← Chapters

အခန်း (၃၂)

Vol. 3 Ch. 32

အခန်း (၃၂)

Vol. 3 Ch. 32

ထိုအချိန်.....

လန်ရွမ်းယု ရုတ်တရတ်ပျောက်သွားခဲ့သည်။

“ ရွမ်းယု...သားးး... သားရော... လန်ရှောင်း”

ဘေးနားတွင်သားမရှိတော့သည်ကိုတွေ့လိုက်ရ၍ နန်ချိန်ခေါင်းနဗမ်းကြီးသွားခဲ့သည်။

လန်ရှောင်းကတော့စိတ်အေးအေးဖြစ်နေကာ

“စိတ်မပါပါနဲ့ သူ ဒီလောက်အထိ အပြေးမမြန်ပါဘူး။ နင် ငွေရှင်းနေခဲ့.... ငါသူ့ကိုလိုက်ရှာလိုက်မယ်။”

အဆင့်မြင့်ကုန်တိုက်တစ်ခု၏ ပြီးပြည့်စုံသော စောင့်ကြည့်ရေးစနစ်တပ်ဆင်ထားသောကြောင့် ကလေးတစ်ယောက်ပျောက်ရန်မှာ မဖြစ်နိုင်ပေ။ လန်ရွမ်းယု သည် တစ်နေရာရာသို့ သွားရုံသာဖြစ်သည်။

ထိုအချိန်......

လန်ရွမ်းယုသည် အရုပ်ဆိုင်တစ်ခုရှေ့တွင်ရပ်နေခဲ့ကာ အရုပ်များစွားကို လိုချင်တပ်မက်မှု အပြည့်ရှိသော မျက်နှာဖြင့်ကြည့်နေလေသည်။

ထို့နောက် သူ့လက်ထဲရှိ နဂါးဧကရာဇ်တုံ့လော်ထန်ဝူလင်း၏တိုက်ပွဲသံချပ်ကာနှင့်အရုပ်လေးကိုတစ်လှည့် စင်ပေါ်တွင် တင်ထားသော ငွေရောင်အရုပ်လေးကိုတစ်လှည့်ကြည့်နေလေသည်။

‘အမေက ငါကို တစ်ခုပဲ ဝယ်ပေးနိုင်မယ်တဲ့။

ဒါက တော်တော်ဈေးကြီးတယ်တဲ့’

သူ့မျက်လုံးများသည် ဧရာမအတောင်ပံတစ်စုံနှင့် အခြားငွေရောင်တိုက်ပွဲသံချပ်ကာအရုပ်လေးကို စိုက်ကြည့်နေမိသည်။ ငွေရောင်ဆံပင်အပြည့်ဖြင့် ငွေဖြူရောင်လှံကိုကိုင်ကာ ခရမ်းရောင်မျက်လုံးများနှင့် အရုပ်လေးဖြစ်သည်။

“သားလေး၊ မင်း ဒါကိုကြိုက်လို့လား”

ဆိုင်ရှင်က ရွမ်းယုကို သတိထားမိသွားသည်။

လန်ရွမ်းယုလည်း ခေါင်းညိတ်လိုက်သည်။

“ ဟုတ် ဒီငွေနဂါးမင်းသမီးတုံ့လော်က စျေးဘယ်လောက်လဲဟင်..စျေးလျော့ပေးလို့ရလား...”

နဂါးဧကရာဇ်တုံ့လော်အရုပ်ကို ဝယ်စဥ်က

ငွေနဂါးမင်းသမီးအရုပ်ကိုလည်း တွေ့ခဲ့ရသော်လည်း တစ်ခုတည်းကိုသာ ရွေးချယ်ရန်ပြောသဖြင့် နဂါးဧကရာဇ်တုံ့လော်ကို ရွေးချယ်ခဲ့ရ

သည်။ ထိုအချိန်တွင်၊ နန်ချိန်သည် ထိုအရုပ်နှစ်ခုသည် စုံတွဲဖြစ်ကြောင်း ပြောခဲ့သည်။

ငွေနဂါးမင်းသမီးတုံလော်သည် နဂါးဧကရာဇ်တုံ့လော် ၏ဇနီးဖြစ်သည်။

ဆိုင်ရှင်က ရယ်ပြီး

“အဲဒါကို ငါ မကူညီနိုင်ဘူး။ ဒီအရုပ်က အခု 30 ပဲထုတ်ထားတာ...စျေးလျော့လို့မရဘူး!”

