အခန်း (၅၀)
Vol. 4 Ch. 50
“ဒင်!” ဓာတ်လှေကား တံခါးပွင့်လာပြီး
သားရေဝတ်စုံ ဝတ်ထားသော အမျိုးသားထွက်လာလေသည်။ ထို့နောက် 111 ထပ်သို့သွားရန် ခလုတ်ကို နှိပ်လိုက်သည်။
ယခုအချိန်တွင် အဆောက်အဦရှိ 111 လွှာတွင် အနည်းငယ် ဖရိုဖရဲ ဖြစ်နေသည်။
“ဘာဖြစ်သွားတာလဲ? ဘာကြောင့် ငါတို့ ကွန်ရက်တွေ မချိတ်ဆက်နိုင်ရတာလဲ။
ဗဟိုဘဏ်နဲ့ချိတ်ဆက်ပြီး လုံခြုံရေးစနစ်အားလုံးကိုဖွင့်လိုက်တော့”
ကြီးကြပ်ရေးမှူးက အခြေအနေအပေါ် လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။
“ကျီလော် မြို့တော်ရဲဋ္ဌာနကို ဆက်သွယ်။ လူတချို့ကို ချက်ခြင်းပို့ဖို့ သူတို့ကို ပြော”
“ကြီးကြပ်ရေးမှူး၊ ကျွန်တော်တို့ရဲ့ ဝိညာဉ်လမ်းည ဆက်သွယ်ရေးစက်တွေ သုံးလိူ့မတော့ဘူး” ဝန်ထမ်းတစ်ဦးက စိုးရိမ်တကြီး ပြန်ပြောလိုက်သည်။
“တစ်ခုခုမှားနေပြီ၊ မြန်မြန် စနစ်တစ်ခုလုံးကိုပိတ်၊ အတွင်းပိုင်းစနစ်ကိုလည်း ပိတ်”
ကြီးကြပ်ရေးမှူးက အလျင်စလိုပြောလိုက် သည်။
“မပိတ်ပါနဲ့! မကောင်းပါဘူး။ ဘဏ်ထဲက ငွေ တစ်ဘီလီယံကျော် ရှိတာပဲ...ပိတ်လိုက်ရင်ထုတ်မရပဲနေမှာပေါ့ ...ငါယူသွားပေးပါ့မယ်”
ဋ္ဌာနထဲတွင် အသံတစ်ခု ပဲ့တင်ထပ်သွားသည်။
“ဗွမ်းးး!”
တံခါးပွင့်လာပြီး ခေါင်းပေါ်ဦးထုပ်ဆောင်းထားသော သားရေဝတ်စုံဝတ်အမျိုးသား ပေါ်လာခဲ့သည်။
ကြီးကြပ်ရေးမှူးက “မင်း ဘယ်သူလဲ။ မင်း ဘယ်လိုဝင်လာတာလဲ။ ပြင်ပကနေ နှောက်ယှက်မှုတွေရှိနေရင်တောင် ဒီနေရာကိုမင်းဝင်လာလိုမရနိုင်ဘူး.... မင်း…”
“ဘာလို့ မဖြစ်နိုင်ရမှာလဲ။ တစ်ယောက်ယောက်က မင်းရဲ့လျှို့ဝှက်ကုဒ်နံပတ်ကို ငါ့ကိုပြောပြထားရင် ငါဝင်လို့ရမှာပဲမဟုတ်ဘူးလား။ ကောင်းပြီ၊ လုံလောက်ပြီ အပိုတွေမပြောတော့ဘူး။ မင်းတို့အားလုံး တိတ်တိတ်နေ။”
သားရေဝတ်စုံဝတ်ထားသော အမျိုးသားသည် သူ၏ခမောက်ပေါ်ရှိ သလင်းကျောက်ကို ဖိလိုက်သည်။
“ဝုန်းးးး”
မမြင်နိုင်သော စွမ်းအားလှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး ဝန်ထမ်းအားလုံး မူးဝေလာကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
“ကြည့်စမ်း၊ အခုဆို ကမ္ဘာကြီး သန့်ရှင်းသွားပြီ”
သားရေဝတ်စုံဝတ်ထားသော အမျိုးသားက ကျယ်လောင်စွာ ရယ်မောလိုက်သော်လည်း သူ၏ လုပ်ရပ်မှာ ရပ်တန့်သွားခြင်းမရှိပေ။
မဆိုင်းမတွပင် ဋ္ဌာနထဲသို့ ဆက်လက် လျှောက်သွားခဲ့သည်။
“တခါတရံ မစ်ရှင်တစ်ခု လွယ်လွယ်နဲ့ ပြီးသွားရင် သိပ်ပျော်စရာမကောင်းဘူး။ ဘယ်လောက်တောင် ပျင်းစရာကောင်းလဲ!”
