အခန်း (၂၉)
Vol. 2 Ch. 29
လန်ရှောင်းက မကျေမနပ်ဖြင့်
“မင်း အရူးမလား? နင် ထန်လီကို ရူးသွပ်သွားတယ်ဆိုရင်လည်း အသာနေပါ ငါတို့သားကို ဆွဲ မခေါ်ပါနဲ့ဟ”
နန်ချိန် ရယ်လိုက်မိသည်။
“သားနဲ့ ထန်လီနဲ့တူနေတာကိုတစ်ယောက်ယောက်က လက်မခံနိုင်ဘူးထင်တယ် ဟားဟား..”
လန်ရှောင်းက “ဘာကို လက်ခံရမှာလဲ။ သူက မိခင်ဂြိုလ်ကလေ.. ဘာလို့ငါတို့နဲ့ပက်သက်ပြီး
ငါ့သားနဲ့တူရမှာလဲ”
နန်ချိန်က ရီကာ “ မင်းနားမလည်ပါဘူး။
ဒါက မျှော်လင့်ချက်တစ်ခုပဲ။ ငါတို့သားက အရမ်းကိုကြည့်ကောင်းတာမို့ ထန်လီလိုသာ ပြင်ဆင်ပေးလိုက်ရင် အနာဂတ်မှာ သူလည်းစတားတစ်ယောက်ဖြစ်လာနိုင်တယ်။အနာဂတ်မှာ သူ့အပေါ် မိန်းမပျိုတွေ ဘယ်လောက်များများ ကြွေဆင်းမလဲမသိဘူး။ အဲဒါကို တွေးကြည့်ရုံနဲ့တင် အရမ်းပျော်နေပြီ။ ပြီးတော့ ငါလုပ်စရာရှိတာက ငါတို့ရဲ့ချွေးမကို အိမ်မှုကိစ္စကောင်းကောင်း ခိုင်းရမှာဘဲ ဟဲဟဲ...!”
“ကောင်းပြီ မင်းအနိုင်ပါတယ်။ မင်းက အရမ်း စိတ်ကူးယဥ်တာပဲ”
လန်ရှောင်းမတတ်သာစွာလက်လျော့လိုက်ရသည်။
…….
လန်ရွမ်ယုတို့မိသားစုသည် သာမာန်
စားသောက်ဆိုင်တစ်ခုသို့ ဝင်ကာခဏနားနေကြလေသည်။ ကောင်းကင်ဘုံဂြိုလ်ရှိအစားအသောက်များသည် မိခင်ဂြိုလ်..ကောင်းကင်ဝိညာဥ်ဂြိုလ်တို့နှင့် အနည်းငယ်ကွဲ ပြားလေသည်။ သို့သော် ကွာခြားချက်မှာ အလွန်ကြီးမားခြင်းမရှိပေ။
အနားယူပြီးနောက်...
မိသားစုသုံးယောက်သည် သူတို့၏ ပထမဆုံးခရီးစဉ်အဖြစ် ကောင်းကင်ဂြိုလ်ပြတိုက်သို့ သွားခဲ့ကြသည်။
ကောင်းကင်ဘုံဂြိုလ်သည် မိခင်ဂြိုလ်မှ ရွှေ့ပြောင်းနေထိုင်ရန်အတွက် ရွေးချယ်ခံရသော ပထမဆုံးတရားဝင်ဂြိုလ်ဖြစ်ပြီး အဖိုးတန်သမိုင်းဝင်ပစ္စည်းများနှင့် အချက်အလက်များစွာကို ရှိလေသည်။ သမိုင်းဝင် အရေးပါအရာရောက်လေသည်။
ကောင်းကင်ဘုံဂြိုလ သည် အလွန်ထူးခြားသော ဂြိုဟ်ဖြစ်သည်။
အရှေ့ဘက်ခြမ်းမှာ သမုဒ္ဒရာဖြင့် ဖွဲ့စည်းထားသည်။ ထူးဆန်းသည်မှာ သမုဒ္ဒရာ၏ အချို့နေရာများတွင် ရေငန်ရှိပြီး အချို့တွင် ရေချိုများရှိသည်။ ရေအရည်အသွေးသည်လည်း အတော်လေးကောင်းမွန်သည်ဟု ယူဆရသည်။
ဂြိုလ်၏အနောက်ဘက်ခြမ်းသည် ကုန်းမြေများဖြင့် ပြည့်နှက်နေပြီး မြစ်များလည်းရှိသည်။
