အခန်း (၄၅)
Vol. 3 Ch. 45
ဝိညာဉ်ရေးရာစွမ်းအားတိုးလာခြင်းက လန်ရွမ်းယုအတွက် ဒြပ်စင်များကို ထိန်းချုပ်ရာတွင် ပိုမိုအားကောင်းစေရုံသာမကဘဲ သူ့ရဲ့အသိစိတ်ကိုလည်း မြှင့်တင်ပေးခဲ့သည်။ ယခု သူခံစားလိုက်ရသည်မှာ သူ့တင်ပါးတစ်ဝိုက်တွင် တစ်စုံတစ်ရာထိခိုက်တော့မည်အန္တရာယ်အာရုံတစ်ခုရလိုက်သည်။ ထို့ကြောင့်
“ဝုန်း!” လန်ရွမ်းယုသည် မြေပြင်ကိုကန်ကာ လေပေါ်သို့ပျံတက်သွားလေသည်။
ထိုအခါ ရဲလင်းတုံကလည်း မနေခဲ့ချေ။ သူမလည်းမြေပြင်ကိုကန်ကာ လေပေါ်သို့လိုက်လာလေသည်။
လန်ရွမ်းယု သည် လေထဲတွင် ခိုကိုးရာမဲ့ ဖြစ်နေပြီး ဤအခိုက်အတန့်တွင် နာ့နာ့ သူ့အား ပြောခဲ့သည့် အရာတစ်ခုက သူ့ခေါင်းထဲတွင် ပေါ်လာခဲ့လေသည်။
“ဘာပဲဖြစ်ဖြစ် မင်းဘေးကင်းဖို့ကို ဦးစွာပေးဖို့ မမေ့နဲ့။ မင်း အန္တရာယ်ရှိလာတဲ့အခါ မင်းရဲ့စွမ်းအားကိုအကုန်သာထုတ်သုံး။
မင်းရဲ့ညာလက်သိုင်းဝိညာဥ်စွမ်းရည်ကိုလည်း ဖုံးကွယ်မထားနဲ့.... မင်းကိုယ်မင်း အန္တရာယ်မဖြစ်စေနဲ့”
လန်ရွမ်းယုသည် ညာဘက်လက်သီးကို ဆုပ်ထားရင်း ထိုအတွေးမှာ သူ့ခေါင်းထဲတွင် ပေါ်လာသည်။ ရွှေရောင် ငွေပြာမြက်နွယ်ပင်များသည်
လန်ရွမ်းယု၏ လက်ဖဝါးမှ ထွက်လာပြီး ညာလက်မောင်းကို ပတ်တီးများဖြင့်ရစ်ပတ်သကဲ့သို့ တခဏအတွင်းရစ်ပတ်သွားခဲ့သည်။
အဆုံးမဲ့ ခွန်အားတစ်ခုသည် လန်ရွမ်းယု
ခန္ဓာကိုယ်ထဲတွင်ပေါ်လာပြီး မျက်လုံးများပင် ရွှေရောင်အလင်းတန်းများ တဖျပ်ဖျပ်တောက်ပလာခဲ့သည်။
လန်ရွမ်းယုစိတ်ထဲတွင်ယုံကြည်မှုများစွာ တိုးလာသလို ခံစားလိုက်ရသည်။
အကြမ်းဖက်လိုသော စိတ်ရိုင်းများပင်ပေါ်လာခဲ့သည်။ ထို့နောက် ဝင်လာသော ရဲလင်းတုံ၏ကန်ချက်ကို ညာလက်သီးဖြင့်ပြန်ထိုးထည့်လိုက်သည်။ ရဲလင်းတုံသည် မိန်းကလေးဖြစ်သော်လည်း အထူးသဖြင့် သူမ၏ နဂါးသိုင်းဝိညာဥ်ကို သူမအလွန်ယုံကြည်သည်။
ဤအနေအထားတွင် ရှိနေသော သူမ၏ ခွန်အားကိုလည်း ယုံကြည်သည်။ လန်ရွမ်းယု ကဲ့သို့ ထိန်းချုပ်မာစတာတစ်ယောက်က
တိုက်ခိုက်ရေးမာစတာဖြစ်သော သူမနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။
သို့သော် လန်ရွမ်းယု၏ လက်သီးနှင့် သူမ၏ ခြေကန်ချက်ကတို့ထိတွေ့မိလိုက်သောအခါ သူမခြေထောက်သည် သတ္တုပြားတစ်ခုကို ကန်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက်မှာတော့
သူမရဲ့ သိုင်းဝိညာဉ်ကနေ ဖြစ်ပေါ်လာသော တုန်လှုပ်ခြင်းတစ်မျိုးလည်း ထွက်ပေါ်လာခဲ့သည်။ သူမ၏ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲလာသည်နှင့်အမျှ သူမသည် တစ်ကိုယ်လုံး
အရိုးမရှိသော မြွေတစ်ကောင်လို ပျော့ပျောင်းသွားခဲ့သည်။
လန်ရွမ်းယုသည် ထပ်မံတိုက်ခိုက်ရမ် ပြင်ဆင် ထားပြီးဖြစ်သော်လည်း ရဲလင်းတုံသည်
သူ၏ညာလက်သီးနှင့် ထိတွေ့ပြီးနောက် ရုတ်တရက် ပြုတ်ကျသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဆရာမများသည် ဤရုတ်တရက်ပြောင်းလဲမှုကြောင့် အံ့အားသင့်သွားသည်။ လန်ရွမ်းယုရဲ့ ငွေရောင်ငွေပြာမြက်လည်းပြန်ပျောက်သွားခဲ့သည်။
အရာအားလုံးဖြစ်ပျက်သွားသည်မှာအလွန် မြန်ဆန်လှသဖြင့် ဆရာများပင်အခြေအနေ အတိအကျကို မမြင်လိုက်ရပေ။
“ဝူန်း”
ရဲလင်းတုံ မြေပြင်ပေါ်ပြုတ်ကျသွားသည်။
“လင်းတုံ မင်းအဆင်ပြေရဲ့လား”
အခန်းတစ်ရဲ့အတန်းပိုင်းဆရာမမှာ အလျင်အမြန်ပင်ပြေးလာလေးည်။
ထို့နောက် ရဲလင်းတုံကိုအမြန်စစ်ဆေးလေသည်။
လန်ရွမ်းယု သည် ကြောင်တက်တက်ဖြင့် သူတို့ဘေးနားတွင် ရပ်နေကာ အခြားကျောင်းသားများကလည်း သူ့ကို ထူးဆန်းသောအကြည့်ဖြင့်ကြည့်နေကြသည်။
အထူးသဖြင့် တိုက်ခိုက်ရေးအမျိုးအစားဝိညာဥ်မာစတာ ပထမတန်း ကျောင်းသားများဖြစ်သည်။
ရဲလင်းတုံသည် လန်ရွမ်းယုနှင့်ယှဥ်ပြိုင်တိုင်းအမြဲလိုလိုပင်ရှုံးနေတတ်သည်။ ရဲလင်းတုံသည် ပထမတန်းအခန်းတစ်တွင် အတော်ဆုံးကျောင်းသူ
ဖြစ်သည်။
……..
