← Chapters

အခန်း (၂၈)

Vol. 2 Ch. 28

အခန်း (၂၈)

Vol. 2 Ch. 28

ပိန်ထျန်းဟုန်သည် ဝန်ထမ်းတစ်ယောက်ကိုလှည့်ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်

ဝန်ထမ်းသည် သူ့၏လက်ပေါ်ရှိ ခလုတ်တစ်ခုကို ဂုဏ်ယူစွာ နှိပ်လိုက်ပြီး ထန်လီ ပတ်လည်ရှိ ကြယ်အလင်းရောင်အမှုန်များကို ဖယ်ရှားလိုက်သည်။

အရပ်ရှည်ရှည် သွယ်လျတဲ့ အမျိုးသားမှာ သူ့ရဲ့အသွင်အပြင်ကို နောက်ဆုံးတွင် ထုတ်ဖော်ပြ လိုက်သည်။

…

လန်ရှောင်း၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပျောက်

ကွယ်သွားသည်။ နန်ချိန်သည်လည်း ဖန်သားပြင်ကို အံဩသင့်စွာစိုက်ကြည့်နေသည်။ သတင်းစာရှင်းလင်းပွဲတွင်လည်း သတင်းထောက်အားလုံး နှုတ်ဆိတ်နေခဲ့သည်။

ထိုလူသည် အပြာရောင်နှင့် အဝါရောင် ရောစပ်ထားသောဝတ်စုံဖြင့် ထိုနေရာတွင် ရိုးရိုးရှင်းရှင်း ရပ်နေခဲ့သည်။ ထိူလူတွင် ရိုးရှင်းသော အပြာရောင်ဆံပင်တိုတိုရှိပြီး နဖူးအထိ ဖုံးအုပ်ထားသည်။ ထို့အပြင် သူသည် မည်သည့်ခွဲစိတ်မှုကိုမှ မပြုလုပ်ခဲ့ပုံရသည်။ သူ့မျက်နှာတွင် ဘာမိတ်ကပ်မှ မလိုအပ်ပေ။

သူ၏ အပြာရောင်မျက်လုံးများ......

သတင်းထောက်များ အထူးသဖြင့် အမျိုးသမီး သတင်းထောက်များကို လုံး၀ စွဲဆောင်နေပြီဖြစ်သည်။

“ပြီးပြည့်စုံလွန်းတယ်”

“အားလုံးပဲမင်္ဂလာပါ၊ ကျွန်တော်က ထန်လီပါ”

ထန်လီသည် သတင်းထောက်များကို ခေါင်းညိတ်ပြပြီး ပြန်ထိုင်လိုက်သည်။

သူ့အသံသည် အေးဆေးတည်ငြိမ်နေပြီး လူတိုင်းရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပြန်သည်။

“အားးးးး” သတင်းထောက်များ ဖရိုဖရဲဖြစ်သွားသည်။

“ထန်လီ၊ ထန်လီ၊ အသက် ဘယ်လောက်ရှိပြီလဲ”

“ထန်လီ၊ မင်းက အရမ်းချောတယ်။ မင်းရဲ့ fan ဖြစ်ချင်တယ်”

“ထန်လီ၊ ထန်လီ... မင်းမှာ ရည်းစားရှိလား”

“ထန်လီ…”

ခဏအကြာတွင် သတင်းထောက်များ၏ ပါးစပ်မှ မရေမတွက်နိုင်သော မေးခွန်းများ ထွက်ပေါ်လာသည်။မြေကြီး ကွဲလုမတတ် ဖြစ်သွားသည်။ သို့သော် ထန်လီသည် ထိုနေရာတွင် ငြိမ်သက်စွာထိုင်နေကာ သူ၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခြင်းမရှိပေ။

“ထန်လီ၊ မင်းကို ချစ်တယ်!”

ခဏအကြာတွင် ရာနှင့်ချီသော သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော သတင်းထောက်များ ထန်လီကို အရူးအမူးဖြစ်သွားကြသည်။

“မေမေ၊ အမေ အဆင်ပြေရဲ့လား”

လန်ရွမ်းယုသည် နန်ချိန်၏ လက်မောင်းကို ညင်သာစွာ ခါလိုက်သည်။

နန်ချိန်သည် ဖန်သားပြင်ကိုသာ စိုက်ကြည့်နေသည်။

လန်ရှောင်းကလည်း မထိန်းနိုင်တော့ပေ။

“ဟေး ဒီလောက်ဆို လုံလောက်ပြီ!”

နန်ချိန်သည် သတိပြန်ဝင်လာပြီး

“ဘာကိုလဲ?”

လန်ရှောင်းက

“ ယောင်္ကျားစတားတွေကိုမကြိုက်ဘူးလို့ပြောခဲ့တာ ဘယ်သူများပါလိမ့် ချယ်လှယ်တဲ့ခေါင်းအုံးအကြောင်းပြောနေတဲ့”

နန်ချိန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ “ငါလား? ငါပြောခဲ့တာလား?”

