← Chapters

အခန်း (၄၁)

Vol. 3 Ch. 41

အခန်း (၄၁)

Vol. 3 Ch. 41

“ဒါဆို ငါတို့ မင်းကို ဒုက္ခပေးရလို့တောင်းပန်ပါတယ်” လန်ရှောင်း တိုးတိုးလေး သက်ပြင်းချကာပြော လိုက်သည်။။

ယနေ့ ရုတ်တရတ် အပြောင်းအလဲများကြောင့် သူတို့ဘာမှမတတ်နိုင်တော့ပေ။ နာ့နာ့ကို ယုံကြည်ရုံမှတစ်ပါး တခြားရွေးချယ်စရာမရှိပေ။ အခြား အဆင့်မြင့်ဝိညာဥ်မာစတာများကိုအကူအညီတောင်းပါက ရွမ်းယု၏ မူလဇာတ်မြစ်ပေါ်ပေါက်သွားမည်ဖြစ်သည်။

ထို့ကြောင့် နာ့နာ့ကိုသာ အားကိုးနိုင်တော့သည်။

“ကောင်းပြီ၊ အခု ရွမ်းယုရဲ့ သွေးကြောတွေကိုသန်မာလာအောင်လုပ်ဖို့ ကူညီလိုက်ဦးမယ်။”

နာ့နာ့သည် မတ်တပ်ထရပ်လိုက်ပြီး လန်ရွမ်းယု ၏အခန်းထဲသို့ တည့်တည့်ဝင်သွားလိုက်သည်။

သူမအခန်းထဲသို့ဝင်သွားသောအခါ

နန်ချိန်က “ဘာလို့ဒီလိုဖြစ်သွားရတာလဲ။ ဒါက ဘယ်လိုဖြစ်ရတာလဲ!”

လန်ရှောင်းကလည်း တိုးတိုးလေး ထပ်မံသက်ပြင်းချလိုက်ကာ

“တကယ်တော့ ရွမ်းယုရဲ့ သိုင်းဝိညာဉ်နိုးကြားလာချိန်မှာ ငါအရာတစ်ခုကိုတော့ ခံစားမိတယ်။

ဒီကလေးက ထူးခြားလွန်းတယ်။ ငါတို့ တတ်နိုင်သလောက် လုပ်ပေးကြရအောင်၊ ငါတို့ သူ့ကို ယုံကြည်ရမယ်”

………..

နာ့နာသည် ကုတင်ပေါ်တွင် လှဲနေသော ရွမ်းယု ၏ ဘေးတွင် ထိုင်လိုက်သည်။

သူမ၏လှပသော လက်ဖဝါးများက ရွမ်းယု၏ရင်ဘတ်ကို ညင်သာစွာ ဖိလိုက်ပြီး သူမ၏ လက်ချောင်းထိပ်များမှစွမ်းအားများကို ရွမ်းယု၏ခန္ဓာကိုယ်ထဲသို့ ဂရုတစိုက်ထည့်လိုက်လေ သည်။

ထိုသို့ထည့်ပေးနေစဥ် နာ့နာ့သည် ရွမ်းယုလေးရဲ့လက်သို့အကြည့်ရောက်သွားလေသည်။ နာ့နာ့တစ်ကိုယ်လုံး အကြောင်းပြချက်မရှိဘဲ ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။

သူမ၏ အကြည့်များသည် ရွမ်းယု၏ ညာလက်မတွင်ရပ်နေလေသည်။

နက်ပြာရောင်လက်စွပ်တစ်ကွင်း.....

နာ့နာ့ သည် ထိုလက်စွပ်ကိုတွေ့လိုက်ရသောအခါတွင် လျှပ်စစ်ရှော့ခ်ရိုက်မိသကဲ့သို့ ကျဥ်ခနဲ့ ခံစားလိုက်ရသည်။

ထိုအချိန်တွင် သူမ၏ နှလုံးသားထဲမှ

ဤလက်စွပ်ကို သူမ သိကြောင်း ပြောပြနေ သည်။

ထို့အပြင် ထိုလက်စွပ်သည် သူမအတွက် အလွန်အရေးပါကြောင်းပင်ခံစားမိနေသည်။

နာ့နာ့ရဲ့အတွေးထဲတွင် အစိတ်စိတ်အမွှာမွှာဖြစ်နေသော မြင်ကွင်းတချို့ ပေါ်လာခဲ့သည်။

သူမ၏ ပတ်ဝန်းကျင်သည် မည်းမှောင်နေသည်။ အမှောင်ထဲတွင် အလင်းရောင် လုံးဝမရှိပေ။ အရမ်းအေးနေသကဲ့သို့ အရမ်းလည်းနာကျင်နေသည်။

သူမ၏လက်ချောင်းများသည် ထိုလက်စွပ်ပို

ပွတ်သပ်လိုက်မိသည်။

သူမသည် အရာအားလုံးကို ရုတ်တရက် မှတ်မိသလိုဖြစ်သွားသည်။

ဒီလက်စွပ်ကို အစကငါပိုင်တာလား....

