အခန်း (၄၈)
Vol. 4 Ch. 48
နန်ချိန်သည် ဝိညာဥ်ကားကို မောင်းနှင်ကာ ပန်းခြံရှိရာသို့ မောင်းနှင်နေခဲ့သည်။
“မေမေ၊ ဒီနေ့ ဘာစားကြမလဲ။ ဆရာမ နာ့နာ့ အတွက်လည်း တစ်ခုခု ဝယ်သွားလို့ရမလား”
လန်ရွမ်းယု ဘေးပတ်ဝန်းကျင်ကိုငေးမောရင်း သူ့အမေအားမေးလိုက်သည်။
နန်ချိန် အနည်းငယ် မနာလိုဖြစ်မိသွားသည်။
“ဒီအချိန်မှာတောင် မင်းရဲ့ဆရာမ နာ့နာ့ကို ခဏမေ့ထားလို့မရဘူး။ မေမေမေးတယ် ဆရာမ
နာ့နာ့ ကို အမေထက် ပိုချစ်တာလား ”
လန်ရွမ်းယုသည် သူ့အမေကို တစ်ချက် ခိုးကြည့်
လိုက်ပြီး “ မေမေ....ဖေဖေ့လို့ပြောရင်... မင်းက အကြောင်းပြချက်မရှိဘဲ ပြဿနာရှာနေတာ”
နန်ချိန်၏လက်များပင် တုန်သွားသည်။ ရွမ်းယုစကားကြောင့် ငိုရမလား ရီရမလားပင်မသိတော့။ “အဲ့ဒီစကားကို ဘယ်ကနေ သင်ယူခဲ့တာလဲ”
လန်ရွမ်းယုသည် ချက်ချင်းပင် လူကြီးတစ်ယောက်လို ပြုမူကာ လန်ရှောင်း၏ အမူအရာလေသံအတိုင်း “ နန်ချိန် ငါ မင်းကိုပြောချင်တာက... အရေးမကြီးတာကိုပြသနာမရှာစမ်းပါနဲ့ဟ!”
နန်ချိန် သူ့သားကို အံ့သြစွာ စိုက်ကြည့်နေသည်။
“ကောင်စုတ်လေး! မင်းက ငါတို့စကားပြောတာကို ခိုးနားထောင်ထားတာပေါ့ “
လန်ရွမ်းယုက တခစ်ခစ်ရယ်လိုက်ကာ
“ဘယ်လို ခိုးနားထောင်ရမှာလဲ။ မေမေတို့စကားပြောတာ အကျယ်ကြီးကို”
နန်ချိန် ဟက်ဟက်ပက်ပက်ရီလိုက်မိသည်။
“ ကောင်စုတ်လေး၊ တကယ်မလွယ်ဘူး...
မင်းတကယ်ကိုလည်တာပဲ... ဟုတ်သားပဲ...
ဒီနေ့ ထန်လီရဲ့ ဖျော်ဖြေပွဲ လွှင့်နေတယ် ထင်တယ်။”
ထိုသို့ပြောနေစဉ်တွင် ကားအတွင်းမှ စခရင်ကို ဖွင့်လိုက်သည်။ ရုပ်သံလိုင်းတစ်ခုသို့ချိတ်ဆက်လိုက်သည်။ Live လွင့်နေသော တီဗီရှိုးတစ်ခုပေါ်လာခဲ့သည်။
စူပါစတား ထန်လီပေါ်လာသည်မှာ လအနည်းငယ်သာရှိသေးသော်လည်း၊ သူသည် နာမည်ကြီးတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ သူ၏ တစ်ကိုယ်တော် တေးသွားဖြစ်သော
တမ်းတခြင်း * တေးသွားသည် လူအများအပေါ် နက်ရှိုင်းသောစွဲလမ်းမှုကို ဖြစ်ပေါ်စေခဲ့သည်။
ထူးဆန်းသည်မှာ ထန်လီသည် ထိုသီချင်းကို ဆိုရုံဖြင့် အသက် ၈၀ အရွယ်ထိ မိန်းကလေးများအားလုံးကို ဆွဲဆောင်နိုင်နေသည်။
ထန်လီသည် ဖျော်ဖြေပွဲများတွင် ထိုသီချင်းကိုသုံးကြိမ်သာသီဆိုတတ်သည်။ သို့သော်
