← Chapters

အခန်း (၅၁)

Vol. 4 Ch. 51

အခန်း (၅၁)

Vol. 4 Ch. 51

ဤစစ်ဆင်ရေးအတွက် ရဲဖိန်သည်

နဂါး အထူးတပ်ဖွဲ့မှ စစ်သား ၃၀၀ ကို သုံးခဲ့သည်။ ကြိုတင်ပြင်ဆင်မှုမှာ လပေါင်းများစွာကြာခဲ့ရသည်။ ဖမ်းဆီးရမိသည့် ရာဇ၀တ်ကောင် ၁၀ ဦးထက်မနည်းရှိပြီး ၎င်းတို့အားလုံးသည် အဖွဲ့ချုပ်မှ အလိုရှိနေသောလူများဖြစ်သည်။

စင်မြို့ သံတမန် ဆယ့်နှစ်ဦးအနက်မှ နှစ်ဦးသည် ဤစစ်ဆင်ရေးတွင် ပါဝင်ခဲ့ပြီး ကျန်ကျင်း သည် ထိုနှစ်ဦးထဲမှ တစ်ဦးဖြစ်သည်။

“ဒီအရာရှိရဲ့ နာမည်ကို ငါမသိသေးဖူးနော်!” ကျန်းကျင်း သည် ရဲဖိန်ကို စူးစူးရှရှ အပြုံးဖြင့်ပြုံးပြကာ ကြည့်လိုက်သည်။

“မင်းသိစရာမလိုပါဘူး”

“ဟင်းးး” ကျန်ကျင်း သက်ပြင်းချလိုက်သည်။

ကျန်းကျင်းသည် သူ့လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ ထို့နောက် သူ့လက်ထိတ်များကို ကြည့်ကာ ရယ်နေတော့သည်။

“ဗိုလ်ကြီး ရဲ့၊ ဒီလက်ထိတ်တွေကို ခင်ဗျား ကိုယ်တိုင်ကိုယ်ကျ ဖြုတ်ပေးရမယ်လို့ပြောရင် ခင်ဗျားယုံမှာလား”

ရဲဖိန်၏ မျက်လုံးများ ချက်ချင်းပင် ကျဉ်းမြောင်းသွားသည်။

“နဂါး အထူးတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ရဲဖိန်။ ဒီနှစ်မှာ မင်းရဲ့အသက်က ၃၄ နှစ်ရှိပြီး မင်းမှာ ၆ နှစ်အရွယ်သမီး ရဲလင်းတုံဆိုတာ ရှိတယ်... ငါမှန်တယ်မလား”

ရဲဖိန်သည် ကျန်ကျင်း၏စကားကို နားထောင်ရင်း ကျောရိုးတစ်ခုလုံး အေးစိမ့်သွားသလို ခံစား

လိုက်ရသည်။

“တကယ်လို့ ငါသာ ရည်ရွယ်ချက်ရှိရှိအဖမ်းမခံခဲ့ဘူးဆိုရင် မင်းတို့ တွေက ငါ့ကို ဘယ်လိုဖမ်းနိုင်မလဲ။ ငါ ဘယ်သူ့ကိုမှ မသတ်သေးဘူးဆိုတာ မင်းသတိမထားမိဘူးလား။ ငါတို့ စင်မြို့ရဲ့ အကြံက ဒီလောက်ညံ့မယ်လို့ မင်တကယ်ထင်ထားတာလား။ ဖက်ဒရယ်ငွေ တစ်ဘီလီယံနဲ့ ဒီလိုငါတို့အင်အားသုံးထားမယ်ထင်လား..... ကလေးဆန်လိုက်တာ။ ရာဇဝတ်မှုတွေနဲ့ ကစားတယ်ဆိုတာ ကြီးကျယ်ခမ်းနားအောင် လုပ်ရတယ်။ ဒီနေရာမှာ မင်းတို့ နဂါး အထူးတပ်ဖွဲ့များရဲ့ အနည်းဆုံး သုံးပုံနှစ်ပုံ ရှိတယ် မလား။ တကယ်တော့အဲ့တာက မလုံလောက်ဘူး....ဟားဟားးးး”

“မင်းရဲ့ အလိမ်အညာတွေစကားတွေ ကို ရပ်လိုက်စမ်း” ရဲဖိန် သူ့ရဲ့စိတ်ကိုတည်ငြိမ်အောင် ကြိုးစားရင်းပြောလိုက်သည်။

“ဒါဆိုလည်း ငါတို့စောင့်ကြည့်တာပေါ့..ဟားဟား”

“တီ....တီ....တီ” ကျယ်လောင်သော အချက်ပေးသံသည် ရုတ်တရက် ထွက်ပေါ်လာပြီး စင်တာတစ်ခုလုံးရှိ မီးရောင်များ မှိန်သွားလေသည်။

အထပ်111ထပ်လုံးရှိမီးများပျက်သွားခဲ့သည်။

“လာနေကြပြီ....လာနေကြပြီ....ဟားဟားး !”