ကောင်းကင်ဘုံဂြိုလ်သည် သတ္တုသံယံဇာတများကြွယ်ဝပြီး မိခင်ဂြိုလ်မှ သစ်ပင်ပန်းမန်များနှင့် တိရစ္ဆာန်အများစုကို အစားထိုးစိုက်ပျိုးထားပြီး ရှင်သန်ကြီးထွားလာခဲ့သည်။ ထို့အပြင် အဖွဲ့ချုပ်အား အရင်းအမြစ်များစွာလည်း ပံ့ပိုးပေးနိုင်ခဲ့သည်။
လန်ရွမ်ယုတို့မိသားစုသည် လမ်းပြတစ်ဦးငှားကာ ကောင်းကင်ဘုံဂြိုလ် ၏ သမိုင်းကြောင်းကို လေ့လာခဲ့သည်။
“လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်က လူသား
တွေနဲ့ ဝိညာဥ်သားရဲတွေ လိုက်လျောညီထွေစွာ နေထိုင်လာကတည်းက အာကာသရွှေ့ပြောင်းမှုတွေစတင်ခဲ့တယ်။ လူဦးရေနဲ့ ဝိညာဥ်သားရဲအရေအတွက်ကလည်း လျင်မြန်စွာ မြင့်တက်လာသည်။ ထိုခေါတ်က မိခင်ဂြိုလ်မှာ ဆင့်ကဲပြောင်းလဲမှုများရှိနေသော်လည်း သယံဇာတ သုံးစွဲမှုမှာ ကြီးမားလွန်းလှသဖြင့် အာကာသ ရွှေ့ပြောင်းနေထိုင်မှုအပေါ် အာရုံစိုက်ခဲ့ရတယ် …”
လမ်းပြမှာ သမိုင်းကြောင်းအရာရာကို အသေးစိတ် ရှင်းပြနေလေသည်။
“ဒီဓာတ်ပုံတွေဟာ ကောင်းကင်ဘုံဂြိလ်ကိုလာတဲ့ ပထမဆုံး စူးစမ်းလေ့လာရေး အဖွဲ့ ကျန်ရစ်ခဲ့တဲ့ အလွန်အဖိုးတန်တဲ့ အချက်အလက်တွေပါ “
“ဒီပန်းကန်ခွက်ယောက်တွေက မိခင်ဂြိုဟ်ပေါ်ကနေယူလာပြီး ဒီဂြိုလ်ပေါ်မှာ ပထမဆုံးအသုံးပြုခဲ့တဲ့အသုံးအဆောင်တွေပါ “
“ကျေးဇူးပြုပြီး ဒီဘက်ကိုကြည့်လိုက်ပါ.. ဒါက
ငွေပြာမြက်ပင်ပါ။ နေရာမှာ အပြာရောင်ငွေပြာ မြက်ကို ဘာကြောင့်ပြသထားရလဲဆိုတာကို သိချင်နေလိမ့်မယ်လို့ထင်ပါတယ်။ တကယ်တော့ ကောင်းကင်ဘုံဂြိုလ်မှာ အစားထိုး စိုက်ပျိုးဖို့ မိခင်ဂြိုလ်ကနေယူလာတဲ့ ပထမဆုံးအပင်ကတော့ ငွေပြာမြက်ပင် ဖြစ်ပါတယ်။ ငွေပြာမြက်ပင်တွေက ရှားပါးမျိုးစိတ်မဟုတ်သော်လည်း သူတို့က လေထုကိုလည်း သန့်စင်ပေးနိုင်တယ်။
အပြာရောင် ငွေပြာမြက်ပင်တွေကြောင့် ကောင်းကင်ဘုံဂြိုလ်က ယနေ့ကဲ့သို့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။”
ရှင်းပြချက်ကိုကြားပြီးနောက် လန်ရွမ်ယုက သူ့မိဘများဆီ လှည့်လိုက်ပြီး “ဖေဖေ၊ မေမေ၊ အပြာရောင် ငွေပြာမြက်က အရမ်းအရေးကြီးတာပေါ့နော်!”
“ငွေပြာမြက်လား?”
