← Chapters

အခန်း (၃၀)

Vol. 2 Ch. 30

အခန်း (၃၀)

Vol. 2 Ch. 30

“မင်း ကလေးတွေ အရမ်းချစ်တတ်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

ယွမ်ယွန်က ပြတိုက်ထဲတွင် ဆက်လက်လယ်ပတ်ရင်းပြောလိုက်သည်။

စကားအနည်းငယ်ပြောပြီးနောက် လန်ရွမ်းယု သည်လည်း သူ့မိဘများနှင့်အတူ ထွက်ခွာသွားကာ ပြတိုက်တဝိုက်ကို ဆက်လက်လည်ပတ်ခဲ့သည်။

“အဲဒီကလေးက မင်းရဲ့မှတ်ဉာဏ်ကို နှိုးဆော်မိ

စေပြီး မင်းတစ်ခုခုကို ပြန်သတိရသွားစေခဲ့လို့လား။” ယွမ်ယွန် က စူးစမ်းချင်စိတ်ဖြင့် မေးလိုက်မိသည်။

နာ့နာ့လည်း ခေါင်းကို ညင်သာစွာ ခါလိုက်သည်။ “ငါလည်းမသိဘူး၊ ဒါပေမယ့် ရုတ်တရက် ခေါင်းကကိုက်လာတယ်။ အဲ့ဒီကလေးလေးကိုသိနေ သလိုခံစားရတယ်။”

ယွမ်ယန် က “ဒါမဖြစ်နိုင်ဘူးလေ အဲဒီကလေးက ခြောက်နှစ် ခုနစ်နှစ်ဝန်းကျင်လောက်ပဲရှိသေးတာ... အဲဒီအချိန်မှာ မင်းလည်း နိုးလာတယ်။ အရင်က မင်းကအိပ်ပျော်နေတာနှစ်တစ်ထောင်တောင်လေ ”

နာ့နာ့ လည်းဆက်လက်မပြောတတ်တော့ကာ ခေါင်းယမ်းလိုက်မိတော့ သည်။

အဲ့ဒီကလေးကို ငါမသိနိုင်ပေမယ့် အဲဒီကလေးက ငါ့ရဲ့စိတ်ခံစားချက်တွေကို နှိုးဆွပေးခဲ့တယ်..

ဘာလို့လဲ....

……….

“မေမေ၊ အဲဒီဒေါ်ဒေါ် အရမ်းလှတာပဲ”

လမ်းလျှောက်ရင်း လန်ရွမ်းယုက နန်ချိန်ကို ပြောလိုက်သည်။

နန်ချိန်းမှာ အနည်းငယ် မနာလိုဖြစ်သွားပြီး

“အဲ့ဒါဆို မေမေက ပိုလှတာလား ဒါမှမဟုတ် အဲ့အန်တီက ပိုလှတာလား”

လန်ရွမ်းယုက ရီမောလိုက်ကာ

“နှစ်ယောက်စလုံး အရမ်းပဲလှတယ်..ဟီးဟီး”

ထိုစကားကိုကြားသောအခါ ဘေးကလန်ရှောင်းကလည်း

“တော်တော်လည်တဲ့ကောင်လေး... လျှာလည်းသွက်တယ်။ ဒါပေမယ့် သား လူတစ်ယောက်ကို လှတယ်လို့ပြောတာပထမဆုံးဘဲ။ ငါ့သားက

လည်း တော်တော်ချောတယ်။ ကြီးလာရင် အဲဒီအန်တီလို လှတဲ့ ဇနီးတစ်ယောက်ရမှာ သေချာတယ်”

“ဟုတ်”

“လန်ရှောင်း.... ဘာလဲ အဲ့လိုလှတဲ့ ဇနီးကို ရှာမတွေ့ခဲ့လို့ နောင်တရနေတာလား”

နန်ချိန်က လန်ရှောင်းကို လူသတ်ချင်နေသောအကြည့်ဖြင့်ကြည့်ကာ မေးပစ်လိုက်သည်။

“ ဟားဟား...မဟုတ်ပါဘူးကွာ....”

