အခန်း (၄၂)
Vol. 3 Ch. 42
“အင်း၊ အရသာရှိတယ်။ အနံ့လည်းအရမ်းမွှေး တယ်! မေမေ၊ ဒါစားပြီးရင် ဘာလို့ သား ခန္ဓာကိုယ်က ပူလာတာလဲ”
နဂါးလိပ်ပြာအရွတ်တစ်ခုလုံးသည် လန်ရွမ်းယု၏ဗိုက်ထဲသို့ရောက်သွားပြီဖြစ်သည်။
ထို့အတူ သူ့တစ်ကိုယ်လုံး နွေးထွေးလာခဲ့သည်။
ထိုအခါ နာ့နာ့က “ရွမ်းယု နာရီဝက်လောက် အနားယူ....ပီးရင် လေ့ကျင့်မှုတွေ စလုပ်ရမယ်။ ဆရာမက မင်းကို အသစ်အဆန်းတစ်ခုခု သင်ပေးမလို့.... အရမ်းအရေးကြီးတယ်။”
“ဟုတ်!”
လန်ရွမ်းယု သဘောတူလိုက်သည်။
နာရီဝက်အကြာ....
လေ့ကျင့်ရေးအခန်း....
နာ့နာ့ သည် ရွမ်းယုကို သူ့ရှေ့တွင် တင်ပျဉ်ခွေထိုင်စေသည်။
“ရွမ်းယု မင်းခန္ဓာကိုယ်အတွင်းပိုင်းရဲ့ ပြောင်းလဲမှုတွေကို သေချာ ခံစားပါ.... မင်းရဲ့သိူင်းဝိညာဉ်က အရမ်းထူးခြားတယ်...အပေါ်ယံကကြည့်ရင် ငွေပြာမြက်ပင်ဖြစ်နိုင်ပေမယ့် တကယ်တော့ မတူညီတဲ့ သိုင်းဝိညာဉ်နှစ်ခု ရောယှက်နေတယ်။ အမွှာသိုင်းဝိညာဥ်လို့လည်း လူသိများတယ်။ အခုငါတို့က သူတို့ကို သဟဇာတဖြစ်အောင် လုပ်ရမယ်။ အမွှာစွမ်းအားနှစ်ခုကို မင်းပေါင်းစပ်နိုင်ရင် မင်းရဲ့စွမ်းအားက ပိုကောိင်းလာလိမ့်မယ်”
“ဟုတ်”
“ သူတို့ကို ထိန်းချုပ်နိုင်ချင်ရင် သူတို့ကို အရင်သိအောင်လုပ်ရမယ်။ မင်းမျက်လုံးတွေမှိတ်လိုက် ပြီးရင်ငါပြောသလိုလုပ်”
လန်ရွမ်းယုသည် မျက်လုံးများကိုမှိတ်ထားပြီး
သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် နွေးထွေးသော အလင်းရောင်တစ်ခု ပေါ်လာခဲ့သည်။
ရေနွေးပူပူထဲတွင် စိမ်နေရသကဲ့သို့ သက်တောင့်သက်သာခံစားနေရသည်။ ထို့နောက် ထူးဆန်းသော မြင်ကွင်းတစ်ခုကို သူမြင်လိုက်ရသည်။
၎င်းသည် ရွှေရောင်နှင့် ငွေရောင်နှစ်ရောင်ရှိသော ရေဝဲတစ်ခုဖြစ်ပြီး ၎င်းသည် သူ၏ရင်ဘတ်ဧရိယာတစ်ဝိုက်တွင် လှည့်ပတ်နေသည်။
လျှင်မြန်စွာ လည်ပတ်နေခြင်းမရှိသော်လည်း အလွန်တည်ငြိမ်နေသည်။
“ရွှေရောင်နဲ့ ငွေရောင်တွေက မင်းမှာရှိတဲ့
ငွေပြာမြက်နှစ်မျိုးကို ကိုယ်စားပြုတယ်။ ငါ သူတို့ကို မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ထိန်းထားပေးထား
တယ်။ ဒါပေမယ့် နောက်ပိုင်းက ပြန်ပြီးလွတ်သွားမှာပဲ နောက်တစ်ကြိမ်ကျရင် မင်းကိုယ်တိုင် လုပ်ရလိမ့်မယ်။ အဲ့အခါ မင်းရဲ့ ဝိညာဉ်စွမ်းအားကို သုံးရမယ်။”
နာ့နာ့က အလွန်စိတ်ရှည်စွာသင်ပေးလေသည်။
ထို့နောက် စွမ်းအားနှစ်ုခကိုပေါင်းစပ်ရန်နည်းလမ်းများကိုပြောပြလေသည်။ နာ့နာ့သည် လန်ရွမ်းယုကို နေ့စဉ်နှင့်အမျှ သင်ကြားပေးနေသည်။
လန်ရှောင်းနှင့် နန်ချိန်တို့ကလည်း အလုပ်ပြန်ဆင်းနေပြီဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် လန်ရှောင်း နှင့် နန်ချိန်တို့သည် နာ့နာ့ ကို စိတ်မပူတော့ပေ။ နာ့နာ့ ရဲ့နေထိုင်ပုံမှာ ရိုးရှင်းလွန်းသည်။ သူမသည် အစားအစာလည်း အနည်းငယ်သာစားပြီး လန်ရွမ်းယုကို စာသင်ပေးရုံမှလွဲ၍ အခြားအချိန်များတွင် သူမသည် သူမရဲ့အခန်းတွင်သာရှိနေတတ်သည်။ ထို့သို့မဟုတ်လည်း ပြတင်းပေါက်မှအပြင်ကိုလည်းငေးမောနေတတ်သည်။
စနေ တနင်္ဂနွေများတွင် လန်ရှောင်း နှင့် နန်ချိန်တို့ သည် လန်ရွမ်းယုကိုခေါ်ကာထွက်လည်တတ်သည်။ သူတို့သည် နာ့နာ့ကိုခေါ်သော်လည်း သူမက ငြင်းဆန်ကာ အိမ်တွင်သာနေခဲ့တတ်သည်။
နာ့နာ့ နှင့် လန်ရွမ်းယုတို့၏ဆက်ဆံရေးသည်လည်း ပိုမိုကောင်းမွန်လာသည်။ နာ့နာ့သင်ပေးသမျှကို ရွမ်းယုကစိတ်ဝင်တစားသင်တတ်သည်။
နာ့နာ့သည် နေ့တိုင်း တစ်ခေါက်မျှ အပြင်ထွက်တတ်ပြီး ပြန်လာတိုင်းတွင်လည်း ရွမ်းယုအတွက်ကောင်းမွန်သောအစားအစာများကိုယုလာပေးတတ်သည်။
………..