ထို တမ်းတခြင်း သီချင်းတစ်ပုဒ်တည်းဖြင့် သမိုင်းတွင် အတိုဆုံးနှင့် အခမ်းနားဆုံး ဖျော်ဖြေပွဲများကို ဖြစ်ပေါ်စေခဲ့သည်။
သာမန်အဆိုတော်များသည် ဖျော်ဖြေပွဲတစ်ခုတွင် အနည်းဆုံး သီချင်း တစ်ဒါဇင်သာ မက
ပရိတ်သိတ်များနှင့် အပြန်အလှန် တုံ့ပြန်မှုများနှင့် ဂုဏ်ပြုမှုများပါဝင်မည် ဖြစ်ပြီး ပျမ်းမျှ အတိုဆုံး ဖျော်ဖြေပွဲသည် အနည်းဆုံး နှစ်နာရီ ကြာမြင့်သည်။
သို့သော် ထန်လီ၏ဖျော်ဖြေပွဲများသည်အများဆုံး နာရီဝက်သာကြာသည်။ အစမှအဆုံး
စကားတစ်ခွန်းမှ မပြောဘဲ * တမ်းတခြင်း *တေးသွား ကို သုံးကြိမ်တိုင်တိုင် သီဆိုလေ့ရှိသည်။ သို့သော် နားထောင်သူ ပရိသတ်များသည် တေး
သွားတစ်ပုဒ်ထဲကို နားထောင်နေရသော်လည်း ရိုးအီမသွားပေ။
ထို့အပြင် ထန်လီသည် ထိုသီချင်းတစ်ပုဒ်ထဲဖြင့် နေ့ချင်းညချင်း ကျော်ကြားလာခဲ့သည်။
ဖန်သားပြင်ပေါ်တွင် ထန်လီသည် ၎င်း၏ ရှည်လျားသော အပြာရောင်ဆံပင်ရှည်များကို အနောက်တွင်စုကာစီးထားပြီး စင်ပေါ်တွင် ရပ်နေလေသည်။ ငွေဖြူရောင်၀တ်စုံကိုလည်း ၀တ်ဆင်ထားလေသည်။
“နှစ်ပေါင်းတစ်သောင်းကြာ ဝေးခဲ့ရသလိုပဲ
သူမရဲ့ ပုံသဏ္ဌန်က မှုန်ဝါးသွားခဲ့တယ်”
“သူမရဲ့အသံကို ရှင်းရှင်းလင်းလင်းကြားနေရပြီး၊ အတိတ်က မရေမတွက်နိုင်အောင် တုန်လှုပ်မှုတွေပေးစွမ်းနိုင်ခဲ့တဲ့ အဲ့အသံတွေ”
“သူ့ရဲ့ကိုယ်သင်းရနံ့ကို မရတော့ပေမဲ့
ကိုယ့်ရဲ့ အာရုံထဲမှာ စွဲမြဲနေတုန်းပါ”
“သူ့ရဲ့ နူးညံ့ပြီး သွယ်လျတဲ့လက်လေးတွေ...
ငါ့ရဲ့ခန္တာကိုယ်ကိုကိုင်တဲ့အထိအတွေ့တွေ”
“ဘဝတစ်ခု နဲ့ လောကသုံးပါး... ကိုယ်တို့ရဲ့ဝိညာဉ်တစ်စုံနဲ့ ကိုယ်တို့ရဲ့နှလုံးသားအနက်နဲဆုံးသောနေရာမှာရှိတဲ့ နောက်ဆုံးမှတ်ဥာဏ်တွေ”
“သူမ အခုဘယ်မှာလဲ ?”
“သူမရဲ့ဖြစ်တည်မှုက ကိုယ့်နှလုံးသားထဲမှာ အမှတ်အသားတစ်ခုအနေနဲ့ ကျန်ခဲ့တယ်၊ ကိုယ်မှာရှိနေသရွေ့ သူမမှာလည်း ဒီလိုပါပဲရှိနေမှာပါ”
“သူမ ဘယ်လိုပဲဖြစ်နေပါစေ... သူမမှာလည်း ကိုယ်တို့ရဲ့ခံစားချက်တွေ အမြဲရှိနေမှာပါ”
“ကိုယ့်ရဲ့ မှတ်ဥာဏ်တွေ မှုန်ဝါးသွားပေမယ့် ကို
ယ့်နှလုံးသားမှာ မင်းကိုတောင့်တနေတယ်။ သူဘယ်သွားသွား၊ သူမကို လိုက်ရှာမယ်”
“ဘယ်အချိန်မှာ ဆုံတွေ့ကြမလဲ...
