အခန်း (၄၄)
Vol. 3 Ch. 44
ဟွမ်ဖန်ချီ မပြောနှင့် အတန်းပိုင်ဆရာမနှစ်ယောက်ပင် ထိုမြင်ကွင်းကြောင့် အံသြသွားခဲ့သည်။ တိုက်ပွဲတစ်ခုလုံးမှာ မြန်ဆန်ပြီး ရိုးရိုးရှင်းရှင်းပင် ပီးသွားသည်။ ရှောင်တိမ်းလိုက်သည်၊ ရေကို ရေခဲအဖြစ်ပြောင်းလိုက်သည်၊
ပြိုင်ဘက်ကို ဟန်ချက်ပျက်အောင်ပြုလုပ်လိုက်သည်၊ ပြိုင်ဘက်၏အဓိကအချက်များကို ထိန်းချုပ်ခြင်းဖြင့် အခြေအနေကို အခွင့်ကောင်းယူကာ နောက်ဆုံးတွင် ရန်သူကို အနိုင်ယူလိုက်သည်။
ခုနစ်နှစ်ပဲရှိသေးသော ကလေးတစ်ယောက်အတွက် ထိုသို့တိုက်ခိုက်နိုင်မှုသည် ပုံမှန်မဟုတ်ပေ။ ချိုယုရှင်းလည်း အနည်းငယ် ထိတ်လန့်သွားသည်။ ဒီအရွယ်မှာတင် ဒီကလေးတစ်ယောက်သည် ဤသို့တိုက်ခိုက်နိုင်ကြောင်းကိုတွေးတတ်နေပြီဖြစ်သည်။ အသက်သာကြီးသွားပါက.....
“ရေကို ရေခဲအဖြစ်ပြောင်းနိုင်တာလား”
“ဆရာမ၊ သမီးကို ဆက်တိုက်ခွင့်ပေးပါ”
ရဲလင်းတုံ ရှေ့သို့ တိုးလာခဲ့သည်။
ဆရာမကလည်းခွင့်ပြုလိုက်သည်။ ထို့နောက် ရဲလင်းတုံသည် ကွင်းထဲသို့ဝင်ကာ ဟွမ်ချီဖန်ကိုဆွဲထူလိုက်သည်။
“ မရှက်ပါနဲ့၊ သူက တကယ့် တိုက်ခိုက်ရေးနည်းတွေကို သုံးနေတာ။”
ရဲလင်းတုံသည် ငယ်ငယ်ကတည်းက ရဲဖိန် ထံမှ ကိုယ်ခံပညာများကို သင်ယူခဲ့ပြီး ဖြစ်သောကြောင့် သူမသည် လန်ရွမ်းယု သိုင်းပညာအချို့သုံးခဲ့ကြောင်းပြောနိုင်ခဲ့သည်။ အနီးကပ်တိုက်ခိုက်ရေးနည်းစနစ်တစ်ခုဖြစ်ကြောင်း ထင်ရှားသည်။
ရဲလင်းတုံ ရှေ့သို့ ပြေးသွားပြီး
“လန်ရွမ်းယု အရမ်းမပျော်ပါနဲ့၊ ငါလာပြီ!”
လန်ရွမ်းယု မျက်မှောင်ကြုတ်လိုက်သည်။ ရဲလင်းတုံသည် ယှဥ်ရလွယ်မည်မဟုတ်ကြောင်းသူသိသည်။
လန်ရွမ်းယုသည် လျင်မြန်စွာပြေးလာသော ရဲလင်းတုံကို ကြည့်လိုက်သည်။ ထို့နောက် သူ့လက်ကို မြှောက်လိုက်ပြီး ရေခဲတုံးတစ်ခုကို
ရဲလင်းတုံ၏ ပခုံးဆီသို့ပစ်လိုက်လေ သည်။
ရေခဲတုံးကိုမြင်တော့ ရဲလင်းတုံ လှောင်ပြောင်ကာရီလိုက်သည်။ နဂါးတစ်ကောင်၏ အော်ဟစ်သံနှင့်အတူ သူမ၏ခန္ဓာကိုယ်မှ အဖြူရောင်အလွှာတစ်ခုပေါ်လာလေသည်။
၎င်းသည် နှစ်တစ်ရာဝိညာဉ်ကွင်းစွမ်းရည်....
မြင့်မြတ်သောခန္တာကိုယ်စွမ်းရည်......
