အခန်း (၃၁)
Vol. 3 Ch. 31
နာ့နာ့သည် သူမ၏အခန်းထဲမှာထိုင်နေပြီး
လန်ရွမ်းယုနှင့်တွေ့ခဲ့သော အမှတ်တများကိုပြန် တွေးနေခဲ့မိသည်။
‘ငါ့မှာတစ်စုံတစ်ယောက်ယောက် ပျောက်ဆုံးနေသလို ခံစားနေရတယ်။ ဒါပေမဲ့ အဲ့ဒီကလေးကို အရင်က မမြင်ဖူးပါဘူး..ဘာလို့ အဲ့ဒီ ကလေးအပေါ် ရင်းနီးသလိုခံစားရတာလဲ။’
‘သူ့နာမည်က လန်ရွမ်းယုလား?
သူ အခုဘယ်မှာရှိနေမလဲ’’
နာ့နာ့ မျက်လုံးများကို မှိတ်လိုက်ပြီး ပတ်ဝန်းကျင်ကိုစစ်ဆေးလိုက်သည်။
‘ငါဘယ်သူလဲ။ ပြီးတော့ အဲဒီကလေးက ဘယ်သူလဲ။ ဒီကလေးရဲ့နေရာကို...’’
လန်ရွမ်းယုတို့မိသားစုသည် ဆက်လက်လည်ပတ်ခဲ့ကြသည်။
လန်ရှောင်းက လန်ရွမ်းယုအား အရုပ်လေးတစ်ခုဝယ်ပေးခဲ့သည်။ သာမာန်အရုပ်တစ်ခုမဟုတ်ပေ တိုက်ပွဲသံချပ်ကာတစ်ခုဝတ်ထားသောလူတစ်ယောက်၏ ရုပ်ပုံတစ်ခုဖြစ်သည်။
နဂါးဧကရာဇ်တုံ့လော်ထန်ဝူလင်းရဲ့ပုံတူအရုပ်ကလေး......
“မေမေ၊ အနာဂတ်မှာ သားလည်း တိုက်ပွဲသံချပ်
ကာပိုင်နိုင်လား။ “
“ဒါပေါ့! သားကြိုးစားရင် ရမှာပါ!”
လန်ရှောင်းက ကြားဝင်ကာဖြေပေးလိုက်သည်။
“ဖေဖေ၊ မေမေတို့နှစ်ယောက်လုံးက ဝိညာဉ်မာစတာတွေပဲ၊ ဘာလို့ တိုက်ပွဲသံချပ်ကာမာစတာ တွေမဖြစ်ကြတာလဲ။”
နန်ချိန်က မချိပြုံး ပြုံးကာ
“ တိုက်ပွဲသံချပ်ကာမာစတာ ဖြစ်ဖို့ မလွယ်ဘူး။ အရင်းအမြစ်ပမာဏ ကြီးမားစွာ လိုအပ်တယ်။ တိုက်ခိုက်ရေးဝိညာဥ်မာစတာတွေသာ လျှောက်ထားနိုင်ပြီး သတ်မှတ်ချက်တွေကလည်း အလွန်တင်းကျပ်တယ်။ တိုက်ပွဲသံချပ်ကာမာစတာ ဖြစ်လာဖို့အတွက် အလွန်ထက်မြက်ပြီး ထူးချွန်ဖို့ လိုတယ်။”
လန်ရွမ်းယု က “ ဘယ်လိုမျိုးလဲ “
နန်ချိန်က “တိုက်ပွဲသံချပ်ကာမာစတာ ဖြစ်ဖို့ အခွင့်အလမ်းရချင်တယ်ဆိုရင်တော့ မူလတန်းကျောင်းကနေ အရင်ဘွဲ့ရပြီး အလယ်တန်းအကယ်ဒမီတစ်ခု ကို ဝင်မှရမှာ”
“ဒါဆို သားက တိုက်ပွဲသံချပ်ကာမာစတာ ဖြစ်လာမှာ သေချာတယ်!”
လန်ရွမ်းယု သူ့ ရင်ဘတ်ကိုပုတ်ကာ ပြောလိုက်သည်။
“အရင်က အာကာသယာဉ်မှူးဖြစ်ချင်တယ်လို့ ပြောဖူးသလားလို့... သားက စိတ်အရမ်းပြောင်းလဲ တာမြန်တာပဲ..ဟားဟား “
လန်ရှောင်းက သူ့ကို နောက်ပြောင်လိုက်သည်။
လန်ရွမ်းယုလည်း ရှက်သွားကာ
“နှစ်ခုလုံးလုပ်မှာ!”
လန်ရှောင်း နှင့် နန်ချိန်တို့လည်း သားဖြစ်သူ၏ ချစ်စဖွယ်ကောင်းမှုကိုကြည့်ကာ ရယ်မောမိလိုက်ကြသည်။
“ကောင်းပါပြီ၊ ဆက်သွားကြရအောင်။”
နန်ချိန်သည် ကုန်တိုက်တစ်ခုသို့ဝင်ကာ လန်ရှောင်းတို့သားအဖအတွက် အဝတ်အစားများဝယ်ပေးလေသည်။
Endend……..