Chapters

အခန်း (၄၉)

Vol. 4 Ch. 49

အခန်း (၄၉)

Vol. 4 Ch. 49

“ထရမ်ပိုလိုင်းကမ္ဘာ!”

လန်ရွမ်းယု ထိုနေရာသို့ရောက်လာသောအခါတွင် စိတ်လှုပ်ရှားစွာ အော်လိုက်မိသည်။ ကျီလော်မြို့ရှိ အကြီးဆုံးစျေးဝယ်စင်တာကြီးဖြစ်သည်။ အထပ်ပေါင်း 111 ထပ်ရှိသောအဆောက်အဦးကြီးဖြစ်သည်။ကလေးကစားကွင်းလည်းရှိကာ ကစားစရာမျိုးစုံရှိလေသည်။ အိမ်ရှင်မများအတွက်လည်း စင်တာအမျိုးမျိုးရှိလေသည်။

ရွမ်းယုသည် ကစားကွင်းတွင် ခုန်ပေါက်ကာကစားနေလေသည်။

………….

အထပ် 100 ရှိ ဓာတ်လှေကားတံခါးပွင့်လာပြီး လူတစ်ဦးထွက်လာသည်။

သတ်လတ်ပိုင်းလူတစ်ဦးဖြစ်လေသည်။ ဆံပင်တိုတိုနှင့် သားရေဝတ်စုံကို ၀တ်ထားသည်။ နေကာမျက်မှန်တစ်လက်ကို ၀တ်ထားပြီး

ပီကေဝါးနေလေ သည်။ သူ့အိတ်ကပ်ထဲကို လက်နှစ်ဘက်ထို့ထည့်သည်။

“ငါ ရောက်ပြီ ” ထိုသူက တိုးတိုးလေးပြောလိုက်သည်။

ထိုအခါ ထိုလူနားတွင်တပ်ထားသောနားကြပ်မှ အသံတစ်ခု ထွက်ပေါ်လာပြီး

“စတော့”

“အင်း အခု ခိုးဝင်ဖို့ ပြင်ဆင်နေတယ်။”

ထိုလူ၏ မျက်လုံးများက 101 ထပ်တိုက်သို့သွားသော ဓာတ်လှေကားဆီသို့ မျှော်ကြည့်နေပြီဖြစ်သည်။

ဓာတ်လှေကားကို စောင့်နေသော လူများလည်း ရှိနေသည်။ ထိုလူအားလုံးသည် စက်ရုပ်သံချပ်ကာအသေးစားများကို၀တ်ဆင်ထားသည်။ ထိုစက်ရုပ်သံချပ်ကာ၏စွမ်းအားသည် ဝိညာဥ်ကွင်းလေးကွင်းနှင့်ညီမျှလေသည်။

ထို့ကြောင့် ဤနေရာကို စောင့်ရှောက်နေသောလူများသည် သာမန်လူများမဟုတ်နိုင်ပေ။ ထိုလူများသည် ဝင်လာသော လူရွယ်ကိုမြင်သွားပြီး

“ဒီနေရာကိုလာလို့ မရဘူး၊ မြန်မြန်ထွက်သွား”

အစောင့်တစ်ဦးထံမှ အီလက်ထရွန်နစ်အသံတစ်ခု ထွက်ပေါ်လာသည်။

“ငါမထွက်သွားရင်ရော မင်းဘာလုပ်မှာလဲ”

သားရေဝတ်စုံဝတ်ထားသော အမျိုးသားက ပခုံးတွန့်ပြကာ သူတို့စီသို့ ချဉ်းကပ်သွားခဲ့သည်။

“ဒုက္ခမရောက်ချင်ရင် ထွက်သွား.....

မဟုတ်ရင် အကျိုးဆက်တွေအတွက် မင်းတာဝန်ယူရလိမ့်မယ်။” အခြားအစောင့်တစ်ယောက်က တင်းမာစွာပြောလိုက်သည်။

“အော် အဲ့ဆို ငါသွားတော့မယ်၊ ငါသွားတော့မယ်”

သားရေဝတ်ထားသော အမျိုးသားသည် အနည်းငယ် စိတ်ပျက်သွားပုံရသည်။

သူ့လက်နှစ်ဖက်ကို မြှောက်ပြီး အပြစ်ကင်းစင်သကဲ့သို့ပြောလိုက်ကာ လှည့်၍ ရလာရာလမ်းအတိုင်းလျှောက်သွားလေသည်။

အစောင့်များလည်း ပုံမှန်ပြန်ဖြစ်သွားလေသည်။

ထိုအချိန်တွင် ထိုလူရွယ်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုထွက်ပေါ်လာခဲ့သည်။

သူ၏ညာဖက်လက်တွင် အလင်းတန်းတစ်ခုပေါ်လာပြီး ရုတ်တရက် နဖူးပေါ်တွင် ငွေဖြူရောင်သလင်းကျောက်ပါသော အနက်ရောင်သံချပ်ကတစ်လုံး ပေါ်လာခဲ့သည်။

ခမောက်ကို ဆောင်းလိုက်ပြီး သလင်းကျောက်ကို နှိပ်လိုက်သည်။

“စ!”

“ ကျီ ကျီ” မမြင်ရသော စွမ်းအားတစ်ခုသည် ခမောက်၏အလယ်ဗဟိုမှ အပြင်သို့ ပြန့်ကျဲလာသည်၊ အထူးသဖြင့် ထိုအစောင့်ခြောက်ယောက်ဆီသို့ဖြစ်သည်။

“…..”

ဖောက်ထွင်းမှုတစ်ခုဖြစ်ပေါ်ခဲ့သည်။

“ပြီးသွားပြီ!”

အဆောက်အဦး၏ အထပ် 100 မြောက်....

အစောင့် ခြောက်ယောက်လုံး မြေပြင်ပေါ်တွင်လဲ နေသည်။ သားရေဝတ်စုံကို ၀တ်ဆင်ထားသော ထိုလူသည် အပေါ်ထပ်များစီသို့ထပ်မံတက်သွားလေသည်

“ကျူးကျော်မှု စတင်”

“မင်း အခုကစပြီး ဗဟိုဋ္ဌာ နဲ့ အဆက်ပြတ်သွားလိမ့်မယ်။ မင်းရဲ့အလူပ်ကိုပိးအောင်လုပ်ဖို့ မင်းမှာ 15 မိနစ်ပဲရှိတယ်.... ၁၅ မိနစ်အတွင်း မအောင်မြင်ရင် ပြန်ဆုတ်ပါ”

ထို့အခါ သားရေဝတ်စုံဝတ်ထားသော အမျိုးသားက ရယ်လိုက်သည်။

“စိတ်မပူပါနဲ့ ငါဆယ်မိနစ်လောက်နဲ့လုပ်လို့ရတယ်။”

Endend…..