ပြတိုက်ခရီးစဉ်သည် လန်ရွမ်းယုအတွက်

ထူးမခြားနားဖြစ်ခဲ့သည်။ အသက် ခုနစ်နှစ်သာရှိသော သူ့အတွက် ပြတိုက်ရှိ သမိုင်းဝင် အမွေအနှစ်များသည် သိပ်စိတ်ဝင်စားစရာမကောင်းခဲ့ပေ။ သူ့အား ပျော်ရွှင်စေသည့် တစ်ခုတည်းသော အရာမှာ မှတ်တမ်းထဲတွင်ဖော်ပြထား

သော ငွေပြာမြက်၏အရေးပါမှုတစ်ခုသာဖြစ်သည်။

တစ်နေ့တာလုံး လည်ပတ်ပြီးနောက် မိသားစုမှာဟိုတယ်သို့ ပြန်လာခဲ့ကြသည်။

မိသားစုသူံးယောက်လုံးသည် ဝိညာဉ်မာစတာများဖြစ်သောကြောင့် တစ်နေ့လုံး လည်ပတ်ခဲ့သော်လည်း ပင်ပန်းလွန်းသည်ဟု မထင်ခဲ့ကြပေ။

“ရွမ်းယု အိပ်ရာမဝင်ခင် ရေဓာတ်ထိန်းချုပ်တာကို လေ့ကျင့်ရမယ် ..... မေမေ မင်းရဲ့တိုးတက်မှုကို စစ်ဆေးမယ်”

ရေချိုးရန်ပြင်နေသော လန်ရွမ်းယုကိုကြည့်ရင်း နန်ချိန်ပြောလိုက်သည်။

“ဟုတ်”

လန်ရွမ်းယု၏ ငွေရောင် ငွေပြာမြက်သည် ဘယ်ဘက်လက်မှ ထွက်ပေါ်လာပြီး ရေဒြပ်စင်များနှင့် ရင်းနှီးသော ခံစားချက်တစ်ခုက ချက်ခြင်း

ပေါ်လာခဲ့သည်။

“ရေဘောလုံး!” နန်ချိန်ဘေးမှပြောလိုက်သည်။

လန်ရွမ်းယု၏လက်ပေါ်တွင်

အပြာရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး ရေဘောလုံးအနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။

“ရေမြှား!”

ရေဘောလုံးများ ကွဲထွက်သွားပြီး ရေမြှားများစွာသည် လန်ရွမ်းယု၏ ခန္ဓာကိုယ်ပတ်လည်တွင် လှည့်ပတ်နေခဲ့သည်။

“ရေစီးကြောင်း!”

ရေမြှားများသည် ရေစီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ရေဝဲများ ဖြစ်ပေါ်လာသည်။

“ ရေခဲလိုက်တော့!”

ရေစီးချောင်းသည် ရေခဲချွန်းအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားခဲ့သည်။

နန်ချိန်သည် ထိုမြင်ကွင်းကို မြင်သောအခါတွင် အနည်းငယ် အံသြသွားခဲ့သည်။

အေးခဲမှုနှုန်းသည် မြန်ဆန်လွန်းလျသည်။

ထို့နောက် ရေခဲချွန်များ...ရေခဲနံရံများ.....

သူ့သား၏ ရေဓာတ်ကိုလွယ်ကူစွာထိန်းချုပ်နေပုံကို မြင်လိုက်သောအခါ နန်ချိန် ပြုံးလိုက်မိသည်။

အမှန်တရားတစ်ခုမှာ သူမသည် ဝိညာဉ်ဧကရာဇ်အဆင့် ဝိညာဉ်ကွင်းခြောက်ကွင်းအထိ ရောက်နေပြီဖြစ်သော်လည်း၊ သူမသည် အမြဲတမ်း စစ်မှုထမ်းနေခဲ့ပြီး လက်တွေ့တိုက်ပွဲများစွာတွင်

