အခန်း (၃၉)
Vol. 3 Ch. 39
ရွမ်းယုရဲ့ဘယ်လက်မှာ ငွေရောင် ငွေပြာမြက်ပင် ထွက်ပေါ်လာသည်။ ဖိအားများနှင့်ရင်ဆိုင်ရသောအခါ၊ ငွေပြာမြက်နွယ်များသည် သူ့လက်ချောင်းများမှစ၍ ကြီးထွားလာကာ
ရွမ်းယု၏ လက်မောင်းတစ်ခုလုံးကို ရစ်ပတ်သွားလေသည်။ ငွေရောင်ငွေပြာမြက်ကို ထုတ်လိုက်သောအခါ သူ့ပတ်ဝန်းကျင်ရှိ ဖိအားများ ပိုပင် သိမ်မွေ့လာသည်ကို လန်ရွမ်းယု ချက်ချင်း ခံစားလိုက်ရသည်။ ရေဒြပ်စင်များ ပေါင်းစည်းကာ ဖိအားများကို ကာကွယ်ပေးသော အကာအကွယ်အလွှာတစ်ခု ဖြစ်ပေါ်လာသည်။
ထိုအချိန်
နာ့နာ့ ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသည်။ ဖိအားများပိုတိုးလာလေသည်။
တစ်ခဏအကြာ....
လန်ရွမ်းယုမောပန်းလာသည်။ သူ၏ ဝိညာဉ်စွမ်းအားများ လုံး၀ မထိန်းနိုင်တော့ဘဲ ကုန်ဆုံးလာလေသည်။
နန်ချိန်သည် သူ့သားကဲ့သို့ပင် ခံစားနေရသည်။ သူမ၏ အင်္ကျီတွင် ချွေးများရွှဲနေခဲ့သည်။
“လေးစားရပါသော အရှင်မ ငါ…”
ထိုအချိန်တွင် နန်ချိန် ယသည် လုံးဝမခံနိုင်တော့ကြောင်း သိလိုက်သည်။
“ထပ်သည်းခံပါ” နာ့နာ့၏ စကားသံသည်သူမ၏ နားထဲတွင်ပေါ်ထွက်လာခဲ့သည်။
“ဟမ်?”
“မင်းဟာ ကိုယ့်ကိုကိုယ်အရမ်း ကာကွယ်လွန်းနေတာကြောင့် မင်းတစ်ဆို့နေတာပဲ။ မင်းရဲ့ ကန့်သတ်ချက်ကို ဘယ်တော့မှ မရောက်ဘူး။ ပြင်ပဖိအားမရှိတာကြောင့် မင်းရဲ့ဝိညာဥ်စွမ်းအားတိုးနှုန်းက နှေးကွေးသွားတာပဲ” နာ့နာ့၏ အသံက သူမ၏နားတွင် တစ်ဖန် ပဲ့တင်ထပ်သွားသည်။
“ကောင်းပါပြီ” နန်ချိန်သည် ရှိုက်ကြီးတငင် ပြုံးရုံသာ တတ်နိုင်ခဲ့သည်။
သူမသည် တိုက်ပွဲသံချပ်ကာမာစတာ မဟုတ်သောကြောင့် ဤကဲ့သို့ဖိအားများမခံစားခဲ့ရသည်မှာ ထင်ရှားသည်။
ထို့နောက် သူမအပေါ် ဖိအားများ တိုးလာခဲ့သည်။
တစ်ဖက်တွင်လည်း ရွမ်းယုသည်လည်း အလားတူအခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည်။ ရွမ်းယု အော်ချင်သော်လည်း အသံမထွက်နိုင်ပေ။
“ဒတ်..ဒတ်...ဒတ်...!” ရွမ်းယု၏နှလုံးခုန်နှုန်း တိုးလာခဲ့သည်။
“ဒါက ကြောက်စရာကြီး! ဆရာမ နာ့နာ့၊ ကျွန်တော် ဆက်မထိန်းနိုင်တော့ဘူး!”
ရွမ်းယုသည် နာ့နာ့ကို မျက်နာငယ်လေးဖြင့်ကြည့်ကာပြောလိုက်သည်။ နာ့နာ့ကတော့ ရွမ်းယုကိုပြုံးကာကြည့်နေလေသည်။
ထိုအချိန်.....
