Chapters

အခန်း (၃၄)

Vol. 3 Ch. 34

အခန်း (၃၄)

Vol. 3 Ch. 34

ရေလှိုင်းများဆူပွက်လာပြီး ရေများ လေပေါ်သို့ပြန်တက်လာလေသည်။

စက္ကန့်ပိုင်းအတွင်း....

ကုန်တိုက်ထဲသို့ လူများသည်လည်းအပြောင်းအလဲကို သတိပြုမိကြပြီး ေ အံ့အားသင့်စွာကြည့်နေကြသည်။

“ရေလေဆင်နှာမောင်းလား?” နန်ချိန်ရေရွတ်လိုက်မိသည်။ သူမသည် ရေခဲဒြပ်စင်များကို ထိန်းချုပ်သူဖြစ်ပြီး ရေဒြပ်စင်များနှင့်လည်း သဘာဝအတိုင်း ရင်းနှီးကျွမ်းဝင်သူဖြစ်သည်။

ရေလေဆင်နှာမောင်း ဖြစ်ပေါ်လာရန်

သာမန်အဆင့် 6 ဝိညာဥ်ဧကရာဇ်အဆင့် ဝိညာဉ်

မာစတာ လုပ်နိုင်သောအရာ မဟုတ်ပေ။

ဆိုလိုသည်မှာ မိန်းကလေးနာ့နာ့သည် ဝိညာဉ်ဧကရာဇ်အဆင့်ထက် ပိုနေနိုင်သည်။

နာ့နာ့၏ မျက်လုံးများတွင် ငွေရောင်အလင်းတန်းတစ်ခု လင်းလက်နေပြီး ရေနဂါးကြီးတစ်ကောင် ရေလေဆင်နှာမောင်းထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

လန်ရှောင်းတို့မိသားစုလည်း အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။

ထိုရေနဂါးသည် နဂါးနှင့်တူရုံသာမက၊ အသက်ဝိညာဥ်ရှိနေပုံလည်းရသည်။ ပါးသိုင်းမွှေး၊ လက်သည်းများနှင့် အကြေးခွံများပါရှိသည်။

ဒါတွေအားလုံးက အစပဲရှိသေးတယ်.....

အားလုံး ထိတ်လန့်တုန်လှုပ်နေချိန်.......

ရေစီးကြောင်းက အနည်းငယ်ကျုံ့သွားပြီး

နောက်ထပ် ဒုတိယုရေနဂါးကြီး ပေါ်လာပြီး

တတိယ...

ထို့နောက် စတုတ္ထ...

နဝမမြောက် ရေနဂါးကြီး ပေါ်ပေါက်လာသောအခါ ကန်ထဲရှိ ရေအားလုံးကိုကုန်သွားခဲ့သည်။

ရေနဂါး ကိုးကောင်သည် ပတ်ပတ်လည်တွင် ပျံဝဲနေခဲ့သည်။

နာ့နာ့ လှည့်၍ လန်ရှောင်း နှင့် နန်ချိန် ကို ကြည့်လိုက်သည်။

“ဒါဆို လုံလောက်ပြီလား?”

နန်ချိန်းက စူးစမ်းတဲ့လေသံနဲ့

“မင်း... မင်းက ဖုန်းဟောက်တုံ့လော်လား”

နာ့နာ့က “ ဖုန်းဟောက်တုံ့လော်လား.... ထင်တာပဲ။”

သူမကိုယ်တိုင်လည်း မသေချာသလို မကြာသေးမီကမှ သူမသည် ဤကမ္ဘာကြီးအကြောင်းကို စတင်လေ့လာခဲ့ရသည်။ ဖုန်းဟောက်တုံ့လော် အကြောင်းအကြမ်းဖျင်းသာသိထားသည်။

“ဖုန်းဟောက်တုံ့လော်!”