ပါဝင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် သူ့သားကို သင်ပေးစရာ များများစားစား မရှိဆိုတာကို သူသိနေခဲ့သည်။

တစ်နာရီလုံးလေ့ကျင့်ပြီးနောက်

လန်ရွမ်းယုကို ရပ်ခိုင်းလိုက်ပြီး ရေချိုးခိုင်းကာ အိပ်ရာဝင်ခိုင်းခဲ့သည်။

“ငါတို့ရဲ့သားက တကယ့်ကို ပါရမီရှင်ဖြစ်ပုံရတယ်။ ငါတို့ ဘယ်လိုလုပ်လဲ?”

နန်ချိန်က လန်ရှောင်းကို ပြောရင်း ယောင်္ကျားဖြစ်သူ၏ ပခုံးကို မှီလိုက်သည်။

လန်ရှောင်းလည်း တိုးတိုးလေး သက်ပြင်းချလိုက်ကာ

“ငါတို့ သူ့ရဲ့ကြီးထွားမှုကိုနှောင့်ယှက်လို့ မရဘူး၊ ဒိအတိုင်းပဲ ဆက်သွားကြရအောင်။

အပြင်ဆရာ တစ်ယောက်ယောက်ရှာပေးကြတာပေါ့။ ပီးတော့ ငါအခုဂြိုလ်တစ်ခုကိုလေ့လာဖို့သွားရမယ်....အဲ့တာသာအောင်မြင်ရင် ငါရာထူးတိုးပြီ...အဲ့ကျ သားအတွက်ဆရာကောင်းကောင်းရှာပေးနိုင်ပြီ”

နန်ချိန်က “ ဘယ်လောက်ကြာကြာ သွားမှာလဲ။”

“ အနည်းဆုံး သုံးလကနေ ခြောက်လလောက်ပါပဲ..... အနည်းငယ်ကြာပေမဲ့ ကြယ်တာယာ

တာဝေးဆက်သွယ်ရေး နည်းပညာနဲ့ ငါတို့ အနည်းဆုံးတစ်ပတ်တစ်ကြိမ် စကားပြောလို့ရတယ်”

နန်ချိန်သည် သူ့မ၏ခင်ပွန်းကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။

“မင်းကို မသွားစေချင်ဘူး ... ဘာကြောင့် တခြားဌာနကို မပြောင်းတာလဲ။

ငါ့ရဲ့ဝိညာဉ်ဧကရာဇ်အဆင့်နဲ့ဆို လစာတွေ

အများကြီးတိုးလာလိမ့်မယ်..ငါရှာကျွေးနိုင်ပါတယ်”

“ဘယ်လိုမှမဖြစ်ဘူး၊ ငါက ယောက်ျားစစ်စစ်တစ်ယောက်ပါ။ မိန်းမတစ်ယောက်ရှာတာ ထိုင်စားဖို့ ဘယ်လိုရမျာလဲ။ “

နန်ချိန်က လန်ရှောင်း၏ ရင်ခွင်ထဲသို့ ခေါင်းကို တိုးဝင်ကာ “ဒါဆို မင်းဘယ်တော့ထွက်မှာလဲ”

လန်ရှောင်း က

“ လျှောက်လွှာမှာ လက်မှတ်ထိုးပြီး အထက်အရာရှိတွေဆီကအမိန့်ကို စောင့်ပြီးသွားမယ်။ ဒီတစ်ကြိမ် ထောက်ပံ့ကြေးက အရမ်းမြင့်တယ်။ ထောက်ပံ့ကြေးကိုလည်း ကြိုပေးထားတယ်။ အိမ်မှာ သားအတွက် ကျူရှင်ဆရာအတွက် လုံလောက်ပါတယ်။”

“အဲဒါကို မတွေးကြရအောင်၊ အိမ်ပြန်ရောက်မှထပ်ပြောမယ်”

Endend…….

All Chapters