← Chapters

အခန်း (၃၃)

Vol. 3 Ch. 33

အခန်း (၃၃)

Vol. 3 Ch. 33

လန်ရွမ်းယုလည်း လှည့်ကြည့်လိုက်သောအခါ အလိုလို ပြုံးလိုက်မိသည်။

“ငွေရောင်ဆံပင်နဲ့အန်တီ”

လန်ရှောင်း နှင့် နန်ချိန်တို့လည်း အံ့သြသွားသည်၊

နန်ချိန် က “ဘာ အကူအညီလိူအပ်လို့လဲ ?”

နာ့နာ့လည်း ခဏလောက် တုံ့ဆိုင်းသွားပြီး

“ငါ့နာမည်က နာ့နာ့ ပါ... အခုငါတို့တွေ့ရတာလည်း ရေစက်ပါပဲ...... ငါ ရွမ်းယုကို အရမ်းချစ်နေတယ်ဆို မင်းတို့အားလုံးလည်း သိမယ်ထင်ပါ

တယ်။ ငါ သူ့စီကို မကြာမကြာ လာလည်လို့ရမလား”

လန်ရှောင်း နဲ့ သူ့မိန်းမတို့သည်

တယောက်ကိုတယောက်ကြည့်ရင်း နန်ချိန် က

“မိန်းခလေး နာနာ၊ ငါတို့က ကောင်းကင်ဘုံဂြိုလ်က မဟုတ်ဘူး၊ ငါတို့က ကောင်းကင်ဝိညာဥ်ဂြိုလ်ကပါ.. ငါတို့ဒီကို အပန်းဖြေခရီးထွက်လာကြတာ။ အဲ့ဒါကြောင့်…”

“ငါ မင်းတို့နောက်ကိုလိုက်လာနိုင်ပါတယ် ကောင်းကင်ဝိညာဥ်ဂြိုလ်မလား”

နာ့နာ့ ဆက်ပြောလိုက်သည်.

“ဟမ် တကယ်ကြီးလား?”

လန်ရှောင်းနှင့် နန်ချိန်တို့ အံ့အားသင့်သွားသည်။

“တောင်းပန်ပါတယ် ငါအရမ်းရိုင်းသလိုဖစ်တယ်”

နာ့နာ့ သည် သူမ၏ ရှည်လျားသော ငွေရောင်ဆံပင်ကိုသပ်လိုက်ပြီး ရှိုက်ကြီးတငင် ပြုံးလိုက်သည်။

“ဘာကြောင့်လဲဆိုတာတော့ သေချာမသိပေမယ့် သူ့ကို ပထမဆုံးတွေ့လိုက်ရတဲ့အချိန်မှာ သူနဲ့ အထူးဆက်သွယ်မှုတစ်ခု ခံစားခဲ့ရတယ်။”

နာ့နာ့က လန်ရွမ်းယုကိုကြည့်လိုက်ရင်း

“ငါ သူ့ဆရာလုပ်ပေးမယ်”

“သူက ဝိညာဉ်မာစတာပဲ၊ ဒါကြောင့် ငါက သူ့ကို သင်ပေးလို့ရတယ်”

“ မင်းရဲ့သိုင်းဝိညာဉ်ကရောဘာလဲ?”

နန်ချိန်က ရုတ်တရက် မေးလိုက်သည်။

နာ့နာ့၏ ခရမ်းရောင်မျက်လုံးများတွင် အလင်းတန်းတစ်ခု လင်းလက်လာသည်။ ထို့နောက် “ရှေးကျတဲ့သိုင်းဝိညာဥ်တစ်ခုပါ ...

ငါ့သိူင်းဝိညာဉ်က ရေဒြပ်စင်အမျိုးအစားပဲ”

“ဒါက တကယ်ပဲ တိုက်ဆိုင်မှုလား?”

လန်ရှောင်းက နာ့နာ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။

ဒါတွေအားလုံးဟာ တိုက်ဆိုင်မှုတစ်ခုလို့ မထင်ရလောက်အောင်ပဲ။

“တောင်းပန်ပါတယ်၊ ဒါပေမယ့် မင်းကဘယအလုပ်လုပ်တာလဲ” လန်ရှောင်းက လေးနက်စွာ မေးလိုက်သည်။

သူ့သားအတွက် သူသတိထားရတော့မည်ဖြစ်သည်။

“ငါလား? ငါကဆရာပါ; ကောင်းကင်ဘုံနည်းပ

ညာဋ္ဌာနပါ ရှေးခေတ် ကိုယ်ခံပညာတွေကို သင်ပေးတယ်။” နာ့နာ့ပြန်ဖြေလိုက်သည်။

‘သူက ဆရာလား။’