နန်ချိန်သည် အလွန်စိတ်လှုပ်ရှားသွားပြီး မျက်နှာပင်နီမြန်းသွားသည်။ သူမသည် ဝိညာဥ်ကွင်းခြောက်ကွင်း ဝိညာဉ်ဧကရာဇ်ဖြစ်နေပြီဖြစ်သော်လည်း ဖုန်းဟောက်တုံ့လော်တစ်ဦးနှင့်

မတွေ့ဆုံဖူးသေးပေ။ “

နာ့နာ့ သည် သူမ၏ ညာလက်ကိုဝေ့ယမ်းလိုက်ပြီး ရေနဂါး ကိုးကောင်ကိုပြန်သိမ်းလိုက်သည်။

ရေကန်အတွင်းတွင်ရေများပြန်ပြည့်ကာ ပုံမှန်အတိုင်း ငြိမ်သက်သွားသည်။ ရေပင် လျော့သွားခြင်းမရှိပေ။

နာ့နာ က “မင်းတို့ ငါ့ဆက်သွယ်နံပါတ်ကို မှတ်တးထားပါ ဒါမှ မင်းတို့ ငါ့ကို ဆက်သွယ်လို့ရမယ်။ မင်းတို့အားလုံး ဘယ်တော့ ကောင်းကင်ဝိညာဥ်ဂြိုလ်ကို ပြန်ကြမှာလဲ။

“မနက်ဖြန်” နန်ချိန်က အလိုလိုပြန်ဖြေလိုက်မိသည်။

နာ့နာ့ က ခေါင်းညိတ်သည်။ ထို့နောက် ခေါင်းငုံကာ ရွမ်းယု ရဲ့ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပြီး

“ဒါဆို မနက်ဖြန်တွေ့မယ်”

ထို့နောက် နာ့နာ့သည် သူ့တို့ရှေ့မှပျောက်သွားခဲ့သည်။

ကျန်ခဲ့သော လန်ရှောင်းက မျက်ခုံးပင့်ကာ နန်ချိန်ကို “သူမ တစ်ခုခုကို သိသွားတာလား”

နန်ချိန်လည်း ခေါင်းခါလိုက်မိသည်။

“ ငါလည်းမသိဘူး “

“ဖေဖေ မေမေ ဘာတွေပြောနေတာလဲ။ အန်တီနာ့နာ့က သားဆရာလုပ်မှာလား။ “

နန်ချိန်က “အန်တီနာ့နာ့ ကိုသဘောကျလို့လား”

“ဟုတ် ” လန်ရွမ်းယု ခေါင်းညိတ်ကာဖြေလိုက်သည်။

“ထားလိုက်ပါတော့... ငါ မှတ်မိတာ မမှားရင် ငါတို့ အပြန်ခရီးအတွက် ထိုင်ခုံတွေမကျန်တော့ဘူး.. သူ ဘယ်လို လိုက်လာမလဲတော့ မသိဘူး။

ငါတို့မှာ သူ့နံပါတ်ရှိတယ်၊ ဒါပေမယ့် သူ့မှာ ငါတို့ မရှိဘူး၊ စိတိအေးအေးထားပါ”

လန်ရှောင်းရှိုက်ကြီးတငင် ပြုံးလိုက်မိသည်။

……….

နောက်နေ့မနက်စောစော......

ကောင်းကင်ဘုံဂြိုလ် အာကာသစခန်း....

“အန်တီနာ့နာ့ လာမှာလား။” လန်ရွမ်းယု သည် စောင့်ဆိုင်းခန်းအတွင်း လှည့်ပတ်ကြည့်ရှုသော်လည်း နာ့နာ့ ကို မတွေ့လိုက်ရသောကြောင့်မေးလိုက်မိသည်။

“အဖေလည်း မသေချာဘူး။ ကံကြမ္မာပဲ အားကိုးရမှာပေါ့”

အပြန်ခရီးအာကာသယာဉ်ပေါ်တွင်လည်း

နာ့နာ့ကို မတွေ့ခဲ့ရပေ။

လန်ရွမ်းယု အနည်းငယ်စိတ်မကောင်းဖြစ်သွားခဲ့သည်။

Endne d……