← Chapters

အခန်း (၃၈)

Vol. 3 Ch. 38

အခန်း (၃၈)

Vol. 3 Ch. 38

“နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်”

နာ့နာ့ က လန်ရှောင်း နှင့် နန်ချိန်တို့ကို ခေါင်းညိတ်ပြကာပြောလိုက်သည်။

အိမ်တွင် အခန်းပိုရှိသောကြောင့် လေ့ကျင့်ရေးအခန်းတွင်တော့မထားပေ။ လန်ရှောင်းသည် ငယ်ငယ်ကတည်းက မိဘမဲ့ဖြစ်ပြီး သူတစ်ယောက်တည်း မိဘမဲ့ဂေဟာတွင် ကြီးပြင်းခဲ့သည်။ သို့သော် နန်ချိန်တွင်မူ တခါတရံ လာလည်တတ်သည့်မိဘများ ရှိပြီး သူတို့လာပါကထားရန်အတွက်စီစဥ်ထားသော တစ်ခုတည်းသော အခန်းပိုတစ်ခု ရှိသည်။ ထုံးစံအတိုင်းထိုအခန်းကို နာ့နာ့နေရမည်ဖြစ်သည်။

“လေးစားရပါသောအရှင်မ၊ ရွမ်းယုကို

သင်ပေးနေရင် ငါဘေးမှာ စောင့်ကြည့်လို့ရမလား” နန်ချိန်ပြောလိုက်သည်။ နာ့နာ့သည် သူစိမ်းဖြစ်နေဆဲမို့ နန်ချိန် အနည်းငယ် စိတ်ပူနေမိသည်။

“ရပါတယ်။” နာ့နာ့ ခေါင်းညိတ်လိုက်သည်။

နန်ချိန် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ “ကျွန်မကို ဘေးနားမှာ စောင့်ကြည့်ခွင့်ပြုတာက အရှင်မအတွက် ပြဿနာမဖြစ်ဘူးမလား”

…………

“ရွမ်းယု ဆရာမနာ့နာ့စီက စပြီး သင်ယူတဲ့အခါ မင်းဘာတွေသင်ယူခဲ့ရလဲဆိုတာမေမေ့ကို ပြောပြရမယ်နော်... တစ်ခုခုထူးဆန်းရင်လည်း မေမေ့

ကို ပြောပြရမယ်” နန်ချိန်းက သူ့သားကိုပြောနေလေသည်။

“ဟုတ်... မေမေ၊ မင်းငါ့ကိုဖမ်းဖို့ကြိုးစားကြည့် မလား” ရွမ်းယု ရုတ်တရက်ရယ်ကာပြောလိုက်သည်။

“မင်းကို ဘာအတွက် လိုက်ဖမ်းကမှာလဲ။” နန်ချိန် အံ့အားသင့်သွားသည်။

လန်ရွမ်းယု က တခစ်ခစ်ရယ်သည်။

“မေမေ သားကို ဖမ်းမိရင် သားပါးကိုနမ်းခွင့်ပေးမယ်။”

သူ့သားလေးက ချစ်စရာကောင်းစွာပြောနေသည်ကိုမြင်တော့ နန်ချိန်တစ်ယောက်တခစ်ခစ်ရယ်ပြီး “မင်းဖျားတဲ့အထိ နမ်းပစ်မယ်.ဟဲဟဲ ”

ထို့နောက် နန်ချိန်စဖမ်းတော့သည်။

သို့သော် လန်ရွမ်းယုက နောက်သို့ခုန်ကာ ရှောင်

ထွက်သွားသည်။

“အယ်?” နန်ချိန်သည် တိုက်ပွဲဝိညာဉ်မာစတာမဟုတ်သော်လည်း သူမသည် ဝိညာဥ်ကွင်းခြောက်ကွင်းအဆင့်ဖြစ်သည်။ သူမသည် သာမန်လူများထက် ရုပ်ပိုင်းဆိုင်ရာပိုမိုကြံ့ခိုင်သည်။ ပထမအကြိမ် လွတ်သွားခြင်းသည် ခွင့်လွှတ်နိုင်သော်လည်း သူမ၏ ဒုတိယအကြိမ်ကြိုးစားမှုကို ရွမ်းယုလေးက ရှောင်ပြလိုက်သောအခါ သူမထိတ်လန့်သွားခဲ့သည်။

“ဟားဟား၊ မေမေသားကိုမဖမ်းမိဘူး။ ဖမ်းနိုင်ရင် နမ်းခွင့်ရမယ် မေမေ....ဟဲဟဲ”