ဘယ်အချိန်မှာ ကိုယ့်ရဲ့မှတ်ဥာဏ်တွေ ကိုယ့်ဆီ ပြန်ရောက်လာမှာလဲ”
“ကောင်းကင်ဘုံက ကိုယ့်ကို လမ်းပြဖို့ ကိုယ်မျှော်လင့်ပါတယ်၊ သူမနဲ့ပြန် ဆုံစည်းခွင့်ရပါစေလို့ပဲ ဆုတောင်းတယ်၊ ငါတို့ ဒီဘဝမှာ ပေါင်းစည်းနိုင်ပါစေလို့ ဆုတောင်းမိတယ်။”
“ကိုယ့်စီကိုပြန်လာပါ ကိုယ့်စီကိုပြန်လာ...ပြန်လာပါ...”
ထိုသီချင်းကိုဆိုနေစဥ် ထန်လီ၏ မျက်လုံးများတွင်မျက်ရည်များဝေ့ဝဲလာသည်။
စာကြောင်းတိုင်းသည် သူရဲ့ခံစားချက်များနှင့် ပဲ့တင်ထပ်နေသည်။
နန်ချိန်သည် ထိုသီချင်းကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် ကြားခဲ့ရသော်လည်း ထိုအချိန်တွင် သူမ၏ မျက်လုံးများသည်လည်း နီရဲသွားခဲ့သည်။
လန်ရွမ်းယု လည်း ငြိမ်သက်သွားသည်။
သီချင်းရဲ့နောက်ကွယ်က ခံစားချက်များကို နားမလည်သော်လည်း ထိုသီချင်းက သူ့နှလုံးသားကို တုန်လှုပ်စေခဲ့သည်။
“ ထန်လီက အရင်တုန်းက လူတစ်ယောက်ကို လေးလေးနက်နက် ချစ်ခဲ့မယ်ထင်တယ်။ မဟုတ်ရင် သူဒီလိုသီချင်းမျိုး ဆိုနိုင်မှာမဟုတ်ဘူး”
နန်ချိန် ရေရွတ်လိုက်သည်။
“မေမေ၊ အချစ်ဆိုတာ ဘာလဲ” လန်ရွမ်းယု
စိတ်ဝင်တစား မေးလိုက်သည်။
နန်ချိန်က သူ့နဖူးကို ခေါက်လိုက်ကာ
“မင်းက ကလေးပဲရှိသေးတယ်၊ အများကြီးမမေးနဲ့။ မင်း အသက်ကြီးလာတဲ့အခါ နားလည်
လာလိမ့်မယ်။”
“မေမေ၊ ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ”
နန်ချိန် က တခစ်ခစ်ရယ်သည်။
“ငါက ဘယ်လို ရက်စက်တာလဲ။
ငါရက်စက်ရင်တောင် မင်းအဖေ ဒီမှာ မရှိဘူး။ မင်း ဘယ်သူ့ကို တိုင်မှာလဲ”
လန်ရွမ်းယုက ရုတ်တရက်
“ဆရာမ နာ့နာ့ကို တိုင်ကယ်။ မေမေ..သားကို ခေါင်းခေါက်တိုင်း ဆရာမ နာ့နာ့က အဲဒါကို မကြိုက်ဘူး...သိလား... ဟင်း ဟင်း!”
နန်ချိန် အံ့အားသင့်သွားပြီး ရုတ်တရက် အေးစက်တုန်လှုပ်သွားသည်။ သူမလည်း ထိုအရာကိုရိပ်မိသလိုတော့ရှိလေသည်။
“ အမေ မနာလိုတော့ဘူး မင်းက အမေထက် ဆရာမ နာ့နာ့ကို ပိုချစ်နေတယ်” နန်ချိန် နှုတ်ခမ်းစူကာပြော လိုက်သည်။
“မေမေ၊ မင်းငါ့ကိုချစ်လား”
နန်ချိန် ရဲ့နှလုံးသားမှာ ထိုစကားများကြားတွင် အရည်ပျော်နေဆဲ...ထို့နောက် သည်းမခံနိုင်တော့ဘဲ သားဖြစ်သူ၏ ပါးပြင်ကို ညှစ်လိုက်သည်။
“ မေမေက မင်းကို ချစ်တယ်၊ မေမေက မင်းကို သေချာပေါက် ချစ်တာပေါ့... မင်းက မေမေ့ရဲ့ အဖိုးတန်ကလေးပဲ”
“မေမေက အကောင်းဆုံးပဲ!”
Endend……..