လင်းတူံ၏အခြေအနေများစိတ်ချရပြီးနောက် ပြိူင်ပွဲကိုဆက်လက်ကျင်းပခဲ့လေသည်။
ကျောင်းသားများက ရဲလင်းတုံသည်
လန်ရွမ်းယုကိုကြိုက်နေကာ တမင်တကာအလျော့ပေး၍အရှုံးပေးခဲ့ချင်းဖြစ်မည်ဟု အတင်းပြောနေကြလေသည်။
လန်ရွမ်းယု ဆယ်ပွဲဆက်တိုက် တိုက်ခိုက်ကာ ပြိူင်ဘက်များကိုအနိုင်ယူခဲ့သည်။
နောက်ဆုံးတွင် လန်ရွမ်းယု သည် အကယ်ဒမီတွင်အလွန်နာမည်ကြီးလာခဲ့သည်။
ဆရာများကပင် လန်ရွမ်းယု၏ရေဓာတ်ထိန်းချုပ်ပုံကို အထင်ကြီးလာလေသည်။
“ဆရာမ နာ့နာ့၊ ဆရာမ နာ့နာ့…”
လန်ရွမ်းယုသည် အိမ်ရှေ့တံခါးရောက်ရောက်ချင်းပင်း အော်လိုက်သည်။
နာ့နာ့လည်း သူမ၏အခန်းထဲမှ တန်း ထွက်လာခဲ့သည်။။
“မင်းပြန်လာပြီလား”
“ဟုတ်. ဆရာမ နာ့နာ့ သိလား။ ဒီနေ့
တိုက်ခိုက်ရေးသင်တန်းမှာ သား ဆယ်ပွဲဆက်တိုက်အနိုင်ရခဲ့တယ်…”
လန်ရွမ်းယု သည် ပွဲအတွင်းဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို နာ့နာ့အားပြောပြလေသည်။
နာ့နာ့လည်း နားထောင်ရင်း ပြုံးလိုက်သည်။
“ဆရာမ နာ့နာ့၊ သား သူ့ကို ထိုးလိုက်တဲ့အချိန်မှာ ရဲလင်းတုံက ဘာလို့ လဲကျတာလဲ။
သား ဘာမှမလုပ်ပါဘူး ငါကျိန်ရဲပါတယ်!”
နာ့နာ့က တစ်ခဏမျှ တွေးရင်း မျက်ခုံးပင့်လိုက်သည်။ ထို့နောက် သူမက
“မင်းရဲ့ သိုင်းဝိညာဥ်က သူ့အပေါ် ဖိနှိပ်နိုင်လို့နေမယ်။ တစ်နည်းဆိုရရင် သူမက မင်းအပေါ် မကောင်းတဲ့ ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိပဲ၊ မင်းတို့ နှစ်ယောက်လုံး တူညီတဲ့ရန်သူတစ်ယောက်ကိုတိုက်ရင် သူ့ရဲ့စွမ်းအားကတိုးလာနိုင်တယ်။ အဲ့မဟုတ်ပဲ မင်းကိုတိုက်ခိုက်ရင်တော့ ဆန့်ကျင့်ဘက်အနေနဲ့ သူ့ရဲ့စွမ်းအားလျော့သွားလိမ့်မယ်”
လန်ရွမ်းယု နှုတ်ခမ်းဆူကာ
“သူမက ဒေါသကြီးတယ်၊ ငါက သူ့သငယ်ချင်းမဖြစ်ချင်ဘူး။ ဆရာမ နာ့နာ့ ဒီနေ့ ဘာသင်ပေးမှာလဲ.... ဆရာမ သင်ပေးတဲ့ ခြေကွက်လက်ကွက်တွေက အရမ်းမိုက်တယ်၊ သူတို့ ငါ့ကို လုံးဝမထိနိုင်ဘူး။”
နာ့နာ့ ပြုံးလိုက်သည်။ “ဒီနေ့ တိုက်ခိုက်ရေးစွမ်းရည်အချို့ကို ငါသင်ပေးမယ်။ လာ... သွားရအောင်။”
Endend……