နန်ချိန်ဘာမှ ဆက်မပြောဘဲ သူ့သားကို

အံ့သြတကြီး ကြည့်နေရုံသာတတ်နိုင်တော့သည်။ လန်ရွမ်းယု မည်ကဲ့သို့ပြုလုပ်ခဲ့သည်ကို သူမ

သေချာမသိသော်လည်း၊ ၎င်းသည် ရှုပ်ထွေးသော ရှောင်တိမ်းမှုတစ်ခုဖြစ်ပြီး ၎င်းအတွက် အထူးသိုင်းကွက်အချို့ရှိပုံရသည်။

“ရွမ်းယု မင်း ဒီနည်းလမ်းတွေကို ဘယ်သူလေ့လာခဲ့တာလဲ”

“ဆရာမ နာ့နာ့စီ!”

“ဆရာမ နာ့နာ့? ဘယ်တုန်းကလဲ? ငါဘာလို့အဲဒါကိုမသိခဲ့ရတာလဲ” နန်ချိန် အံ့အားသင့်သွားသည်။

လန်ရွမ်းယု က “သားရဲ့ အိပ်မက်ထဲမှာ သူ့ဆီက သင်ယူခဲ့တာ။ မဟုတ်ဘူး၊ ဆရာမ နာ့နာ့ပြောတာက ဆရာမနာ့နာ့က သားရဲ့အသိစိတ်ထဲကိုဝင်လာတာဆိုလားပဲ”

နန်ချိန်သည် အံ့အားသင့်သွားပြီးကျန်ရှိသောအကြောင်းအရာများကို အမြန်မေးလိုက်သည်။ လန်ရွမ်းယုကလည်း အပြန်ခရီးတွင် နာ့နာ့ သင်ပေးခဲ့သော ခြေကွက်လက်ကွက်မျညး

အကြောင်း ပြောပြလိုက်သည်။

ရွမ်းယု၏စကားများကို နားထောင်ပြီးနောက်

နန်ချိန်၏ နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချားမှုများ ဖြစ်လာခဲ့သည်။

“တစ်ဖက်သားကို မပင်ပန်းစေဘဲ သင်ခန်းစာတွေသင်ပေးနိုင်ဖို့အတွက် လူတစ်ယောက်ရဲ့ ဝိညာဉ်ရေးရာစွမ်းအား ဘယ်လောက်တောင်စွမ်းအားကြီးဖို့လိုအပ်လဲ.... ဝိညာဉ်ပင်လယ်အဆင့် ဝိညာဥ်ရေးရာနယ်ပယ်ကလူတွေတောင်မလုပ်နိုင်ဘူး..ဒါက ဝိညာဉ်ဒိုမိန်းအဆင့်နဲ့အထက် ဝိညာဉ်ရေးရာစွမ်းအားပိုင်တဲ့လူတွေပဲလုပ်နိုင်မဲ့အရာ ”

နာ့နာ့သည် သူမထင်သည်ထက်ပင် ပိုမိုအဆင့်အတန်းမြင့်သူဖြစ်နိုင်သည်၊

သူမလက်လှမ်းမမီနိုင်သောနယ်ပယ်တွင် ရှိနေနိုင်သည် ။

နန်ချိန်သည် ဝိညာဥ်ကွင်းခြောက်ကွင်းရပီသောအခါ သူမဘယ်လောက်ပဲ ကြိုးစားလေ့ကျင့်နေပါစေ သူမရဲ့ ဝိညာဥ်ရေးရာစွမ်းအားမှာ လိပ်တစ်ကောင်ရဲ့ အမြန်နှုန်းလောက်နှင့်ပင်တိုးမလာခဲ့ပေ။

“ရွမ်းယု၊ ငါတို့စမလား” နာ့နာ့ ၏ သာယာသော အသံထွက်ပေါ်လာသည်။

ထို့နောက် နာ့နာ့က နန်ချိန်ကိုကြည့်ကာ

“စိတ်မပူပါနဲ့ ငါသူ့ကို ကောင်းကောင်းသင်ပေးပါ့မယ်။ မင်းအနားမှာနေပြီးလည်း နားထောင်လို့ရတယ်။ မင်းရဲ့သိုင်းဝိညာဉ်က ရေခဲအမျိုးအစားဖြစ်လို့ မင်းလည်းအတွေ့အကြုံရနိုင်တယ် “

နန်ချိန် ခေါင်းညိတ်လိုက်သည်။

သူမသည် စွမ်းအားကို တောင့်တခြင်းမရှိပေ...

