အခန်း (၄၆)
Vol. 4 Ch. 46
ရဲလင်းတုံ၏အိမ်နေရာ......
ရဲလင်းတုံသည် သူမ၏ ဝမ်းနည်းစရာ အတွေ့အကြုံကို ရဲဖိန် အား ဖုန်းမှတစ်ဆင့် ပြောပြနေရင်း ငိုကြွေးနေခဲ့သည်။
“ဖေဖေ၊ ဖေဖေ၊ ဘာလို့ဒီလိုဖြစ်သွားရတာလဲ။ သမီးအနိုင်ရသင့်တာ! ဘာကြောင့် ဒီလို ဖြစ်ရတာလဲ..... သမီးရဲ့အတန်းဖော်တွေက သမီးက သူ့ကို သဘောကျတာကြောင့် သူ့ကိုအနိုင်ပေးလိုက်ရတာလို့ပြောနေကြတယ်။ သမီး သူ့ကိုမကြိုက်ဘူး၊ သမီး သူ့ကိုအနိုင်ယူချင်တယ်”
လိုင်း၏အခြားတစ်ဖက်တွင် ရဲဖိန် မျက်မှောင်ကြုတ်လိုက်သည်။
“မဟုတ်ဘူး! သမီးမလောနဲ့... ဒါက တကယ်ကို ထူးဆန်းတယ်... မငိုပါနဲ့ ။ သမီးရဲ့မြင့်မြတ်တဲ့နဂါးသိုင်းဝိညာဥ်က ဘာအမှားမှ မရှိဘူး။ ပြဿနာက ရွမ်းယုကြောင့်ဖြစ်မယ်။ ဖေဖေ အိမ်ပြန်ရောက်တဲ့အထိ စောင့်ပါဦး၊ သူ့အစွမ်းတွေကို အသေးစိတ်လေ့လာပေးမယ် ”
“ဖေဖေ၊ သမီး သူ့ကို အနိုင်ယူချင်တယ်!
သူ့ကို အနိုင်ယူဖို့ ဖေဖေ သင်ပေးရမယ်!”
“ဖေဖေ အခု အစည်းအဝေးသွားတော့မယ်။ ပြန်လာတဲ့အခါ ထပ်ပြောကြမယ်။”
………..
“ဗိုလ်ကြီး၊ အားလုံး ဒီမှာပါ”
ဒုဗိုလ်အဆင့်ရှိသော အရာရှိတစ်ဦးသည် ရဲဖိန်ထံသို့ လျှောက်လာပြီး အလေးပြုကာ သတင်းပို့
သည်။
“သွားကြစို့၊ ငါတို့ စမယ်။” ရဲဖိန်သည်
ထိုအချိန်တွင် သူ၏ စစ်ယူနီဖောင်းကို ဝတ်ဆင်ထားသည်။ အမူအရာကလည်း ေလးနက်နေသည်။
စားပွဲဝိုင်းပတ်လည်တွင် လူရှစ်ယောက်ထိုင်နေသည်။ အစည်းအဝေးခန်းထဲသို့ သူဝင်သွားခဲ့သည်။ အထဲသို့ဝင်လိုက်သည်နှင့် ထိုင်နေသောလူအားလုံးက သူ့ကို ထိုင်နေရာမှထ၍ အလေးပြုကြသည်။
အစည်းအဝေးခန်းသည် ချက်ခြင်းပင် အေးစက်သွားသည်။
“ထိုင်” ရဲဖိန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ရဲဖိန် က
“လူတိုင်း ငါပေးထားတဲ့အချက်အလက်တွေကို ဖတ်ပြီးပြီလို့ ထင်တယ်။ ဒီအရေးတကြီးမစ်ရှင်ကို ငါတို့ နဂါးအထူးတပ်ဖွဲ့ကိုင်တွယ်ရမယ်။ ပြည်သူတွေကို အထိတ်တလန့်ဖြစ်စေခြင်းကနေလည်း ရှောင်ရှားရမယ်။ပီးတော့ ဒီမစ်ရှင်ကို အမြန်အဆုံးသတ်ဖို့လည်း လိုအပ်တယ်။ အားလုံးကို ကောင်းကောင်းပြင်ဆင်ထားစေချင်တယ်။ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ ရန်သူတွေကို ငါတို့ ရင်ဆိုင်ရမယ်။ ဒီကောင်တွေကို လွတ်သွားဖို့ ခွင့်မပြုနိုင်ဘူး မဟုတ်ရင် သူတို့က ပြည်သူတွေကို ပိုပြီးတော့တောင် ဒုက္ခပေးလိမ့်မယ်”
“ဟုတ်ကဲ့!”
