အခန်း (၄၃)
Vol. 3 Ch. 43
“မလာဘူး၊ ငါ အတန်းတက်ရတော့မယ်”
လန်ရွမ်းယု သည် ရဲလင်းတုံပြန်ပြောသောစကားကိုပင် မစောင့်ဘဲ သူ့စာသင်ခန်းထဲသို့ ချက်ချင်း ပြေးသွားခဲ့သည်။
ရဲလင်းတုံ ချက်ချင်း မျက်မှောင်ကြုတ်သွားကာ
“လန်ရွမ်းယု၊ မင်း သတိထားနေရင် ပိုကောင်းပါမယ်...ဟင်း.... ဟင်းးး!”
သူတို့နှစ်ယောက်ကိုကြည့်ရင်း ဆရာမချိုယုရှင်းပင်ရီလိုက်မိသည်။
လန်ရွမ်းယုသည် အတန်း နှစ် ၏ အထူးချွန်ဆုံး ကျောင်းသားဖြစ်ပြီး ရဲလင်းတုံသည် အတန်းတစ် တွင် အထူးချွန်ဆုံးဖြစ်သည်။
ဆရာမများသည် ဤကဲ့သို့ ပြိုင်ဆိုင်မှုများကို နှစ်သက်ကြပြီး ထိုအရာကကျောင်းသားများ၏ တိုးတက်မှု မြန်ဆန်စေသည်။
………
“မင်းတို့ရဲ့အားလပ်ရက်မှာ မင်းတို့အားလုံးပျော်ခဲ့ကြမယ်ဆိုတာ ငါသိတယ်။ ခဏနေရင် မင်းတို့ရဲ့ဝိညာဉ်ရေးရာစွမ်းအားနဲ့ ဝိညာဉ်စွမ်းအားကို တိုင်းတာဖို့ စမ်းသပ်မှုတစ်ခု ပြုလုပ်မယ်။
အားလက်ရက်မှာဘယ်လောက်တိုးတက်လာကြလဲ သိချင်လို့ပဲ။ ပီးတော့ အခုငါတို့မှာ ပြိူင်ပွဲတစ်ခုရှိတယ်..အဲ့တာကတော့ ငါတို့က အတန်းတစ် နဲ့ ယှဥ်ပြိူင်ရမယ်.. နိုင်တဲ့သူအတွက် ဆုလာဘ်တစ်ခုရှိတယ်.. ရှုံးတဲ့လူအတွက်ကတော့…ဟင်းဟင်း”
ဆရာမချိုက ထူးထူးဆန်းဆန်းရီကာ ပြောလိုက်
လေသည်။
ထိုစကားကြားတော့ လန်ရွမ်းယုလန့်သွားသည်။
အတန်းတစ်နဲ့ တိုက်ရမှာလား။ အဲ့တာဆို
ရဲလင်းတုံလည်းပါလာနိုင််သည်။ သိူ့သော်
သူ မကြောက်ခဲ့ပေ။ ကျောင်းပိတ်ရက်တွင် နာ့နာ့နဲ့လေ့ကျင့်ခဲ့ရာ သူအတော်ပင်တိုးတက်လာကြောင်းသူသိသည်။
“အိုး ရွမ်းယု၊ ဝိညာဥ်စွမ်းအား အဆင့် 12...
တိုးတက်လာတာပဲ.... အင်း၊ မင်းရဲ့ ဝိညာဉ်ရေးရာစွမ်းအားကလည်း ကောင်းတယ်။
ဝိညာဉ်ဆက်သွယ်မှုနယ်ပယ် ဝိညာဉ်ရေးရာ စွမ်းအား အဆင့် 32 ... အရမ်းကောင်းတယ်”
ဆရာမချို ချီးကျုးလိုက်သည်။ ဆရာမချို မသိသောအရာမှာ ရွှေရောင်နှင့်ငွေရောင်စွမ်းအားများကြောင့် စက်ပစ္စည်းများနှင့်တိုင်းတာရာတွင်
လန်ရွမ်းယု၏ ဝိိညာဥ်ရေးရာစွမ်းအားမှာအမှန်မထွက်တော့ပေ။
…….
