။

“ရပါတယ်၊ ဒီနေ့ သတင်းစာရှင်းလင်းပွဲရဲ့ ရည်ရွယ်ချက်ကလည်း ထန်လီကို လူတိုင်းနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဖို့ပါ။ ထန်လီ ကျေးဇူးပြုပြီ”

“အင်း.....” ထိုလူသည် ဖြည်းညှင်းစွာထရပ်လိုက်သော်လည်း နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ သူ့ရဲ့ ထူးခြားတဲ့ အသွင်အပြင်က လူတိုင်းရဲ့အာရုံကို ဆွဲဆောင်နိုင်ပုံရသည်။

ပိန်ထျန်းဟုန်လည်း သတင်းထောက်တွေရဲ့ တုံ့ပြန်မှုကို အရမ်းသဘောကျနေခဲ့သည်။ တကယ်တော့ သူကိုယ်တိုင်လည်း အရင်က ယခုလိုပင် အံ့အားသင့်သွားခဲ့ဖူးသည်။

Endend……..

All Chapters