………
လန်ရွမ်းယုဘဝဟာ ပျော်ရွှင်မှုများနှင့် ပြည့်နေသည်မှာ နာ့နာ့ သူ့ဘဝထဲ ဝင်လာကတည်းက ဖြစ်သည်။
နေ့ခင်းဘက်တွင် ကျောင်းတက်ပြီး ညဘက်တွင်
နာ့နာ့နှင့်လေ့ကျင့်သည်။ လေ့ကျင့်မှုများက
ခက်ခဲသော်လည်း၊ ရေဒြပ်စင်ထိန်းချုပ်ခြင်းတွင် အလွန်လျင်မြန်စွာ တိုးတက်လာသည်ဟု သူခံစားမိသည်။ သူ့ဝိညာဉ်စွမ်းအားတိုးတက်မှုကတော့ နှေးကွေးနေသေးသည်။
သူ့အပျော်ဆုံးအချိန်ကတော့ ထမင်းစားချိန်ဖြစ်သည်။ နာ့နာ့သည် တစ်နေ့တစ်မျိုးမရိုးရသောအရာများကိုယူလာကာ လန်ရွမ်းယုကိုကျွေးလေသည်။ လန်ရွမ်းယုကလည်း ပုံမှန်လူကြီးများထက်ပင်နှစ်ဆခန့်ပိုစားလာလေသည်။
အစပိုင်းတွင် နန်ချိန်သည် နာ့နာ့ ကိုစောင့်ကြည့်နေခဲ့သော်လည်း နာ့နာ့ သည် ရွမ်းယု ကို အမှန်တကယ် ချစ်မြတ်နိုးကြောင်း သူမ လျင်မြန်စွာ သဘောပေါက်လာခဲ့သည်။
လန်ရှောင်းသည်လည်း ဂြိုလ်သစ်တစ်ခုကိုလေ့လာရန်ထွက်သွားပြီဖြစ်သည်။ထွက်ခွာသည့်ဆယ်ရက်မြောက်နေ့တွင်၊ လန်ရှောင်းသည် သူအဆင်ပြေကြောင်း ဆက်သွယ်ကာပြောခဲ့သည်။
ထို့နောက် တစ်လကြာသောအခါ ထပ်မံဆက်သွယ်လာခဲ့သည်။ လေ့လာရေးသုတေသနခရီးစဥ်သည် တစ်နှစ်ခွဲခန့်ကြာတော့မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ လန်ရှောင်းမရှိစဥ်တွင် နန်ချိန်...နာ့နာ့..နှင့် လန်ရွမ်းယုတို့တာအိမ်တွင်နေကြသည်။
ထိုကာလအတွင်း လန်ရွမ်းယုအပေါ် ထားရှိသော ရဲလင်းတုံ၏ စိတ်သဘောထားမှာလည်း ပိုဆိုးလာခဲ့သည်။
ဒီလိုပဲ မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးလကြာသွားခဲ့သည်။
“ သား၊ မင်း အရပ်ပိုရှည်လာပြီ”
နန်ချိန်သည် သူ့သား၏အရပ်ကိုတိုင်းရင်း
ပြုံးကာပြောလိုက်သည်။ ခုနစ်နှစ်တောင်မပြည့်သေးတဲ့ ကောင်လေးတစ်ယောက်၏ အရပ်မှာ 1.3 မီတာရှိနေပြီဖြစ်သည်။ ယခု သူသည် သူ့အတန်းရှိ ကျောင်းသားများထဲတွင် အရပ်အရှည်ဆုံးလည်းဖြစ်သည်။
အရပ်ရှည်ရုံတင်မကဘဲ သူ့ကိုယ်လုံးကိုယ်ပေါက်ကလည်း အချိုးအစားကျပြီး သန်မာလာသည်။
သူ့သားရဲ့ အရပ်အမောင်းကို မှတ်ချက်ပေးရင်း နန်ချိန်က နာ့နာ့ကို ကြည့်ပြီး ပြုံးပြလိုက်သည်။ နာ့နာ့ မည်ကဲ့သို့ပြုလုပ်ခဲ့သည်ကို သူမ သေချာမသိသော်လည်း လန်ရွမ်းယု ၏ပြောင်းလဲမှုများသည် သူ စားသောအစားအစာများနှင့် ဆက်စပ်နေကြောင်း နန်ချိန်သိသည်။
