← Chapters

အခန်း (၃၇)

Vol. 3 Ch. 37

အခန်း (၃၇)

Vol. 3 Ch. 37

“ဆရာမ နာ့နာ့... ဆရာမကတကယ် ကတိတည်တာပဲ”

နာ့နာ့ ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။

“ဆရာမက ကိုယ့်ကတိကို သေချာတည်ခဲ့တယ်....အခု ငါတို့ဂိမ်းကို ဆက်ရအောင် လာဖမ်းတော့”

နာ့နာ့သည် ရွမ်းယုကို တမင်တကာအလျော့ပေးကာ အဖမ်းခံလေသည်။ ရွမ်းယုသည် နာ့နာ့ကိုအကြိမ်များစွာနမ်းခဲ့ရသလို နာ့နာ့ကလည်း ရွမ်းယုကို အကြိမ်များစွာနမ်းခဲ့ရလေသည်။

………

ငွေရောင်အလင်းတန်းတစ်ခုသည် ကျီလော်မြို့၏ မှောင်မိုက်သောလမ်းကြားတစ်ခုတွင် တဖြည်းဖြည်း ပေါ်လာခဲ့သည်။

သူမ ဘယ်သွားရမလဲ....

ဘယ်မှာနေရမလဲ မသိပေ.....

တကယ်တော့ သူမဟာ မချမ်းသာခဲ့ပေ။

ကောင်းကင်ဘုံသိပ္ပံဋ္ဌာန မှ ပံ့ပိုးပေးသည့် ထောက်ပံ့ကြေးမှာလည်း ရိုးရှင်းသော လစဉ်အသုံးစရိတ်များဖြင့်သာ ကုန်တတ်သည်။

လမ်းမီးရောင်အောက်တွင် လူရိပ်တစ်ခုသည် ဦးတည်ရာမဲ့လှည့်ပတ်နေခဲ့သည်။

နောက်တစ်နေ့..... မနက်စောစော....

လန်ရွမ်းယု အိပ်ယာမှနိုးလာခဲ့သည်။ တစ်ညလုံး တရားထိုင်ခဲ့ခြင်းကြောင့် ညောင်းညာနေခဲ့

သည်။ နာ့နာ့နှင့်စိန်ပြေးလိုက်တာကစားခြင်းသည် သူ့ရဲ့ဝိညာဥ်စွမ်းအားကိုပင်တိုးလာစေခဲ့သည်။

“အမေ၊ အမေ၊ ကျွန်တော့်ရဲ့ ဝိညာဉ်စွမ်းအားတွေ တိုးလာပြီထင်တယ်”

ရွမ်းယုသည် မီးဖိုချောင်ထဲကို ပြေးသွားပြီး

မနက်စာစားနေသော နန်ချိန်ကို စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။

နန်ချိန်က ရယ်ကာ “ဟုတ်လား? ခုလိုကြားရတာ အရမ်းကောင်းတယ်၊ ခဏနေ စစ်ဆေးပေးပါ့မယ်ရှင့်”

ထူးဆန်းသည်မှာ ထိုနေ့မှစ၍ လန်ရွမ်းယု၏အစားစားနိုင်နှုန်းသည် အဆမတန်တိုးလာခဲ့သည်။ ယခင်ကမစားသော အစားအစာများကိုပင် စားလာလေသည်။

လန်ရှောင်းတို့မိဘနှစ်ပါးပင် အံ့အားသင့်သွားခဲ့ရသည်။

အမှန်ဖြစ်လာခဲ့သည်။ ဝိညာဉ်စွမ်းအား စမ်းသပ်ကိရိယာကို အသုံးပြုပြီးစစ်ဆေးပြီးနောက်

လန်ရွမ်းယု၏ ဝိညာဉ်စွမ်းအားသည် အဆင့် 12 အထိ တိုးလာခဲ့သည်။

“ ဒေါက်..ဒေါက် “

ထိုအချိန်တွင် တံခါးဝစီမှ တံခါးခေါက်သံထွက်ပေါ်လာခဲ့သည်။

လန်ရွမ်းယု၏မျက်လုံးများချက်ချင်းလင်းသွားပြီး တံခါးပေါက်ဆီသို့ စိတ်အားထက်သန်စွာ ပြေးသွားကာ တံခါးကိုဖွင့်လိုက်သည်။

ငွေရောင်ဆံပင်နှင့် အနက်ရောင်မျက်နှာဖုံးဖြင့်

နာ့နာ့ သည် ရွမ်းယုရှေ့တွင် ရပ်နေလေသည်။ ထို့နောက်ရွမ်းယုအားပြုံးပြကာ ရွမ်းယု၏ခေါင်းကိုပွက်သပ်လိုက်လေသည်။

“ ငါ ရောက်ပြီ “

“ဆရာမ နာ့နာ့”