နာ့နာ့ အံ့သြသွားသည်။ ဒီလက်စွပ်ကလေးကို

သူမ ဘယ်ကရခဲ့တာလဲ။ ထိုလက်စွပ်ကို ထိလိုက်သောအခါ သူမ၏လက်ချောင်းများသည် အနည်းငယ် တုန်ရီလာသည်။

ထို့နောက် လန်ရှောင်းတိို့ပင်ချွတ်၍မရသော ထိုလက်စွပ်သည် နာ့နာ့၏လက်ထဲသို့အလွယ်တကူပါလာခဲ့သည်။

လက်စွပ်တစ်ကွင်းဖြစ်လာသော်လည်း ထူးခြားနေပါသည်။ ထို့အပြင် နာ့နာ့၏လက်ထဲတွင်လည်း လက်စွပ်ကပိုလေးလာသည်။

ပြင်းထန်သော ဝမ်းနည်းမှု ခံစားချက်က သူမ နှလုံးသားကို ပြည့်လာခဲ့သည်။ နာ့နာ့ သည် အနည်းငယ် တုန်ရီနေပြီး ဖြည်းညှင်းစွာ မတ်တပ်ထရပ်ကာ လက်စွပ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။

ငွေရောင်အလင်းတန်းများတောက်ပလာပြီး နာ့နာ့သည် အခန်းတွင်းမှ ပျောက်သွားခဲ့သည်။

ထို့နောက်ကောင်းကင်တစ်နေရာတွင်ပေါ်လာခဲ့သည်။

ညပိုင်းရောက်နေပြီဖြစ်ရာ ကြယ်များလင်းထိန်နေသည်။ ကြယ်များနှင့်အတူ ငွေရောင်အလင်းတစ်ခုကလည်းလင်းထိန်နေသည်။

သို့သော် နာ့နာ့ ၏ နှလုံးသားသည် ထိုဝမ်းနည်းဖွယ် ခံစားချက်များနှင့် ပြည့်နေပြီး သူမသည် အရာတစ်ခုခုကို စွန့်လွှတ်လိုက်ရသလို ခံစားနေ ရသည်။

ထို့နောက် လက်စွပ်မှ နက်ပြာရောင်အလင်းများပင်ထွက်လာပြီး ကောင်းကင်ရှိတိမ်များပင် မသိမသာနှစ်ခြမ်းကွဲသွားလေသည်။

နက်ပြာရောင်စွမ်းအားများကောင်းကင်တွင်ပျံနှံ့သွားသည်။

……….

နောက်တစ်နေ့

ကျီလော်မြို့တော်ရှိ အဓိက ဂြိုလ်တုချန်နယ်

တိုင်းတွင် ထုတ်လွှင့်နေသည့် အထူးသတင်းတစ်ပုဒ်ရှိနေခဲ့သည်။ နားမလည်နိုင်သော စွမ်းအင်လှိုင်းတစ်ခု ပေါ်လာခြင်းဖြစ်သည်။ သို့သော်မည်သို့သောစွမ်းအားလှိုင်းဖြစ်ကြောင်း စစ်ဆေးမရခဲ့ပေ။

နာ့နာ့သည် လန်ရွမ်းယု၏အခန်းသို့ပြန်ရောက်နေပြီဖြစ်သည်။ သူမသည် ထိုနက်ပြာရောင်လက်စွပ်ကို လန်ရွမ်းယု၏ညာဘက်လက်မတွင် ပြန်စွပ်ထားလိုက်သည်။

လန်ရွမ်းယု အိပ်ပျော်ရာမှ နိုးလာသောအခါ ကောင်းကင်သည် ပုံမှန်အတိုင်းလင်းလက်တောက်ပနေပြီဖြစ်သည်။

နိုးနိုးလာခြင်း ရွမ်းယုသည် ဗိုက်ထဲမှ ဆာလောင်မှုကို ခံစားလိုက်ရသည်။

နွားတစ်ကောင်းလုံးတောင်အစိမ်းလိုက်ဝါးစားချင်နေသလိုမျိုး ဆာလောင်မှုဖြစ်သည်။

“မေမေ၊ မေမေ၊ သားဗိုက်ဆာနေပြီ!”