နေ့လည်ခင်း....
ထင်သည့်အတိုင်း လန်ရွမ်းယုသည် ရဲလင်းတုံကို
ပြန်တွေ့လိုက်ရသည်။ သူမ၏မျက်နှာပေါ်တွင်
မကျေနပ်သောအမူအရာရှိနေလေသည်။
လန်ရွမ်းယုက အကြည့်လွှဲထားသော်လည်း ရဲလင်းတုံက သူ့စီလျှောက်လာခဲ့သည်။
“လန်ရွမ်းယု၊ ငါ မင်းကို ဘယ်လိုအနိုင်ယူမလဲ ခဏနေ စောင့်ကြည့်လိုက်”
ရဲလင်းတုံ အေးစက်စွာပြောလိုက်သည်။
လန်ရွမ်းယုလည်း ပြုံးလိုက်သည်။
“နောက်ဆုံးအကြိမ်တုန်းကလို ရေစိုသွားမယ့်သူ ဘယ်သူလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ”
ထိုစကားကြားတော့ ရဲလင်းတုံ ဒေါသများထွက်လာသည်။
“ထပ်မဖြစ်တော့ပါဘူး။ ဖေဖေက ငါ့အပေါ်မှာရှိတဲ့ မင်းရဲ့ဖိနှိပ်လွှမ်းမိုးမှုကို ဘယ်လိုကျော်ဖြတ်ရင်ရမယ်ဆိုတာ သင်ပေးပြီးသား။ မင်းကိုငါအနိုင်ယူပြမယ်!”
“အကုန်လုံး လူစုမယ်!”
အတန်းနှစ်တန်းမှ ကျောင်းသားများကို အဖွဲ့နှစ်ဖွဲ့စုရန် ဆရာများကအော်လိုက်သည်။
“ ဒိနေ့ တိုက်ခိုက်ရေးအတန်းရဲ့ စည်းမျဉ်းတွေက ရှင်းတယ်။ အတန်းတိုင်းက ကျောင်းသားတစ်ယောက်ကို လွှတ်ရမယ်။ ရှုံးနိမ့်သူသည် ဖယ်ထုတ်ခံရမှာဖြစ်ပြီး နိုင်တဲ့သူက ဆက်တိုက်ရမယ်။ လူအားလုံးအထုတ်ခံရပြီး ရှုံးတဲ့အတန်းက ကွင်းကို ငါးပတ် ပြေးရမယ်... နားလည်လား?”
အတန်းတစ် ၏ အတန်းပိုင်ဆရာမက စည်းကမ်း
အားလုံးကို ရှင်းပြသည်။
ပထမတန်း ကျောင်းသားများသည် ငယ်ရွယ်သေးပြီး အများစုမှာ ဝိညာဉ်စွမ်းရည်များ မရှိကြသော်လည်း၊ တိုက်ခိုက်ရေးအမျိုးအစား ဝိညာဉ်မာစတာများသည် ထိန်းချုပ်ရေးအမျိုးအစားဝိညာဥ်မာစတာများနှင့် နှိုင်းယှဉ်ပါက ကိုယ်လုံးကိုယ်ပေါက်ပိုတောင့်တင်းသည်။
အတန်းတစ်သည် တိုက်ခိုက်ရေးအမျိုးအစားဝိညာဥ်မာစတာအခန်းဖြစ်ပြီး အတန်းနှစ်သည် ထိန်းချုပ်ရေးဝိညာဥ်မာစတာအတန်းဖြစ်သည်။
“ပထမပွဲ၊ ပထမတန်း အခန်းတစ်၊ ဟွမ်ချီဖန်”
“အခန်း နှစ်...လန်ရွမ်းယု”
လန်ရွမ်းယု လန့်သွားပြီးသည်။ ပထမဆုံးတိုက်ရမည်မှာသူဖြစ်နေသည်။
“အကောင်းဆုံးလုပ်ပါ ရွမ်းယု!”
အခန်းနှစ်မှ ကျောင်းသားများက ရွမ်းယုကို
အားပေးလေသည်။
အခန်းတစ်မှလည်း “ဟွမ်ချီဖန် ....အစွမ်းကုန်ကြိုးစားပါ!”