လန်ရှောင်း အံ့သြသွားမိပြန်သည်။ ထိုအချိန်တွင် နာ့နာ့သည် ဝိညာဥ်ဆက်သွယ်ရေးစက်ကို သူမ၏လက်ကောက်ဝတ်မှ ချွတ်ပြီး လန်ရှောင်း ထံသို့ ပေးလိုက်ပြီးဖြစ်သည်။

လူတစ်ဦးစီတွင် အသင်းချုပ်၏

ကိုယ်ပိုင်ဝိညာဥ်ဆက်သွယ်ရေးစက်များရှိ၍ ၎င်းကို ၎င်းတို့၏ အရေးကြီးသော အချက်အလက်များနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များသိမ်းထားကြသည်။ သူမ၏ကိုယ်ပိုင် ဝိညာဉ် ဆက်သွယ်ရေးစက်ကို သူ့ထံသို့ ပေးအပ်လိုက်ခြင်းက သူမသည် မည်မျှရိုးသားပြီး ယုံကြည်ရကြောင်း ပြသခဲ့သည်။ ကိုယ်ရေးကိုယ်တာအချက်အလက်များသည် အလွန်အရေးပါလာသောကြောင့် ယခုလုပ်ရပ်မျိုးသည် ရှားပါလွန်းသည်။

လန်ရှောင်းသည်ပုံမှန်အခြေအနေတွင်၊ အခြားသူတစ်ဦး၏ ဝိညာဥ်ဆက်သွယ်ရေးစက်ကိုကြည့်မည်မဟုတ်သော်လည်း ယခုမှာမူ သူ့သားအတွက်ဖြစ်သောကြောင့် စစ်ဆေးကြည့်လိုက်ရသည်။ ထို့အခါ နာ့နာ့နှင့် ပတ်သက်သည့် အချက်အလက်အားလုံးကို သူတွေ့လိုက်ရသည်။

အမည် : နာ့နာ့... အသက် : 25 နှစ်...

ကောင်းကင်ဘုံနည်းပညာဋ္ဌာန..ရာထူးအဆင့် ၃....

ရှေးဟောင်း သိုင်းပညာမာစတာ....

မည်သည့်သမိုင်းကြောင်းမျှ မရှိပေ။

“ပြန်ယူလို့ရပြီ” လန်ရှောင်းက စက်ကို နာ့နာ့ ထံပြန်ပေးလိုက်ပြီး

“နာ့နာ့ ၊ ရွမ်းယုကို ချစ်တာကို ငါတို့ပျော်မိပါတယ် ဒါပေမယ့် ငါတို့မိသားစုက အခုအသုံးစရိတ်တွေများနေပြီ... နာ့နာ့သို့ နည်းပညာဋ္ဌာနကဆရာတစ်ယောက်ငှားဖို့ မတတ်နိုင်တော့မှာကို စိုးရိမ်မိပါတယ်။ ထို့အပြင် အကယ်၍ မင်း

သာ ငါတို့နှင့်အတူ ကောင်းကင်ဝိညာဥ်ဂြိူလ်ကိုလိုက်လာရင် ဒိကမင်းအလုပ်ကို စွန့်လွှတ်ရလိမ့်မယ်... ဒီတာဝန်ကို ငါတို့ မခံနိုင်ဘူး”

လန်ရှောငိးရိုးသားစွာပြောလိုက်သည်။

“ မင်း ငါ့ကို အခကြေးငွေ ပေးစရာ မလိုဘူး၊

ငါ ပိုက်ဆံ မလိုဘူး၊ ငါ ဒီကလေးကို အရမ်းချစ်ပြီး ငါတတ်သမျှကို သူ့ကို သင်ပေးချင်တယ်။

ငါလိုအပ်သမျှကုန်ကျစရိတ်ကို ငါတာဝန်ယူမှာမို့ စိတ်မပူပါနဲ့” နာ့နာ့ မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

“အိုက်?” နန်ချိန် တစ်ခုခု မူမမှန်ဘူးဟူ ခံစားလိုက်ရသည်၊

ထို့နောက် သူမက “ဒါပေမယ့် မိန်းခလေး နာ့နာ့…”

နာ့နာ့ က တစ်စုံတစ်ခုကို နားလည်သွားပုံရပြီး

“တောင်းပန်ပါတယ်၊ ငါနည်းနည်းလွန်သွားတယ် ဒါပေမယ့် ငါ့မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိပ

ဘူး။ ဒါ့ပြင်၊ ငါမှာ သူ့ကို သင်ပေးနိုင်တဲ့ အရည်အချင်းရှိပြီး မင်းတို့ကို လှည့်စားဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာကို ငါသက်သေပြနိုင်တယ်။”

နာ့နာ့သည် ဘေးသို့လျှောက်သွားလိုက်သည်။

ရေကန်လေးတစ်ခုနားသို့အရောက်....

နာ့နာ့သည် ရေကန်မျက်နာပြင်ကိုလက်ဖြင့်ထိလိုက်လေသည်။

Endend……

All Chapters