“တွေ့ပြီ! ဟဲဟဲ”
“ ၆၄ထပ် စကားဝှက်၊ ဒါကနည်းနည်းငယ်
ရှုပ်ထွေးပေမဲ့ ငါ့အတွက်တော့ ဒီကုဒ်ကိုဖြေ ဖို့ သုံးမိနစ်ပဲလိုတယ်။ ဟဲဟဲ... ငါ့ဦးနှောက်က ဘာလို့ဒီလောက်ကောင်းနေရတာလဲ”
“ နောက်ဆုံးအဆင့်”
“ဒင်!” နောက်ဆုံးစကားဝှက်ကို အပြီးသတ်ဖြေရှင်းလိုက်လေသည်။
“ငါဒီမှာပြီးခါနီးပြီ။ အကောင့်ကို ဖွင့်ပြီး ငွေတွေနဲ့ ဒေတာတွေအဆင်သင့်ဖြစ်နေပြီ”
သားရေဝတ်စုံဝတ်ထားတဲ့ အမျိုးသားက သူ့ကဲ့ဆက်သွယ်ရေးစက်မှတစ်ဆင့် ပြောလိုက်သည်။
သို့သော် သူ့အား အံ့အားသင့်စေသည့်အရာမှာ အခြားတစ်ဖက်မှ အဖြေထွက်မလာသောကြောင့်ဖြစ်သည်။
“ဟလို? မင်းဘာတွေလုပ်နေတာလဲ? ငါပြောတာမကြားဘူးလား”
တစ်စုံတစ်ခု မူမမှန်ကြောင်း ရုတ်တရက်ခံစားလိုက်ရသည်။
နောက်ဆုံးပုဒ်ကို ဖွင့်လိုက်သောအခါ
သူ့မျက်စိရှေ့တွင် ပေါ်လာသည့်အရာမှာ.....
အရင်က သူခန့်မှန်းထားတဲ့အတိုင်း ထရမ်ပိုလိုင်းကမ္ဘာ၏ အပတ်စဉ် ၀င်ငွေသည် တစ်ဘီလီယံထက်မနည်း ရှိသင့်သည်။
“ဒါပေမယ့်…”
ယခုတော့ သူ့တစ်ကိုယ်လုံး အေးခဲသွားသည်။
“တစ်ဘီလီယံရှိရမှာမလား အခုက?”
“သုည! ငွေတစ်ပြားမှမရှိဘူး”
“ဒါ မကောင်းဘူး ၊ ငါတို့အရူးလုပ်ခံလိုက်ရပြီ!”
သားရေဝတ်စုံဝတ်ထားသော အမျိုးသားက ချက်ချင်းပင် ပြန်ပြေးရန် ဆုံးဖြတ်ချက်ချလိုက်သည်။ သူသည် ပင်မတံခါးဆီသို့ မပြေးဘဲ
မှန်တံခါးရှိရာနံရံဆီသို့ပြေးသွားလိုက်သည်။
တစ်ချိန်တည်းမှာပင်၊ ငွေရောင်အလင်းကလေးသည် သူ့အရေပြားအောက်မှထွက်လာပြီး
သူ့တစ်ကိုယ်လုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားလေ သည်။
“ဘယ်ကို ပြေးချင်တာလဲ” ထိုအချိန်တွင် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ဘန်းး”
သားရေဝတ်စုံ၀တ်ထားသော အမျိုးသားသည်
မှန်နံရံမှပြန်ကန်ထွက်လာလေသည်။ အရိုးများအားလုံးပင် အပိုင်းပိုင်းကွဲသွားသလိုဖြစ်သွားခဲ့သည်။ သူဝတ်ဆင်ထားသော စက်ရုပ်သံချပ်ကာပင် ကျယ်လောင်သောအသံများထွက်လာခဲ့သည်။
လူတစ်ဦးသည် သူ၏တစ်ခုတည်းသော လွတ်မြောက်ရာလမ်းတွင် မတ်တပ်ရပ်နေခဲ့သည်။
သူသွားရာလမ်းကို ပိတ်ဆို့နေသူသည် သူစိမ်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုလူသည် ခုပက ကြီးကြပ်ရေးမှူးပင် ဖြစ်သောကြောင့်ဖြစ် သည်။
ထိုလူကြီးထံမှ ခရမ်းရောင်ဝိညာဥ်ကွင်းနှစ်ကွင်းနှင့် အနက်ရောင်ဝိညာဥ်ကွင်း ခြောက်ကွင်းထွက်လာလေသည်။ ထို့နောက်တိုက်ပွဲသံချပ်ကာများထွက်ပေါ်လာကာ တစ်ကိုယ်လုံးကိုဖုံးသွားလေသည်။
“အဆင့် 8 ဝိညာဉ်တုံ့လော်.. စကားလုံးသုံးလုံး
တိုက်ပွဲသံချပ်ကာမာစတာ!” သားရေဝတ်စုံဝတ်ထားသော လူရွယ် လန့်သွားသည်။
“မင်းက စိတ်ထိန်းချုပ်သူမလား...