ထိုအချိန်တွင် လန်ရွမ်ယုတို့မိသားစု၏ နောက်မှ အသံချိုချိုလေး ထွက်ပေါ်လာခဲ့သည်။
အမျိုးသမီး နှစ်ဦးဖြစ်သည်။
အမျိုးသမီး နှစ်ယောက်စလုံးမှာ အရပ်ရှည်ပြီး သွယ်လျသောခန္တာကိုယ်ရှိသည်။
ဘယ်ဘက်မှ တစ်ယောက်က အဖြူရောင်ဝတ်စုံရှည်ကို ၀တ်ဆင်ထားပြီး သူမတွင် ရွှေရောင်ဆံပင်တိုတို ညိုပြာရောင်မျက်လုံးများရှိပြီး သူမအတွက် သူရဲကောင်းဆန်သောအလှကို ပေးစွမ်းလေသည်။
သူမသည် သူမ၏အဖော်ကို လှည့်ကြည့်လိုက်ပြီး “အပြာရောင် ငွေပြာမြက်တွေကဘာဖြစ်လို့လဲ” လို့ မေးသည်။
သူမ၏အဖော်က တိတ်ဆိတ်စွာ ခေါင်းခါလိုက်သည်။
“ဘာမှမဟုတ်ပါဘူး၊ ငါက အရမ်း ရင်းနှီးတယ်လို့ ရုတ်တရက်ခံစားလိုက်ရလို့”
ရွှေဆံပင်အမျိုးသမီးနှင့် ယှဉ်ပါက ထိုအမျိုးသမီးမှာ ပိုလို့ပင် ပြီးပြည့်စုံသော
အသွင်အပြင် ရှိနေပါသည်။။ သူမ၏ အထူးခြားဆုံးအရာမှာ သူမ၏ငွေရောင်ဆံပင်ရှည်သည် ခြေကျင်းဝတ်များအထိ ကျဆင်းကာ အလွန်ရှည်လျားနေခဲ့သည်။
သူမ၏မျက်နှာပေါ်တွင် အနက်ရောင်မျက်နှာဖုံးတစ်ခု ရှိနေခဲ့သည်။ သူမ၏မျက်လုံးများကိုသာမြင်ရသည်။ သို့တိုင်အောင် လန်မိသားစုမှ လူသုံးဦးသည် ထိုမျက်လုံးများကိုမြင်သောအခါ အလွန် အံ့အားသင့်သွားကြသည်။
သူတို့မြင်ဖူးသမျှထဲတွက် အလှဆုံး မျက်လုံးတစ်စုံ......
ခရမ်းရောင် မျက်လုံးများ.....
မျက်နှာဖုံးတပ်ထားခြင်းကြောင့် သူမအသက်ကို အတိအကျမသိနိုင်သော်လည်း ယူဆသည်မှာ သူမအသက် 20 ခန့်သာရှိနိုင်သည်။
“အန်တီ၊ သားရဲ့ဝိညာဉ်ကလည်း အပြာရောင် ငွေပြာမြက်ပင်ပဲ”
ငွေရောင်ဆံနွယ်၊ ခရမ်းရောင်မျက်လူံးတစ်စုံရှိသော အမျိုးသမီးကိုကြည့်ကာ လန်ရွမ်ယုက ဂုဏ်
ယူစွာ ရှင်းပြသည်။
“အင်း?”
ငွေရောင်ဆံပင်နှင့် အမျိုးသမီးသည် ခေါင်းအနည်းငယ်ခေါင်းညိမ့်လိုက်သည်။
သူမသည်လည်း သူမရှေ့တွင်ရှိသော မိသားစုကိုသာ သတိထားမိခဲ့ပြီး ထိုမိသားစုမှ
ကလေးငယ်လေးအပေါ် စိတ်ဝင်စားနေခဲ့သည်။
“အိုး၊ ချစ်စရာကောင်းတဲ့ကောင်ငယ်လေးပဲ!”
ရွှေဆံနွယ်နှင့်အမျိုးသမီးက အံ့သြတကြီးပြောလိုက်သည်။ သူမသည် လန်ရွမ်ယုရှေ့တွင် ဒူးတစ်ဖက်ကွေးကထိုင်လိုက်ပြီး
“မင်္ဂလာပါ သူငယ်ချင်းလေ.. မင်းက အရမ်းချစ်စရာကောင်းတာပဲ။ နာမည်ဘယ်လိုခေါ်လဲ?”
