အခန်း (၄၇)
Vol. 4 Ch. 47
“ဆရာမ နာ့နာ့၊ အနိုင်ကျင့်တယ်”
လန်ရွမ်းယုက သူ့မျက်နှာကို သုတ်လိုက်ပြီး စိတ်ဆိုးစွာပြောလိုက်သည် ။နာ့နာ့သည် လေ့ကျင့်နေရင်း ရွမ်းယုရဲ့ပါးကိုအကြိမ်များစွာနမ်းနေသောကြောင့်ဖြစ်သည်။
နာ့နာ့ ရယ်မောလိုက်သည်။
“ ဒီနေ့မှာ အသစ်အဆန်းတစ်ခု စသင်မယ်”
“ဘာသင်ရမှာလဲ?”
လန်ရွမ်းယု စိတ်ဝင်စားသွားသည်။
နာ့နာ့ က “ငါတို့ ရှေးကျတဲ့ သိူင်းပညာတစ်ခုကို သင်ယူကြမယ်။ မင်းက ရေဒြပ်စင်ကို ကောင်းကောင်း ထိန်းချုပ်နိုင်နေပြီဖြစ်ပြီးတော့ အနာဂတ်မှာ မင်းရဲ့ ဝိညာဉ်စွမ်းအား တိုးလာတာနဲ့အတူ မင်းရဲ့စွမ်းရည်လည်းတိုးလာလိမ့်မယ်။ အနီးကပ်တိုက်ခိုက်ရေးတိုက်ပွဲများအတွက်ကတော့ မင်းအားနည်းနေသေးတယ်။ မင်းအခု တိုက်ခိုက်ရေးနည်းတွေကို လေ့လာရမယ်။”
“ဟုတ် သေချာလေ့လာပါမယ်!”
ကောင်လေးတိုင်း တိုက်ခိုက်ရတာ ကြိုက်နှစ်သက်ကြသည်။ ဤလအနည်းငယ်အတွင်းတွင်၊ လန်ရွမ်းယု သည် နာ့နာ့ ထံမှ ခြေကွက်လက်ကွက်များကို အကြိမ်တိုင်းသင်ယူနေရပြီး ထိုအရာများမှာ စိတ်ဝင်စားစရာကောင်းသော်လည်း အခြားတိုက်ခိုက်ရေးစွမ်းရည်များလောက် ပြင်းထန်ခြင်းမရှိပေ။
“ဆရာမ နာ့နာ့ က ဘယ်လို တိုက်ခိုက်ရေးနည်း
တွေကို သင်ပေးမှာလဲ”
နာ့နာ့ က “ဒီတိုက်ခိုက်ရေးစွမ်းရည်နာမည်က.. ရွှေနဂါးကောင်းကင်ကိုတုန်လှုပ်စေခြင်းလို့ငါထင်တာပဲ”
“နာမည် မမှတ်မိတော့ဘူးလား”
နာ့နာ့လည်း ခေါင်းညိတ်ပြီး ရှိုက်ကြီးတငင် ပြုံးလိုက်သည်။
“ရှင်းရှင်းလင်းလင်းတော့ မမှတ်မိတော့ပေမယ့် ဒီနာမည်ပဲဖြစ်နိုင်ပါတယ်။ စရအောင်။”
“ ရွှေနဂါး ကောင်းကင်ကိုတုန်လှုပ်စေခြင်း.... မင်းရဲ့ လက်ရှိ ဝိညာဉ်စွမ်းအားနဲ့ ဒီတိုက်ကွက်ကိုအပြည့်အဝ အသုံးပြုနိုင်ဖို့ ဝေးနေသေးတယ်။ ဒါပေမဲ့ မင်းသုံးတော့သုံးနိုင်မယ်။ မူရင်းထက်နည်းနည်းတော့အားနည်းတဲ့တိုက်ကွက်တစ်ခုဖြစ်လာလိမ့်မယ်..”