လန်ရွမ်းယု ချက်ချင်းခုန်ကာ နာ့နာ့ကို ပွေ့ဖက်လိုက်သည်။

နာ့နာ့ အနည်းငယ် တုန်လှုပ်သွားလေသည်။ အမည်မသိ အကြောင်းပြချက်တစ်ခုကြောင့်

ဖော်မပြနိုင်သောနွေးထွေးမှုတစ်ခု သူမနှလုံးသားမှ ထွက်ပေါ်လာပြီး မနေ့ညက တစ်ညလုံး လမ်းလျှောက်နေရာမှ ရရှိခဲ့သော ပင်ပန်းနွမ်းနယ်မှုနှင့် အထီးကျန်မှုကိုပျောက်ကွယ်သွားခဲ့သည်။

တံခါးဝတွင် နာ့နာ့အားမြင်လိုက်သောအခါ လန်ရှောင်း လန့်သွားခဲ့သည်။

“အရှင်မ... မင်းတကယ်လာခဲ့တာပဲ..”

နန်ချိန် နှင့် လန်ရှောင်းတို့သည် နာ့နာ့အား ဖုန်းဟောက်တုံ့လော်ဖြစ်နိုင်ကြောင်း တွေးမိခဲ့ကြသည်။ ထို့ကြောင့် လေးစားသမှုဖြင့် အရှင်မဟုခေါ်လိုက်ခြင်းဖြစ်သည်။ မည်သည့်ဖုန့်ဟောက်တုံ့

လော်ကိုမဆို ဝိညာဥ်မာစတာအဖွဲ့အစည်းတွင် အရှင်ဟုဟာ သတ်မှတ်ရသည်။

နာ့နာ့ က မင်္ဂလာရှိသောမနက်ခင်းပါ မစ္စတာလန်... စိတ်အနှောင့်အယှက်ပေးမိရင် တောင်းပန်ပါတယ်။ ဝင်လို့ရမလား?”

“ရပါတယ်၊ ကျေးဇူးပြုပြီး ဝင်ပါ” လန်ရှောင်းသည် ချက်ခြင်းဝင်ရန် လက်ပြလိုက်သည်။

“ရွမ်းယု မြန်မြန်ဆင်းတော့” လန်ရှောင်း က သူ့သားကို ပြောလိုက်သည်။

ရွမ်းယုက သူ့အဖေအာ လှည့်ကြည့်လိုက်ကာ “ဖေဖေ၊ ဆရာမ နာ့နာ့စီက အရမ်းမွှေးတာပဲ”

“ယဉ်ကျေးစမ်း ရွမ်းယု” လန်ရှောင်း မျက်မှောင်ကြုတ်ကာဆူလိုက်မိသည်။

လန်ရွမ်းယုလည်း သူ့အဖေဆူသောအခါ

ချက်ချင်းပင် အောက်သို့ဆင်းလိုက်လေသည်။

နန်ချိန်ကလည်း “အရှင်မ၊ နံနက်စာ စားပြီးပြီလား”

နာ့နာ့ လန့်သွားသည်။ တကယ်တော့ သူမသည် ဘယ်တုန်းကမှ ဆာလောင်မှုကို မခံစားခဲ့ရပေ။

သူမရဲ့အမူအရာကိုမြင်တော့ နန်ချိန်က

“ အတူတူထမင်းစားရအောင်ပ၊ ကျမ မနက်စာချက်ပြီးပြီ”

“ကောင်းပါပြီ”

နာ့နာ့သည် ထမင်းစားဝိုင်းတွင် ရွမ်းယုလေး၏အငမ်းမရစားသောက်ပုံကိုတွေ့လိုက်ရသောအခါ မင်သက်သွားမိသည်။ အကြောင်းတစ်ခုခုကြောင့် သူမသည် အရင်က ထိုကဲ့သို့သော မြင်ကွင်းကို မြင်ဖူးခဲ့သလိုမျိုး အလွန်ရင်းနှီးသော မြင်ကွင်းကို တွေ့ရသလိုခံစားလိုက်ရသည်။

“ဒီကလေးက အခုနောက်ပိုင်း အစာပိုစားလာတယ်။ အရှင်မ ၊ ဒါက ပုံမှန်ပဲလား “

နာ့နာ့သည် ဖုန်းဟောက်တုံ့လော်ဖြစ်သောကြောင့် နန်ချိန်မမေးပဲမနေနိုင်ခဲ့ပေ။

နာ့နာ့က ခေါင်းငြိမ့်ကာ “ဒါ ပုံမှန်ပဲ။

သူ့ခန္ဓာကိုယ်ကြီးထွားဖို့အတွက် အာဟာရနဲ့ ဝိညာဉ်စွမ်းအင်တွေ လိုအပ်တာကြောင့် သူဒီလိုစားသင့်တယ်။ သာမန်အစာတစ်ခုမှာပါတဲ့ ဝိညာဉ်စွမ်းအင်ကတော့နည်းနည်းတော့ နည်းတာပေါ့။”

လန်ရှောင်းအနည်းငယ် လှုပ်ရှားလာသည်။ “ဆေးဖက်ဝင်အစားအစာတွေနဲ့ ရှားပါးဝိညာဥ်ဆေးပင်တွေကျွေးရင်ပိုကောင်းမယ်လို့ ဆိုလိုတာလား “