နန်ချိန်သည် အနည်းငယ် စိတ်လှုပ်ရှားနေသော လေသံဖြင့်

“ဒါပေမယ့် သူ့ကို ကြည့်ရတာ ယောက်ျားပီသတယ်။ အဲ့တာပါပဲ ကျန်တာ ငါဂရုမစိုက်ပါဘူး!

သူ့ကိုကြည့်ကတာ တစ်ခုခုကို အရမ်းလွမ်းဆွတ်နေသလိုပဲ.... ဘယ်သူကမှ တားလို့မရဘူး.... အနာဂတ်မှာ သူက ငါ့ရဲ့ idol ပဲ”

“ကလစ်...!” လန်ရှောင်းသည် နောက်ဆုံးတွင် စခရင်ကို ပိတ်လိုက်သည်...

အာကာသယာဉ်သည် တည်ငြိမ်စွာ ဆက်လက်ပျံသန်းခဲ့သည်။

နောက်ဆုံးတွင် အာကာသယာဉ် 7703 သည်

ကောင်းကင်ဝိညာဥ်ဂြိုလ်၏ မြို့တော် ကောင်းကင်ဝိညာဥ်မြို့သို့ ဆင်းသက်ခဲ့သည်။

လန်ရွမ်းယုတို့သည် လေဆိပ်မှ ကားငှားကာမြို့ထဲသို့ဝင်ခဲ့သည်။

ကောင်းကင်ဝိညာဥ်ဂြိုလ်၏မြို့တော်အဖြစ်၊ ဤမြို့သည် ပထမဆုံးတည်ထောင်သည့်မြို့ဖြစ်သည်။

“မေမေ၊ သားတို့ဘယ်ကိုသွားနေတာလဲ”

ရွမ်းယုသည် သူ့အမေကို မေးလိုက်သည်။

နန်ချိန်သည် ဤခရီးစဉ်အတွက် ခရီးစဉ်လမ်းကြောင်းကို ကြိုတင်စီစဉ်ခဲ့သည်။ သူမက ပြုံးလိုက်ပြီး

“ငါတို့ ဟိုတယ်ကို အရင်သွားပြီး ဒီနေ့ အနားယူကြမယ်။ မနက်ဖြန်မှာ စပြီး လည်ကြမယ်...

ပထမဦးဆုံး ကောင်းကင်ဝိညာဥ်မြို့ရဲ့ပြတိုက်ကိုသွားမယ်။ Heaven Dou City ကိုသွားပါမည်။ ပထမဆုံး ပြီးရင် ကောင်းကင်ဝိညာဥ်မြို့ မှာရှိတဲ့ အကြီးဆုံးစျေးတန်းကို သွားမယ်။”

လန်ရှောင်း ရှိုက်ကြီးတငင် ပြုံးလိုက်သည်။ “စျေးတန်း? ငွေကုန်ကြေးကျ သက်သာအောင် လုပ်ပါဟ!”

နန်ချိန်က သူ့ကို မျက်စောင်းထိုးလိုက်သည်။ “ပိုက်ဆံက ငါတို့ပျော်ဖို့ထက်ပိုအရေးကြီးလား”

လန်ရှောင်းက ပခုံးတွန့်ပြီး

“မဟုတ်ပါဘူး။ ငါ့လစာက မင်းရဲ့ဟာပဲလေ။ ဒါ့ပြင် ဒါတွေအားလုံးက မင်းပိုင်တာပဲ။ မင်းရဲ့ငွေကို ဖြုန်းသလိုပဲဖစ်လိမ့်မယ်။ နောက်ပြီးမှ အိမ်ပြန်တဲ့အခါ ငါ့ကို ပွစိပွစီ မပြောနဲ့ “

နန်ချိန်က

“ငါတို့ အပြင်ထွက်ရတာ ရှားတယ်၊ နည်းနည်းလောက်မှ မဝယ်ရင် နှမြောစရာကြီး... နောက်ပြီး သားလေးအတွက် ၀တ်စုံတွေ ဝယ်ချင်တယ်။ သူက အရမ်းချောလာတယ်! သားသာအသက်ကြီးလာတဲ့အခါ သူ့ရဲ့ချောမောမှုက

ထန်လီကို ရှုံးမှာမဟုတ်ဘူးဆိုတာ သေချာတယ်!”

သူမပြောနေစဉ်တွင် ခေါင်းငုံ့ကာ လန်ရွမ်းယုကို ကြည့်လိုက်မိသည်။ ရုတ်တရက် သူမက အံ့သြတကြီးနဲ့

“ဟဲ့၊ လန်ရှောင်း.... ငါတို့သားလေး ထန်လီ နဲ့ ခပ်ဆင်ဆင်တူတယ်လို့ မထင်ဘူးလား။ မျက်လုံးနဲ့

ဆံပင်အရောင်က မတူတာကြောင့် အရင်က သတိမထားမိဘူး။ ဒါပေမယ့် သူတို့ရဲ့ မျက်နာတွေက ဆင်တယ်၊ ငါတို့သားရဲ့ မျက်နှာပုံစံက နည်းနည်းသေးပြီး သူ့မျက်လုံးတွေက ထန်လီထက် ပိုကြီးတယ်”

Endend

All Chapters