“ဆရာမ နာ့နာ့ မြန်မြန်သင်ပေးပါ” လန်ရွမ်းယု သည် ၎င်း၏အမည်ကိုကြားရုံဖြင့် ဤရှေးဟောင်းတိုက်ခိုက်ရေးနည်းပညာကို အလွန်စိတ်ဝင်စားခဲ့သည်။
“မင်းရဲ့ ခန္ဓာကိုယ်အတွင်းက အပြောင်းအလဲတွေကို ခံစားပါ။” နာ့နာ့သည် လန်ရွမ်းယု ၏နောက်တွင် ထိုင်ချလိုက်ပြီး သူမ၏ ညာလက်ကို ရွမ်းယု၏နောက်ကျောပေါ်သို့တင်ကာ
နူးညံ့သိမ်မွေ့သော ဝိညာဉ်စွမ်းအားများကို
ရွမ်းယုခန္ဓာကိုယ်ထဲသို့ ဖြည်းညှင်းစွာသွင်းလိုက်သည်။
“ဒီနည်းလမ်းက မင်းရဲ့သွေးတွေကို နောက်ပြန်စီးဆင်းစေလိမ့်မယ်!” နာ့နာ့ ၏အသံထွက်လာသည်။
ထိုအခိုက်အတန့်လေးတွင် ရွမ်းယုခန္ဓာကိုယ်ထဲတွင် နွေးထွေးသော ခံစားမှုတစ်ခု ရုတ်ချည်း မြင့်တက်လာသည်ကို ခံစားလိုက်ရပြီး ဖြည်းညှင်းစွာ
စီးဆင်းနေသော သွေးများသည် အနည်းငယ် ပြောင်းလဲသွားသည်။
စူးစူးရှရှ နာကျင်မှုတစ်ခုက သူ့တစ်ကိုယ်လုံးကို ချက်ခြင်းရောက်လာသည်။ ခန္ဓာကိုယ်တွင်းရှိ သွေးများသည် ပြောင်းပြန် ရွေ့လျားနေကြောင်းကို သူသိလိုက်ရသည်။
နာကျင်မှုက ချက်ချင်းပိုမိုပြင်းထန်လာသည်။
ညာလက်ကို မသိစိတ်ကမြှောက်လိုက်မိသည်။ ယခု သွေးလှည့်ပတ်စီးဆင်းမှုသည် အထူးစွမ်းအားတစ်ရပ်ကို ဖြစ်ပေါ်လာစေခဲ့သည်။ သူ၏သွေးများသည် မတူညီသော ဦးတည်ရာများသို့ စီးဆင်းနေသော်လည်း ထိုပြောင်းလဲမှုပြီးနောက် သူခံစားလိုက်ရသော နွေးထွေးမှုက သူ၏ညာဖက်လက်ဆီသို့ ရောက်သွားခဲ့သည်။
ရွှေရောင်ငွေပြာမြက်ပင်သည် ရွမ်းယု၏ ညာလက်မောင်းတစ်ခုလုံးကို ဖုံးအုပ်ထားသည်ကို တွေ့ရသဖြင့် လန်ရွှန်းယု အံ့သြသွားသည်။
ရွှေရောင်အကြေးခွံများက နွယ်များပေါ်တွင်
ပေါ်လာခဲ့သည်။
“ရွှေနဂါး ကောင်းကင်ကိုတုန်လှုပ်စေခြင်း!”
နာ့နာ့၏ အသံသည် သူ့နောက်မှ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်တွင်းရှိ အပူများကို ထိန်းချုပ်ကာ ညာဘက်လက်ဆီသို့ စုစည်းသွားပြီး မမြင်နိုင်သော စွမ်းအားတစ်ခုဖြစ်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလို ညာဘက်လက်တွင်နဂါးခေါင်းတစ်ခုပေါ်လာခဲ့သည်။ နဂါးဟိန်းသံတိုးတိုးလေးလည်းပေါ်လာခဲ့သည်။
“ဗွမ်းးးး!”
လန်ရွမ်းယု လက်ကိုဆန့်ထုတ်ပြီး လေထဲသို့ထိုးလိုက်ရာ ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာခဲ့သည်။
ထိုအခါ လန်ရွမ်းယု၏ ခန္ဓာကိုယ်လည်း လုံးလုံးလျားလျားအားကုန်သွားသလို ခံစားလိုက်ရသည်။ သွေးများလည်း ပုံမှန်ပြန်ဖြစ်သွားခဲ့
သည်။
“ခံစားမိလား? မင်းရဲ့သွေးစီးဆင်းမှုလမ်းကြောင်းတွေကို ပြောင်းလဲလိုက်ရင်