“အိုးးးး” လန်ရွမ်းယု နှုတ်ခမ်းစူကာပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်ဗျ နောင်ဝယ်ဖြစ်ရင် ဒီကိုပြန်လာခဲ့ပါမယ်”

ရွမ်းယုရဲ့ ချစ်စဖွယ် အမူအရာများကို မြင်တော့ ဆိုင်ရှင်က ရယ်ကာ

“ဒါပေမယ့် မြန်မြန်လာမှရမယ်၊ ဒီ limited edition တွေ အများကြီးပဲမကျန်တော့ဘူး။ ငါတို့စီမှာတောင် ဒီတစ်ခုပဲရှိတော့တယ်”

“ဟင်?” လန်ရွမ်းယု စိတ်ဓာတ်ကျသွားသည်။

“ဒါဆို့ အဲ့တာပဲယူလိုက်မယ်နော်။”

ထိုအချိန်တွင် ချိုမြိန်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဆိုင်ရှင်က ချက်ချင်းလှည့်ကြည့်လိုက်ကာ

“အိုး မင်းရဲ့ဝတ်စုံကို ဘယ်ကဝယ်တာလဲ။

မင်းက ငွေနဂါးမင်းသမီးတုံလော်နဲ့ အရမ်းတူတာပဲ”

ဆိုင်ထဲမှာ ကျန်နေတဲ့ တစ်ခုတည်းသောအရုပ် ကို တစ်စုံတစ်ယောက်က စိတ်ဝင်စားနေသည်ကို ကြားသောအခါ လန်ရွမ်းယု ထိတ်လန့်သွားပြီး ချက်ချင်းလှည့်ကြည့်လိုက်မိသည်။

သို့သော် သူ၏ ‘ပြိုင်ဘက်’ ကိုမြင်သောအခါ အံ့အားသင့်သွားသည်။

သူမတွင် ငွေရောင်ဆံပင်၊ ခရမ်းရောင်မျက်လုံးများနှင့် အနက်ရောင်မျက်နှာဖုံးတစ်ခုရှိနေခဲ့ သည်။

“အန်တီလား ”

နာနာ့သည် ဒူးတစ်ဖက်ထောက်ကာထိုင်လိုက်ပြီး

လန်ရွမ်းယု၏ ချစ်စရာကောင်းသော ပါးပြင်များကို ပွတ်သပ်ပေးနေမိသည်။ နာ့နာ့ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ပါ။

“ဟုတ်ပါ့! ဒီအရုပ်ကို ကြိုက်လို့လား။ အန်တီ လက်ဆောင်ပေးမယ်လေ”

“အာ! မဟုတ်ဘူး။ မဟုတ်ဘူး။ မေမေက ဘယ်သူ့ဆီကမှ လက်ဆောင် လက်မခံရဘူးလို့ပြောထားတယ်”

ထို့စကားကြားတော့ နာ့နာ့ ပြုံးလိုက်မိသည်။

“အခု မင်းရဲ့ ပါးပြင်တွေကို အန်တီကိုင်နေတယ် မဟုတ်လား ဒါကို အလျော်ပေးတယ်လို့ သဘောထားလို့ရပါတယ်။”

ဆိုင်ရှင်ကလည်း ငွေနဂါးမင်းသမီးတုံ့လော်အရုပ်ကိုထုပ်ပိုးနေပြီဖြစ်သည်။

“အန်တီ၊ တကယ်လား” လန်ရွမ်းယုက သံသယဖြင့် မေးလိုက်သည်။

နာ့နာ့ က တခစ်ခစ်ရယ်ကာ

“ဟုတ်ပါတယ်။ အန်တီက မင်းအဖေနဲ့အမေကိုလည်းရှာပြီး ကူပြောပေးမယ် ဟုတ်ပီလား”