ရဲလင်းတုံက အခန်းတစ်၏ ရှေ့ဆုံးတွင်ရပ်နေ ကာ လန်ရွမ်းယု အား စိုက်ကြည့်နေရင်း
‘သူ ပထမအချီမှာ အရှုံးမပေးလိုက်ရရင် ပိုကောင်းမယ်၊ မဟုတ်ရင် ငါဒေါသဖြေဖို့ အခွင့်အရေး မရှိတော့ဘူး’
“စ”
ဟွမ်ဖန်ချီ၏ခန္ဓာကိုယ်ပေါ်တွင် အဝါရောင်အလင်းများပေါ်လာသည်။ ထို့အတူ သူ့ခြေရင်းမှ အဝါရောင် ဝိညာဉ်ကွင်းတစ်ကွင်းလည်း ထွက်ပေါ်လာခဲ့သည်။
“ပထမ ဝိညာဉ်စွမ်းရည်... ဝက်ဝံခွန်အား!”
ထိုအရာကိုမြင်လိုက်ရသောအခါ ချိုယုရှင်း အံ့သြသွားသည်။ ဟွမ်ချီဖန်သည် ကျောင်းပိတ်ရက်မတိုင်ခင်က ဝိညာဉ်ကွင်းတစ်ကွင်းပင် မရှိခဲ့ကြောင်း သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့ သည်။
တိုက်ပွဲဝက်ဝံသည် မြေကြီးအမျိုးအစားသာမန်ဝက်ဝံသိုင်းဝိညာဉ်ဖြစ်သည်။ သို့သော် ဝိညာဥ်ကွင်းမှာ နှစ်တစ်ရာကွင်းဖြစ်သည်။
လန်ရွမ်းယု ၏ သိုင်းဝိညာဉ်သည် ရေနှင့်ဆက်နွယ်နေသောကြောင့် ရွမ်းယုသည်
ခွန်အားကို အခြေခံသော ဝိညာဉ်မာစတာနှင့် ယှဉ်ရာတွင် အနည်းငယ် အားနည်းနိုင်သည်။ ထိုအချိန်တွင် ဟွမ်ချီဖန်သည် လန်ရွမ်းယုကို တိုက်ရိုက်စတင်တိုက်ခိုက်နေပြီဖြစ်သည်။
ဟွမ်ချီဖန်၏ ကြွက်သားများ တောင့်တင်းလာသည် မြင်လိုက်ရသောအခါ လန်ရွမ်းယု အံ့အားသင့်သွားသည်။ နောက်သို့ ခြေတစ်လှမ်း
ပြန်ဆုတ်လိုက်မိသည်။
သို့သော် ရွမ်းယု နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်စဉ်တွင် သူ၏ ဘယ်ဘက်လက်ပေါ်တွင်
ငွေရောင် ငွေပြာမြက်နွယ်ပင်ပေါ်လာပြီး ရွမ်းယု၏ လက်မောင်းတစ်ခုလုံးကိုရစ်ပတ်သွားသည်။ ထို့နောက် ရောက်လာသောလက်သီးအားဘေးတိုက်ရှောင်လိုကလေသည်။ ထို့နောက် အရှိန်လွန်သွားသော ဟွမ်ဖန်ချီခြေချမည့်နေရာတွင် ရေခဲလွှာတစ်ခုဖန်တီးလိုက်လေသည်။
ထိုအခါ ဟွမ်ဖန်ချီခြေမခိုင်းတော့ပဲ လဲသွားခဲ့လေသည်။ ထို့နောက် လန်ရွမ်းယုသည် အရှိန်ဖြင့်
ဟွမ်ဖန်ချီ နောက်ကျောပေါ်သို့ ခုန်တက်ကာ
သူ၏ ဘယ်ဘက်လက်တွင် ရေခဲချွန်တစ်ခုကို ဖန်တီးလိုက်ပြီး ဟွမ်ဖန်ချီ၏ နောက်ကျောကိုထောက်ထားလိုက်လေသည်။
“မလှုပ်နဲ့၊ မင်းရှုံးသွားပြီ”
Endend…….