မင်းရဲ့သွေးကြောတွေထဲမှာရှိတဲ့ စွမ်းအားတွေကို လှုံ့ဆော်ပေးပြီး အဲ့ဒီစွမ်းအားတွေကို မင်းရဲ့ဝိညာဉ်စွမ်းအားနဲ့ ပေါင်းစပ်လိုက်တဲ့အခါ၊ ပုံမှန်ထက် ပိုပြင်းထန်တဲ့ တိုက်ခိုက်မှုကို ဖြစ်ပေါ်စေလိမ့်မယ်။ ဒီ ရွှေနဂါးကောင်းကင်ဘုံတုန်လှုပ်စေခြင်းတိုက်ကွက်က မင်းနဲ့သင့်တော်တဲ့ တိုက်ခိုက်ရေးပညာတစ်ခုဖြစ်ပဲ။ ဒီတိုက်ကွက်က မင်းရဲ့သွေးကြောတွေကိုလည်းပိုမိုသန်မာလာစေလိမ့်မယ်။ ဒါကြောင့် ဒီတိုက်ကွက်က မင်း လေ့ကျင့်ဖို့ အကောင်းဆုံးနည်းလမ်းပဲလို့ ငါထင်တယ်။”
လန်ရွမ်းယု က စိတ်ဝင်တစားနဲ့
“ဆရာမ နာ့နာ့၊ ငါ့သွေးကြောထဲမှာရှိတာက ဘာစွမ်းအားလဲ”
နာ့နာ့မသိတော့ပေ
“ငါလည်း သိပ်မသေချာပေမယ့် ဒီတိုက်ကွက်ကတော့ မင်းနဲ့ အံဝင်ခွင်ကျဖြစ်မယ်ထင်တယ်။”
တကယ်တော့ ဒီတိုက်ကွက် ရွှေနဂါး ကောင်းကင်ဘုံကိုတုန်လှုပ်စေခြင်းတိုက်ကွက်ကသည် လွန်ခဲ့တဲ့ ၂ ရက်လောက်ကမှ
သူမရဲ့ ခေါင်းထဲတွင် ပေါ်လာခဲ့ခြင်းဖြစ်သည်။
သို့သော် တိုက်ကွက်အပြင်အခြားဘာကိုမှထပ်မမှတ်မိပေ။
“ဆက်ကြမယ်...မင်း ကိုယ့်ကိုကိုယ် အားကိုးရမယ်.... မတော်တဆမှုတွေ မဖြစ်အောင် မင်းကို ငါကာကွယ်ပေမယ်”
“ဟုတ်!”
နာ့နာ့ရဲ့ကူညီပေးမှုဖြင့် လန်ရွမ်းယု၍ရွှေနဂါးတိုက်ကွက်သည် ပိုမိုအသားကျလာခဲ့သည်။
နေ့တစ်နေ့ပင် မသိလိုက်ဘဲ ကုန်ဆုံးသွားခဲ့သည်။
………
နောက်တစ်နေ့မနက်.....
လန်ရွမ်းယု ကုတင်ပေါ်မှ ထလာသည်။
ရုတ်တရက် သူ့တစ်ကိုယ်လုံး နာကျင်နေသည်ကို ခံစားလိုက်ရသည်။ ထို့အတူ သူ့တစ်ကိုယ်လုံး နွေးထွေးသွားသလိုလည်း ခံစားလိုက်သည်။
မနေ့ညက တရားပင်မထိုင်နိုင်ပဲအိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။
လန့်ရွမ်းယု အကြောများ ဆန့်လိုက်ပြီး ကုတင်ပေါ်မှ ခုန်ဆင်းသွားတယ်။
“ဗွမ်း”
ကြမ်းပြင်ပေါ်သို့ခြေနှစ်ဖက်ချလိုက်သောအခါ ထိုကဲ့သို့ အသံတစ်ခုထွက်လာလေသည်။
“ငါခန္တာကိုယ်က ပိုလေးလာတာာလား”
“ရွမ်းယု နိုးပြီလား။ မနက်စာစားချိန်ရောက်ပြီ..ထွက်ခဲ့တော့” နန်ချိန်၏ အသံသည် အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။
“ဟုတ် ...မေမေ၊ သားလာပြီ... မနက်စာစားပြီးရင် အပြင်ထွက်လည်မှာမလား”
“အင်း...ဟုတ်တယ် မနက်စာ အရင်စားသွားမယ်”
လန်ရွမ်းယုရဲ့ မနက်စာသည် ထုံးစံအတိုင်း အာဟာရပြည့်ဝသောအရာများဖြင့်ချက်ပြုတ်ထားလေသည်။ လန်ရွမ်းယုသည် အပြင်ထွက်ရန် မစောင့်နိုင်တော့ပေ။
“မင်းတို့သွားကြ ငါအိမ်မှာပဲနေခဲ့မယ်”
နာ့နာ့ပြောလိုက်သည်။
“ဟမ်? ဆရာမ နာ့နာ့ မလိုက်ဘူးလား။ သားတို့နဲ့
လိုက်ခဲ့ပါ”
လန်ရွမ်းယု က မကျေမနပ်ဖြင့် ပြောလိုက်သည်။
သို့သော် နာ့နာ့ ပြုံးလိုက်သည်။
“မေမေနဲ့ပဲ သွားပါ၊ သားကို နောက်ထပ်
ဘာသင်ပေးရမလဲ စဉ်းစားချင်သေးလို့”
Endend…….