ပြစ်မှုကျူးလွန်ရာမှာ ကျွမ်းကျင်တယ်... စကားလုံးနှစ်လုံးတိုက်ပွဲသံချပ်ကာမာစတာ၊
စင်မြို့ရဲ့ သံတမန်ဆယ့်နှစ်ပါးထဲက တစ်ဦးဖြစ်တဲ့ ကျန်ကျင်း... ငါမမှားဟုတ်ဘူးမလား?”
ရဲဖိန် ပြတ်သားစွာပြောလိုက်သည်။
မြေပြင်ပေါ်တွင် လဲနေသော ၀န်ထမ်းများ တယောက်ပြီး တယောက် ထလာကြသည်။ ထို့နောက် လေဆာသေနတ် ဆယ်လက်ကျော်သည် ရာဇဝတ်မှုသခင် ကျန်ကျင်း ကို ချိန်ရွယ်ထားခဲ့သည်။
“မင်းတို့တွေက ဘယ်သူတွေလဲ၊ ငါတို့ပစ်မှတ်က ထရမ်ပိုလိုင်း အဆောက်အဦးဆိုတာကိုဘယ်လို
သိတာလဲ။ “
ရဲဖိမ်က “ငါတို့ မင်းတို့ကို လိုက်နေတာ တော်တော်ကြာနေပြီ။ မင်းတို့တွေက အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ နည်းပညာပစ္စည်းတွေနဲ့ ရာဇ၀တ်မှုတွေကို အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့တယ်။ အဖွဲ့ချုပ်နဲ့ နိုင်ငံသားတွေကို ဆုံးရှုံးစေခဲ့တဲ့အထိပါပဲ။ မင်းက ပထမဆုံးအဖမ်းခံရတာဆိုပေမယ့် နောက်ဆုံးတော့ မဟုတ်တာ သေချာတယ်။ ဒုစရိုက်မြို့တစ်ခုလုံးကို ငါဖျက်ဆီးမယ်။ မခုခံဘဲ မဖမ်းခံလိုက်ပါ၊ မဟုတ်ရင် မင်းကို ပစ်သတ်ဖို့ ငါ့မှာ အခွင့်အာဏာလည်း ရှိတယ်။ ခမောက်ထဲစွမ်းအားကိုလည်း ထပ်ပြီးမသုံးဖို့ အကြံပေးပါရစေ။ ဒီနေရာမှာ အဲ့စိတ်ထိန်းချုပ်ရေးခမောက်က အလုပ်မဖြစ်တော့ဘူး”
“မင်း နိုင်ပါတယ်။” ကျန်ကျင်းသည် လက်နှစ်ဖက်ကိုမြောက်ကာ ခမောက်ကို ဖယ်လိုက်သည်။
ထို့နောက် ရဲဖိန် သက်ပြင်းချလိုက်သည်။
သူတို့သည် ဤစစ်ဆင်ရေးအတွက် အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့ရသည်။
“သူ့ကို ဖမ်းလိုက်။”
ချက်ခြင်းပင် နဂါး အထူးတပ်ဖွဲ့မှ စစ်သားများက ရှေ့သို့ ထွက်လာကာ ကျန်ကျင်းကို ဖမ်းလိုက်သည်။
ဝိညာဥ်စွမ်းအားထိန်းချုပ်လက်ထိပ်ကိုတပ်ဆင်းပေးလိုက်သည်။ ထိုအရာသည် ကျန်ကျင်းအား သာမာန်လူအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။
“အဆောက်အအုံကို ထပ်စစ်ဆေးပြီးရင် စခန်းကိုပြန်မယ်”
Endend…….