ကျန်ကျင်း ရယ်ကာပြောလိုက်သည်။

ရဲဖိန် ရှေ့တစ်လှမ်းတိုးလာပြီး ကျန်ကျင်း၏လည်ပင်းကို ဆွဲကိုင်လိုက်ပြီး

“ဒီကို ဘယ်သူလာတာလဲ။ မင်းတို့ ဘာလုပ်နေကြတာလဲ ”

ထိုအခိုက်အတန့်တွင် ရဲဖိန်၏ ဆက်သွယ်ရေးစက် မြည်လာခဲ့သည်။

ရဲဖိန် မဆိုင်းမတွ ဖြေသည်။

“မင်္ဂလာပါ ဗိုလ်ကြီး” စက်မှ အသံနက်ကြီးတစ်ခုထွက်လာသည်။

ထိုအသံသည် သူ၏ နဂါး အထူးတပ်ဖွဲ့မှ လူတစ်ဦး၏ အသံမဟုတ်ကြောင်း ရဲဖိန် ချက်ချင်းပြောနိုင်သည်။

“မင်းဘယ်သူလဲ?”

“စင်မြို့ မှာတော့ လူတိုင်းက ငါ့ကို ထာဝရအမှောင်ဘုရင်လို့ ခေါ်ကြတယ်။ မင်းရရှိခဲ့တဲ့ သတင်းက တိကျပါတယ်။ ငါတို့ရဲ့ပစ်မှတ်က

ထရမ်ပိုလိုင်းကမ္ဘာ အဆောက်အအုံပဲ.....

ဒါပေမဲ့ ဒီအထပ်မှာတော့မဟုတ်ဘူး။

ဒီအချိန် ဒီ အဆောက်အဦမှာ စုစုပေါင်းလူပေါင်း 12300ကျော် ရှိတယ်။ အဲ့လူတွေအားလုံး

ငါတို့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိတယ်။

ဒီအဆောက်အအုံမှာ ငါတို့စင်မြို့က လူ ၁၆၀ ရှိပြီးတော့ သူတို့က အခု ဗုံးတွေ လိုက်တပ်ဆင်

လျက်ရှိတယ်။ ငါးမိနစ်တဲ့အချိန်အတွင်း....

ဗုံးတွေပေါက်လိမ့်မယ်..... အကယ်၍ လူ ၁၀,၀၀၀ ကျော် ဒီအဆောက်အအုံကနေ ထွက်ခွာလိုရင် အနည်းဆုံး နာရီဝက်ခန့် ကြာမယ်။ ထို့အပြင်၊ ငါတို့က ပင်မတံခါးကိုလည်း အသေပိတ်ထားတယ်။ ဒီတော့ မင်း စဉ်းစားဖို့ ငါးမိနစ်ပဲ အချိန် ရှိတယ်။ မင်း တခြားဘာမှ လုပ်စရာ မလိုဘူး၊ ကျန်ကျင်း ကို လွှတ်လိုက်ပြီး မင်းရဲ့ လက်အောက်ငယ်သားတွေနဲ့အတူ ဒီအဆောကိအဦးကနေ ထွက်သွားပါ။”

“ခွေးကောင်!” ရဲဖိန် ကျိန်ဆဲလိုက်ပြီး

သူ့လက်ထဲရှိ ဆက်သွယ်ရေးစက်ကို ကြေမွလုနီးပါး ဖြစ်သွားခဲ့သည်။

ဓားစာခံ ၁၀,၀၀၀ ကျော်ဖြင့် အဆောက်အအုံကို အမှန်တကယ် ဗုံးခွဲမည်ဆိုပါက အဖွဲ့ချုပ်အတွက် နှစ်ပေါင်းတစ်ထောင်ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ်ဆိုးကြီး ဖြစ်လာမည်ဖြစ်သည်။

