အခန်း (၃၅)
Vol. 3 Ch. 35
ကောင်းကင်ဘုံဂြိုလ် သိပ္ပံသုတေသနဌာန...
“နာ့နာ့ နိုးပြီလား” ယွမ်ယန်သည် နာ့နာ့ ၏အခန်းအပြင်ဘက်ရှိ ဘဲလ်ကို နှိပ်လိုက်ပြီး မေးလိုက်သည်။
ဘာလို့ တံခါးမဖွင့်တာလဲ......
နာ့နာ့ သည် ယခင်က သူမကိုခေါ်တိုင်း ငါးမိနစ်အတွင်း တံခါးကို အမြဲဖွင့်တတ်သော်လည်း ယခုတစ်ကြိမ် ဆယ်မိနစ်ကျော်သွားပြီဖြစ်သည်။
“နာ့နာ့၊ ငါက ယွမ်ယန်... တံခါးဖွင့်ဦး”
ဆယ့်ငါးမိနစ်မိနစ်နီးပါးစောင့်ပြီးနောက် ယွမ်ယန်သည် တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ သူမသည် သူမတွင်ပါရှိသည့် တံခါးအပိုသော့
ကတ်ကို အမြန်ထုတ်ကာ တံခါးကိုဖွင့်ကာဝင်သွားလိုက်သည်။
အခန်းမှာ သန့်ရှင်းသပ်ရပ်နေသည်။
“နာ့နာ့၊ နာ့နာ့…”
နာ့နာ့ တစ်ယောက်တည်း အပြင်မထွက်ဖူးပါဘူး....
သူမသည် နာ့နာ့ ၏ ဝိညာဥ်ဆက်သွယ်ရေးစက်ကို လျှင်မြန်စွာခေါ်ဆိုခဲ့သော်လည်း နာ့နာ့မှာ မကိူင်ပေ။
သူမသည် နေရာတစ်ခုကိုကြည့်လိုက်ရာ စာရွက်တစ်ရွက်ကို တွေ့လိုက်ရသည်။
“ယွမ်းယန်၊ ငါက အပြင်ခဏပဲထွက်သွားပြီ...
ငါလုပ်ချင်တာတစ်ခုကိုတွေ့ပြီး မင်းငါ့ကိုရှာစရာမလိုဘူး။ ပြီးတဲ့အခါ ငါပြန်လာမယ် ဒါမှမဟုတ် ဘယ်တော့မှ ပြန်မလာတော့မှာလည်းဖြစ်နိုင််တယ်.... ပုံ နာ့နာ့”
ရိုးရှင်းသော စာတစ်ခုဖြစ်သည်။ စာကို ဖတ်ပြီးတဲ့ နောက်မှာတော့ ယွမ်ယန်ချွေးများ တဖွဲဖွဲကျလာလေသည်။ သူမကို အုပ်ထိန်းသူအနေနဲ့ စောင့်ရှောက်ပေးနေရတဲ့သူ ပျောက်ဆုံးသွားပြီး ပြန်မလာဘူးဟုပင်ပြောခဲ့သည်။ ဒါကို အထက်အရာရှိတွေကို ဘယ်လိုရှင်းပြရမလဲ.....
ယွမ်ယန်သည် နှောင့်နှေးမနေဝံ့ဘဲ နံပတ်တစ်ခုက ဖုန်းဆက်လိုက်သည်...
အာကာသယာဉ်သည် လေထုထဲမှ အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ပြီး ရှည်လျားခရိးစဥ်သို့ တစ်ဖန်ပြန်လည်ရောက်ရှိခဲ့သည်။ အိမ်ပြန်ရောက်ရန် ခုနစ်ရက်မျှ အချိန်ယူရမည်းဖြစ်သည်။
အပြန်ခရီးတွင် နန်ချိန် နှင့် လန်ရှောင်းတို့ အိပ်ငိုက်နေလေသည်။ အနည်းငယ်ပင်ပန်းနေခဲ့ကြ သည်။
လန်ရွမ်းယုသည်လည်း ထိုင်ခုံတွင်ပါသော လေ့ကျင့်ရေးခလုပ်ကိုနှိပ်လိုက်ပြီး တရားထိုင်ကာလိုက်ပါလာလေသည်။
ဤခုနစ်ရက်အတွင်း အချိန်ကိုဖြတ်သန်းရန် အကောင်းဆုံးနည်းလမ်းမှာ တရားထိုင်ခြင်းပင်ဖြစ်သည်။
လန်ရွမ်းယုသည် သူ၏လျှို့ဝှက်ဆန်းကြယ်ကောင်းကင်ဘုံကျမ်းစွမ်းအားမှာအနည်းငယ်တိုးတက်လာကြောင်းကိုသဘောပေါက်ခဲ့သည်။ သူ၏ ဝိညာဉ်စွမ်းအားများ တိုးမြင့်လာခြင်းကြောင့်ဖြစ်ပြီး သူ၏ ဝိညာဉ်စွမ်းအားအပေါ် ထိန်းချုပ်မှုမှာလည်း ပိုမိုအားကောင်းလာခဲ့သည်။ ဝိညာဉ်စွမ်းအား 12 အဆင့်ကို ဖြတ်ကျော်ဝင်ရောက်တော့မည်ဟု ခံစားမိလိုက်သည်။
“ရွမ်းယု” ထိုအချိန်မှာပဲ နူးညံ့သိမ်မွေ့သော အသံတစ်ခု သူ့ခေါင်းထဲတွင် ရုတ်တရက် ထွက်ပေါ်လာတယ်။
လန်ရွမ်းယု ထထိုင်လိုက်ကာ ပတ်ဝန်းကျင်ကို အလိုလိုကြည့်လိုက်မိကာ
“အန်တီ နာ့နာ့ မင်းလား?”
