← Chapters

အခန်း (၃၆)

Vol. 3 Ch. 36

အခန်း (၃၆)

Vol. 3 Ch. 36

“မင်းရဲ့စိတ်ထဲမှာ ဒါမှမဟုတ် မင်းရဲ့အသိစိတ်ထဲမှာလို့ ပြောလို့ရတယ်။ အနာဂတ်မှာ မင်းရဲ့ ဝိညာဉ်စွမ်းအား အားကောင်းလာတဲ့အခါ မင်းဒါကို နားလည်လာလိမ့်မယ်။ နောက်ကျ ငါသင်ပေးမယ်” နာ့နာ့ ပြုံးလိုက်သည်။

လန်ရွမ်းယုကတော့ ဘာမှ နားမလည်ပေ.

“စိတ်ထဲကနေရာ? ဝိညာဉ်စွမ်းအားပိုရှိလာရင်...

ဒါဆို ဆရာမနာ့နာ့ကို ဒီမှာ အမြဲတွေ့လို့ရလား” ရွမ်းယုက ရုတ်တရက်မေးလိုက်သည်။

“အကွာအဝေးက သိပ်မဝေးသရွေ့တော့ အဆင်ပြေတယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး... မင်းကို ဘယ်နေရာရောက်ရောက် လာရှာလို့ရ

တယ်”

“ဟုတ်! ဟုတ်!” လန်ရွမ်းယု စိတ်လှုပ်ရှားစွာ အော်လိုက်မိသည်။

နာ့နာ့ က “အခု ငါက မင်းရဲ့ဆရာဖြစ်လာပြီဆိုတော့ မင်းဘာသင်ချင်လဲ”

လန်ရွမ်းယုက ခေတ္တစဥ်းစားလိုက်ပြီး

“မသိဘူး ဒါပေမယ့် ငါ့ကို အနိုင်ကျင့်ဖို့ ကြိုးစားနေတဲ့ ကျောင်းမှာ မိန်းကလေးတစ်ယောက်ရှိတယ်။ သူမရဲ့ ဝိညာဉ်စွမ်းရည်က နှစ်တစ်ရာဝိညာဥ်ကွင်းကနေရတာ...ဒါပေမဲ့ သားကိုတိုက်ရင်တော့ သူအမြဲရှုံးတယ်။ ဆရာမ နာ့နာ့ ဆရာမ ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာ သိလား”

နာ့နာ့ ခဏလောက်စဉ်းစားလိုက်ပြီး

“ငါသိတယ်ထင်တယ်”

လန်ရွမ်းယု က

“ဒါပေမယ့် ရန်ဖြစ်ရတာ မကောင်းဘူးမလား”

နာ့နာ့ ရယ်မောလိုက်သည်။

“မင်းဘာကြောင့် ရန်ဖြစ်တာလဲဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။ ကာကွယ်သင့်တဲ့လူတွေကို ကာကွယ်ဖို့ဆိုရင် ရန်ဖြစ်တာ ကောင်းတာပေါ့။ ဥပမာ၊ မင်းအမေကိုတစ်ယောက်ယောက်က အနိုင်ကျင့်ရင် မင်း သူ့ကို မကာကွယ်ချင်ဘူးလား။ ပြီးတော့ အဲ့ဒီအချိန်ရောက်လာပြီး

မင်းဘာမှမလုပ်နိုင်ရင် ဘာဖြစ်လုပ်မလဲ။ မင်းဘာလုပ်မလဲ?

လန်ရွမ်းယုသည် သူမပြောသည်ရည်ရွယ်ချက်ကို နားလည်သွားပုံရသည်။

“ဒါဆိုကျင့်ကြံရတဲ့ ရည်ရွယ်ချက်က ကာကွယ်ဖို့လား။ ကိုယ်ချစ်တဲ့လူတွေကို ကာကွယ်ဖို့ပေါ့”

“ဟုတ်တယ် အဲ့ဒီလိုပြောလို့ရတယ်။ မင်းချစ်တဲ့လူတွေကို ကာကွယ်စောင့်ရှောက်ဖို့ပဲ။”

ထိုအချိန် နာ့နာ့၏ မျက်လုံးများသည်တစ်ခုခုကို သတိရသွားသလို မှင်တက်သွားခဲ့သည်။

“ဆရာမ နာ့နာ့ အဆင်ပြေရဲ့လား”