နန်ချိန်သည် ၎င်းတို့ထဲမှ အချို့အကြောင်းကို ရှာဖွေခဲ့သည်။ စျေးနှုန်းကို သူမ သေချာမသိသော်လည်း ၎င်းတို့သည် အလွန်အဖိုးတန်ကြောင်း သူမသိရှိခဲ့သည်။ နာ့နာ့သည်ထိုအတွက်လည်း သူမကိုငွေမတောင်းဖူးပေ။
အခြားသူတစ်ဦးသည် သူမသား၏ကျန်းမာရေးကို အကြွင်းမဲ့ ဂရုစိုက်ခြင်းကြောင့် နန်ချိန်အမှန်တကယ်ပင် ပျော်ရွှင်နေပါသည်။ ထို့အပြင်၊ ထိုပုဂ္ဂိုလ်သည် စွမ်းအားအရှိဆုံး ဖုန်းဟောက်တုံ့လော်အဆင့် ဖြစ်နိုင်သည်။ ထို့ကြောင့် နာ့နာ့ ကို
သူမ လက်ခံလာရုံသာမက သူမ အပေါ် လေးစားမှုလည်းရှိခဲ့သည်။
သုံးလကြာ လေ့ကျင့်မှုဖြင့် လန်ရွမ်းယု ၏ ဝိညာဉ်စွမ်းအားသည် အဆင့် 13သို့ရောက်သွားခဲ့သည်။
“ဆရာမ နာ့နာ့၊ ငါတို့ ရွမ်းယု ကို မနက်ဖြန် အပြင်ခေါ်သွားရအောင်”
နန်ချိန်ကပြုံးက နာ့နာ့ကိုပြောလိုက်သည်။
“ဘယ်သွားကြမှာလဲ? အပြင်သွားမှာလား အဲဒါအရမ်းကောင်းတယ်!။” လန်ရွမ်းယု စိတ်လှုပ်ရှားစွာ ခုန်ပေါက်လိုက်သည်။
နန်ချိန်က ရွမ်းယုရဲ့နဖူးကို ညင်သာစွာပုတ်လိုက်ပြီး “ အပြင်သွားမယ်ဆိုရင် မင်းအရမ်းပျော်နေတာပဲ။”
နန်ချိန်သည် ရွမ်းယု၏နဖုးကိုပုတ်လိုက်တော့ နာ့
နာ့အနည်းငယ်မျက်မှောင်ကြုတ်လိုက်သေးသည်။ ထို့နောက်မှ သူမစိတ်လျော့လိုက်သည်။
“မြို့ထဲမှာ ပန်းခြံအသစ်တစ်ခု ဖွင့်တယ်လို့ ပြောကြတယ်။ အဲဒါက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ မင်းကို အဲဒီကို ခေါ်သွားမယ်။
ပြီးရင် စားသောက်ဆိုင်တစ်ခုခုမှာ ဝင်စားကြမယ်။ မင်းအဖေက မနေ့က ငါ့ကိုဖုန်းဆက်ပြီး မင်းကို အပြင်လိုက်ပို့လိုက်ပါဦးလို့ပြောသွားတယ်။ သူ့သားပျင်းနေမှာဆိုးလို့တဲ့ “
“ဟားဟား ! ဖေဖေက အကောင်းဆုံးပဲ”
“ဒါဆို ဆရာမ နာ့နာ့ နဲ့ လေ့ကျင့်ရင်းနေခဲ့ဦး မေမေ အပြင်ထွက်ပြီး စားစရာနည်းနည်း ဝယ်လိုက်ဦးမယ်”
နန်ချိန် ထွက်သွားခဲ့ပြီး နာ့နာ့ နှင့် ရွမ်းယု တို့ကို အိမ်တွင် ထားခဲ့လေသည်။
လေ့ကျင့်ရေးအခန်းထဲတွင်.....
လန်ရွမ်းယုသည် ရွှေရောင်ငွေပြာမြက်ကိုထုတ်ထားကာ ငွေပြာမြက်များက ပတ်တီးကဲ့သို့ သူ့ညာဘက်လက်တစ်ခုလုံးကိုရစ်ပတ်ထားသည်။
ထို့နောက် နာ့နာ့ကိုတိုက်ခိုက်ရင်းလေ့ကျင့်နေကြသည်။
Endend…..