“ထိုင်နေ မလှုပ်နဲ့။ ဟုတ်တယ် ငါပဲ” နာ့နာ့ ၏ စကားသံသည် သူ့ခေါင်းထဲသို့ တိုးဝင်လာပြန်သည်။
အကာအကွယ်အဖုံးကြောင့် လန်ရွမ်းယု၏ အသံကို ပြင်ပမှ မကြားရပေ။
လန်ရွမ်းယုက စိတ်လှုပ်ရှားစွာနဲ့
“အန်တီ နာ့နာ့၊ မင်းလည်း အာကာသယာဉ်ပေါ်မှာလား။ မင်းမလာတော့ဘူးလို့ ထင်ထားတာ။
နည်းနည်းတော့စိတ်မကောင်းဖြစ်သွားတယ်”
နာ့နာ့ က ပြုံးပြီး “ဘာလို့ မလာရမှာလဲ။
အန်တီက ကတိတည်ပါတယ်”
“အဲဒါအရမ်းဆုံးပဲ ဟဲဟဲ... အန်တီက သားရဲ့ဆရာမလုပ်မှာလား”
“လုပ်စေချင်လို့လား?”
“လုပ်စေချင်တယ် လုပ်စေချင်တယ်...
ဒါဆို နောက်တစ်ခါ ဆရာမ နာ့နာ့ ခေါ်လို့ရမလား” လန်ရွမ်းယု စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“အင်း၊ရတယ်”
“ဆရာမ နာ့နာ့က ဒါဆို အခု ဘယ်မှာလဲ”
ရွမ်းယု က စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။
“ငါက မင်းနဲ့အဆင့်တူမဟုတ်သေးတဲ့အတွက် မင်းငါ့ကိုမမြင်ရဘူး။ ဒါပေမယ့် ငါ့ဝိညာဉ်စွမ်းအားက မင်းနဲ့ဆက်သွယ်နိုင်တယ်။ ငါတို့ စကားပြောလို့ ရတယ်”
“ မင်းငါ့ကိုတွေ့ချင်ရင် မျက်လုံးမှိတ်ပြီး တရားထိုင်လိုက်။ ဆရာမက မင်းကို လာတွေ့မယ် ဟုတ်လား”
“ဟုတ်!”
လန်ရွမ်းယုသည် သူ့ထိုင်ခုံပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ တိတ်တိတ်လေး တရားထိုင်လိုက်သည်။
တရားထိုင်ပြီးနောက် သူ့ပတ်ဝန်းကျင်ဟာ အမှောင်ထုတစ်ခုလို ခံစားလိုက်ရသည်။
ငွေရောင်အလင်းတန်းအချို့ကိုလည်း ခံစားလိုက်ရသည်။
ထိုကဲ့သို့ မှောင်မဲနေစဉ်အခိုက်အတန့်တွင် ရုတ်တရက် အလင်းတန်းတစ်ခုထွက်လာပြီး သူ့ပတ်ဝန်းကျင်ကို လင်းထိန်သွားစေခဲ့သည်။
နောက်တော့ ရုပ်ပုံတစ်ပုံ တဖြည်းဖြည်း ပေါ်လာခဲ့သည်။
ငွေရောင်ဆံပင်နှင့်ခရမ်းရောင်မျက်လုံးတစ်စုံ....
နူးညံ့သိမ်မွေ့သော အပြုံးဖြင့် ရင်သပ်ရှုမောဖွယ်ကောင်းသော မျက်နှာ.....
“ရွမ်းယု” သူမက ရွမ်းယု တိုးညှင်းစွာခေါ်လိုက်သည်။
“ဆရာမ နာ့နာ့ ၊ ဒါက မှော်ဆန်တာပဲ။ ဒါက ဘယ်မှာလဲ?”
Endendm……