သူ့သားနှင့်အတူနေရရန်သာ အရေးကြီးသည်။

ထို့နောက် သုံးယောက်သားအိမ်ထဲရှိ လေ့ကျင့်ရေးအခန်းထဲသို့ဝင်သွားခဲ့သည်။

နာ့နာ့က ရွမ်းယု ကိုကြည့်ကာ ပြုံးလိုက်သည်။ “ရွမ်းယု၊ မင်းရဲ့အသက်အရွယ်မှာ အရေးကြီးဆုံးက ခိုင်မာတဲ့အခြေခံအုတ်မြစ်ကိုတည်ဆောက်ဖို့ပဲ၊ ဒါကြောင့် ရိုးရှင်းတဲ့လေ့ကျင့်နည်းတချို့နဲ့ စလိုက်ကြရအောင်။ ဒီနေ့ ဖိအားကိုခံနိုင်ရည်ရှိတဲ့ လေ့ကျင့်ခန်းတွေ လုပ်မယ် ဟုတ်ပီလား”

“ဖိအားခံနိုင်ရည်ရှိတဲ့လေ့ကျင့်ခန်းတွေ? ဆရာမနာ့နာ့ အဲ့တာကက ဘာလဲ” လန်ရွမ်းယု စိတ်ဝင်တစား မေးလိုကိသည်။

နာ့နာ့ က “ဆရာမက မင်းကို ဖိအားနည်းနည်းပေးပြီး နောက်မှ တွန်းမယ် မင်းက မင်းရဲ့ ဝိညာဉ်စွမ်းအားကို သုံးပီးပြန်ခုခံရမယ်၊ ဒါပဲ...

ဖိအားဆိုတာ လူတစ်ဦးရဲ့လျှို့ဝှက်လုပ်ဆောင်နိုင်စွမ်းကို လှုံ့ဆော်ပေးနိုင်တယ်”

“ဟုတ် ကောင်းပါပြီ။” ရွမ်းယု နားမလည်သော်လည်း လက်ခံလိုက်သည်။

နာ့နာ့သည် နန်ချိန်ဘက်သို့လှည့်ကာ “ မင်းလည်း သူနဲ့ အတူတူ လုပ်လို့ ရတယ်...ငါထိန်းပေးမယ်”

နာ့နာ့ စကားပြောနေ ရင်း သူမ၏ဘယ်ဘက်လက်ကို မြှောက်လိုက်သည်။ နာ့နာ့ပျောက်သွားကာ ရွမ်းယုနှင့် နန်ချ်ိန်တို့ကြားတွင်ပေါ်လာခဲ့သည်။

“ဒါက ဘာစွမ်းရည်လဲ..အာကာသစွမ်းရည်လား” သူမတွေးပြီး ထိတ်လန့်နေချိန်တွင် ထူးဆန်းသော ရောင်ဝါတစ်ခု နာ့နာ့ထံမှ ထွက်လာခဲ့သည်။ ဖိအားတစ်ခုထွက်လာသည်ကိုသာ ခံစားလိုက်ရသည်။

နန်ချိန်၏ခြေအောက်မှ အဝါရောင်လေးကွင်းနှင့် ခရမ်းရောင် ဝိညာဉ်ကွင်းနှစ်ကွင်းထွက်လာလေသည်။ တစ်ချိန်တည်းမှာပင် နန်ချိန်းသည် သူမအပေါ် ဖိအားများ တဖြည်းဖြည်း ပိုတိုးလာသည်

ဟု ချက်ချင်း ခံစားလိုက်ရသည်။

နာ့နာ့ကတော့ ထိုနေရာတွင် ရပ်နေရုံသာဖြစ်သည်။ သူမ၏မျက်လုံးများသည် လန်ရွမ်းယု အား စိုက်ကြည့်နေသည်။

လန်ရွမ်းယုသည်လည်း ဖိအားများကိုခံစားနေရသည်။ သူ၏ ဝိညာဉ်စွမ်းအားများ သိသိသာသာ လည်ပတ်နေသည်မှာ မြန်ဆန်နေသည်။

“ မင်းရဲ့ ခန္ဓာကိုယ်အတွင်းက ပြောင်းလဲမှုတွေကို ခံစားလိုက်ပါ။ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ဖို့ ကြိုးစား” နာ့နာ့ ၏ အသံ ထွက်ပေါ်လာသည်။

All Chapters