“စိတ်မတိုပါနဲ့ ဒေါသဖြစ်တာက မင်းကို မကူညီနိုင်ဘူး။ ငါတို့က ကျိုးကြောင်းဆီလျော်မှုရှိတဲ့ လူတွေပါ။ မင်း ငါပြောတဲ့အတိုင်း လုပ်နေ သမျှ ဗုံးတစ်လုံးမှ မပေါက်ကွဲစေဘူးလို့ ငါ ကတိပေးတယ်။ ဟုတ်တယ်၊ မင်းမှာ တခြားရွေးချယ်စရာမရှိဘူး၊ ငါ့ကိုယုံဖို့ပဲ ရွေးနိုင်တယ်။ အိုး.... လေးမိနစ်ပဲကျန်တော့တယ်။ ကျေးဇူးပြု၍ ဆုံးဖြတ်ချက်ချပါ။ မဟုတ်ရင် အားလုံး ကျန်ကျင်းနဲ့အတူ သေလိုက်တော့”

ဖုန်းချသွားသည်!

ရဲဖိန် သည် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ကျန်ကျင်း၏ မျက်နှာကို လက်သီးချက်ဖြင့် ထိုးပစ်လိုက်သည်။

ကျန်းကျင်း သည် အဝေးရှိ နံရံကို တိုက်မိသွားပြီး လဲကျသွားခဲ့သည်။

ရဲဖိန်သည် ၎င်း၏လက်အောက်ငယ်သားများ၏ ဆက်သွယ်ရေးစက်များကို အမြန်ခေါ်ဆို

သော်လည်း ဆက်သွယ်ရေးအားလုံးကို ဖြတ်တောက်ထားကြောင်း သူသဘောပေါက်သွားခဲ့သည်... သူ့လူများကို လုံးဝမဆက်သွယ်နိုင်ပေ။

ပန်းခြံတစ်ခုတွင်…

လန်ရွမ်းယု သည် ခုန်ပေါက်ပြီးကစားပြီးနေသည်။ ထိုစဥ် .....

ရုတ်တရက် မီးများအားလုံး ပျက်သွားသည်။

“မီးပြတ်သွားပြီထင်တယ်။ ရွမ်းယု သတိထား”

ပတ်ဝန်းကျင်ရှိ ဝန်ထမ်းများက

“အားလုံး၊ မထိတ်လန့်ပါနဲ့၊ လျှပ်စစ်မီးပြတ်တောက်တာက ယာယီဖြစ်ပြီး အဆောက်အဦမှာ အရန်ဓာတ်အားပေးစနစ် ရှိပါတယ်”

သို့သော် အော်သံများက ပိုကျယ်လောင်လာသည်။ ကံကောင်းစွာဖြင့် အရေးပေါ်မီးများ ပွင့်လာသောကြောင့် လူများစွာသည် ထွက်ပေါက်ဆီသို့ အပြေးအလွှား သွားနေကြပြီဖြစ်သည်။

“မေမေ၊ မေမေ ဘာဖြစ်နေတာလဲ?”

လန်ရွမ်းယုက နန်ချိန်ကို စိတ်လှုပ်ရှားစွာ မေးသည်။

“မကြောက်ပါနဲ့ မေမေ ၊ မေမေ သားကို ကာကွယ်ပေးမှာပါ “ နန်ချိန် သူ့သားကို ချီလိုက်သည်။ သူမသည် ဝိညာဉ်ဧကရာဇ်အဆင့် ဝိညာဉ်မာစတာဖြစ်သည်။ ကွင်းခြောက်ကွင်းရှိသော ဝိညာဉ်ဧကရာဇ်သည် အတော်ပင် သန်မာသည်။

သူ့သားကို ကာကွယ်နိုင်စွမ်းရှိသည်။

“တီ... တီ...တီ....!”

“ ဒိုင်း...ဒိုင်း...ဒိုင်း...”

သေနတ်သံများ အထပ်ထပ်ပေါ်လာသည်။

နန်ချိန်သည်လည်းမျက်နာဖြူဖျော့သွားကာ သူ့သားကိုခေါ်ကာ ထွက်ပေါက်ကိုပြေးလေသည်။

သူမသည် စစ်သားတစ်ဦးမဟုတ်သော်လည်း သေနတ်သံကို သူမ မှတ်မိနိုင်ပါသေးသည်။

Endend…..

All Chapters