လန်ရွမ်းယုသည် နာ့နာ့၏ရှေ့တွင် သူ့လက်ကို ဝှေ့ယမ်းလိုက်ကာမေးလိုက်သည်။

ထို့နောက် နာ့နာ့ သတိပြန်ဝင်လာကာ

“ငါလည်း မသိဘူး။ ရုတ်တရက် တစ်ခုခုကို သတိရသွားသလိူပဲ။ ရွမ်းယု မင်း အခုဘာကို တကယ်လေ့လာချင်တာလဲ။ ဘာကို သင်ပေးရမလဲ ဆိုတာကို စဉ်းစား။”

လန်ရွမ်းယု ခေါင်းညိတ်ပြီး

“ဆရာမနာ့နာ့၊ ကျွန်တော် လူတွေကို မထိရဲဘူး၊ သူတို့ကိုတိုက်ခိုက်တာကိုရှောင်ဖို့ နည်းလမ်းရှိလား”

“ဘာလို့ လူတွေကို မထိရဲတာလဲ။” နာ့နာ့ ရယ်

လိုက်သည်။

“သား နည်းနည်းရှက်လို့” လန်ရွမ်းယု က ရှက်ရွံ့စွာပြောလိုက်သည်။

နာ့နာ့၏ အပြုံးသည် ပိုပင် တောက်ပလာပြီး ရွမ်းယုလေးအပေါ်အချစ်များပိုလာခဲ့သည်။

“ဒီမှာ စွမ်းရည်တွေကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သင်ပေးလို့မရဘူး။ ငါ မင်းကို ခြေကွက်လက်ကွက်သိုင်းပညာတစ်ခုခု သင်ပေးရမလား။ အဲ့ဒါကိုတတ်ထားရင် တခြားသူတွေက မင်းကို ထိခိုက်စေနိုင်မှာ မဟုတ်ဘူး။ အဆင်ပြေလား?”

“ကောင်းတယ်! ကောင်းတယ်!” လန်ရွမ်းယု ရယ်မောကာပြောလိုက်သည်။

“ဒါဆို ငါ့ကို လိုက်ဖမ်း” နာ့နာ့ ပြုံးလိုက်သည်။

လန်ရွမ်းယု က “ဘာလို့ ဆရာမကိုဖမ်းစေချင်တာလဲ”

“ငါ့ကိုဖမ်းမိရင် မင်းကိုငါဆုချမယ်။

မင်းငါ့ကိုမဖမ်းနိုင်ရင် မင်းအပြစ်ပေးလိမ့်မယ်”

နာ့နာ့ပြန်ပြောလိုက်သည်။

“ဆုလား?” လန်ရွမ်းယု က စိတ်လှုပ်ရှားစွာပြောလိုက်သည်။

ထို့နောက် နာ့နာ့လည်း ပြုံးလိုက်ကာ

“ငါ့ကို ဖမ်းမိရင် ငါ့ကို နမ်းခွင့်ပေးမယ်၊

မင်းမဖမ်းနိုင်ရင် မင်းကို နမ်းပြီး အပြစ်ပေးမယ်”

“ဟုတ်...၊ သားးလာပြီ။”

လန်ရွမ်းယု ရှေ့သို့ တိုးလာခဲ့သည်။

နာ့နာ့သည် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရုံ

ဖြင့် ရွမ်းယု မိခါနီးတွင် လွတ်လွတ်သွားတတ်သည်။

နာ့နာ့ပြေးနေသောခြေကွက်များမှာ အလွန်ထူးဆန်းနေလေသည်။ ထို့နောက် ရွမ်းယုလည်း နာ့နာ့နောက်ကိုလိုက်ရင် အလိုလိုလေ့ကျင့်မိသလိုဖြစ်သွားခဲ့သည်။

ဝိညာဉ်ရေးရာလောကထဲတွင်....

“ဆရာမ သား မဖမ်းနိုင်တော့ဘူး... အရမ်းပင်ပန်းနေပြီ။”

နာ့နာ့ က “ဒါက မင်းရဲ့ ဝိညာဉ်စွမ်းအားတွေ ကုန်ဆုံးသွားလို့ပဲ။ ကောင်းပြီ၊ နောက်တစ်ကြိမ် ထပ်ကြိုးစားမယ်။ မင်းငါ့ကိုဖမ်းဖို့ကြိုးစားရင်းနဲ့ ငါ့ခြေကွက်လက်ကွက်တွေကို မှတ်သားထားရမယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ မင်းရှုံးသွားပြီ။”

“ဒါဆို ဆရာမ ကျနော့်ကို နမ်းခွင့်ပေးရမှာလား”

…………

နာ့နာ့ကြောင့် လန်ရွမ်းယုသည် အပြန်ခရီးတွင် အထီးမကျန်ခဲ့ရပေ။

အာကာသယဥ်ဆင်းသက်ပြီ.....