ရုတ်တရက်......
ရွမ်းယု၏ညာလက်မှာ တောက်ပလာပြီး ညာဘက်လက်ဖဝါးမှ ရွှေရောင် ငွေမြက်ပင် ပေါ်လာခဲ့သည်။ ထိုခဏ၌ပင် ရွှေရောင်ငွေပြာမြက်နွယ်ပင်သည် ရွမ်းယု၏ညာဘက်လက်ကို ရစ်ပတ်ဖုံးအုပ်သွားခဲ့သည်။
ထို့နောက် ရွမ်းယုသည် သူ၏ညာလက်မှ
နွေးထွေးသောခံစားမှုတစ်ခုပေါ်လာပြီး
ပုံမှန်ထက်ပို၍ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ဖြစ်စေသော ဖိအားများ သိသိသာသာ လျော့ကျသွားသည်။
သူ့ရဲ့ ဘယ်ဘက်လက်ရှိ ငွေရောင်ငွေပြာမြက်သည် ရေဒြပ်စင်များကို ထိန်းချုပ်နိုင်သည်။ သို့သော် သူ့ညာဖက်လက်ရှိ ရွှေရောင်ငွေပြာမြက်၏ အဖြူရောင်ဝိညာဥ်ကွင်းသည် မည်သည့်ဝိညာဥ်စွမ်းရည်မှမရှိပေ။ ရွမ်းယုအမျိုးမျိုးကြိုးစားဖူးသော်လည်း ဘာမှထူးခြားမလာခဲ့ပေ။
ယခုတော့ ပထမဆုံးအကြိမ် ရွှေရောင်ငွေပြာမြက်၏ စွမ်းအားကိုခံစားလိုက်ရသည်။
ခွန်အားစွမ်းရည်......
ထိုအခိုက်အတန့်တွင် မောပန်းနွမ်းနယ်နေသည့် သူ့ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားများသည်လည်း ပြန်လည်ကောင်းမွန်လာသကဲ့သို့ စွမ်းအားများပင်
တစ်ထစ်ချင်း တိုးလာခဲ့သည်။
ထိုသို့ဖြစ်နေချိန်တွင် ဘယ်ဘက်လက်ရှိ ငွေရောင်ငွေပြာမြက်ပင်သည် အနည်းငယ် တုန်ခါသွားသည်။ ထိူ့အတူပင် ညာဘက်လက်ရှိ ရွှေရောင်
ငွေပြာမြက်ကလည်း ထူးခြားသော တုံ့ပြန်မှုတစ်ခုပေါ်လာခဲ့သည်။
မတူကွဲပြားသော စွမ်းအားနှစ်ခုသည် လက်နှစ်လုံးမှ စီးဆင်းလာခဲ့ပြီး ရွမ်းယု၏ခန္ဓာကိုယ်ထဲကို တစ်ချိန်တည်း ပြေးဝင်လာခဲ့သည်။
နာ့နာ့ သည် ရွမ်းယု၏ခန္ဓာကိုယ် ပြောင်းလဲလာသည်ကို ခံစားလိုက်ရပြီး သူမ၏ အမူအရာမှာလည်း ရုတ်တရက် ပြောင်းလဲသွားသည်။
နန်ချိန်နှင့် ရွမ်းယုအပေါ်ရှိ ဖိအားများသည်လည်း ချက်ချင်းပျောက်ကွယ်သွားခဲ့ပြီး လန်ရွမ်းယု ဆီသို့ ပြေးသွားခဲ့သည်။ မဆိုင်းမတွပင် သူမ၏ လက်ကို လန်ရွမ်းယု၏ရင်ဘတ်ပေါ်သို့တင်လိုက်လေသည်။
ထိုစွမ်းအင် နှစ်မျိုးသည် ရွမ်းယု၏ ရင်ထဲသို့
ပြေးဝင်လာပြီး နှလုံးအနီးတွင် လှိုင်းထနေသကဲ့သို့ ခံစားရသည်။