“ကျွန်တော်နာမည်က လန်ရွမ်ယုပါ”
ရွှေဆံနွယ်အမျိုးသမီးက ငွေရောင်ဆံနွယ်နှင့် သူ့သူငယ်ချင်းကို လှည့်ကြည့်လိုက်သည်။
“နာ့နာ့ ဒီကလေးက အရမ်းချစ်စရာကောင်းတယ်။ ဒီလို ချစ်စရာကောင်းတဲ့ ကလေးမျိုးကို ငါ တစ်ခါမှ မတွေ့ဖူးဘူး။”
နာ့နာ့ သည် ရွမ်းယုလေးကို သတိပြုမိသွားပြီး
သူတို့အကြည့်ချင်းဆုံလိုက်သောအခါ သူမတစ်ကိုယ်လုံး အေးခဲသွားသလို ခံစားလိုက်ရသည်။
သူမစိတ်ကိုလျှပ်စီးများရိုက်ခတ်သွားသကဲ့သို့ဖော်မပြနိုင်သော နာကျင်မှုတစ်ခုပေါ်လာကာ အောက်သို့ခွေကျသွားခဲ့သည်။
“အားး! နာ့နာ့ မင်း ဘာဖြစ်သွားတာလဲ”
ယွမ်ယန်သည် နာနာ့ ရုတ်ချည်းလဲကျသွားသည်ကို တွေ့လိုက်ရသဖြင့် နာနာ့ထံ အပြန်ပြေးသွားခဲ့
သည်။
လန်ရှောင်း နှင့် နန်ချိန်တို့နှစ်ယောက်စလုံးလည်း အံ့သြသွားကြသည်။
“အန်တီ၊ အန်တီရဲ့ဆံပင်တွေက မြေကြီးနဲ့ထိပြီး ညစ်ပတ်သွားလိမ့်မယ်”
လန်ရွမ်းယု သည် ငွေရောင်ဆံနွယ်အမျိုးသမီးထံသို့ ပြေးသွားပြီး ဆံပင်များကို ကောက်သိမ်းလိုက်သည်။ ထို့နောက် အံ့ဩစရာခံစားချက်တစ်ခုက သူ့နှလုံးသားအောက်ခြေမှ ပျံ့နှံ့လာပြီး
မနေနိုင်ပဲ သူ့ပါးပြင်ပေါ်ကို ငွေရောင်ဆံပင်များကို ပွတ်သပ်လိုက်မိသည်။
“အန်တီ၊ မင်းဆံပင်တွေက အရမ်းနူးညံ့ပြီး ကိုင်လို့ကောင်းတယ်။”
“ရွမ်းယု မင်းအဲ့လိုမလုပ်ရဘူးလေ”
နန်ချိန်က အံ့အားသင့်သွားပြီး ရှေ့သို့ ချက်ချင်း
တက်လာလိုက်သည်။ ရွမ်းယုသည် ငယ်ရွယ်သေးသော်လည်း သူ၏လုပ်ရပ်သည် အနည်းငယ် ရိုင်းစိုင်းနေပါသေးသည်။
သို့သော် နာနာ့ကတော့ ထိုသို့ မခံစားရပေ။
ရွမ်းယုလေး သူမ၏ဆံပင်ကိုထိလိုက်သောအခါ ဆံပင်များမှာ နွေးထွေးမှုများထွက်လာပြီး သူမ၏ နာကျင်နေသော ဦးခေါင်းကို သက်သာစေခဲ့သည်။
ထို့နောက် သူမသည်လည်း ရွမ်ူယုလေးကိုသေချာကြည့်နေလေသည်။
“အန်တီ၊ မင်းမျက်လုံးတွေက အရမ်းလှတယ်။ ဒါပေမယ့် ဘာလို့ မျက်နာဖုံး တပ်ထားတာလဲ”
နာနာ့ပြုံးလိုက်ကာ သူမ၏မျက်နှာဖုံးကိုဖြုတ်ပြ လိုက်လေ သည်။
ထိုအချိန်တွင် ပြတိုက်ရှိ မီးများပင် အနည်းငယ် တောက်ပသွားသလို ခံစားလိုက်ရသည်။ သူမ၏မျက်လုံးများသည် အလွန်လှပနေပြီဖြစ်သော်လည်း သူမ၏မျက်နှာကို ထုတ်ဖော်လိုက်သောအခါ ပြတိုက်အတွင်းရှိ အရာအားလုံးပင် သူမ၏အလှနှင့် ယှဉ်ပါက အရောင်ဖျော့သွားသလို ခံစားလိုက်ရသည်။
သူမသည် အလွန်လှပနေခဲ့သည်။ အပြစ်အနာအဆာ တစ်စုံတစ်ရာမရှိပေ။
“အန်တီ၊ မင်းက အရမ်းလှတာပဲ”
လန်ရွမ်းယုလည်း အံသြစွာပြောလိုက်မိသည်။
“မင်းလည်း အရမ်းကြည့်ကောင်းတာပဲ”
Endend…….