“ဟုတ်တယ်။ အဲဒါတွေက ပိုကောင်းပြီး

ခန္ဓာကိုယ်အတွက် ပိုအကျိုးရှိတယ်”

နာ့နာ့က အရှိကိုအရှိတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

လန်ရှောင်း ရှိုက်ကြီးတငင် ရယ်မောလိုက်သည်။ “သူတို့ကို ဝယ်ဖို့ ကျွန်တော်တို့ မတတ်နိုင်ပါဘူး။ သူတို့အကြောင်းကို အရင်က ငါကြားဖူးတယ်၊ ဆေးဖက်ဝင်အစားအစာတွေနဲ့ ရှားပါးဝိညာဥ်ဆေးပင်တွေကို အဆင့်အတန်းမြင့်တဲ့ အကယ်ဒမီတွေမှာသာ ခွဲတမ်းချပေးတတ်တယ်။”

နာ့နာ့ က

“အဆင့်မြင့်အကယ်ဒမီတွေမှာပဲ ရတာလား။ ဘာလို့အဲလိုဖြစ်ရတာလဲ?”

လန်ရှောင်း က

“အထူးသဖြင့် ရှားပါးဆေးဘက်ပင်စားစရာတွေက ဈေးကြီးပြီး သာမန်လူတွေ စားသုံးနိုင်တဲ့ အရာတွေ မဟုတ်ဘူး။ အဆင့်အတန်းမြင့်တဲ့ အထက်တန်းစား လူတန်းစားတွေကပဲဝယ်စားနိုင်

တယ်။ ငါတို့လို သာမာန်လူတွေကလည်း သူတို့ကိုမဝယ်နိုင်ဘူးလေ။ နောက်ပီး ရှားပါးအပင်တွေသစ်သီးတွေက မိခင်ဂြိုလ်နဲ့ သားရဲဂြိုလ်နှစ်ခုကနေပဲရနိုင်တယ်။ အဲ့တာကြောင့် သယ်ယူစရိတ်က စျေးကြီးတယ်”

“အော်.... ကျီလော်မြို့မှာ အဆင့်မြင့်အကယ်ဒမီ ရှိလား” နာ့နာ့မေးလိုက်သည်။

လန်ရှောင်းက “နည်းနည်းရှိတယ်။ ကျီလော်မြို့မှာ အဆင့်မြင့်အကယ်ဒမီတစ်ခုရှိတယ်။ ရွမ်းယုက အဲ့ကျောင်းလက်အောက်က မူလတန်းအကယ်ဒမီမှာတက်နေတာ”

“အော် ငါသိပြီ။” နာ့နာ့ခေါင်းညိတ်လိုက်သည်။

နန်ချိန် က “လေးစားရပါသော အရှင်မ၊ မင်း ရွမ်းယုကို သင်ပေးဖို့ အမှန်တကယ် ရည်ရွယ်ထားတာလား။ ကျမတို့ အရှင်မကို ကျူရှင်ခပေးဖို့တကယ်မတတ်နိုင်ဘူး။”

ချမ်းသာသောလူများပင် ဖုန်းဟောက်တုံ့လော်တစ်ဦးအား အိမ်တွင်ခေါ်သင်ရန် မတတ်နိုင်ကြပေ။ မျိုးနွယ်စုများသာ ထိုသို့လုပ်ဆောင်နိုင်စွမ်းရှိသည်။

“ပိုက်ဆံမလိုချင်ပါဘူး။ နေစရာနေရာပေးရုံနဲ့ရတယ်။ ကျယ်ဖို့လည်း မလိုဘူး။ လေ့ကျင့်ရေးခန်းထဲမှာ ထားရင်တောင် အဆင်ပြေတယ်။

ငါက အစားအများကြီးလည်းမစားတတ်ဘူး။

ငါမင်းအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရဘူး”

ထိုအချိန်တွင် နာ့နာ့သည် သူမ၏မျက်နှာဖုံးကို ဖယ်ရှားလိုက်သည်။ အေးအေးဆေးဆေးပင် ပြောနေလေသည်။

နန်ချိန် နှင့် လန်ရှောင်းတို့သည် ဖုန်းဟောက်တုံ့လော်တစ်ဦး၏စကားကို ငြင်းဆန်ရန် အနည်းငယ်မျှ အစွမ်းအစမရှိဟု ရုတ်တရက် ခံစားလိုက်ရသည်။

“ဒါက ရွမ်းယု ရဲ့ ကံကြမ္မာပဲဖြစ်နိုင်ပါတယ်၊ ငါ

တို့ မင်းကို ဒုက္ခပေးမိလို့တောင်းပန်ပါတယ်။”

လန်ရှောင်းသည် တုံ့ဆိုင်းမနေတော့ပဲ ဆုံးဖြတ်ချက်ချလိုက်သည်။ သူမသည် ကောင်းကင်ဘုံဂြိုလ်မှ ကောင်းကင်ဝိညာဥ် ဂြိုလ်စီပင် ရောက်လာပြီးဖြစ်သည်။

Endend……

All Chapters