စွမ်းအင်နှစ်ခုသည် အချင်းချင်း တိုက်ခိုက်နေကြသည်။ နာ့နာ့သည် သူမရဲ့ နူးညံ့သော ဝိညာဉ်စွမ်းအားကို ရွမ်းယု၏ကိုယ်ထဲသို့ သွင်းလိုက်လေသည်။ ထိုစွမ်းအားသည် မူလရှိနေသော စွမ်းအားနှစ်ခုကို တစ်ခုနဲ့တစ်ခု မထိတွေ့စေတော့ပဲ အတူတကွ လည်ပတ်စေသော ရေဝဲတစ်ခုကို ဖြစ်ပေါ်သွားစေခဲ့သည်။ ထိုသို့ဖြစ်သွားသောကြောင့် နာ့နာ့ပင်အံ့သြမဆုံးနိုင်ပေ။
ဖိအားမျ ပျောက်သွားသောအခါမှ နန်ချိန်လည်း သက်ပြင်းချလိုက်ရသည်။
ယခုအချိန်တွင် လန်ရွမ်းယု သည် သာမန်အချိန်နှင့် အလွန်ကွဲပြားနေသည်။ သူ့မျက်နှာလေးရဲ့ ဘယ်ဘက်အခြမ်းတွင် ငွေရောင်လိုင်းများနဲ့ ပြည့်နေပြီး ညာဘက်တွင် ရွှေရောင်လိုင်းများ ရှိနေခဲ့သည်။ ရွမ်းယု၏ ခန္ဓာကိုယ်သည် အနည်းငယ် ဖောင်းကားလာပြီး သူ့ခန္ဓာကိုယ်ရှိ ဝိညာဉ်
စွမ်းအားများသည်လည်း ပုံမှန်ထက်ပို၍ ပြောင်းလဲသွားခဲ့သည်။ မျက်လုံးတစ်လုံးမှာ ငွေရောင်ပြောင်းသွားသကဲ့သို့ နောက်တစ်လုံးမှာ ရွှေရောင်ပြောင်းသွားခဲ့သည်။ ရွမ်းယု၏မျက်နှာလှလှလေးသည် ယခုတော့ ကြောက်စရာကောင်းနေခဲ့သည်။
“လေးစားရပါသော အရှင်မ...ရွမ်းယု... သူ ဘာဖြစ်သွားတာလဲ” နန်ချိန် အလန့်တကြား အော်ဟစ်လိုက်သည်။
နာ့နာ့ က “ သူ့မှာ အမွှာသိုင်းဝိညာဉ် ရှိနေပြီး အဲ့စွမ်းအားနှစ်ခုက သူ့ခန္ဓာကိုယ် အတွင်းထဲမှာ အပြန်အလှန်တိုက်ခိုက်နေတယ်။ ခုဏက သိုင်းဝိညာဥ်တစ်ခု အပြည့်အဝနိုးထခဲ့ပြီးတော့
အခြားသောသိုင်းဝိညာဉ်ကိုလည်း နိုးလိုက်သလိုဖြးစ်သွားတယ်။ စွမ်းအားတွေ တစ်ခုနဲ့တစ်ခု တွေ့ပြီး တိုက်ခိုက်ကြတယ်။ ဒါက တော်တော်ဒုက္ခများတယ်။”
နန်ချိန်နဖူးတွင် ချွေးပေါက်များ ထပ်မံပေါ်လာခဲ့
သည်။
“သူ့မှာ အန္တရာယ်ရှိနိုင်လား”
သူမက စိုးရိမ်သော လေသံဖြင့် မေးလိုက်သည်။
နာ့နာ့ကသက်ပြင်းချလိုက်ပြီး
“ဒါက အရမ်းအန္တရာယ်များတယ်။ ဒီစွမ်းအားနှစ်ခုက သူ့ခန္ဓာကိုယ်ထဲမှာ တိုက်ခိုက်နေရင်း ကြာလာကင် သူ့ခန္ဓာကိုယ် ချက်ချင်းပေါက်ကွဲသွားလိမ့်မယ်၊ ပြီးတော့ ဒီစွမ်းအားနှစ်ခုကို ဘာလို့ ဒီလောက်ရင်းနှီးနေသလိုဖစ်နေပြီး ဘာလိုတိုက်နေရပြန်တာလဲ”
“အဲ့ဆို အခု ငါတို့ ဘာလုပ်သင့်လဲ” နန်ချိန် က စိုးရိမ်တကြီး မေးလိုက်ပြန်သည်။
Endend….. .