“ဆရာမ နာ့နာ့ သား ကျောင်းပြန်တက်ရတော့မယ်..ဆရာမ ပြန်တော့မှာလား “ ရွမ်းယုသည် နာ့နာ့၏ပေါင်ပေါ်တွင်ခေါင်းအုံးနေရင်းပြောလိုက်သည်။
“တက်ပါရှင်...ဆရာမ မပြန်ပါဘူး”
နာ့နာ့က ရွမ်းယုခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
“ကောင်းလိုက်တာ။ ဆရာမ နာ့နာ့ ၊ ငါ မင်းကို အရမ်းချစ်တာပဲ။ သားကို ချီ ၊ သားကိုချီ...”
နာ့နာ့သည် ရွမ်းယုကို ပွေ့ချီလိုက်ပြီး
ပါးပြင်ကို နမ်းလိုက်လေသည်။
“ရွမ်းယု ငါတို့ သွားရအောင် မဟုတ်ရင် ကျောင်း နောက်ကျလိမ့်မယ်။”
လန်ရှောင်းက တံခါးဝမှအော်လိုက်လေသည်။
လန်ရွမ်းယုသည် ထိုအခါမှ နာ့နာ့အပေါ်မှဆင်းကာ ကားပေါ်ပြေးတက်သွားလေသည်။
နာ့နာ့ သည် ရွမ်းယု ထွက်သွားသည်ကိုကြည့်ပြီးနောက် သူ့အခန်းသို့သာ ပြန်သွားခဲ့သည်။
အခန်းတံခါးကိုပိတ်ခိုက်ပြီး ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ တရားထိုင်လိုက်သည်။
……….
လန်ရွမ်းယုသည် ကားပေါ်မှ ဆင်းပြီး လန်ရှောင်း ကို နှုတ်ဆက်ပြီးနောက် ကျောင်းထဲကို ပျော်ရွှင်စွာဝင်သွားလေသည်။
ဆရာမ ချိုယုရှင်းက တံခါးဝတွင် စောင့်နေလေ သည်။
“မင်္ဂလာနံနက်ခင်းပါ ဆရာမချို”
လန်ရွမ်းယုက ဆရာမချိုယုရှင်းကို လေးစားစွာနှုတ်ဆက်လိုက်သည်။
ချိုယုရှင်း ပြုံးလိုက်သည်။
“မင်္ဂလာနံနက်ခင်းပါ ရွမ်းယု... ဟင် ကျောင်းပိတ်ရက်ခဏလေးမှာ မင်းပိုထွားလာတာပဲ။”
“တကယ်လား? ကျေးဇူးတင်ပါတယ် ဆရာမ” လန်ရွမ်းယု ပြုံးကာပြောလိုက်သည်။
“မြန်မြန်ဝင်တော့” ချိုယုရှင်းသည် ရွမ်းယု၏ခေါင်းကို ပွတ်သပ်ကာပြောလိုက်လေသည်။
“လန်ရွမ်းယု!” ထိုအချိန်မှာပင် သူ့နားထဲတွင် ရင်းနှီးတဲ့အသံတစ်ခု ထွက်ပေါ်လာလေသည်။
ရွမ်းယု လှည့်ကြည့်လိုက်ရာ သူ့ရဲ့ပြိုင်ဘက်ဟုဆိုနိုင်သော ရဲလင်းတုံက သူ့ကို လက်ဝှေ့ယမ်းကာ ခေါ်နေသည်ကို တွေ့လိုက်ရသည်။
“ဘာလဲ?” လန်ရွမ်းယုက မကျေမနပ်နဲ့ မေးတယ်။
ရဲလင်းတုံက “လာစမ်းပါ၊ ငါမင်းကိုတစ်ခုပြောပြချင်တာတစ်ခုရှိတယ်”
Endend…….