အာကာသယာဉ် 7703 သည် ကောင်းကင်ဝိညာဥ်ဂြိုလ်လေထုကို ဖြတ်၍ အာကာသယဥ်စခန်း သို့ ဖြည်းညှင်းစွာ ဆင်းသက်ခဲ့သည်။

“ဟူး...” လူတိုင်းနီးပါး အသက်ရှူချောင်သွားကြသည်။

ခုနစ်ရက်......

ခုနှစ်ရက်လုံးလုံး အာကာသယဥ်စီးခဲ့ရသည်။

လန်ရွမ်းယု၏ မျက်လုံးတွေသည် ယာဥ်ပေါ်မှ

ဆင်းလာသောအခါ အရင်ကထက်ပိုမိုတောက်ပလာနေသည်ကို နန်ချိန်သတိထားမိလိုက်သည်။သို့သော်အကြောင်းပြချက်ကိုတော့ မသိခဲ့ပေ။

အာကာသယာဉ်ပေါ်မှာ ဆင်းပြီးသောအခါ

ရွမ်းယုသည် နာ့နာ့ကိုရှာနေခဲ့သည်။

အပြန်လမ်းတွင် သူနှင့် နာ့နာ့တို့သည် စိန်ပြေးလိုက်တမ်းပွဲပေါင်း ဆယ်ကြိမ်ကျော်ကစားခဲ့ပြီး တစ်ယောက်နှင့်တစ်ယောက် အတော်လေး သိလာခဲ့သည်။

“ငါ့ကိုမရှာနဲ့၊ မင်းကိုငါလာရှာမယ်။ ဖေဖေ မေမေတို့နဲ့ အရင်အိမ်ပြန်လိုက်”

နာနာ၏အသံက ရွမ်းယု၏ခေါင်းထဲတွင် ပဲ့တင်ထပ်လာသည်။

“ဟုတ်၊” ရွမ်းယု ချက်ချင်းနီးပါးပြန်ပြောလိုက်မိ သည်။

“ ဘာဟုတ်လဲ?” နန်ချိန်က သူ့သားကို သံသယနဲ့ ကြည့်မိသည်။

ရွမ်းယု ပြုံးလိုက်ပြီး သူ့အမေကို ကြည့်လိုက်သည်။

“ဒါက လျှို့ဝှက်ချက်ပါ၊ မေမေ့ကို မပြောပြဘူး။”

နန်ချိန်၏မျက်နှာသည် ရုတ်တရက်အေးစက်သွားသည်။

“ဒါဆို မင်းရဲ့ အရုပ်နှစ်ခုကို ငါသိမ်းလိုက်မယ်။”

“ဟာ? မေမေကလည်း… ချစ်စရာကောင်းတဲ့ မေမေကလည်း” လန်ရွမ်းယုသည် နန်ချိန်ကို ချက်ချင်း ပွေ့ဖက်လိုက်ပြီး မျက်ရည်စို့နေသော မျက်လုံးကြီးများဖြင့် သူမကို ကြည့်လိုက်သည်။

နန်ချိန်လည်း ရယ်မောသွားသည်။

“ကောင်းပါပြီ၊ ငါက စနေတာပါ။ မြန်မြန် အိမ်ပြန်ကြရအောင်။ ရေချိုးရမယ်”

ကောင်းကင်ဝိညာဥ်မြို့တွင်ပင် သူတို့ မရပ်ခဲ့ပေ။ သူတို့ရဲ့အိမ်ရှိရာ ကျီလော်မြို့စီ သို့ တိုက်ရိုက်လေယာဉ်ဖြင့် ပြန်ခဲ့ကြပြီး အိမ်ရောက် အခါ ညနေစောင်းနေပြီဖြစ်သည်။

၎င်းတို့သည် ဝိညာဉ်မာစတာများဖြစ်လင့်ကစား နန်ချိန် နှင့် လန်ရှောင်းတို့သည် အိမ်သို့ရောက်သောခါ ထပ်မံအိပ်ပျော်သွားခဲ့ကြသည်။ ခရီးသည် တကယ်ပင် ပင်ပန်းလွန်းလှသည်။

လန်ရွမ်းယုလည်း တော်တော် ပင်ပန်းနေခဲ့သည်။သိူ့သော် နာ့နာ့အားသတိရသွားတာကြောင့် ချက်ချင်း အိပ်ရာမဝင်ခဲ့ပေ။ ထိုအစား သူ့အခန်းငယ်လေးထဲမှာပင် တရားထိုင်လိုက်သည်။

Endend…

All Chapters