ထူးခြားသောအရာတစ်ခုမှာ ထိုအဖြူရောင် အလင်းတန်းလေး ပေါ်လာပြီးသည်နှင့် ချက်ချင်း ရဲလင်းတုံ ရဲ့ မျက်နှာဟာ ရုတ်တရက်
အနည်းငယ် နီမြန်းသွားသလိုဖြစ်သွားသည်။
လူတိုင်းသည် သူမ၏မျက်နှာပေါ်တွင် ငွေရောင်ဖျော့ဖျော့အလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်။ သူမ၏ အရှိန်သည် နှေးနေပုံရသော်လည်း သူမ၏ခွန်အားမှာ ကြီးမားလှသည်။ သူမသည် ရွမ်းယု၏ရေခဲတုံးကို ရှောင်တိမ်းလိုက်ပြီး လန်ရွမ်းယု၏ရှေ့တွင်ပေါ်လာခဲ့သည်။
မြန်လိုက်တာ......
သို့သော် ရွမ်းယုမရှောင်ပေ။ လန်ရွမ်းယု ကိုယ်တိုင်ကလည်း ရှေ့သို့တိုးသွားခဲ့သည်။
သူ့ဘယ်ဘက်လက်မှ အပြာရောင်အလင်းများထွက်လာသည်။ ထိုအလင်းများက ပါးလွှာသော အကာတစ်ခုအဖြစ် လန်ရွမ်းယုတစ်ကိုယ်လုံးသို့ဖုံးသွားလေသည်။
လန်ရွမ်းယုရဲ့ ရင်ဘတ်သို့ဦးတည်ဘာသော ရဲလင်းတုံ၏ လက်သီးကို လန်ရွမ်းယုတားလိုက်လေသည်။
“ ဝုန်း....”
နှစ်ယောက်လုံးနောက်သို့ဆုတ်သွားကြသည်။
သို့သော် လန်ရွမ်းယုသည် ရပ်မနေပဲ ရဲလင်းတုံရှိရာသို့ပြေးဝင်လာလေသည်။ ရဲလင်းတုံ ၏ တုံ့ပြန်မှုကလည်း အလွန်လျင်မြန်သည်။ တုံ့ဆိုင်းမနေပေ။ မြေပြင်ကိုကန်ကာ လန်ရွမ်းယုထံထပ်မံပြေးလာလေသည်။ ရဲလင်းတုံစီတွင် အတွေ့အကြုံများစွာရှိလေသည်။
“ဗွမ်းး! ဗွမ်း!”
ရဲလင်းတုံ၏ မြင့်မြတ်သောခန္တာကိုယ်အကာအကွယ်အလွှာတွင် ပေါက်ကွဲသံနှစ်ခုထွက်လာလေသည်။ ရဲလင်းတုံသည် သူမကိုရေခဲတုံးနှစ်တုံးထိမှန်သွားသည်ကိုသိလိုက်ပြီး နာကျင်မှု အနည်းငယ်ကိုလည်းခံစားလိုက်ရသည်။
လန်ရွမ်းယုသည် ရဲလင်းတုံကို အမှန်တကယ်နာကျင်စေမည်ကို စိုးရိမ်သောကြောင့် အားအများ
ကြီးမသုံးဝံ့ပေ။
နှစ်ဦးစလုံးတွင် ပထမဆုံးဝိညာဉ်ကွင်းများရှိကြသော်လည်း ရဲလင်းတုံသည် လက်တွေ့တိုက်ပွဲတွင် ပိုအတွေ့အကြုံရှိခဲ့သည်။
သူမသည် သူမ၏ ညာဘက်ခြေထောက်ကို မြှောက်လိုက်ပြီး လန်ရွမ်းယု၏ပေါင်ကြားသို့ကန်ထည့်လိုက်လေသည်။
“မဟုတ်ဘူး!” အခန်းတစ်နှင့် အခန်းနှစ်မှ ဆရာမများ တစ်ချိန်တည်း အော်လိုက်မိကြသည်။
ဆရာမနှစ်ယောက်လုံးလည်း အေးစက်သော ချွေးများ ရွှဲသွားသည်။ ဒီကန်ချက်သာ တကယ်ထိသွားခဲ့ရင် လန်ရွမ်းယုဘဝက ပွဲသိမ်းသွားလိမ့်မယ်....
Endend……