“တကယ်လား?” လန်ရွမ်းယု၏ မျက်လုံးများ ချက်ချင်းတောက်ပလာသည်။

နာ့နာ့ ဘာ့ကြောင့်လဲဆိုတာ နားမလည်ပေမယ့်

ရွမ်းယုရဲ့ စိတ်လှုပ်ရှားနေတဲ့ အမူအရာကို မြင်လိုက်ရသောအခါ စိတ်တွေတဟုန်ထိုးပွင့်ထွက်လာပြီး ရွမ်းယုလေးအတွက် ကမ္ဘာတစ်ခုလုံးကိုပင် ဝယ်ပေးရန် ဆန္ဒရှိလာခဲ့သည်။

“ဒါပေါ့”

လန်ရွမ်းယုက ရုတ်တရက် နာ့နာ့လက်ကိုဆွဲကာ သူ့ရဲ့မျက်နှာပေါ်သို့တင်လိုက်သည်။

“အန်တီကို သားရဲ့မျက်နှာ အကြိမ်အနည်းငယ်ထပ်ထိခွင့်ပေးမယ်အဲ့ဆို”

“ဟာဟား၊ မင်းက တော်တော်လည်တဲ့ နတ်ဆိုးလေးပဲ၊ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဒိလိုလည်နေပြီ မင်းက တကယ် ချစ်ဖို့ကောင်းတာပဲ”

ဆိုင်ရှင်က ရယ်ကာပြောလိုက်မိသည်။

သို့သော် နာ့နာ့က ရုတ်တရက်လှည့်လာပြီး ဆိုင်ရှင်ကိုအေးစက်သောမျက်လုံးများဖြင့်ကြည့်

လိုက်လေသည်။ နာ့နာ့ရဲ့အကြည့်ကြောင့် ဆိုင်ရှင်ချွေးစီးများပင်ပြန်လာလေသည်။

ထို့နောက် နာ့နာ့က အေးစက်သောလေသံဖြင့်

“ကျေးဇူးပြုပြီး ဒီလို မလိုအပ်တဲ့ စကားတွေကို မပြောပါနဲ့”

ဆိုင်ရှင်သည် ထိတ်လန့်တကြား လိုက်နာကာ ခေါင်းငုံ့ကာ ပစ္စည်းထုပ်ရန်ကိုသာ အာရုံစိုက်လိုက်သည်။

“ရွမ်းယု မင်းဘာလို့ဒီကိုရောက်နေတာလဲ။ မင်းကို အဖေလိုက်ရှာနေတာ... ဟော မင်းပဲ!”

နောက်ဆုံးတော့ လန်ရှောင်း ရောက်လာခဲ့သည်။

ဒါပေမယ့် နာ့နာ့ ကိုလည်း တွေ့ရလိမ့်မည်ဟု သူ့မျှော်လင့်မထားခဲ့....

နာ့နာ့ ၏ ထူးခြားသောအသွင်အပြင်ကြောင့် သူမကို မှတ်မိရန်အလွန်လွယ်ကူသည်။

“မင်္ဂလာပါ။” နာ့နာ့က ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။

လန်ရွမ်းယုက သူ့အဖေအား

“ဖေဖေ၊ အန်တီက သားကို လက်ဆောင်ပေးချင်လို့တဲ့ လက်ဆောင်ယူလို့ရမလား”

“ဟမ်?” လန်ရှောင်းသည် Nana ကို တအံ့တသြကြည့်လိုက်မိသည်။

နာ့နာ့ က “ဒီကလေးနဲ့ ငါကရေစက်ပါတယ်ထင် တယ်။ အခု သူကြိုက်နေတဲ့အရုပ်လေးတွေ့တော့ သူ့အတွက် ဝယ်လိုက်တာ။ သူ့ကို ပေးလို့ရမယ်လို့ မျှော်လင့်ပါတယ်။”