ရွမ်းယုသည် သူ့အခန်းထဲမှ ပြေးထွက်သွားပြီး မီးဖိုခန်းထဲသို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်သည်။

“နေဦး နေဦး မနက်စာရတော့မယ်..ခဏလေးစောင့်ဥိး”

“ဆရာမ နာ့နာ့ သားဗိုက်ဆာနေပြီ!”

လန်ရွမ်းယုရဲ့ သနားစရာကောင်းသောအကြည့်ဖြင့် သူမသည် ရွမ်းယု၏ခေါင်းကိုပွတ်သပ်ကာပြုံးလိုက်သည်။

“ဟုတ်ပါပြီ ခဏနေရတော့မှာပါ”

ထိုအချိန်တွင် နန်ချိန်သည် သူမ၏လက်ထဲတွင် စားစရာများပြည့်နေသော ဗန်းတစ်ခုကိုကိုင်ကာ မီးဖိုချောင်မှ ထွက်လာခဲ့သည်။ မွှေးရနံ့က တစ်

အိမ်လုံးကို ပျံ့လွင့်သွားခဲ့သည်။

ထူးဆန်းသောအရာတစ်ခုလည်းပါလာခဲ့သည်။ မြွေကဲ့သို့ရှည်ရှည်မျော မျောအရာတစ်ခုဖြစ်သည်။

“မေမေ၊ အဲ့ဒါကဘာလဲ” လန်ရွမ်းယု

မေးလိုက်သည်။

ထိုစကားကြားတော့ နန်ချိန်က နာ့နာ့ကိုသာကြည့်လိုက်သည်။ ထို့နောက် သူ့သားအားကြည့်ကာ

“ဒါက အရမ်းအရသာရှိတယ်။ မင်းဗိုက်ဆာနေပြီမလား? အရင်စားလိုက်”

တကယ်တော့ သူမပင် ထိုအရာကိုဘာမှန်းမသိပေ။

နာ့နာ့သည် ထိုအရာကို မနက်အစောကြီးမှာ ယူလာခဲ့ပြီးရွမ်းယုအတွက်ချက်ခိုင်းခဲ့ခြင်းဖြစ်သည်။

နန်ချိန်က သူမယူလာသောအရာကိုချက်ပေးရုံသာဖြစ်သည်။

နာ့နာ့ က “ဒါက ကြီးမားတဲ့ ဝိညာဥ်သားရဲကြီးရဲ့ အဓိက အရွတ်ပဲ.... ခန္ဓာကိုယ်အတွက် ကောင်းတယ်။ အရည်အသွေးက နည်းနည်းညံပေမယ့်

အခုအချိန်ငါရှာတွေ့ထဲမှာ အကောင်းဆုံးပဲ”

……………

အကယ်ဒမီတစ်ခုရဲ့ မီးဖိုချောင်တွင်.....

“ဟင် မနေ့က ငါပြင်ဆင်ထားတဲ့ လိပ်ပြာအရွတ်က ဘယ်ရောက်သွားတာလဲ။ အဲဒါကို ဘယ်သူထိသေးလဲ....အဲ့တာက အကယ်ဒမီဌာနမှူးအတွက်...ယူသွားမိရင် ပြန်ပေးကျ....မဟုတ်ရင် ငါတို့ကို ဋ္ဌာနမှုးကအပြစ်ပေးလိမ့်မယ်”

“ငါတို့ မလုပ်ဘူး! စားဖိုမှူး...မနေ့ကတောင်တွေ့သေးတယ်....ပီးတော့သေချာသော့ခတ်သိမ်းခဲ့တာပါ.....”

“မနေ့ညက မီးဖိုချောင်မသိမ်းခင်တောင် ရှိပါသေးတယ်...ဒီနဂါးလိပ်ပြာ အရွတ်က ....ဘယ်ရောက်သွားတာလဲ....သူခိုးဝင်ရအောင်လည်း တံခါးတွေက ပုံမှန်အတိုင်းပါဘဲ!”

…………..

Endend….

All Chapters