လန်ရှောင်းက က ချက်ချင်း

“အဲဒါ မလုပ်ပါနဲ့.... ကျနော်တို့ ဘယ်လို လက်ခံနိုင်မှာလဲ။ အဲဒါက ဘာအရုပ်လဲ၊ အဲဒါအတွက်

ကျနော် ငွေပေးပါ့မယ်.... မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။”

“အသက်ရှည်ပါစေ ဖေဖေ ” လန်ရွမ်းယုသည် သူ့အဖေ၏စကားကိုကြာသောအခါအလွန်ပျော်ရွင်သွားပြီး ခုန်ပေါက်သွားခဲ့သည်။

နာ့နာ့ က တစ်ခုခုပြောတော့မည်ဖြစ်သော်လည်း လန်ရွမ်းယု ၏စိတ်လှုပ်ရှားနေသောအမူအရာ ကိုမြင်တော့ သူမ ထိန်းထားလိုက်သည်။

“အန်တီလည်း သက်တော်ရာကျော်ပါစေ”

ထို့နောက် ငွေပေးချေကာ စကားအနည်းငယ်ပြောပြီး လန်ရှောင်းနောက်သို့ လိုက်သွားခဲ့သည်။

“ဘိုင်ဘိုင် အန်တီ။”

လန်ရွမ်းယုသည် နာ့နာ့ရှိရာသို့ ဝှေ့ယမ်းကာ လန်ရှောင်းနောက်သို့ လိုက်သွားလေသည်။

ကျန်ခဲ့သော နာ့နာ့တစ်ယောက်ကတော့ ဖော်မပြ

နိုင်သောခံစားများအပြည့်ဖြင့်ရှိနေခဲ့လေသည်။

နာ့နာ့ သည် ထိုသားအဖနှစ်ယောက်၏ ကျောကိုကြည့်ရင်း ....

ဒါက တိုက်ဆိုင်မှုတစ်ခုလား...

မဟုတ်ဘူး....

လန်ရွမ်းယုတို့မိသားစုက ကောင်းကင်ဘုံမြို့ ကိုရောက်တဲ့နေ့မှာပဲ လန်ရွမ်းယုရှိနေခြင်းကို သူမခံစားမိခဲ့ပြီး အထူးသဖြင့် လန်ရွမ်းယု ရဲ့တည်နေရာကို ခံစားသိရှိနေခဲ့သည်။

သူမသည် သူမ၏ခံစားချက်များကို မထိန်းနိုင်ဘဲ ဤနေရာသို့ လာခဲ့မိခြင်းလည်းဖြစ်သည်။

‘ငါ သူ့နဲ့ မခွဲချင်ဘူး။’

အဲဒါ နာ့နာ့စိတ်ထဲရှိ တစ်ခုတည်းသော အတွေးဖြစ်သည်။

ထို့နောက် နာ့နာ့လည်း သူတို့နောက်မှ မသိမသာ

လိုက်သွားခဲ့သည်။

လန်ရှောင်း၏လက်ထဲတွင် အရုပ်တစ်ခုကို မြင်လိုက်ရသဖြင့် နန်ချိန်သည် လန်ရှောင်းကိုအပြစ်တင်နေကာ လန်ရွမ်းယု၏ နဖူးကိုပင် ပုတ်လိုက်လေသည် ။ နာ့နာ့ သည် ထိုလုပ်ရပ်များကိုမြင်တွေ့လိုက်သောအခါ မသိစိတ်မှ သူမ၏လက်သီးများကို ဆုပ်ထားလိုက်မိသည် ။

ထို့နောက် လန်ရွမ်းယုက နန်ချိန်ကိုဖက်ကာချွဲနေသည်ကိုမြင်လိုက်ရတော့ သူမ၏ စိတ်လည်းတည်ငြိမ်သွားခဲ့သည်။

‘သူက တကယ် ချစ်ဖို့ကောင်းတာပဲ!’

လန်ရှောင်းတို့၏မိသားစုနောက်သို့ရောက်သောအခါတွင်

“ကျေးဇူးပြုပြီး ခေတ္တစောင့်ပါဦး” ဟူသော

အော်သံကိုကြားလိုက်ရသည်။

Endend……

All Chapters